linpin zawJune 13, 20121min17716
ဒီမှာရှိတဲ့ ရွာသူရွာသားတွေမှာ ဗဟုသုတပြည့်စုံကြလိမ့်မယ်လို့ ထင်ပါတယ်။အခုပြောချင်တာက မျက်နှာမှာရှိတဲ့ ကျောက်ပေါက်ခွက် ဒဏ်ရာကိုပျောက်အောင် ဘယ်လိုလုပ်ရမယ်ကို ပြောကြပါ။အကူအညီပေးကြပါ။ဒီမှာရှိတဲ့ ရွာသူရွာသား ထဲမှာ ကျောက်ပေါက်ခွက်ရှိတဲ့ ရွာသူရွာသား တွေ ပါပါ လိမ့်မယ်။အားလုံးရဲ့ကိုယ်စား ဆေးနည်းကိုတောင်းလိုက်ပါတယ်။


linpin zawMarch 15, 20123min14912
မန်းလေးမြို၁၉လမ်း(နန်းရှေ့လမ်း)အဆုံးမှာရှိတဲ့ ရန်ကင်းတောင်ရဲ့ အရှေ့ဘက်တည့်တည့်မှာရှိတဲ့  ရှင်သူငယ်တောင်ပေါ်မှာတည်ထားပါတယ်။ အဲ့ဒီတောင်ကတော့ ရေထွက်ကျေးရွာအုပ်စုဘက်မှာရှိပါတယ်။ထိုဘုရားကို သွားရောက်ဖူးမျှော်ချင် ရင် ရန်ကင်းတောင်နားက လူတွေကိုမေးမြန်းသွားနိုင်ပါတယ်။ ဒါကတော့ ရေထွက်ကျေးရွာ အဝင်လမ်းဖြစ်ပါတယ်။ ဒါကတော့ ဘုရားအဝင် မုခ်ဦးဖြစ်ပါတယ်။ လှေကားမှတက်ရပါတယ်။ အပေါ်ဆုံးမရောက်ခင် ဒုတိယအဆင့်မှာ ရှိတဲ့ ပုံစံငယ်ပါ။ အပေါ်မှမြင်ရသော လှေကားမြင်ကွင်းပါ။ တွေ့နေရတာကတော့ ရန်ကင်းတောင်တောင်ရိုးကြီးပါ။ အပေါ်ဆုံးမှ ကျိုက်ထီးရိုးပုံတူစေတီတော် ကြည်နူးစရာမြင်ကွင်းပါ။ မိတ်ဆွေတို့…                               ပျော်ရွှင်ကြည်နူးစရာနေရာလေးကို ရောက်ဖူးအောင်သွားလိုက်ကြပါ။


linpin zawMarch 14, 20121min1179
တနေ့သောအခါ အရက်သမားတစ်ယောက်သည် ရေချိန်မကိုက်ဘဲ အိမ်သို့ပြန်လာသည်။အိမ်တွင် သူ့ယောက်ကထီးကြီးနှင့် သူနှစ်ယောက်တည်းနေသည်။ယောက်ကထီးကြီး၏ မျက်လုံးတဖက်မှာ ကျောက်မျက်လုံးဖြစ်သည်။ကျောက်မျက်လုံး၏သဘောမှာ ညရောက်လျှင် ဖန်ခွက်ထဲတွင် မျက်လုံးကိုရေစိမ်ထားရသည်။သမက်သည် အိမ်ပြန်ရောက်သောအခါ် ရေချိန်မကိုက်သေးသဖြင့် ကျောက်မျက်လုံးထည့်ထားသော ဖန်ခွက်ကိုမော့လိုက်လေသည်။ထို့နောက် သုံး၊လေး ရက်ခန့်ကြာ သောအခါ ဝမ်းသွားမရပေ။ထု့ိကြောင့်  လိပ်ခေါင်းဆရာဝန်ကို သွားပြလေသည်။ ဆေးခန်းရောက်သောအခါဆရာဝန်ကို“ကျွန်တော်ဝမ်းမသွားလို့ပါ လေးရက်ရှိပါပြီ”။ထိုအခါ ဆရာဝန်ကမှန်ပြောင်းဖြင့်ကြည့်လိုက်သည်။ထိုနောက်ဆရာဝန်သည် မျက်လုံးပြူးပြီး အလွန်လန့် သွားသည်။လူနာကဆရာဝန်အား“ဆရာကျွန်တော် ဘာဖြစ်တာလဲ ဆရာ ကြီးကြီးမားမားကိစဆိုရင် ပြောသာ ပြောပါ အားမနာပါနဲ့ဆရာဟုပြောသည်” ဆရာဝန်က “ကျွန်တော်လိပ်ခေါင်းရောဂါ ဆရာဝန်လုပ်လာတာ နှစ်နှစ်ဆယ်ရှိပြီ… ကျုပ်ကြည့်လာတဲ့ဖင်တွေထဲမှာ ကျုပ်ကိုပြန်ကြည့်တဲ့ဖင်ဒီတစ်ဖင်ဘဲ တွေဖူူးတယ်”တဲ့။  


linpin zawMarch 13, 20121min12010
သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦး ရှိပါသည်။ တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နား ရောက်တော. အမျိုုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။ ပြီးတော. ရေနစ်တော.တာပဲ။ ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီး ကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။ အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင်.၊ စိတ်ပြန်လည် လာသည်မှတ်ကာ ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင်.ပြုလိုက်ပါတယ်။ ဒါနဲ. ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး ဆရာဝန် – နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ. သတင်းဆိုးတခု ပြောစရာရှိတယ်ဗျ။ သတင်းကောင်းကတော. […]


linpin zawMarch 13, 201218min885
အားလုံးပြုံးပြီးရယ်နိုင်ကြပါေ စ……….. ကြိုက်တာဝယ်စား အမေရိကန်နိုင်ငံရှိ ဝက်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။ ” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ” ” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ” ” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ” ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။ “ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ” ” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ” ” အားပါး၊ အံ့ဩစရာပဲ၊ […]


linpin zawMarch 11, 20121min765
မန်းလေး ပြည်ကြီးတံခွန်မြိုနယ် ၆၈လမ်းနှင့်၆၉လမ်းကြား၊ ဝေသာလီလမ်းနှင့် မြိုရိုးလမ်းကြား၊(က)ရပ်ကွက်၊(၀-၈)၊အိမ်အမှတ်(၃၄) တွင် မတ်လ ၁ဝရက်နေ့ည၈နာရီတွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါမီးလောင်မှုမှာ မီးအားမြှင့်စက် အပူလွန်ကဲမှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်သည်။၂၅ပေပတ်လည် ထရံကာ၊ပျဉ်ခင်း၊သွပ်မိုး မြေစိုက် တစ်ထပ်လူနေအိမ်အား မီးလောင်ခဲ့ပြီး ငွေကျပ်၂၅၀၀၀ဝဖိုးခန့် ဆုံးရှုံးခဲ့သည်။မီသတ်ကား ၁၃ စီဖြင့် မီးငြှိမ်းနိုင်ခဲ့သည်။


linpin zawMarch 10, 20121min857
မတ်(၇)ရက်(တပေါင်းလပြည့်နေ့)တွင်ကျွန်တော်တို့ ရွှေစာရံဘုရားပွဲ သို့ သွားရာ မန်းလေး-ပြင်ဦးလွင်လမ်းမကြီး အုန်းချောကျေးရွာ ရွှေစာရံလမ်းခွဲတွင် နေ့လည်၂နာရီမှ ညအထိ ကားများပိတ်ကျပ်သွား ခဲ့သည်။ထိုနေ့က ဘုရားဖူးများသည် ကား၊ထော်လာဂျီ၊ဆိုင်ကယ်များ နှင့် မေမြို့သိုသွားသော ကားဆိုင်ကယ်များသည် ရွှေစာရံလမ်းခွဲတွင် တစ်စီးကိုတစ်စီး ဦးစားမပေးဘဲ ကျော်တက် ရာမှ တစ်ဖက်နှင့်တစ်ဖက် သွားလာမရတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရသည်။ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘုရားဖူးများနှင့်ခရီးသွားများထဲမှ သက်ကြီးရွယ်အိုများနှင့်ကလေးများ ကားထဲတွင်ပိတ်မိပြီး ရေငတ်ခြင်း၊မူးဝေခြင်း၊ပူလောင်ခြင်းများ ခံရကာ နီးစပ်ရာကျေးရွာဆေးခန်း များတွင်ဆေးကုသမှုခံယူပြီး မော်တော်ယာဉ် အချင်းချင်းလုမောင်း ရာမှ တိုက်မိခြင်း၊ကားပျက်ခြင်း ကြောင့်ယာဉ်များထပ်ပိတ်ရပြန်သည်။ ပုသိမ်ကြီးရဲ၊ယာဉ်ထိန်းရဲများရှင်းလင်းမှုကြောင့်ညတွင်းချင်း ယာ်ဉ်ကြောများပြန်လည်ပွင့်သွားခဲ့သည်။


linpin zawMarch 10, 20121min1178
အလုပ်တွေလုပ်ရလို့ အာရုံညောင်းတဲ့အခါ အပန်းဖြေဖို့ဆိုဒ်ကလေးပါ။ဒီဆိုဒ်ကို ဖွင့်လိုက်ရင် ချစ်စရာ ကြောင်လေးတွေရဲ့ လှုပ်ရှားမှု ပေါ်လာပါမယ်။တပြိုင်တည်းမှာ သီချင်းသံလေးတွေ ပေါ်လာပါမယ်။သီချင်းသံကို ဇိမ်နဲ့နားဆင်၊စည်းချက်ကျကျ လှုပ်ရှားနေတဲ့ ကြောင်လေးတွေကို ကြည့်ပြီး အပန်းပြေစေမှာပါ။သူ့ကို ပျင်းလာတဲ့အခါ Change another cat ကိုရွေးလို့ရတယ်။ ပူစီလေးရဲ့တေးသံကို http://procatinator.com မှာနားဆင် နိုင်ပါတယ်။