ၾကယ္ေလးJanuary 16, 20111min51328
မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။ ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့်  စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန် မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ်ကိုင်တတ်ပါသည်။ ယခုလိုအချိန်မျိုးတွင် စစ်တပ်က်ို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင် သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့် တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တခုကိုဒေါင်လိုက် ချပြလိုက်သည်။ တဖက်ကခေါင်း တဖက်ကပန်း […]


ၾကယ္ေလးJanuary 16, 20111min13710
အိနိ္ဒယသမုဒ္ဒရာထဲမှာ စနေနေ့က ဆိုမာလီးယား ပင်လယ်ဓါးမြတွေ ပြန်ပေးဆွဲခဲ့တဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် သင်္ဘောသား ၂၁ ဦး ရှိနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယား ၈ဦး၊ အင်ဒိုနီးရှား ၂ ဦးနဲ့ မြန်မာ ၁၁ ဦးပါဝင်တဲ့ တန်ချိန် တသောင်းရှိတဲ့ ကုန်သင်္ဘောဟာ ဓါတုပစ္စည်းတွေ တင်ဆောင်လာတဲ့ Samho Shipping ကုမ္ပဏီပိုင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ တောင်ကိုရီးယားတောင်ပိုင်း Busan ဆိပ်ကမ်းမှာ အခြေစိုက်တဲ့ ကုမ္ပဏီပါ။ ဒီသင်္ဘောဟာ United Arab Emirates ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ သီရိလင်္ကာနိုင်ငံကိုအသွား အိနိ္ဒယသမုဒ္ဒရာထဲမှာ ပင်လယ်ဓါးမြတွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ သင်္ဘော အခုဘယ်မှာရောက်နေတယ်ဆိုတာကို တိတိကျကျ […]


ၾကယ္ေလးJanuary 15, 20111min1538
စစ်မှု့ထမ်းဥပဒေ နှင့် ပက်သက်၍ ကြားရသိရတွေ့ရသမျှဟာသ…….. အမျိုးသမီးထဲက အသံများ ဝက်ဘ်ဆိုဒ်တစ်ချို့လှန်ကြည့်ရင်း ကောင်မလေးတစ်ယောက်ပြောထားတာကို သဘောကျလို့ တင်ပေးထားတာပါ..။ အင်း…. ဒို့နိုင်ငံကတော့ လုပ်လိုက်ရင်…. တလွဲ ကြားမကြားဖူးပေါင်….. ၁၈-၃၅ ကြားမိန်းမတွေပါ စစ်မှုထမ်းရမယ်တဲ့ ဘယ်နိုင်ငံမှ ဒီလိုဥပဒေစည်းကမ်းမျိုးမရှိပါဘူး အသက် ၁၈နှစ်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း စစ်မှုထမ်းရမည်လို့ပဲရှိပါတယ်။ အခုက အသက် ၁၈နှစ် မှ ၃၅နှစ်ကြား အမျိုးသမီးများ၊ (မသန်မစွမ်းသူများမှလွဲ၍ ဆိုတော့) ကိုယ်ဝန်လပိုင်းရှိသေးတဲ့သူကော စစ်မှုထမ်းရမယ်ထင်တယ်။ မဖြစ်သင့်တာကို … တိုင်းပြည်ကိုတော့လူတိုင်းချစ်တာပေါ့၊ စစ်ပညာက မိန်းကလေးတွေနဲ့မအပ်စပ်တာကို၊ ခေတ်အဆက်ဆက်က “မိန်းမစစ်သည်” ဆိုတာမှ မရှိတာ။ စစ်ပညာသင်ပြီး နိုင်ငံကိုကာကွယ်ရမယ်ဆိုတော့… နိုင်ငံကအန္တရာယ်ဝိုင်းနေတာလည်းမဟုတ်။ ကိုယ်ကောင်းရင် ဘယ်သူကရန်စမှာလည်းလို့၊ ဒီဥပဒေထွက်လာမှပဲ မိန်းကလေးတွေတောင် အိမ်ထောင်သားမွေးလုပ်ရမယ့် အရွယ်ကောင်းမှာ စစ်မှုထမ်းရမယ်ပေါ့…. အဟင့်။ သတ်မှတ်ထားတာ […]


ၾကယ္ေလးJanuary 15, 20111min1458
ဘားအံမြို ့၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ ့က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ “脫掉” “ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။ စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ “စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် ” နောက်ဆုံး “အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်” လို့ ဆိုနေတာ ဖြစ်ကြောင်းပါ။ မူရင်း တရုတ်သီချင်းက ဒီမှာပါ။ http://www.youtube.com/watch?v=ZMjQXJysTdQ&feature=player_embedded fake […]


ၾကယ္ေလးJanuary 15, 20111min16510
၁၉၈ရ ခုနှစ်ကတည်းက တူနီရှားနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အသက် ၇၄ နှစ်ရှိ သမ္မတ Zine El Abidine Ben Ali မှာ ကျောင်းသားများဦးဆောင်တဲ့ ထောင်သောင်းများစွာ သော လူထုဆန္ဒပြမှုကြောင့် တိုင်းပြည်မှ  ထွက်ပြေးသွား ကြောင်း လက်ရှိကြားဖြတ်အစိုးရ တာဝန်ယူလိုက်သူ ဝန်ကြီးချုပ်က သောကြာနေ့ည အစိုးရရုပ်သံတီဗွီမှ ကြေငြာလိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တူနီရှားသမ္မတ ထွက်ပြေးတာ မှန်ကန်ကြောင်း အတည်ပြုပြီး၊ မည်သည့်နေရာ ပြေးလဲ မသိသေးကြောင်း ပြောဆိုသည်။ CNN သတင်းဌာနကတော့ သမ္မတ ဘန်အလီ ရဲ့ လေယာဉ်မှာ ပြင်သစ်နိုင်ငံကို ဦးတည်သွားကြောင်း၊ တူနီရှားလူထုရဲ့ ရဲစွမ်းသတ္တိကြောင့် သမ္မတထွက်ရပြေးရတဲ့ လတ်တလောဖြစ်ရပ်ကို ကြည့်ပြီး အခြားအာရပ်ကမ္ဘာရှိ အာဏာရှင်များလည်း စိုးထိတ်နေကြကြောင်း၊ အထူးသဖြင့် လက်ရှိ […]


ၾကယ္ေလးJanuary 13, 20111min35619
နအဖအာဏာရူးတွေဟာ ပြည်သူပြည်သားတွေကို နိုင်ငံတော်ကာကွယ်ရန်ဆိုပြီး အကြောင်းပြကာ တစ်သက်လုံး စစ်ကျွန်ဘဝရောက်အောင် မတရားအတင်းအဓမ္မ နှစ်သတ်လို ့နေပါပြီ … ဒီလို ပြည်သူစစ်မှုထမ်းရပြီဆိုရင် စစ်တပ်ဥပဒေတွေကို လိုက်နာရမယ်ဆိုတော့ မတရားအမိန် ့ဖြစ်နေရင်တောင် အမိန် ့နာခံမှုမရှိရင် လက်ခုပ်ထဲက ရေလိုဘဲ သွန်ချင်သွန် မှောက်ချင်မှောက် အဖြစ်ခံဖို ့ ရှိနေပါတယ်။ သာသနာ့ဝန်ထမ်းလို ့ သတ်မှတ်ဖေါ်ပြတဲ့ထဲမှာလည်း ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနဲ ့ ဟိန္ဒူဘာသာလောက်ဘဲ ဖေါ်ပြထားပြီး အစ္စလမ်ဘာသာနဲ ့ အခြားသော ဘာသာကိုးကွယ်မှုများက သာသနာ့ဝန်ထမ်းတွေ စစ်မှုထမ်းကြရဖို ့ ရှိနေပါတယ်။ ဒီထဲမှာ ပြဌာန်းထားတဲ့ အချက်ဖြစ်တဲ့ “ပြည်သူစစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း” ဆိုတဲ့နေရာမှာ ပြောထားတဲ့ တစ်ချက်ကတော့ “ပြည်သူ ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ ့က အမိန် ့ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ” […]


ၾကယ္ေလးJanuary 12, 20111min781
ရှိဖူးပြီးသားဖြစ်တဲ့တောင်ကိုးရီးယားမှာကျွန်းဆွယ်စစ်ပွဲဖြစ်ပြီးနောက်မှာပြဌာန်းခဲ့တယ်..အခြားနိုင်ငံမြောက်ကိုရီးယားကကျူးကျော်လာရင်မိမိနိုင်ငံအသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်ဖြစ်တယ်။၃နှစ်သင်တန်းအပြင်ကျောင်း(သို့)အလုပ်ကနေမွန်းမံသင်တန်းဆိုတာပြန်သွားရသေးတယ်။အဲဒီအတွက်စက်ရုံကပိုက်ဆံဖြတ်လို့မရဖူး။အချို့ရုပ်ရှင်မင်းသားတွေဆိုသူတို့သင်တန်းသွားတာကိုမှတ်တမ်းတင်ရုပ်ရှင်လေးတောင်လုပ်လိုက်သေးတယ်။ဒါပေမဲ့ဒီလိုသင်တန်းသားတွေကိုသာမန်အချိန်မှာရှေ့တန်းခေါ်ခွင့်မရှိဖူး၁၉၉၆လောက်မှာမြောက်ကိုရီးယားရေငုပ်သင်္ဘောတောင်ကိုရီးယားထဲကတောင်ကုန်းပေါ်မှာစပိုင်လုပ်မဲ့ကွန်မန်ဒိုတွေကိုကမ်းကပ်ပြီးလာချတုန်းကျောက်ဆောင်နဲ့တိုက်ပြီးပြန်မရလို့အကုန်တောင်ပေါ်တင်သွားတာကိုတောနင်းရှာတော့စစ်မှုမထမ်းမနေရအပျော်တမ်းစစ်သားတယောက်ပါသွားတယ်..တောင်ပေါ်ရောက်တော့စစ်ဆင်ရေးအတွက်ပြောကြားနေတုန်းမြောက်ကိုရီးယားကွန်မန်ဒိုတယောက်ကအနောက်ကနေမွှေ့ ထည့်လိုက်တာ၉ယောက်လောက်သေပါရောလား။အဲ့ထဲမှာခုနကအပျော်တမ်းစစ်သားပါပါသွားပါရော။တနိုင်ငံလုံးပွက်လောကိုရိုက်သွားခဲ့တယ်..မြောက် တွေကိုရှာဖွေဖို့တောင်မှာစစ်သားအလုံအလောက်ရှိတဲ့အတွက်စစ်မှုမထမ်းမနေရကိုထုတ်သုံးခွင့်မရှိပါဖူး။ခေါ်သွားတဲ့ဗိုလ်မှုးအရေးယူမခံလိုက်ရပါဖူး။မြောက်ကွန်မန်ဒိုပစ်လိုက်တဲ့အထဲမှာသူပါပါသွားတဲ့အတွက်ပါ။သူတို့နိုင်ငံမှာကတိုင်းတပါးရန်တွန်းလှန်ကာကွယ်ရန်ဆိုတဲ့မျိုးချစ်စိတ်ကြောင့်စစ်မှုထမ်းရတာတရားတယ်..တောင်နဲ့မြောက်စစ်ကလည်းအချိန်မရွေးထဖြစ်နိုင်တာကိုး။အခြားနိုင်ငံတွေအတွက်တော့မလိုသလိုမြန်မာနိုင်ငံအတွက်လည်းမလိုပါဖူး။မြန်မာနိုင်ငံ ဟာလတ်တလောမှာတိုင်းတပါးအိမ်နီးချင်းနိုင်ငံတွေနဲ့အချိန်မရွေးစစ်ထဖြစ်စရာမလိုတဲ့အတွက်ပါ။ဒါဆိုဘာလို့စစ်မှုမထမ်းမနေရဆိုတာကိုဘာလို့ပြဌာန်း ချင်ရတာလဲကိုယ့်လူမျိုးအချင်းချင်းဆွေးနွေးအဖြေမရှာပဲအာဏာရှင်ဝါဒခိုင်မြဲဖို့စစ်သားကိုမီးရထားဘူတာရုံတွေမှာရှာဖွေစုဆောင်းရတာလူပြောများလွန်းလို့တရားဝင်စစ်သားလုပ်နည်းထွင်လိုက်တာပါ.အထက်မှာပြောခဲ့သလိုတောင်နဲ့မြောက်အခြေအနေမျိုးပြည်ပရန်မရှိတဲ့အတွက်ဒီစနစ်မလိုပါဖူး။အခုသူတို့ပြ ဌာန်းချင်တာကအချင်းချင်းသတ်ဖို့ပါ။နိုင်ငံခြားနဲ့တိုက်တာမဟုတ်တဲ့အတွက်မျိုးချစ်စိတ်ဓါတ်လည်းမလိုပါဖူး။ဒီစစ်သားတွေစစ်အာဏာရှင်တည်မြဲဖို့ပြည် တွင်းမှာပဲသုံးမှာပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲတိုက်ပွဲဖြစ်ရင်ပေါ်တာနဲ့လူဘန်ကာအဖြစ်လောက်ပဲစည်းကမ်းစနစ်မရှိသုံးကြမှာပါ။လူဘန်ကာ တွေအဖြစ်မခံချင်ရင်ဒီဥပဒေမထွက်ခင်ထဲကကြိုကန်ကြဖို့အားလုံးမှာတာဝန်ရှိပါတယ်။။ ရဲရင့်ငယ် စစ်သားနှစ်သိန်းကျော်ထွက်ပြေးတယ်။ နအဖ စစ်တပ်ဖွဲ ့စည် းပုံအရ တပ်ရင် းတရင် းဟာ စစ်သာ ၇၇ရ ယောက်ရှိရမှာဖြစ်ပါတယ်။ တပ်ရင် းပေါင် း က ၅၀ဝ ခန် ့ရှိတယ်။ ဒါကြောင့် ၇၇ရ အမြောက် ၅၀ဝ ဟာ တပ်သာ း ၃၈၈၅၀ဝ ( လေ းသိန် းနီ းပါ းရှိရမှာဖြစ်ပါတယ်။ ) ကျနော်တို ့မနပုလောစစ်ဆင်ရေ းကာလမှာ တပ်ရင် းတရင် းဟာ ၆၀ဝ ကနေ ၇၇ရ ယောက်ကြာ းမှာရှိပါတယ်။ ခုတော့ […]


ၾကယ္ေလးJanuary 12, 20111min15511
စစ်ကိုင်းတိုင်း ကလေးမြို ့မှာ တက္ကသိုလ်ကျောင်းသား အယောက် (၅၀၀) ခန် ့က ဘတ်(စ်) ကားခတွေ ကြီးမြှင့်လာတာနဲ ့ ပတ်သက်ပြီး ဆန္ဒပြကြကြောင်း သိရှိရပါတယ်။ ဒီ ဘတ်(စ်) ကားခတွေဟာ နအဖလက်အောက်မှာ ယခုနှစ်စဆိုရင် ခရီးစဉ်လမ်းကြောင်းတစ်ခုထဲကို ကျပ် (၁၀၀) ကနေ (၂၀၀) ထိ တိုးသွားတာကြောင့် ကလေးမြို ့ရှိ တက္ကသိုလ်ကျောင်း (၃) ခုဖြစ်တဲ့ ကလေးမြို ့တက္ကသိုလ်၊ ကလေးမြို ့ကွန်ပျူတာတက္ကသိုလ်နဲ ့ နည်းပညာတက္ကသိုလ်တို ့က ကျောင်းသားတွေ ချီတက်ဆန္ဒပြကြတာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီလို ချီတက်ဆန္ဒပြကြတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ယနေ ့မနက် (၇) နာရီခွဲအချိန်က ကလေးမြို ့ဘူတာရုံကနေ ကလေးမြို ့အတွင်း လှည့်လည်ချီတက်ဆန္ဒပြကြတာ […]


ၾကယ္ေလးJanuary 9, 20111min1796
ယခုနှစ် ၂၀၁၁ ခုနှစ်၊ မတ်လ( ၈) ရက်နေ ့မှာ ကျရောက်မည့် နှစ်တစ်ရာပြည့်မြောက် နိုင်ငံတကာအမျိုးသမီးများနေ ့ (100th Anniversary of International Women’s Day) အထိမ်းအမှတ်အတွက် ဂုဏ်ပြုရည်စူးကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူဦးရေ စုစုပေါင်း ရ ဘီလီယျံ အတွင်းရှိ အမျိုးသမီးများထဲမှ အအောင်မြင်ဆုံး ထင်ပေါ်အကျော်ကြားဆုံး အမျိုးသမီး အယောက် (၁၀၀) ဦးရေစာရင်းကိုရွေးချယ်သွားဖို ့ အင်္ဂလန်နိုင်ငံမှ ကမ္ဘာကျော် The Guardian သတင်းဌာနကြီးမှ ဖိတ်ခေါ်ကြေညာလိုက်ပါတယ်။ The Guardian သတင်းဌာနကြီးရဲ ့ ဒီထုတ်ပြန်ကြေညာဖိတ်ခေါ်ချက်ထဲမှာ ကမ္ဘာ့ အအောင်မြင်ဆုံး အထင်ပေါ်အကျော်ကြားဆုံး ထိက်တန်းအမျိုးသမီး အယောက် (၁၀၀) ကို ရွေးချယ်ဖို ့အတွက် မည်သူမဆို မိမိတို […]


ၾကယ္ေလးJanuary 9, 20111min29348
မြန်မာစစ်အစိုးရရဲ့ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်ကြားရှိ အမျိုးသား အမျိုးသမီး အားလုံး စစ်မှု မထမ်းမနေရ ဥပဒေ မူကြမ်းတစ်ခုကို ဂျပန်NHK သတင်းဌာနက ရရှိထားကြောင်း ကြေငြာလိုက်သည်။ အမျိုးသားများမှာ အသက် ၁၈နှစ်နှင့် ၄၅ နှစ်ကြားဖြစ်ပြီး၊ အမျိုးသမီးများမှာ အသက်၁၈ နှစ်နှင့် ၃၅ နှစ်ကြား ဖြစ်သည်။ စစ်တပ်ထဲ နှစ်နှစ် သို့မဟုတ် သုံးနှစ် အမှုထမ်းရမည်။ ခန္ဓာကိုယ် မစွမ်းမသန်သူများ မှလွဲလို့ အသက်ပြည့်မှီသူ အားလုံး မြို့နယ်အသီးသီးရှိ အာဏာပိုင်များထံ စာရင်းပေးသွင်း ရမည့်အကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။ စာရင်း ပေးသွင်းဖို့ ပျက်ကွက်သူနှင့် စစ်မှုထမ်းဖို့ တိမ်းရှောင်သူများမှာ ထောင်ဒဏ် ငါးနှစ်အထက် ကျခံရမည်ဟု ဆိုသည်။ အဆိုပါ စစ်မှု […]


ၾကယ္ေလးJanuary 9, 20111min863
အာဏာရှင်တို့၏ စီးပွားရေးတလွဲတချော်စီမံခန့်ခွဲမှု နှင့် နိုင်ငံအချို့၏ ချော့မြှူရေးပေါ်လစီကို လျစ်လျူရှုကာ၊ အာဟာရ ချို့တဲ့နေသည့် ကလေးသူငယ်များ၊ သန်းနှင့်ချီသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို လက်ညှိုးထိုးပြီး မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကို အပြစ်ဆိုချင်သူများ ရှိနေပါသည်။ သို့ရာတွင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံအကြောင်းပြောရာတွင် ပညာရှင်အမြင်၊ စစ်အစိုးရဘက်မှ ရှေ့နေလိုက်သူများအမြင်နှင့် စီးပွားရေးသမားများဘက်မှ ရှေ့နေလိုက်သူများအမြင်တို့မှာ နိုင်ငံရေးအမြင်နှင့် အကြီးအကျယ် ကွဲလွဲနေပါသည်။ နှစ်ပတ်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်-သုံးကြိမ်သွားရောက်၊ အင်္ဂလိပ်စကားပြောတတ်သည့် မြန်မာလူမျိုးအနည်းငယ်ကို အင်တာဗျူးပြီး ရေးထုတ်လိုက်သည့်စာတမ်းများမှာ မည်သို့အဆင့်ရှိမည်ကို နားလည်ယူနိုင်သည်။ တချိန်တည်းတွင် နိုင်ငံရေးနောက်ခံရှိသူ သို့မဟုတ် မရှိသူ အဆင့်မြင့်ပညာတတ် မြန်မာပြည်သားများကလည်း စစ်အုပ်စုအတွက် လျှောက်လဲချက်ပေးနေကြသည်။ မည်သို့ပင်ရှိစေ ဗိုလ်ချုပ်ကြီးနေဝင်း ပြုတ်ကျသွားချိန်နှင့် စစ်ထောက်လှမ်း ရေးမှူးချုပ် ခင်ညွန့် ပြုတ်ကျသွားချိန်များတွင် အလားတူ မြန်မာလူမျိုးအများအပြား မြောင်းထဲရောက်သွားခဲ့သည်။ […]


ၾကယ္ေလးDecember 21, 20101min24914
ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့ ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတေ ွ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ……………….. ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။ အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။ လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ……………… ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။ တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁ဝ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်မကလည်း ပီနန်ထဲမှာပါ။ […]