လူပ်င္းMay 21, 20101min832
သားထုတ်ဂူ မှ ပခုက္ကူ အလောင်းစည်သူဘုရင်မင်းမြတ် သက္ကရာဇ် ( ၄၅၄ ) သည် ဖောင်စင်္ကြာနှင့် ဧရာဝတီမြစ်နဒီတွင် ခရီးလှည့်ခဲ့ဘူးသည်၊ မင်းမြတ်နှင့်တကွ မောင်းမမိဿံ အခြွေအရံများစွာ ပါဝင်သည်၊ ထို အခြွေအရံများအနက် ကိုယ်ဝန်ရှိနေသော မောင်းမတဦးသည် ( သို့မဟုတ် – မယ်စိမ့်ညို အမည်ရှိသော မောင်းမတဦးသည် ) ပေါက်အင်းအနီး ဆိုက်ရောက်သည်တွင် တံငါလုလင်တို့ကိုမြင်၍ မိန်းမကောင်းတို့၏ ဣန္နြေ ကို ဖောက်ဖျက်လျက် နှစ်သက်သည့် အသွင်ဖြင့် ရယ်သွမ်း၏၊ ထိုအခြင်းအရာကို မြင်သော အလောင်းစည်သူသည် ဒေါသအမျက်ပွက်ဆူ၍ ကျိန်စင်္ကြာဖြင့် ရိုက်နှက်ရာ လက်လွန်ကာ အသက်ဆုံးရှုံး ကံကုန်ရှာလေသည်။ အလောင်းကို ဖောင်စင်္ကြာပေါ်တွင် ခွဲစေ၍ သားသူငယ်အလောင်းကိုတွေ့၍ ဘုရင်တို့ထုံးစံအတိုင်း ဖောင်တော်ဆိုက်ကပ်၍ ရွှေဂူဘုရား တည်မည့်နေရာတွင် အခမ်းအနားဖြင့် […]