luulaneApril 30, 20101min1166
လူတွေ၏ ပါးစပ်ဖျားတွင် ရေးပန်းအစားဆုံး စကားတစ်ခွန်းပြောပါဆိုလျှင် “အချစ်” လို့ ကျွန်တော်ချက်ချင်း ဖြေမိပါလိမ့်မည်။ ကျွန်တော် လျှောက်ပြောနေခြင်း မဟုတ်ပါ။ ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း အခုချိန်ထိ မပြောင်းလဲပဲ တည်တံ့ပြီး ကျန်ရစ်ခဲ့တဲ့စကားက “အချစ်” ပင်ဖြစ်သည်။ ဒါကြောင့်ပင် ဒီ “အချစ်” ဆိုသည့်စကား ဘာကြောင့်များ ယခုချိန်ထိ တည်တံ့နေခြင်းကို ကျွန်တော်စူးစမ်းမိသည်။ ရှာဖွေမိသည်။ ကျွန်တော်ကိုယ်တိုင် ဤသို့လေ့လာမိခဲ့ပါသည်။ . အချစ်ဆိုသည်မှာ ဘယ်တော့မှ ဖြောင့်တန်းတည့်မတ်ခြင်း မရှိသော စိတ်ခံစားမှုတစ်မျိုးပြီး ချစ်ခြင်းကို ခွဲခြမ်း စိတ်ဖြာကြည့်မည်ဆိုလျှင် တစ်မျိုးတည်းတွေ့ရမည်မဟုတ်ပေ။ လူတစ်ချို့ကပြောကြသည်။ ရိုးရိုးလေးပါပဲ “ငါမင်းကိုချစ်တယ်” တဲ့၊ တသမတ်တည်း ရိုးရိုးလေးထင်ရပေမယ့်၊ ခံစားသူရဲ့ ခံစားမှု အတွေ့အကြုံတွေ ရောနှောချက်တွေကြောင့် အချစ် ဆိုတာ မတူညီတဲ့ အရသာ ၄ မျိုးကွဲထွက်သွားသည်။ […]