Ma EiJune 14, 20124min19932
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (4 ) … အလိုတော်ပေါက်   နန်းပန်ဘုရား မှ ညောင်ရွှေ အပြန်   ကျမတို့ မိသားစု ဖောင်တော်ဦးဘုရား ဖူးပြီးချိန်မှာ မိုးစရွာလာပါတယ်… ရင်ပြင်တော်မှာ ဘယ်ဆိုင်မှာစားပါ၊ညာဆိုင်မှာစားပါနဲ့ထမင်းဆိုင်ရှိရာ ခေါ်နေကြတဲ့ ကလေးမလေးတွေရှိပါတယ်… လှေသမားက ငွေဇင်ယော်မှာ ရှိပါမယ်ဆိုလို့ကျမတို့လဲငွေဇင်ယော်စားသောက်ဆိုင်ရှိရာဘက်ကို သစ်သားတံတားကူးလာခဲ့ကြပြီး မိုးအတိတ်စောင့်လို့ ထမင်းစားကြပါတယ်… ကြက်ချိုချဉ် ကြက်ကုန်းဘောင် ငါးဒုက္ခ ငါးထမင်း ဆယ့်နှစ်မျိုး ဟင်းချို..စသည်ဖြင့် မှာစားကြပါတယ်…ငါးဒုက္ခ ဟင်းကတော့ စားကောင်းပေမဲ့ ငါးကို အဆာသွပ်ပြီး ကြိုးနဲ့ချည် ပြီးတော့ ကြော်ချက်လို့ ငါးကို ဒုက္ခ ပေးထားတဲ့ဟင်းပါဘဲ… အစပ်မစားတဲ့ အမေနဲ့ သမီးတို့ အပြင်ဆိုင်မှာစားလို့အဆင်မပြေမှာစိုးတဲ့အတွက်အိမ်ကနေလဲ ငါးရံ့ခြောက်ဖုတ်၊ပုဇွန်ခြောက်ကြော်၊ ကြက်အူချောင်းတွေရယ် ကြော်သွားပါတယ်… အိမ်ကပါတာလဲစားဖြစ်ပြီး ဆိုင်ကအစားအစာကလဲစားကောင်းလို့ အဆင်ပြေသွားပါတယ်… စားသောက်ဆိုင်ဖြစ်တဲ့အတွက် […]


Ma EiMay 30, 20124min16829
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (3) … ရွှေအင်းတိန် မှ ဖောင်တော်ဦးဘုရား..   ရွှေအင်းတိန်ဘုရားရဲ့ ရှည်လျှားလှတဲ့ စောင်းတန်းအတွင်းမှာ ရှေးဟောင်းပစ္စည်း ဘုရား၊နတ်ရုပ်စသည်ဖြင့် ရောင်းချနေတဲ့ ဈေးဆိုင်များရှိပါတယ်…အပြင်ဘက်မှာလဲ ပျက်စီးယိုယွင်းနေတဲ့ ဘုရားစေတီများရှိနေတဲ့အတွက် ရှေးဟောင်းပစ္စည်းတွေဟာ ဒီစေတီပျက်တွေထဲက ပစ္စည်းတွေများဖြစ်နေမလားလို့ စိတ်ပူမိပါသေးတယ်…   ပြိုကျလုလု စေတီတစ်ဆူရဲ့ အုတ်ချပ်တွေဟာ ပုဂံဘုရားများရှိအုတ်ချပ်များနဲ့ ဆင်တူနေတာတွေ့ရပါတယ်… ပြင်ဆင်ပြီးဘုရားများကတော့ ယခုခေတ်လက်ရာဖြစ်နေပြီး ရွှေဆေးများကပ်လှူထားသည်ကိုဘုရားဟောင်းများနှင့် ခြားနားစွာဖူးတွေ့ရပါတယ်…     ရွှေအင်းတိန်ဘုရားကို ပဋလိပုတ်ပြည်ရှင် သီရိဓမ္မာသောကမင်းကြီးက သာသနာနှစ် 200 ခုနှစ်ကျော်မှာတည်ထားခဲ့ပြီး၊ အနော်ရထာမင်း၊ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊မင်းခေါင် ၊ ဆင်ဖြူရှင်မင်း စသည်ဖြင့် အဆင်ဆင့်ပြုပြင်ခဲ့ကြကြောင်း ဂေါပကအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရှိရပါတယ်… ရင်ပြင်တော်မှာ ရေပက်မဝင်နိုင်အောင် ပြောနေကြတဲ့ တောင်ရိုးသူတို့စကားဝိုင်းကိုလည်း […]


Ma EiMay 28, 20121min20730
နှတ်မဆက်နိုင်ခဲ့ပါ… ခုမနက်ပေါ့… အိမ်ကထွက် မှတ်တိုင်ရောက် ကားစီးလိုက်တဲ့ အထိ ကြည်ကြည်လင်လင်ပါဘဲ… ကားခ ပေးတော့မှ စိတ်တိုရတော့တာ… စိတ်တိုလိုက်တာ… စိတ်တိုလိုက်တာ…     အဖြစ်က ဒီလိုလေ… ကားမှတ်တိုင်မှာ လူများနေတာတွေ့ထဲက ကျမစိတ်ထဲမှာ… ဟင်း…ကားတော့ကျပ်တော့မှာဘဲ… ကားငှားစီးရတော့မယ်နဲ့တူရဲ့… စပ်စီးမဲ့သူတွေ့ရင်ကောင်းမှာဘဲ… တခါတလေတော့လဲ တစ်ယောက်ထဲစီးရတာ ကောင်းပါတယ်လေ… ကိုယ်ပိုင်ကားလို့သဘောထားပြီး စိတ်ချမ်းသာရတာပေါ့…စသည်ဖြင့်အမျိုးမျိုး တွေးနေမိပါပြီ…   တစ်ကယ်လဲ နဲနဲအကြာမှာ ကျပ်ပိတ်သိပ်နေတဲ့ ကား နှစ်စီး အချိန်ခြားလို့ ရပ်လာပါတယ်… တစ်စီးဆိုရပ်တောင်မရပ်တော့ပါဘူး…ဆင်းမဲ့သူမှမရှိဘဲကိုး၊သူလဲထပ်မတင်နိုင်တော့ဘူးလေ… ခြေနင်းခုံထိ တွယ်နေကြရတဲ့သူတွေကိုကြည့်လို့ ကားပေါ်တက်ဖို့ စဉ်းစားလို့တောင် မရပါဘူး..   ဆင်းလာတဲ့သူတွေကလဲကြည့်ဦး… အမျိုးသမီးနှစ်ယောက်တိုးဆင်းလာကြပြီး ကားပေါ်ကိုအော်ခေါ်ကြပါတော့တယ်… ဟဲ့…မ…  …. ရေ  မှတ်တိုင်ရောက်ပြီ..ဆင်းလေ..ပါသွားတော့မှာဘဲ.. ကားသမားရယ်လုပ်ပါအုံး..ကလေးအမေ.. ဟဲ့…မ…  …. ဆင်းတော့လေ… စသည်ဖြင့် […]


Ma EiMay 22, 20123min51921
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (2) … ရွှေအင်းတိန် အသွား..   ဒီနေ့တော့ အင်းလေးထဲ အလည်သွားကြမှာဖြစ်ပါတယ်… လည်ဘို့စက်လှေနဲ့ လှေဆိပ်ကို ကားကြိုပို့အတွက် Remember Inn နဲ့ဘဲစီစဉ်ထားပြီး အဝေးဆုံးနေရာဖြစ်တဲ့ ရွှေအင်းတိန်ဘုရား ကို ပထမဦးဆုံးသွားကြမှာ ဖြစ်ပါတယ်… 1. စက်လှေဆိပ်…   စက်လှေစထွက်ချိန်ကမ်းပေါ်ကိုပြန်အကြည့်… ညောင်ရွှေလှေဆိပ်ရေလမ်းကြောင်းကနေ လှေစီးလာရင်းနဲ့ ရေလမ်းကြောင်းတစ်လျှောက် ဝဲယာမှာ အိမ်တွေများလာတာရယ်…ရေနဲနေတာတွေ သတိထားမိပါတယ်…သောင်တူးသင်္ဘောနှစ်စီးနဲ့တူးနေတာတွေ့ရပါတယ်… အရင် ပတ္တမြား နဂါး ကုမ္မဏီက ကျွန်းသေတွေ လုပ်ပြီးစိုက်ပျိုးထားတဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာမှာလဲ အပင်ကျဲကျဲသာ တွေ့ရပါတော့တယ်… ကျွန်းတွေကြားမလဲ ပေါင်းပင်တွေနဲ့ ကောနေတာသာတွေ့ရပါတယ်…             3. သောင်တူးသင်္ဘော…    4. အရင်က ပတ္တမြား နဂါး ကုမ္မဏီရဲ့ အောင်မြင်တဲ့စိုက်ခင်းတွေနေရာ… […]


Ma EiMay 21, 20122min23819
ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (1) … ရန်ကုန်-ညောင်ရွှေ   ကျမတို့ မိသားစုရဲ့ ဒီတစ်ခေါက် အပန်းဖြေ ခရီးစဉ်ကတော့ တောင်ကြီးအင်းလေးကို သွားကြမှာဖြစ်ပါတယ်… တောင်ကြီးအင်းလေး ခရီးစဉ်ကို ကျမတို့က 5 ခေါက်လောက်ရောက်ခဲ့ဖူးပေမဲ့ သမီးလေးက မရောက်ဖူးသေးပါ။ ရွှေအင်းတိန်၊ထမ်စန်းဂူု တို့ကိုလဲကျမတို့မရောက်ဖူးသေးပါ၊ ဒါနဲ့ဘဲ ဒီနှစ်အတွက် ကျမတို့ မိသားစုရဲ့ အပန်းဖြေ ခရီးစဉ်ကို တောင်ကြီးအင်းလေးဘက် သွားကြမယ်လို့ သတ်မှတ်လိုက်ပါတယ်… မိသားစု 3 ဦး သွားဘို့ စီစဉ်ရာကနေ သမီးကလဲ ကောင်မလေး ကိုခေါ်ချင် အမေကလဲ လိုက်ချင် အမေနဲ့ ကောင်မလေးထားခဲ့ရမှာလဲ စိတ်မချ ဒါနဲ့ဘဲ တစ်မိသားစုလုံး သွားကြမယ် စီစဉ်ပါတယ်… ရုံးမှာပြောတော့ ရုံးကညီမလေး စုံတွဲ(သူလဲMG ရွာသူ) တို့ကလဲ စရိတ်မျှပေးစနစ်နဲ့ […]


Ma EiMay 16, 20121min30040
အာလူးချောင်း ပုဇွန်ကြော် နဲ့ ပုဇွန်ဆီပြန်ချက် ကလေး…   MG ရွာသူ ရွာသားများအတွက် အာလူးချောင်း ပုဇွန်ကြော်လေး အရင်တင်ပေးပါမယ်… ပါဝင်ပစ္စည်းတွေကတော့… 1.ပုဇွန် 2.အာလူးချောင်း 3.ရွှေလိပ်ပြာ အကြော်မှုန့် 4.ကြက်ဥ စသည်တို့ဖြစ်ပါတယ်…   ကြော်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ… ပုဇွန်တွေကို အမြီး တစ်ဆစ်ချန်ပြီး အခွံခွာ၊ ကျောခွဲပြီး အစာကြောင်းထုတ် ဆား နနွင်း နယ်ထားပါ… ကြက်ဥ အကာရည်ထဲကို ရွှေလိပ်ပြာ အကြော်မှုန့် အနည်းငယ်ထဲ့ ခေါက်ပြီး ပုဇွန်လေးတွေနှစ်လို့ ဆီပူပူမှာ ရွှေညိုရောင်သမ်းလာအောင်ကြော်ပေးပါ… အာလူးကို အခွံခွာ မထူမပါးလှီးပြီး ဓားအတွန့်လေးနဲ့ အချောင်းတွန့်လေးတွေဖြစ်အောင်လှီးပါ… သူ့ကိုလဲ ဆီပူပူမှာ ကြွပ်အောင်ကြော်လိုက်ပါတယ်… အားလုံးပြီးရင် ဆီစစ်ထားပြီး ပန်းကန်လေးထဲ အလှဆင်လိုက်ရင် စားချင်စရာ အာလူးချောင်း […]


Ma EiMay 2, 20121min20513
ပိတောက်တစ်ခိုင်…   ဒီနေ့ ပိတောက်ပန်းတွေပွင့်တယ်လေ… ရုံးအလာလမ်းတစ်လျှောက်မှာရှိသမျှ ပိတောက်ပင်တွေပွင့်နေကြတယ်… ရုံးရောက်တော့လဲ ပိတောက်ပန်းတွေဝေလို့ …   ရုုံးက ကလေးတစ်ယောက်က ဟိုဘက် Hotel နောက်မှာပွင့်နေတဲ့ ပိတောက်ပင်ကနေခူးပြီး လိုက်ဝေပေးလို့  ပိတောက်တစ်ခိုင် ရပါတယ်…အခိုင်လိုက်လဲ ဓါတ်ပုံရိုက် ပန်းအိုးလေးထိုးပြီးလဲဓါတ်ပုံရိက် ပိတောက်ပန်းအလှလေးမျှဝေလိုက်ပါတယ်… ထူးဆန်းစွာ အပွင့်တစ်ခက်မှာ အသီးကလေးတစ်လုံးပါလာပါတယ်… ပထမအကြိမ်အပွင့်ရဲ့ အသီးလေးဖြစ်မှာပါ…       ပိတောက်ပန်းကို ပန်ဘို့ထက် ရနံ့လေးကို ပိုချစ်ပါတယ်… ပွင့်ဖတ်တွေ ကြွေကျနေတဲ့ မြေပြင်လေးကိုလဲ ချစ်တယ်…   ဟိုးအရင်က ထိုင်ခဲ့ဘူးတဲ့ ဗိုလ်အောင်ကျော်လမ်းပိတောက်ပင်အောက်က လက်ဘက်ရည်ဆိုင်ကလေးသတိရမိတယ်…   ပိတောက်ပွင့်ချိန်… လေပြေအေးအေး ပန်းရနံ့မွှေး ပွင့်ဖတ်လေးတွေကြွေကျ သူ့စကားတွေကလဲချိုမြ ခုတော့လဲအမှတ်တရ…     ခင်တဲ့ မအိ


Ma EiApril 26, 20122min32051
ကော်ဖီချိန်အတွက်…   ကော်ဖီချိန်ရောက်နေပြီမို့ ရွာသူ၊ရွာသားတွေအတွက် Sandwich လေးတင်ပေးလိုက်ပါတယ်… သမီးလေးအကြိုက်မို့ အိမ်မှာမကြာခဏလုပ်စားဖြစ်တဲ့အစားအစာလေးဖြစ်ပါတယ်… ပြုလုပ်ရလွယ်ကူပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်…   ပါဝင်ပစ္စည်းတွေကတော့ 1.ပေါင်မုန့်ဖြူ ( Moe   or   We & We ) 2.Cheese     ( Cowhead          )  or  .ကြက်သားပြား (CP ) ဆီပူလေးထိုးထားပါတယ် 3.Margarine ( Mother Choice   )  or  .Butter          ( Best Food     ) 4.ခရမ်းချဉ်သီး (ပါးပါးလှီးထားပါ) 5.သခွားသီး    (ပါးပါးလှီးထားပါ) 6.ဆလပ်ရွက် (အရိုးမာဖယ်ပြီး ရေစင်စင်ဆေးထားပါ )တို့ဖြစ်ပါတယ်…   ပြုလုပ်ပုံအဆင့်ဆင့်ကတော့… ပေါင်မုန့်ကို Margarine or Butter  […]


Ma EiApril 6, 20123min24927
ဖယောင်းလမ်းကိုဖြတ်ကျော်ပျော်မြူးခဲ့ရပြီးနောက် သင်္ကြန်နီးလာလို့ကြိုတင်တွေးပျော်နေကြတဲ့ သူများနဲ့ ရွာသူ၊ရွာသားများအတွက် အပျော်ပေါ် အပြုံးဆင့် ပီတိဖြစ်ရအောင် ခြံထဲက ပန်းကလေးတွေ ပုံလေးတွေတင်ပေးလိုက်ပါတယ်… မနက်ခင်းတိုင်း ပန်းကလေးတွေကြည့်ပြီးပီတိဖြစ်ရတာမို့မျှဝေခံစားကြရအောင်ပါ….           ကနေ 9. အထိက ခြံထဲမှာစိုက်ထားတဲ့ ပန်းကလေးတွေပါ…တစ်ခြား ပန်းတွေ၊ဂမုန်းတွေလဲ ရှိပါသေးတယ်… 10. နဲ့  11 ကတော့ Chatrium Hotel မှာ မိတ်ဆွေ ညီမလေးတစ်ယောက်ရဲ့ Wedding Dinner  သွားရင်းရိုက်ခဲ့တာပါ… ပန်းစက်ဘီးလေး သဘောကျလို့ ရွာသူလေးတွေ အတွက်လက်ဆောင်ပါရှင်… အားလုံးဘဲ အပျော်ပေါ် အပြုံးဆင့် ပီတိနှင့်ဘဝ ခရီးဆက်နိုင်ကြပါစေ…


Ma EiMarch 28, 20121min20322
အပြေးမြန်တဲ့သူ… ပုံပြင်လေးတစ်ခု ပြောပြသူက ဟန်ဂျီအင်းပါ… ကိုရီးယားကား ချစ်စံအိမ် ထဲက မင်းသမီးလေ …မင်းသားက လီရောင်ဂျေး… သိတယ်မို့လား… သူပြောတာလေး အရမ်းကြိုက်သွားလို့ ပြန်ပြောပြမလို့ပါ…   မင်းသား လီရောင်ဂျေး ကိုသူ့ အဖေက ဆူ ရိုက်လိုက်လို့ နာကျင်နေတဲ့ အချိန်မှာ… ဟန်…ယုန်နဲ့ လိပ် ပုံပြင်လေး ပြောပြရမလား… လီ…..ယုန် နိုင်သွားတယ် ပြောမှာမို့လား၊ မပြောနဲ့ ဟန်…မဟုတ်ပါဘူး၊ခုပုံပြင်က အသစ် နားထောင်နော်… တနေ့မှာ ယုန် နဲ့ လိပ် အပြေးပြိုင် ကြသတဲ့… ယုန်ကတော့ မြန်တဲ့သူမို့ ရှေ့က ပြေးနေတာပေါ့… လိပ်ကလေးက ကြိုးစားပြီးပြေးနေတုံး ခရုလေးတကောင် တရွေ့ရွေ့နဲ့ သွားနေတာတွေတော့ အတော်နှေးတဲ့ကောင် ဒီလိုသွားနေ ဘယ်လောက်မှရောက်မှာ မဟုတ်ဘူး  လာတက် ဆိုပြီး […]


Ma EiMarch 20, 20121min22223
အဝေးကလူ ရဲ့ စိတ်စေရာ ဘဝ တစ်လျှောက်လုံးမှာ စိတ်၏စေစားရာအတိုင်း ရှင်သန် နေထိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ အဆိုတော် ပန်းချီဆရာ ခင်ဝမ်း ဖြစ်ပါတယ်… MG ရဲ့ ကိုပေါက် ကတော့ ခင်ဝမ်းရဲ့ သီချင်းတွေအကြောင်းကို အပိုအလို မရှိပြည့်စုံအောင် ဒီလို ရေးဖွဲ့ ပေးထားပါတယ်… …..ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။ (ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်) အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပါှ ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။ သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့ (ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။ ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။ ခင်ဝမ်းရဲ့ (ကောလိပ်နေ့ရက်များ)ဆိုတဲ့သီချင်းထဲမှာ (အပေါ်ထပ်က […]


Ma EiMarch 19, 20122min29229
ငါးဖယ်လား၊ပြောင်းဖူးလား… Sat,Sun ရုံးပိတ်ရက်မှာ ကော်ပြန့်ကြော် လုပ်စားကြပါတယ်… ငါးဖယ်နဲ့ တစ်ရက်၊ ပြောင်းဖူးနဲ့ တစ်ရက်ပါ… ပုံလေး တင်လိုက်မယ်နော်… ပြုလုပ်ပုံလေးလဲပြောမယ်နော်… 1.ငါးဖယ်ခြစ် ကိုဂျင်း၊ကြက်သွန်ဖြူ နနွင်း၊ဆား တို့ဖြင့် ထောင်းထားပါ… 2.မုန်လာဥနီ ကိုအတုံးသေးသေးများ တုံးပါ… 3.ထောင်းထားသော ငါးဖယ်ခြစ် ဥနီတုံး ငရုတ်ကောင်းမှုန့် နဲနဲ ထည့်နယ်ပြီး အနေတော်အတုံးလေးများတုံးထားရင် အဆာဖြစ်ပါပြီ… ဒါလေးက ပြောင်းဖူးနဲ့ပါ… သူကပိုလွယ်တယ်… 1.ပြောင်ဖူး(ပန်မျိုး က ပိုချိုတယ်) ပါးပါးလှီးပါ… 2.ကော်ပြန့်ရွက်လေးထဲထည့်ပြီး လိပ်လိုက်ရင်ရပါပြီ… ကော်ပြန့်လိပ်ကလေးတွေကို မီးအေးအေးနဲ့ ကြော်ရပါမယ်… ဆီကြော်စာ ရှောင်သူတွေလဲ စားလို့ရအာင် ဇကာလေးပေါ်မှာထားပြီးဆီကိုစစ်ထားပါတယ်… ကော်ဖီ နဲ့ အအေးလဲပါတယ်… သမီးလေးကတော့ ပြောင်းဖူးကော်ပြန့် ဘဲကြိုက်တယ်… မအိတော့ နှစ်မျိုး စလုံး အကြိုက်ဘဲ… ရွာသူ၊ရွာသားတွေရော […]


Ma EiMarch 15, 20121min78247
အပျင်းပြေ… ရွာထဲမှာ ပျင်းနေကြတဲ့သူတွေအတွက် ဖက်ထုပ်ပေါင်းလေး တင်ပေးလိုက်ပါတယ်… အပျင်းပြေစားကြပါနော်… ပြုလုပ်ပုံလေးလဲပြောမယ်နော်.. 1.ငါးဖယ်ခြစ် ကို ဂျင်း၊ကြက်သွန်ဖြူ၊ဆား၊နနွင်း နှင့် ထောင်းထားပါ… 2.ပုဇွန် ကို အခွံခွာ ချေးကြောင်းဖယ်၊နုတ်နုတ်စင်းပါ… 3.ဥနီ၊ကြက်သွန်မိတ် သေးသေးလှီးပါ… 4.မွှေးကော်မှုန့် အနည်းငယ်နှင့် အားလုံးရောနယ် လိုက်ရင် အဆာရပါပြီ… ဖက်ထုပ်ရွက်လေးထဲ ထည့်ပြီး အတွန့်လေးဖြစ်အောင်ထုပ်ပါမယ်… ဖက်ထုပ်အတွန့်လေးတွေကို ပေါင်းအိုးနဲ့ မိနစ်20လောက်ပေါင်းလိုက်ရင်စားလို့ရပါပြီ… အချဉ်အတွက် ငရုတ်စိမ်းတွေကို ရေနွေးနဲ့ ခဏပြုတ်ပြီး ကြက်သွန်ဖြူနဲ့ ရောကြိတ်လိုက်ပါ… သုံပုရာရည်ညှစ် ဆားလေးထည့်လိုက်ရင် ရပါပြီ.. ကော်ဖီမမမို့ ကော်ဖီဖျော်လိုက်အုံးမယ်… အိမ်သားတွေ လက်သွက်လို့ ခဏနေပါဦး ဆိုပြီး ဓါတ်ပုံအမြန်ရိုက်ရတယ်… အပျင်းပြေစားကြပါနော်…