ယနေ ့ညသန်းခေါင်ချိန်မှ စတင်ပြီး ခိုးဆိုးလုယက် မီးရှို့မှုများစတင်နေပြီဖြစ်သည်။နိုင်ငံနော်သမ္မတရုံးသို ့တိုင်ကြားထားသော်လည်း လုပ်ဆောင် တာဝန်ယူမှုအားနည်းနေသည်


ရခိုင်ပြည်နယ်အတွင်း ဇွန်လ(၃)ရက်နေ ့ဖြစ်ပေါ်ခဲ့သော ခရီးသွားပြည်သူ(၁၀)ဦး ကားပေါ်မှ ဆွဲချအသတ်ခံခဲ့ရသည်ကို သိပြီးဖြစ်သည်။ထိုမြို့သည် မှောင်ခိုရောင်း ဝယ်ဖော်ကားရာမြို့၊မူးယစ်ဆေးဝါးများကို တရားဝင်တင်သွင်းရောင်းချနေသော မြို့တစ်မြို့ဖြစ်သည်။ပြည်နယ်တွင်းမှ သစ်တောထွက်ပစ္စည်းများ၊နွားများပါမကျန် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်နေသောမြို့ဖြစ်သည်။ တောင်ကုတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ကားများ မြောက်မြားစွာကို လမ်းများပေါ် ဥဒဟိုသွားလာနေသည်။တောင်ကုတ်မှ ပြည်နယ်တွင်းရှိမြို့များ အားလုံး၊ပြည်မပါ မကျန် ပေါ်တင်သွားလာနေကြသည်။ဒေသဖွံ့ဖြိုးရေးဟု အကြောင်းပြကာ မှောင်ခို ရာဇာတစ်ဦးဖြစ်သော ဦးဦးကျောက်တောင်မှ အာမခံကာ ဝယ်ယူမောင်းနှင်နေကြ ခြင်းဖြစ်သည်။အဆိုပါ မူးယစ်မှောင်ခို သည် မန္တလေး၊ရှမ်းပြည် တို ့ဖက်မှ လက်ဘက် ခြောက်များ တင်သွင်းပုံစံဖြင့် မူးယစ်ဆေးဝါးများပါ သယ်ယူနေသည်။ထို ့အတွက် ဦးအောင်သောင်း၊သီဟသူရ တင်အောင်မြင့်ဦးတို ့လို လူကြီးများဖြင့် ပူးပေါင်းကာ လက်မရွံ့လူမိုက်မြောက်မြားစွာ မွေးထားသည်။ တောင်ကုတ်မြို့ လိုင်စင်မဲ့ ကားများ အလွန်များပြားလာသည့်အတွက် လိုင်စင်ရှိကား များဝယ်ယူထားသူများနစ်နာရသည့်ပြင်၊ယာဉ်အန္တရာယ်အလွန်စိုးရိမ်နေရပါသည်။ ယခုကဲ့သို ့လိုင်စင်မဲ့ ကားများဖြင့် ဥပဒေမဲ့ မှောင်ခိုလုပ်ငန်းများ […]


ရခိုင်ပြည်နယ် ရမ်းဗြဲမြို ့၊အမှတ်(၂)ရွှေတုံးရပ်ကွက်အတွင်း ဖွဲမီးစက်မှထွက်သော ဖွဲမှုန် ့များနှင့် အနံ ့ဆိုးများကိုဒေသခံများ ခံစားနေရပါသည်။ အဆိုပါ ဖွဲမီးစက်မှာ ရမ်းဗြဲမြို ့၏လူအစည်ကားဆုံး မြို ့လယ်တွင် တည်ရှိပြီး၊စက်ရုံ ဘေးတွင် တန်းချောင်းစီးဝင်ရာ ရွှေတုံးချောင်းနံဘေးတွင်တည်ရှိပါသည်။စက်ရုံအနီး ၌ အခြေခံပညာ အယ်တန်းကျောင်း၊မြို ့နယ်ပြည်သူ ့ဆေးရုံ၊မြို ့လယ်ဓမ္မာရုံကြီးတို ့ တည်ရှိသည်။အဆိုပါ စက်ရုံမှ အနံ ့ဆိုးများနှင့်ဖွဲမှုန် ့များကို စာသင်ကျောင်းမှ ကလေးသူငယ်များ၊ဆေးရုံမှလူနာများ၊ရပ်ကွက်တွင်းနေလုပ်သားပြည်သူများ နေ ့စဉ် အနံ ့ဆိုးကို ရှုရှိုက်နေရပြီး၊ထိုဖွဲမှုန် ့များကြောင့် စက်ရုံအနီးရှိ လုပ်သားပြည်သူများ ကျန်းမာရေးကိုထိခိုက်မှုကြုံနေရပါသည်။ ဖွဲမီးစက်မှ ထွက်သောအနံ ့ဆိုးများကြောင့်စက်ရုံအနီးရှိစာသင်ကျောင်းမှ ကလေးသူငယ်များအပါအဝင်၊ရပ်ကွက်နေပြည်သူများ အဆုတ်နှင့်ပတ်သက်သော ရောဂါရနိုင်ကြောင်း မြို ့နယ်ဆရာဝန်ကြီးမှပြောကြားကြောင်းသိရပါသည်။ ကျွန်တော်တို ့မြို ့သူ၊မြို ့သားများသည် သူများ၏အကျိုးစီးပွားကိုပျက်စီးစေရန်မ […]