Ma MaAugust 27, 20111min16712
“စာတွေ ခေါင်းထဲရောက်အောင် ကြိုးစားနေတာ။” 😀 ဆယ်တန်းစာမေးပွဲဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ အချိုးအကွေ့ကြီးတစ်ခုကို ဖြစ်စေနိုင်တာမို့ မိဘတွေမှာ သားသမီးတွေ ၁ဝတန်း မရောက်ခင်ကတည်းက ၂နှစ်လောက်ကြိုတင်ပြီး သားသမီးပညာရေးအတွက် ငွေအားရော၊ လူအားပါ အစွမ်းကုန် စိုက်ထုတ်ကြိုးစားကြရပါတယ်။ ၉တန်း-၁ဝတန်း အတွက် အဆင်သင့်ဖြစ်အောင် ကျူရှင်တွေကို လိုက်စုံစမ်းရပါတယ်။ စာစုသင်ဖို့ ဝိုင်းအတွက် လူစုရတာက တမျိုး။ စာစုသင်မယ့်နေရာကို ရှာကြရတာက တမျိုးနဲ့ အလုပ်တွေ များကြရတာပေ့ါ။ များသောအားဖြင့် ကျောင်းသားမိဘတွေဟာ ကိုယ့်ကလေးနဲ့ ဉာဏ်ရည်တူတဲ့ (သို့) ပိုတော် ပိုကြိုးစားတဲ့ ကလေးတွေနဲ့ပဲ စုပြီး ဝိုင်းသင်ချင်ကြပါတယ်။ ၁ဝတန်းရောက်မှ တက်ချင်တဲ့ဝိုင်း တက်လို့ရမယ်လို့ မထင်ပါနဲ့။ ၉တန်းတုန်းက စုထားတဲ့ဝိုင်းနဲ့ပဲ ၁ဝတန်းမှာ ဆက်ဝိုင်းကြရတာပါ။ ဒါကြောင့်မို့ သားသမီးတွေ ၈တန်းစာမေးပွဲ ဖြေပြီးပြီဆိုတာနဲ့ မိဘတွေခမျာ […]


Ma MaAugust 11, 20111min24413
MRTV-4 ရဲ့ ရနှစ်ပြည့် လှူဒါန်းမှုတစ်ခုအဖြစ် မခမမ ကို တွေ့မြင်သိရှိပြီး ရောက်သွားခဲ့ရပါတယ်။ မခမမ လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်မိတ်သဟာယ အသင်းဟာ ၁၉၇၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ခုဆိုရင် ၃၆ နှစ် ပြည့်ပါပြီ။ စတင်တည်ထောင်သူလည်းဖြစ်၊ လက်ရှိမှာလည်း ဦးဆောင်နေသူဖြစ်တဲ့ ဆရာကြီး ဦးသိန်းလွင်နဲ့လည်း တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အခုလို မေတ္တာကို ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ဆရာကြီးက နှုတ်ဆက်စကား ဆိုပါတယ်။ ဆရာကြီးဟာ ၁ဝတန်းကျောင်းသားဘဝမှာ လက်တွေ့လုပ်ရင်းနဲ့ ဓာတ်ခွဲခန်းပေါက်ကွဲမှုဖြစ်ပြီး မျက်မမြင်ဘဝကို ရောက်ရှိခဲ့ရသူဖြစ်ပါတယ်။ အဲဒီမတော်တဆမှုမှာ ဆရာကြီးဟာ လက်တစ်ဖက်ပါ ဆုံးရှုံးခဲ့ပေမယ့် စိတ်ဓာတ်မကျပဲ မျက်မမြင်ဘဝနဲ့ပဲ ၁ဝ တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ သူ့လို ဘဝတူတွေ စိတ်ဓာတ်ကျအားငယ်ပြီး […]


Ma MaAugust 7, 20111min50743
ချွေတာရေးနဲ့ ငွေရှာရေးအတွက် ကိုယ်တိုင်ကျင့်သုံးနေတဲ့ reduce, reuse, recycle နည်းလေးတွေကို ပြောပြချင်ပါတယ်။ ချွေတာရေးဆိုတာနဲ့ စားနေသုံးနေတာတွေကို လျှော့ချရမယ်လို့ ထင်တတ်ကြပါတယ်။ ထင်သလောက် လျှော့စရာမလိုပဲ မလိုတာတွေ၊ ပိုလျှံနေတာတွေကို reduce လုပ်နိုင်ကြောင်း သိစေချင်ပါတယ်။ အတွေ့အကြုံတစ်ခုအနေနဲ့ ပြောပြချင်တာကတော့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျောင်းတူတူတက် ထမင်းတူတူစားကြတယ်။ သူက သူ့ထမင်းဘူးမှာ ပါလာတာတွေကို ကုန်အောင်အမြဲ စားနေကျပါပဲ။ ဒါပေမယ့် အလှူတစ်ခုကို တူတူသွားကြတဲ့အခါကျတော့ ထမင်းတွေ ဟင်းတွေကို ကုန်အောင်မစားဘူး။ ပန်းကန်ထဲမှာ အများကြီးပဲ ချန်ထားခဲ့တယ်။ ဘာဖြစ်လို့လဲမေးတော့ ကုန်အောင်စားရင် ရှက်စရာကြီးတဲ့။ အဲဒါနဲ့ ကျမကလည်း မနေနိုင်ပဲ နင်ဒီလို ထားခဲ့တာကမှ အလှူရှင်ကို စော်ကားရာရောက်မှာ။ သူက စေတနာနဲ့ အကုန်ခံပြီး ကျွေးမွေးတာကို နင်က လွှင့်ပစ်တယ် […]


Ma MaAugust 3, 20111min31825
ခါတိုင်းထက်စာရင် ငွေအကြွေက လွယ်လာပြီမို့ ဘတ်စကားစီးတဲ့အခါ ငွေပြန်အမ်းတာကို မစောင့်ရလေအောင်၊ မေ့ကျန်ပြီး ပါမသွားရလေအောင် ငွေအကြွေ အသစ်လေးတွေကို လမ်းသွားရင် ဆောင်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ ၅ဝ ကျပ် တန် ခရီးကို စီးသွားဖို့ ၁၀ဝ ကျပ်တန်ပဲ ပါလေတော့ ကားစပယ်ယာကို ၁၀ဝ တန်ပဲ ပေးလိုက်ပါတယ်။ ကားမထွက်ခင် ဂိတ်မှာ ရပ်တုန်းက စပယ်ယာရဲ့ ပိုက်ဆံအိတ်ထဲမှာလည်း ၅ဝ တန်၊ ၁၀ဝ တန် လေးတွေ တွေ့လိုက်တော့ လွယ်လွယ်ပဲ ပြန်အမ်းလိမ့်မယ်လို့ ထင်လိုက်မိပါတယ်။ ဒါပေမယ့် ဆင်းရမယ့်ဂိတ် ရောက်ကာနီးအထိ ငွေပြန်မအမ်းလို့ စပယ်ယာကို ၅ဝ ပြန်အမ်းဖို့ ပြောတော့ အကြွေမရှိသေးဘူး လို့ပြန်ပြောပါတယ်။ စောစောကတင် ပိုက်ဆံအိတ်ထဲမှာ တွေ့လိုက်တာကို ပြောလိုက်တော့ ယူဖို့ခက်လို့ အလကားပဲ […]


Ma MaJuly 18, 20111min25721
ကြာဖူးနားဝနဲ့ တွေးကြည့်တာနဲ့တင် polygamy စနစ်ကို မကြိုက်နှစ်သက်ပါဘူး။ ကိုယ်ပိုင်ခံစားချက်မို့ သဘောကွဲလွဲတဲ့သူတွေလည်း ရှိမှာပါ။ ဖြစ်လာတဲ့လူတွေကိုတော့ (သဂျီးဝါဒနဲ့ မကို်က်ညီပေမယ့်) ကံလို့ပဲပြောရမလား၊ ဝဋ်ကြွေးလို့ပဲ ဆိုရလေမလား မသိတော့ပါဘူး။ (၃-၄ယောက်ယူပြီး အဆင်ပြေနေကြသူမပါ။) မိရင်းဖရင်း မောင်နှမအရင်းတွေကြားမှာလည်း ပြဿနာတွေ ဖြစ်တတ်ပေမယ့် ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေဆိုသလို ဖြေရှင်းလို့ရပါတယ်။ သွေးဟာ ရေထက် စေးပျစ်တယ် ဆိုသလိုပါပဲ။ ဒါပေမယ့် အဲဒီကြားထဲမှာ မိကွဲ ဖကွဲ တွေဖြစ်နေရင်တော့ သေးတဲ့အမှုဟာ ကြီးလာရပါတော့တယ်။ အိမ်ထောင်နှစ်ခုရှိတဲ့ မိသားစုမှာ မိဘနဲ့ သားသမီး၊ မောင်နှမအချင်းချင်း ကိစ္စတွေဟာ ပိုမိုရှုပ်ထွေးတတ်ပါတယ်။ မိခင်ဆိုတာ သားသမီးကို ချစ်ရိုးထုံးစံပါပဲ။ ဒါပေမယ့် အမေဆိုတာ ငယ်တဲ့သားသမီးကို ပိုဂရုစိုက်တတ်ကြပါတယ်။ အဲဒီမှာ ညီအစ်မအရင်းဆိုရင် ပြဿနာ မရှိပေမယ့် […]


Ma MaJuly 18, 20111min21320
ဝါတွင်းမှာ သတ်သတ်လွတ် စားချင်သူတွေအတွက် ချိုဆိမ့်ဟင်းတစ်ပွဲလောက်နဲ့ တည်ခင်းချင်ပါတယ်။ လိုအပ်တဲ့ အမယ်လည်း မများပဲ စားလို့လည်း အရသာရှိတဲ့ သတ်သတ်လွတ် ပဲပြား+သခွားသီး ချက်ဖို့ဆိုရင်………. ပဲပြား ကို ၄စိပ် စိပ်ရပါမယ်။ သခွားသီး အလုံးကြီး ၁ လုံးကို အခွံခွာ၊ ထက်ခြမ်းခြမ်းပြီး မထူမပါး အကွင်းလေးတွေ လှီးထားပါ။ အိုးထဲ ထည့်တဲ့အခါ ပဲပြားကို အရင်ထည့်၊ အပေါ်က သခွားသီး လှီးထားတာကိုထည့်။ ပြီးရင် ကြက်သွန်နီ ဥကြီး ၃-၄ လုံးလောက်ကို ကြမ်းကြမ်း လှီးထည့်ပါ။ အိုးထဲကို ကြာညို့ရည် နဲနဲ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါ။ ပြီးရင် ဆီများများထည့် အိုးကို အဖုံးပိတ်ပြီး မီး မနည်းမများနဲ့ တည်ရပါတယ်။ မီးများလွန်းရင် ခဏလေးနဲ့ ရေခမ်းသွားလို့ […]


Ma MaJuly 13, 20111min16012
ရန်ကုန်က ဘုရင့်နောင်ပွဲရုံတန်း (ကားပစ္စည်းဝင်း နဲ့ မှားတတ်လွန်းလို့)မှာ ကားကြပ်တာ၊ ကားလမ်းပိတ်တာ ထုံးစံလို ဖြစ်နေတော့ တစ်ခါတစ်လေ အလုပ်ကိစ္စရှိလို့ သွားချင်ရင် တက္ကစီသမားတွေက မလိုက်ချင်ကြပါဘူး။ မြို့ထဲကို အပြန်ကားငှားရင်လည်း ဈေးကြီးနေတတ်ပါတယ်။ တစ်ခါတော့ ဘုရင့်နောင်ကို ကားငှားသွားတဲ့အခါ ဝင်ကြေးကောက်တဲ့ အနားမှာတင် လမ်းပိတ်နေလို့ လမ်းမကြီးအတိုင်း မဝင်ပဲ နီးရာလမ်းသွယ်ကနေ ကားသမားကို ဝင်ခိုင်းရပါတယ်။ အဲလိုမှ မဟုတ်ရင် ကားသမားက လမ်းပေါ်မှာ ချထားခဲ့တတ်ပါတယ်။ လမ်းသွယ်ကမို့လို့ ကားချောင်မလားလို့ ဝင်ခိုင်းလိုက်ကာမှ နှစ်လမ်းမောင်းလမ်းကို လမ်းပြောင်းပြန်ရပ်ထားတဲ့ ကုန်ကားကြီးတစ်စီးက လမ်းပိတ်လို့ နေပါတယ်။ တစ်ဖက်က ကားကလည်း လာနေပြီး အဲဒီမှာတင် လမ်းပိတ်ဆို့ပြီး ကားတွေတန်းစီပြီး ရပ်နေကြရပါတယ်။ လမ်းပိတ်ထားတဲ့ကားကို မောင်းသူမရှိဘူးထင်လို့ ကြည့်လိုက်တော့ ဒရိုင်ဘာက လက်နှစ်ဖက် နောက်ပစ်ပြီး ကားပေါ်မှာ […]


Ma MaJuly 12, 20111min31716
ငွေအကြွေ ပြဿနာ ဖြစ်နေသူတွေအတွက် သတင်းကောင်းလေးတစ်ပုဒ် မျှဝေလိုက်ပါတယ်။ ဗဟိုဘဏ်မှာ လုပ်ငန်းရှင်တွေအတွက် ငွေအကြွေတွေ လဲလှယ်ပေးနေပါပြီ။ အားလုံးကို စိတ်ဝင်စားစေမှာကတော့ လ္ဘက်ရည်ဖိုး လုံးဝပေးစရာမလိုပဲ လွယ်လွယ်ကူကူ လဲလှယ်ပေးနေတာဖြစ်ပါတယ်။ ဘဏ်ကို ငွေစက္ကူလဲလှယ်လိုကြောင်း လျှောက်လွှာနှင့် လုပ်ငန်းလိုင်စင်မိတ္တူ ပေးရပါတယ်။ လုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်နှင့် သွားရပါတယ်။ လုပ်ငန်းလိုင်စင်အလိုက် ဘဏ်က သင့်တော်သလောက် လဲလှယ်ပေးပါတယ်။ လုပ်ငန်းရှင်ကိုယ်တိုင် မသွားနိုင်ရင်တော့ ကိုယ်စားလှယ်လွှဲစာနှင့် လွှတ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်သွားသူနဲ့ ကိုယ်စားလှယ်လွှတ်သူကို လဲလှယ်ပေးတဲ့ ငွေပမာဏခြင်း မတူပါဘူး။ ကိုယ်တိုင်သွားသူကို ပမာဏပိုမို လဲလှယ်ပေးပါတယ်။ ပထမဦးဆုံးအကြိမ်မှာ လုပ်ငန်းလိုင်စင်မူရင်း ယူသွားပြဖို့ လိုပါတယ်။ နောက်အကြိမ်တွေကျရင်တော့ မလိုတော့ပါဘူး။ လက်လီဆိုင်လိုမျိုး၊ လ္ဘက်ရည်ဆိုင်လိုမျိုးဆိုရင် ပမာဏများများ လဲလှယ်ပေးပါတယ်။ တစ်လကို တစ်ခါ လဲလှယ်နိုင်ပါတယ်။ တံတားဖြတ်သန်းခ ကောက်ခံသူတွေထံမှ […]


Ma MaJuly 6, 20111min17716
classified@myanmartimes.com.mm မှ ရရှိတဲ့ မေးလ် ကို ရှယ် ပေးလိုက်ပါတယ်။ myanmaritmenUsing Myanmar NLP Unicode Utilities Posted: 05 Jul 2011 10:38 AM PDT Myanmar NLP အဖွဲ့က ထုတ်ဝေထားတဲ့ Unicode Utilities တွေဟာ အစွမ်းထက်သထက် ထက်လာတာကို ဝမ်းသာအားရနဲ့ ကြိုဆိုမိပါတယ်။ အရင်တုန်းက တခြား Font နဲ့ ရိုက်ထားတဲ့ စာတွေကို Unicode သို့ Convert လုပ်နိုင်ရုံအဆင့်ပဲ ရှိပေမဲ့ အခုတော့ Searching,Word Break, Phrase Break တွေပါ ရလာပါပြီ။ အဲဒီ Utitities တွေကို Microsoft Word 2007 နဲ့ […]


Ma MaJuly 3, 20111min15712
ခေတ်တွေ အမျိုးမျိုး ပြောင်းလာခဲ့ပါပြီ။ အင်တာနက်ခေတ်မှာ ကမာ္ဘကြီးဟာ ရွာကြီးတစ်ရွာလို့တောင် ပြောနေကြရပြီ မဟုတ်လား။ မန်းဂေဇက်ရွာကြီးထဲမှာလည်း ရွာသူရွာသားတွေများလာလို့ လူဦးရေထူထပ်မှုစာရင်းကို သဂျီးက မကြာခဏ တင်ပြနေလို့ သိရှိရပါတယ်။ ခေတ်တွေပြောင်းလာတာနဲ့အတူ အရှေ့တိုင်းနဲ့ အနောက်တိုင်း လူတွေရဲ့ အသိပညာတွေ၊ ယဉ်ကျေးမှုတွေကလည်း ကူးလူးလာပါတယ်။ အရင်ကဆို ဆန့်ကျင်ဖက်လို့ ထင်နေကြရာကနေ ခုဆို အနောက်တိုင်း ချွေးမတွေရဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ဘယ်လောက်များကြာင်းကို သိလာကြရတယ်။ အရှေ့တိုင်းသားကလည်း လိုက်နာချင်ရင် ပိုမိုယဉ်ကျေးတဲ့၊ သိမ်မွေ့တဲ့ အနောက်တိုင်းက စည်းကမ်းတွေ၊ ယဉ်ကျေးမှုတွေကို သိနိုင် လိုက်နာ နိုင်ကြပါပြီ။ ဥပမာ- တံခါးကို ဖွင့်ပြီး သွားရတဲ့အခါမှာ နောက်လူတွေရှိရင် အဲဒီလူတွေ အားလုံး ထွက်ပြီးတဲ့အထိ တံခါးကို ကိုင်ပေးထားရတာမျိုးတွေပေ့ါ။ ကျမတို့လည်း မန်းဂေဇက်ရွာထဲမှာ […]


Ma MaJune 26, 20111min22421
ရွာက ပြန်ရောက်ပြီး ရက်တွေ လတွေ ကြာသွားတဲ့အခါ ရွာကိုလည်း မေ့မေ့ပျောက်ပျောက်၊ ဆွေမျိုးတွေကိုလည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတော့တယ်။ အလုပ်တွေကလည်း ဆောင်း နဲ့ နွေ မှာ များနေကြမို့လို့ ပင်ပန်းပြီး အိမ်ပြန်ရောက်ရင် အမေနဲ့တောင် စကားသိပ်မပြောဖြစ်ပဲ ထုံးစံအတိုင်း ထမင်းစားပြီး အိပ်ရာဝင်ဖြစ်တာတွေက များလာပါတယ်။ တစ်နေ့တော့ အိမ်ပြန်ရောက်တဲ့အခါ ရွာကဆွေမျိုးတွေ ရောက်နေတာ တွေ့ရပါတယ်။ အတော်ကြီးကို လာချင်လို့ လိုက်လာတာလို့ ပြောတဲ့ အဖွားလေးကို တွေ့လို့ ဝမ်းသာသွားတယ်။ ဦးလေးတွေ၊ အဒေါ်တွေ၊ မောင်နှမဝမ်းကွဲတွေ အာလုံးပေါင်း ၆ယောက် ဖြစ်ပါတယ်။ အရင်က သားအမိ နှစ်ယောက်တည်းမို့ နေသာတဲ့ တိုက်ခန်းလေးဟာ အမျိုးတွေရောက်လာတော့ ကျပ်ကျပ်ညှပ်ညှပ် ဖြစ်နေပါတယ်။ အမျိုးတွေမို့ အားမနာရလို့သာ တော်ပေတာပဲ။ အဖွားလေးကလည်း ပြောရှာပါတယ်။ […]


Ma MaJune 25, 20111min18019
မိုးရာသီကို ရောက်လာပါပြီ။ တစ်နှစ်ပတ်လုံး ရောင်းရေးဝယ်တာတွေနဲ့ အလုပ်များပြီး ပင်ပန်းခဲ့ရတဲ့ မောင်ကြောင်ဖားဟာ အလုပ်ပါးတုန်း ခွင့်ယူပြီး အပန်းပြေခရီးသွားဖို့ စဉ်းစားလိုက်ပါတယ်။ ဘယ်ကိုသွားရင်ကောင်းမလဲ စဉ်းစားလိုက်တာ သဘာဝရဲ့ အရသာတွေကို အပြည့်အဝ ခံစားနိုင်တဲ့ တောရွာလေးကို သွားဖို့ စိတ်ကူးရသွားတယ်။ အဲဒီမှာ မတွေ့တာကြာပြီဖြစ်တဲ့ ဇာတိရွာလေးမှာ နေကြတဲ့ အမေ့ရဲ့ အမျိုးတွေကို သွားသတိရလိုက်တယ်။ ရွာက အသွားအလာ ခက်ခဲတော့ ကိုယ်ကလည်း မရောက်ဖြစ်။ သူတို့တစ်တွေကလည်း မလာနိုင်၊ မလာတတ်ကြဘူးလေ။ ကဲ ပြောနေကြာတယ် ခုပဲ သွားလိုက်တော့မယ် ဆိုပြီး အမေ့ကို ပြောပြီး မနက် ၈နာရီမှာ အဝေးပြေးဂိတ်သွား၊ ရွာနဲ့နီးတဲ့နေရာကို ရောက်နိုင်တဲ့ကားစီးပြီး ထွက်လာခဲ့တယ်။ ပုသိမ်ရန်ကုန်လမ်းမကြီးပေါ်က ရွာကိုသွားတဲ့လမ်းဆုံမှာ ဆင်း၊ ထော်လာဂျီစီးပြီး၊ တစ်ဖက်ကမ်းကို လှေငှားပြီး သွားလိုက်တာ […]


Ma MaJune 10, 20111min20714
ကျမတို့ငယ်ငယ်က မိသားစုတွေ အားလုံး တောမြို့လေးမှာ နေပါတယ်။ အဖေက သူတို့ခေတ်မှာ ပညာကို ကောင်းကောင်းမသင်ခဲ့ရတော့ ကျမတို့ မောင်နှမ အားလုံးကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။ အဲဒါနဲ့ ရန်ကုန်မှာ အိမ်ငှားပြီး မောင်နှမတွေအားလုံးကို ကျောင်းထားပေးပါတယ်။ အဖေနဲ့ အမေက တလှည့်စီ လာတတ်ပါတယ်။ အဖေက မောင်နှမ မရှိခဲ့တော့ မိသားစု စည်းစည်းလုံးလုံး နေတာကို အလွန် လိုလားပါတယ်။ အဲဒါကြောင့် အဖေလာရင် သားသမီးတွေ အားလုံးနဲ့ လျှောက်လည်တတ်ပါတယ်။ တခါတလေလည်း ရုပ်ရှင်တွေ တစ်ကားပြီး တစ်ကား ဆက်တိုက် ကြည့်ကြပါသေးတယ်။ မုန့်သွားစားကြတာကတော့ မကြာခဏပေါ့။ အမေကတော့ များသောအားဖြင့် စာမေးပွဲနီးချိန်မှာ ချက်ပြုတ်ကျွေးမွေးဖို့ လာတာများပါတယ်။ အမေလာရင် ကိုယ်ကြိုက်တာ ချက်ကျွေးခိုင်းပြီး ပျော်ပျော်ပါးပါး စားကြပါတယ်။ နောက်ပြီး […]