Ma MaApril 20, 20141min25444
ရိပ်သာတစ်ခေါက်ဆိုလို့ တရားအကြောင်းရေးမယ်လို့ ထင်နေကြမယ်ထင်တယ်။ မဖတ်ဖြစ်ပဲ ခုန်ကျော်သွားမှာစိုးလို့ ကြိုတင်ရှင်းလင်းချက်ထုတ်ထားတာ။ 😀 အမှန်တော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို ရိပ်သာရောက်ပြီး ပေါ်လာတဲ့အတွေးလေးတွေကို ရေးချင်လို့ ခေါင်းစဉ်ကို ဒီနာမည်ပေးလိုက်တာပါ။ 🙂 အဆိုးထဲက အကောင်း ဒီနှစ်သင်္ကြန်ဘယ်သွားမလဲလို့ အမွှာညီအမနဲ့လည်းသိ၊ ကိုယ်နဲ့လည်းသိတဲ့ မိတ်ဆွေတစ်ယောက်က မေးလာပါတယ်။ ထုံးစံအတိုင်း ရိပ်သာ ပေ့ါလို့ ဖြေလိုက်တယ်။ ဟာ- ရိပ်သာမသွားပါနဲ့အုံး။ အန်တီတို့နှစ်ယောက်အဖော်ရှိတာ လျှောက်လည်ကြပါလား လို့ ဆိုလာပါတယ်။ ဟိုးတုန်းက နှစ်သစ်ပြောင်းခါနီးလို့ ပြက္ခဒိန်အသစ်တွေ ထွက်ပြီဆိုတာနဲ့ မိသားစုတွေ ပိတ်ရက် ၂ရက်ဆက်ကို ပြက္ခဒိန်မှာ ရှာတော့တာကို သွားသတိရမိပါတယ်။ အနည်းဆုံး၂ရက်ပိတ်မှ ခရီးသွားဖို့ အဆင်ပြေတာမို့ အဲဒီလိုပိတ်ရက်ကို ကြို ကြည့်ပြီး ဘယ်သွားမလဲလို့ ကြိုတင်စီစဉ်တော့တာပါပဲ။ သင်္ကြန်ပိတ်ရက်ဆိုတာကတော့ နှစ်တိုင်းလျှောက်လည်ဖြစ်တာပေ့ါ။ မိသားစုတွေ မောင်နှမတွေ […]


Ma MaMarch 5, 20144min25637
အထက်တန်းကျောင်းတက်တုန်းက …….. စာသင်တာကို ဝါသနာပါပြီး ဆရာအလုပ်ကို တန်ဖိုးထားတဲ့ မြန်မာစာသင်တဲ့ မြန်မာစစ်စစ်ဆရာမကြီးကို ချစ်ကြောက်ရိုသေသလို သူသင်ပေးခဲ့တာတွေကိုလည်း ကြုံတိုင်းအမှတ်ရမိတယ်။ 🙂 ကလေးဘဝတုန်းက ဖတ်ခဲ့တဲ့ ဦးဖိုးကျားရဲ့ အခမဲ့ကူလီထမ်းခြင်း၏အကျိ ုး ဆိုတဲ့ စာဆိုရင် ဘဝတလျှောက်လုံးမှာ စွဲမြဲမှတ်သားထားမိစေတဲ့ စာတစ်ပုဒ်ပါပဲ။ ဦးဖိုးကျားရဲ့ ဘုရားဖူးသွားခြင်း ဆိုတဲ့စာထဲမှာ ပါလာတဲ့ ခါတော်မီ ဆိုတာ အချိန်အခါအလျှောက်ပေါ်လာတာ ကိုခေါ်တယ်လို့ မြန်မာစာဆရာမက ရှင်းပြပေးခဲ့တယ်။ ကိုယ်လည်း စာမရေးဖြစ်တာ ကြာနေရာက သဂျီးက ပိုစ့်တွေပွိုင့်တိုးပေးတယ်ဆိုတာနဲ့  ပိုစ်တင်ဖို့ ကြိုးစားဖြစ်လို့ ခါတော်မီ ပေါ့။ 😆   အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်တွေကို မြင်တော့ ဗစ်တာခင်ညိုသီဆိုထားတဲ့ နွေရောက်ပြီလေ … ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းလည်းပြိုင်…. ဆိုတဲ့သီချင်းကို သတိရမိသလို ရွာထဲကနေပါလာတဲ့ အကျင့်နဲ့ […]


Ma MaJanuary 30, 20141min22626
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်လိုက်အုံးမယ်။ သူတကာတွေလို ကောင်းကောင်းမွန်မွန် ဖွယ်ဖွယ်ရာရာတွေ မလုပ်တတ်တော့ ကိုယ်တတ်သမျှကို သိသူကျော်သွား၊ မသိသူဖော်စား (မသိသူကျော်သွား၊ သိသူဖော်စားမဟုတ်ပါ) ဖို့ နည်းပေးလမ်းပြလုပ်ခြင်းသာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ……… ခိုင်ဇာရဲ့ ထမင်းဆိုင်အတွက်ချက်ဖို့ စဉ်းစားထားပြီး တကယ်ချက်ပေးတဲ့အခါကျတော့ မေ့ကျန်ခဲ့တဲ့ ဟင်း၂မျိ ုးပါ။ ချက်ပုံချက်နည်းတွေက လွယ်ကူလွန်းလို့ တတ်သိကြသူတွေများမယ်လို့ မှန်းမိပေမယ့် မသိသေးတဲ့ ကိုယ့်လိုပဲလေးဇီးတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်ထင်ပါတယ်။ :kwi: ကိုယ်တိုင်လည်းကြိုက်ပြီး အလွယ်တကူလည်း ချက်စားနိုင်တဲ့ ဝက်သားအချိ ုချက်၊ ဝက်သားအငံချက်နဲ့ ဝက်သားငါးခြောက်ဟင်းတွေပါပဲ။ ဝက်ထဲက မထွက်တာတော့ မပြောနဲ့နော်။ 😀 ဝက်သားအချိ ုချက်ဖို့ ဆီ၊ သကြား၊ ဆားနဲ့ ဝက်သားပဲ လိုပါတယ်။ ဝက်သားကို ခုတ်ထစ်ရေဆေးဆားနယ်ထားပါ။ အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ပူလာရင် […]


Ma MaJanuary 12, 20145min303101
အခမ်းအနား အပြင်အဆင်                     မျိုးဆက်သစ်တွေလည်း ပါတယ်။   ဆုပေး ဆုယူပုံတွေ https://www.facebook.com/maw.myintmyint/posts/404246009706782 မှာလည်း ရှိသေးတယ်။ 🙂       Group photo တော့ မရလိုက်ဘူး။ ဓာတ်ပုံရိုက်ထားကြတဲ့သူတွေ တင်ပေးကြပါအုံး။                    


Ma MaDecember 4, 20131min31542
ပန်ပန်ရဲ့ ဟီရိုရှီးမားရောက်တုန်းက ပို့စ် မှာ ရေးထားတဲ့ ပြတိုက်ဝင်ကြေး ၅ဝယန်း (မြန်မာငွေ၅၀ဝကျပ်၊ ရန်ကုန်တိရစာ္ဆန်ဥယျာဉ်ဝင်ကြေးရဲ့ထက်ဝက်ကြီးများတောင်သက်သာဒယ်)။ ကို ဖတ်မိပြီး ဒီပို့စ်လေးဖြစ်လာပါတယ်။ တူတွေ တူမတွေရောက်နေတာနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မိသားစုတွေ မြို့ ထဲထွက်လည်ဖို့ စီစဉ်ဖြစ်တယ်။ ကြုံတုန်း ပြောရရင် ……… ဒေါ်စုပုံနဲ့ ပြက္ခဒိန်ကို လက်ပွေ့သမားတွေက ၄၀၀ဝ နဲ့ ရောင်းနေတယ်။ မြို့ ထဲကဆိုင်တွေမှာဆို သက်သာလိမ့်မယ်ထင်လို့ မေးကြည့်တော့ ၃၅၀ဝတဲ့။ အဲဒီပြက္ခဒိန်ကို ဗဟန်းက တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ တစ်စောင် ၂၅၀ဝ နဲ့ ရောင်းနေတယ်ဆိုတဲ့အကြောင်း ဒေါ်စုပုံနဲ့ ပြက္ခဒိန်လိုချင်ရင် ဈေးနှုန်းသက်သက်သာသာနဲ့ ရပါစေကြောင်း သတင်းကောင်းပါးပါတယ်။ ဒါက လျှာရှည်တတ်တဲ့အကျင့်ကြောင့် နိဒါန်းနဲ့တင်ရှည်နေတာ။ ရေးချင်တာက ခုမှစမယ်။ လျှောက်လည်တဲ့အစီအစဉ်မှာ ပထမဦးဆုံးအနေနဲ့ မနက်စောစော ရွှေတိဂုံဘုရားက ရှင်ဥပဂုတ္တကန်မှာ […]


Ma MaNovember 17, 20131min373035
ဒီရွာ …… အဲ- ဒီမြို့ ပေါ်မှာ …….. အခြေချ နေထိုင်ရင်းးးးးးးး သဂျီး (အဲ- တောသားမြို့ ရောက်ဆိုတော့ မှားကုန်ပြီ) 😀 မြို့ ဝန်မင်းနဲ့ မြို့ သူား (အဲဒီထဲမှာ မြို့ ကြောင်ကြီးတစ်ကောင်လည်းပါရဲ့ ) တွေရဲ့ ထိန်းကျောင်းလမ်းညွှန်မှုတွေနဲ့ ပြဿ နာတစ်ခု အခြေအနေတစ်ခုအပေါ်မှာ တယောက်တမျိ ုး အတွေးအမြင်တွေ မတူညီကြတဲ့အခါမှာ အကြိတ်အနယ် အကြေအလည် ပြောဆိုဆွေးနွေးညှိနှို်င်းတာမျိ ုးကို သဘောကျနှစ်သက်မိပါတယ်။ အဲဒီနေရာမှာ သဂျီး (ခေါ်နေကျအတိုင်းပဲ ကောင်းပါတယ်) ဆန်းသစ်တီထွင်ထားတဲ့ ငြင်းခုံခြင်းအနုပညာ ဆိုတဲ့ စကားလုံးက အံဝင်ခွင်ကျမို့ သဘောကျပြီး တိုက်ဆိုင်လာတိုင်း သုံးစွဲဖြစ်တယ်။ လူအမျိ ုးမျိ ုး စိတ်အထွေထွေ ဆိုသလို လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် […]


Ma MaOctober 13, 20131min33524
၁၃. ၁၀. ၂၀၁၃ တနင်္ဂနွေနေ့ နံနက် ၉း၃ဝ နာရီမှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ပန်ဒါဟိုတယ်တွင် ဘေးကင်းလုံခြုံ၍ ပြည်သူများ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။     အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်း (ယာယီ)က တာဝန်ယူပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ကြီါ်မှုး၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။   တိုဆွေးနွေးပွဲသို့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊  ရေကျိုငါးပိလုပ်ငန်းရှင်များ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဌနှင့် အသင်းဝင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြပါတယ်။     ရေကျိုငါးပိပြုလုပ်ရာမှာ ဓာတ်မြေဩဇာထည့်သွင်းပြုလုပ်သဖြင့် စားသုံးရန်မသင့်ကြောင်း မီဒီယာများမှတဆင့်  လူထုအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်လုပ်သူ၊ စားသုံးသူကာကွယ်ရေးအသင်းနှင့် စားသုံးသူများက ရှု့ထောင့်ပေါင်းစုံမှ […]


Ma MaOctober 12, 20131min68133
သူများကွတ်တဲ့နာမည်တွေကို ယူပြီး……….. အီးဇီးကွတ် (ခရက်ဒစ်တူ ဝေဝေ)၊ ရမ်းသမ်းကွတ် (ခရက်ဒစ်တူ မရွှေတုတ်) လို့  နာမည်ပေးပြီး ရေးထားတာတွေကို …………   တညင်သားက ဘီးဇီးကွတ် (အမှန်လည်း ဘီးဇီး) လို့ ပြောတာကို မခံနိုင်လို့ :hint: အပျင်းနည်းနဲ့ ချက်ထားတဲ့ ကိုယ့်ကွတ်ကို လေးဇီးကွတ်လို့ နာမည်မူပိုင်ပေးလိုက်မယ်။ 🙂   မြန်မာမုန့်တွေက ဆန်နဲ့ ကောက်ညှင်းကိုသာသုံးလေ့ရှိတာမို့ ဂျုံမှုန့်နဲ့လုပ်ရမယ့် မုန့်ဆိုရင် ကြောက်တယ်။ မလုပ်ရဲဘူး။   အဲဒီတော့ ဂျုံနဲ့လုပ်တဲ့ ပီဇာကို ဝယ်စားရမှာလည်း နှမျော၊ ကိုယ်တိုင်လည်း မလုပ်တတ်ရာက ကံကောင်းထောက်မစွာနဲ့ လေးဇီးကွတ်နည်းကို တွေ့တော့ ကိုယ့်ရွာသူားတွေကို ကြွားချင်….. အဲ- မျှဝေချင်မိတယ်။ 😀   အဆင်သင့် လုပ်ပြီးသားဂျုံပြားကို ဝယ်တယ်။ […]


Ma MaOctober 10, 20131min37437
  တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အခေါ်အဝေါ်တွေ ကွဲပြားတတ်ကြပါတယ်။   ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဟုတ်နေကြတော့ ထူးတယ်လို့ကို မထင်ဘူး။ တစ်မြို့တစ်ရွာရောက်မှ ကိုယ့်အခေါ်အဝေါ်တွေဟာ သူတို့နဲ့မတူပဲ တမူထူးဆန်းနေတာတွေ ဖြစ်တတ်တယ်။   တစ်ခါတုန်းက …………. နွေကျောင်းပိတ်ရက်မှာ မိတ်ဆွေတွေရဲ့ မြို့ကို သွားလည်ဖြစ်တယ်။   အဝတ်အစားတွေထည့်တုန်းက ခြုံထည်ပုဝါ မေ့ပြီးထည့်မလာခဲ့မိတာကို ရေချိုးခါနီးမှ သိတော့ ………..   အိမ်ရှင်ကို ဖူးစောင် ရှိလားလို့ မေးတော့ အိမ်ရှင်က ကြောင်တက်တက်ဖြစ်သွားတယ်။   ဖူးစောင် ဆိုတာ ဘာကို ခေါ်တယ်ဆိုတာကို အိမ်ရှင်က နားမလည်တာ။   “ဘာလုပ်ဖို့လဲ” လို ့ ပြန်မေးတော့ ကိုယ်လည်းကြောင်သွားတာပေ့ါ။ မေးမိတာမှားပြီ။ မပေးချင်လို့လား၊ မရှိလို့များလားလို့ အတွေးရောက်သွားတယ်။   နောက်မှပြောရင်းဆိုရင်း လိပ်ပတ်လည်ပြီး […]


Ma MaSeptember 29, 20131min38633
ဦးကြီးမိုက်ရဲ့ ကြိမ်စင်္ကြာကြောင့် အသီးသီး အသက အသက ပေါ်လာပြီးသကာလ…. ကိုယ်တိုင်လည်း ဘယ်လိုဝင်အားဖြည့်ရမယ် စဉ်းစားတော့ ……….. အစားသမားတို့ထုံးစံအတိုင်း စားစရာပဲ ပေါ်လာတယ်။   ကွေတာလန် (သို့) ကျောက်စိမ်းမုန့် (သို့) အဖြူတပိုင်းအစိမ်းတပိုင်းလို့ အလွယ်ခေါ်တဲ့ ဆန်မုန့်ပေါင်းကို အပျင်းနည်းနဲ့ လုပ်ထားတာလေး အားပေးကြပါအုံး။   ပါဝင်ပစ္စည်းများ ဆန်မှုန့်  ၁ဝ ကျပ်သား သကြား ရ ၁/၂ ကျပ်သား အုန်းနို့ ၁၀ဝ မီလီလီတာခန့် ဆွမ်းမွှေးရွက် ၃ပင် ဆားအနည်းငယ်   ဆန်မှုန့်ကို ရေနွေးနွေးနဲ့ နယ်ပြီး ခဏနှပ်ထားပါ။ (အမှန်ဆိုရင် ဆန်ုမှုန့်ကို ရေနဲ့နယ်ပြီး ရလာတဲ့ ဆန်မှုန့်လုံးရဲ့  ၁ဝပုံ ၁ပုံလောက်ကို လုံးပြီး ရေနွေးဆူဆူမှာ ခဏထည့်ပြုတ်၊ အပေါ်ယံကျက်ရင် […]


Ma MaSeptember 4, 20131min40134
ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ DVB ရုပ်မြင်သံကြား အစီအစဉ်မှာ ပြသသွားတဲ့ Debate ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ရက်အနည်းငယ်က အမှတ်မထင် ကြည့်ခဲ့ရပါတယ်။   အရင်တုန်းကတည်းက ဒီလိုအစီအစဉ်တွေရှိခဲ့လား ပြသခဲ့ဖူးသလားတော့ မသိပါဘူး။   အဲဒီအစီအစဉ်မှာ ကွမ်းစားခြင်း နဲ့ ပတ်သက်ပြီးတော့ ဘက်စုံ ထောင့်စုံကနေ ဆွေးနွေးထားတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားတဲ့ အစီအစဉ်ကလေးပါ။   ပါဝင်ပြီး ဦးဆောင်ဆွေးနွေးသူတွေထဲမှာ ဆရာဝန်ပါတယ်။ မြို့တော်စည်ပင်သာယာရေးကော်မတီမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူထားသူပါတယ်။ မိမိကိုယ်တိုင်ရော ဘိုးဘွားမိဘတွေကိုယ်တိုင်ရော ကွမ်းကို အစဉ်တစိုက် နှစ်ပေါင်းများစွာ စားလာ/နေသူ ပါတယ်။ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်နေတဲ့ လူငယ်အဖွဲ့က လူငယ်တစ်ဦးပါတယ်။   အဲဒီလို ဆွေးနွေးပွဲမှာ (ရိုက်ကွင်းမှာ) လာရောက်ကြည့်ရှု့ကြတဲ့ ဧည့်ပရိတ်သတ် အနည်းငယ်လည်း ရှိနေပါတယ်။ ဧည့်ပရိတ်သတ်တွေထဲမှာလည်း သွားဆရာဝန်ပါတယ်။ […]


Ma MaSeptember 2, 20131min17714
    ခုရက်ထဲဖေ့စ်ဘုတ်မှာ သရော်ကာတွန်းလေးတစ်ကွက်တွေ့မိတယ်။ သက်တမ်းရင့်နေတဲ့ ဒီရင်ချင်းဆက်အမွှာကို ခွဲစိတ်ရင် အောင်မြင်နိုင်ပါ့မလား အာစရိ လို့ ခွဲစိတ်ဆရာဝန်ကို မေးနေဟန် ဆွဲထားတဲ့ ကာတွန်းလေးပါ။ ရင်ချင်းဆက်နေတာကတော့ ဒုစရိုက်နဲ့ ပြည်သူ့ရဲ တဲ့။ :loll:   https://www.facebook.com/photo.php?fbid=272152866243394&set=at.140638446061504.18752.100003460492354.744583013.743098456&type=1&relevant_count=1&ref=nf   မျိုးချစ်စိတ်ဓာတ်အပြည့်အဝနဲ့ ခင်ဝင့်ဝါကို အားပေးကြတဲ့ မဟာပုရိသများကို ရိထားတဲ့ ကာတွန်းကတော့ ပျံ့နှံ့နေတာမို့ အထူးမပြောလိုတော့ပါဘူး။ :kwi:   https://www.facebook.com/photo.php?fbid=10200919671133012&set=p.10200919671133012&type=1 ဒီနေရာမှာ ထိမိတဲ့တစ်ကွက်ကာတွန်းကို ဖန်တီးတဲ့ဆရာများကို ချီးကျူးဂုဏ်ပြုချင်ပါတယ်။   တိုင်းပြည်ကို ကောင်းစေလိုတဲ့စိတ်၊ ပြုပြင်စေချင်တဲ့စိတ်နဲ့ရေးတယ်လို့ အကောင်းမြင်စိတ်နဲ့ပဲ မြင်ပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်စေချင်ဆိုပြီး https://myanmargazette.net/184447 မှာ ရွှေမိုးတိမ်ရေးထားသလို …………. နေရာတိုင်းမှာ လူဆိုး လူကောင်းဆိုတာ ရှိနေမှာပါပဲ။ ငါးခုံးမတွေက အများစုမဖြစ်ဖို့လိုသလို […]