Ma MaOctober 14, 20111min23621
သံပန်းလုပ်သားလေးတစ်ယောက်ဟာ သူ့ဆရာရဲ့ ဆိုင်ကယ်ကို ပိုင်ရှင်မရှိတုန်း အစီးသင် တက်စီးကြည့်ပါတယ်။ မစီးတတ်တော့ ဆိုင်ကယ်က လုပ်လက်စ သံပန်းတံခါးကို ဝင်တိုက်မိပြီး တံခါးပျက်သွားပါတယ်။ ဆိုင်ကယ်လည်း နည်းနည်းထိသွားသလို လူလည်း ခြေထောက်ခိုက်မိပြီး သွေးထွက်သံယို ဖြစ်သွားတာပေ့ါ။ အဲဒီအချိန်မှာ အိမ်ရှင်က သူ့တံခါးပျက်သွားလို့ အလုပ်သမားကောင်လေးကို ဆူပူပြီး သူ့ဆရာကို အသစ်ပြန်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ သံပန်းဆရာကလည်း ပေါများသူမဟုတ်တာမို့ သူ့ဆိုင်ကယ်ထိသွားလို့ ထွက်မယ့်ငွေ၊ သံပန်းတံခါးကို ပြန်ပြင်ပေးရမှာမို့ ပစ္စည်းဖိုး၊ လက်ခ စသဖြင့် ကုန်ကျမှာတွေကို တွက်မိပြီး ဆတ်ဆတ်ဆော့ဆော့ လုပ်လိုက်တဲ့ အလုပ်သမားကို ဆူပူကြိမ်းမောင်းပါတော့တယ်။ အဲဒီ ဖြစ်ပုံပျက်ပုံအလုံးစုံကို မီဒီယာသမားတစ်ယောက်က အေးစက်မာကျောခက်ထန်သော နှလုံးသားတံခါး ပွင့်ထွက်လာတယ်လို့ စာစီပါတော့တယ်။ နောက်ဆုံးမှာ အိမ်ရှင်နဲ့ အလုပ်ရှင်ကို ထိခိုက်မိတဲ့ အလုပ်သမားလေးကို လူသားချင်းမစာနာဘူးဆိုပြီး စွပ်စွဲပုတ်ခတ်တဲ့စာတွေ […]


Ma MaOctober 12, 20111min19013
ဒီဗွီဘီမှ ပြောကြားချက်အရ လူရွှင်တော် ဇာဂနာကို မြစ်ကြီးနားထောင်ပိုင်မှ လေယာဉ်ပေါ်အထိ တင်ပေးမည်ဖြစ်ပြီး ရန်ကုန်လေဆိပ်သို့ ၁၂နာရီကျော်ခန့်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။ တနိုင်ငံလုံးမှာ လူတိုင်းကိုယ်စီ ဝမ်းသာကြည်နူးမှုများဖြင့် မင်္ဂလာအပေါင်းနှင့် ပြည့်ဝနေသလို ခံစားရပါသည်။


Ma MaOctober 11, 20115min25026
နီပေါက ပုံတွေ ရိုက်လာခဲ့ဖို့ တောင်းဆိုထားသူတွေအတွက်…………. ဒါကတော့ လုမ္မိနီက မြန်မာကျောင်းမှာတွေ့ခဲ့တဲ့ မြေပုံဖြစ်ပါတယ်။ နီပေါမှာ လမ်းဆုံလမ်းခွတွေမှာ ဖွားတော်မူပြီးစ လက်ကလေးတစ်ချောင်းထောင်ပြီး လမ်းလျှောက်တဲ့ ကလေးပုံရုပ်ထုလေးကို ထားတတ်ကြတယ်။ သူတို့တွေက ဗုဒ္ဒ္စဘာသာ မဟုတ်ကြပေမယ့် မြတ်စွာဘုရားက သူတို့ဆီမှာ ဖွားမြင်တာ ဆိုတာကို ဂုဏ်ယူကြတယ်။ (ကားသွားရင်းနဲ့မို့ အဲဒီပုံကိုတော့ ရအောင်မရိုက်နိုင်ခဲ့ဘူး။) ပုံမှာပါတဲ့အတိုင်း မျက်လုံးနှစ်လုံးကိုလည်း နေရာအတော်များများမှာ ရေးဆွဲထားတတ်ကြတယ်။ သူတို့ရဲ့အယူအဆအရ ကိုယ်တစ်ယောက်တည်း ရှိနေချိန် ဖြစ်ပေမယ့် မဟုတ်တာလုပ်ရင် လောကကြီးမှာ မျက်လုံးနှစ်လုံးက အမြဲတမ်းစောင့်ကြည့်နေတာလို့ ဆိုလိုတယ်။ သဘောကတော့ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့သဘောပဲ။ အဲဒါကတော့ မကောင်းမှုကို မပြုရဲအောင် သတိပေးတဲ့သဘောပေ့ါ။ လုမ္မိနီ အင်ကြင်းတောက မြတ်စွာဘုရားဖွားတော်မူရာနေရာကို အာသောကမင်းကြီးက အထိမ်းအမှတ်အနေနဲ့ ဆောက်လုပ်ထားခဲ့ပါတယ်။ အဲဒီနေရာကို အုတ်ရိုးတွေ […]


Ma MaOctober 9, 20112min20226
သံဝေဇနိယ ၄ ဌာနမှာ တွေ့ခဲ့ရတဲ့ နိုင်ငံအစုံက ဝတ်ပြုနည်း အစုံတွေကို မှတ်တမ်းတင်လာခဲ့တာတွေပါ။ ဘုရားပရဝဏ် တံတိုင်းဘေးနားမှာ ရွတ်ဖတ်ပူဇော်နေတဲ့ပုံပေါ့။ လက်တစ်ဖက်က စိပ်ပုတီး စိပ်နေသလို နောက်လက်တစ်ဖက်က ကြွေစေ့လေးတွေကို ကြွေပန်းကန်ပြားထဲ ထည့်လိုက် ပြန်စုကောက်လိုက်နဲ့ သူ့နည်းနဲ့သူ ပူဇော်နေတာလေ။ ဒါကတော့ တိဗက်ပူဇော်နည်းပေ့ါ။ အရှေ့ကတစ်ယောက်ကတော့ ကောင်းကင်ကသိုင်းလား၊ နေကသိုင်းလား ရှု့နေပုံပဲ။ အနောက်က တစ်ယောက်ကတော့ ထိုင်အရိယာပုတ်နဲ့ တရားရှုမှတ်နေတယ် ထင်ပါတယ်။ ဒါကတော့ လုမ္မိနီမှာ တွေ့ခဲ့တာ။ သူ့နည်းကလည်း တစ်မျိုး။ လက်နှစ်ဖက်ကို မြှောက်လိုက် ချလိုက်၊ ဘေးကို ဆန့်ထုတ်လိုက် လုပ်နေတာ ပုံစံကို စုံနေတာပဲ။ ဒါကတော့ ဝေဝေသတိပေးလို့ ထပ်တင်လိုက်တဲ့ သီရိလင်္ကာစတိုင် ခြေထောက်ဆင်းပြီး ဝတ်ပြုနေပုံဖြစ်ပါတယ်။ အတွင်းက ဓာတ်တော်တိုက်စေတီမှာ လူပြည့်နေလို့ အပြင်ဖက်ကနေ […]


Ma MaOctober 9, 20111min1087
ဗုဒ္ဒ္စဂါယာကို မသွားခင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားနေကြတာလေးတွေကို တတ်နိုင်သလောက် မေးမြန်းစုံစမ်းခဲ့မယ်ဆိုပေမယ့် တကယ်ခရီးသွားတဲ့အခါကျတော့ စားဖို့ သောက်ဖို့ အချိန်မီရောက်ဖို့ ဆိုတာတွေနဲ့ ရှုပ်ယှက်ခပ်နေခဲ့တယ်။ ဒါပေမယ့်လည်း သိသလောက်ကလေးကိုတော့ ပြောပြချင်သေးတယ်။


Ma MaOctober 9, 20116min19819
blackchaw ပြောပြပေးတဲ့- သတ္တ သတ္တာဟနေရာတွေနဲ့၊ ရောက်ခဲ့ရတဲ့ ထင်ရှားတဲ့ နေရာတွေကိုလည်း အမိအရ ရိုက်ခဲ့တာပေ့ါ။ ဒါကတော့ မဟာဗောဓိတခွင်မှာ မိဘဆွေမျိုးတွေကို ပူဇော်ဖို့ ရောက်လာသူတွေ။ ပုံစံအစုံနဲ့ ဘုရားကြီးကို လာရောက်ကြသူတွေပေါ့။ မဟာဗောဓိကို ရိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ငှက်ကလေးတစ်ကောင် ရိုက်ကွင်းထဲဝင်လာလို့ ပုံလေးက ပိုလှသွားသလိုပဲ။ ဗုဒ္ဒ္စဘာသာတွေက မဟာဗောဓိကို ပူဇော်ကြပေမယ့် သူတို့တတွေကတော့ အဲဒီရဲ့ ဘေးနားမှာရှိတဲ့ ညောင်ပင်ကို ကိုးကွယ်ကြတယ်။ ဆွေမျိုးမိဘတွေ ပူဇော်တဲ့အနေနဲ့ အဲဒီညောင်ပင်အောက်မှာပဲ မုန့်တွေလုပ်ပြီး တစ်နေကုန် နေထိုင်ကြတယ်။ မဟာဗောဓိဝင်းထဲရဲ့ မြင်ကွင်းတွေပေ့ါ။ အရမ်းသာယာတယ်။ ဆရာတော်ရဲ့ ဟောပြောပြမှုတွေကြောင့် ဘုရားဖူးတဲ့အချိန်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝ လောက်က သက်တော်ထင်ရှား မြတ်စွာဘုရားကို မြင်ယောင်လာပြီး အရမ်းကို စိတ်ချမ်းသာကြည်နူးခဲ့ရတယ်။ ခရီးသွားခါနီးတုန်းက ဘာမှာကြဦးမလဲ ရေးတော့ […]


Ma MaOctober 7, 20117min19732
မသွားခင်ကတည်းက pooch က တောင်းဆိုထားလို့ မြင်မြင်သမျှ ရသလောက် ရိုက်လာခဲ့တာလေးတွေ အားပေးကြပါဦး။ လမ်းခရီးတစ်လျှောက်လုံးမှာ မြင်မြင်သမျှ အိမ်တွေဟာ မပြီးမပြတ် စုတ်ပြတ်ပြတ်တွေချည်းပဲ ဖြစ်နေပါတယ်။ အိနိ္ဒယက ဒီမိုကရေစီနိုင်ငံ ဖြစ်တာမို့ အိမ်ကို ပြီးအောင်ဆောက်ရင် အခွန်ဆောင်ရတယ်တဲ့။ အဲဒါကြောင့်မို့ အိမ်တွေကို ပြီးအောင် မဆောက်ကြတာဖြစ်ပါတယ်။ ကျမအမြင်ကို ဖြည့်စွက်ရရင်တော့ လူမျိုးရေးစိတ်ဓာတ်တခုဖြစ်တဲ့ ခြိုးခြံချွေတာတတ်တဲ့ အကျင့်ဗီဇတွေလည်း ပါမယ် ထင်ပါတယ်။ အိမ်တွေကို ပြီးစီးအောင် မဆောက်ကြသလို အိမ်မိုး slab တွေကိုတော့ အဝတ်လှန်းဖို့ သုံးကြတယ်။ အဲဒီ တို့လို့တန်းလန်း အိမ်တွေကိုကြည့်ပြီး မြန်မာပြည်မှာ တက်လမ်းဆောက်လုပ်ရေး၊ သူတို့ဆီမှာတော့ တန်းလန်းဆောက်လုပ်ရေးလို့ ပြောပြီး ရီကြရသေးတယ်။ မြို့တွင်းသွား ပုံရိပ်တွေနဲ့ သူတို့ဆီက Hotelလေ။ ဘုရားကြီးအဝမှာ ရိုက်ခဲ့တာ။ လမ်းဘေးမှာ […]


Ma MaOctober 6, 20111min26722
နေ့စဉ်အလုပ်ခွင်ကနေ အလျဉ်းသင့်လို့ ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ဖြစ်သွားတယ်။ ခရီးသွားတယ်ဆိုတာနဲ့ လူလည်း နေ့စဉ်ပုံစံခွက်ထဲကနေ လွတ်ထွက်သွားသလို (မမျှော်လင့်ပဲ) ခံစားလိုက်ရတယ်။ ဘုရားဖူးဆိုပေမယ့် ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း ဆိုသလို ဈေးဝယ်ရတာကလည်း စိတ်အပန်းဖြေခြင်း အနုပညာလို့တောင် တင်စားချင်ပါတယ်။ အလုပ်က ကြာကြာထွက်လို့ မရတာမို့ ဗုဒ္ဓဂါယာကို တစ်ပတ်တည်းနဲ့ နေရာစုံအောင်လည်း ရောက်ချင်တာဖြစ်လို့ ပင်လည်း ပင်ပန်းခဲ့ပါတယ်။ ကျမတို့သွားတဲ့အချိန်မှာ ဘုရားဖူးခရီးစဉ်တွေ မစသေးတာမို့ ကလကတ္တားလေယာဉ်စီးပြီး ဂါယာကို တညလုံး ကားစီးသွားရပါတယ်။ ကလကတ္တားနဲ့ ဂါယာကို ကားစီးချိန် ၁ဝ နာရီ ကြာပါတယ်။ ဂိုက် (စကားပြန်) က မြန်မာပြည်မှာမွေးလို့ မြန်မာလို ကောင်းကောင်းပြောပြနိုင်တော့ ဒေသန ္တရဗဟုသုတတွေလည်း အများကြီး ရလာခဲ့တယ်။ ပြောပြရမယ်ဆိုရင် အိန္ဒိယက ကားလမ်းတွေ ကောင်းတယ်လို့ ကြားဖူးပေမယ့်………. […]


Ma MaSeptember 14, 20111min34727
“အိမ်သာမှ ဧည့်လာတယ်” တဲ့ ဆိုရိုးစကားလေး ရှိတယ်။ ဒါကိုပဲ အစွဲပြုပြီး ခေါ်လေသလားတော့ မသိ။ အိမ်သာ တဲ့။ အဲ သူ့ကြောင့်လည်း ဒုက္ခကို လွယ်ထားစရာမလိုပဲ စွန့်ထုတ်နိုင်လို့ အိမ်သာ နေတာတော့ အမှန်ပဲလေ။ ဒါပေမယ့်လည်း ဧည့်များလို့ အိမ်မသာနိုင်ပဲ ဒုက္ခရောက်နေတာလေးကိုပြောပြချင်တယ်။ ရန်ကုန်မြို့မှာ ၈၈ နောက်ပိုင်း လူနေထိုင်တဲ့ မြို့သစ်တွေ၊ စီးပွားရေးလုပ်ငန်းအတွက် ပွဲရုံနှင့် ယာဉ်ရပ်နားစခန်းတွေ၊ စက်မှုဇုံတွေ အသစ်တည်ထောင်တယ်။ အဲဒီမှာ ရေဆိုးမြောင်းတွေ မပါတော့ဘူး။ ရေစီးမြောင်းတွေလောက်ပဲ ပါတယ်။ ရေဆိုးအတွက် မိလ္လာကျင်းတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တူးပြီး သုံးကြရတယ်။ လူနေရပ်ကွက်တွေမှာ ဘယ်လိုရှိတယ် မသိပေမယ့် စီးပွားရေးလုပ်ငန်းတွေမှာကျတော့ လူကများ၊ စည်းကမ်းကမရှိ။ အဲဒီတော့ မကြာခဏ အိမ်သာ ပိတ်တာ၊ အိမ်သာကျင်း လျှံတာတွေ […]


Ma MaSeptember 11, 201110min17716
ခုခေတ်မှာ ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုက လူတိုင်း ပါးစပ်ဖျားမှာ ရေပန်းစားနေတယ်။ မကြည့်ရ မနေနိုင်အောင် စွဲလမ်းကြသူ အများစုက ပျိုပျိုအိုအို အမျိုးသမီးထုကြီးပေ့ါ။ ကိုယ်လည်း တစ်ယောက်အပါအဝင်ပဲလေ။ အဲဒီမှာမှ ကိုရီးယားကားကြောင့် အတုယူမှားမှာ စိုးရတယ်။ မိန်းကလေးတွေ ပျက်စီးလွယ်တယ်။ လူမှုရေးဖောက်ပြန်တဲ့ကားတွေ များတယ်ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်။ အဲဒီလို အသံတွေကြားထဲကပဲ ကိုရီးယားကားတွေ တစ်ကားပြီးတစ်ကား အောင်မြင်နေတာ မြင်ကြတဲ့အတိုင်းပဲလေ။ မကောင်းဘူးလို့ ပြောနေကြတယ်။ ဒါပေမယ့် အောင်မြင်နေတယ်။ ဘာ့ကြောင့်လဲ။ တွေးစရာတွေ အများကြီးပဲ။ ဘယ်သူတွေ ဘယ်လိုပဲ မကောင်းပြောပြော ကိုရီးယားကားရဲ့ အားသာချက်တစ်ခုက သရုပ်ဆောင်တွေ သဘာဝကျတာ၊ အဝတ်အစား အဆောင်အယောင်တွေ ခမ်းနားတာတွေအပြင် ကြည့်နေတဲ့ ပရိတ်သတ်ကို သူတို့နဲ့အတူ စီးမျောသွားအောင် ဆွဲခေါ်သွားနိုင်တာပါပဲ။ လူတိုင်းဟာ ကိုယ့်ဘဝမှာကိုယ် ဇာတ်ဆောင်ပါပဲ။ […]


Ma MaSeptember 9, 20111min14621
“သူနဲ့သာဆိုရင်…… ဘယ်လိုပင်ဝေးပါစေ လိုက်မှာပဲ အမြဲမခွဲဘဲယှဉ်၊ သူနဲ့သာဆိုရင်…… ပန်းရနံ့လဲမမွှေးတဲ့ လမ်းအဝင် ကြယ်တွေမစုံ လမိုက်ညသောညတွင် စမ်းရေပင် ပူလောင်မီးလျှံအသွင်၊ အလှဆိုတာ အလျှဉ်းမတွေ့တောင်…….. ခဲခက်လှစေ လျှောက်ချင် တစ်ယောက်ကို တစ်ယောက်တွဲလို့ တသက်မခွာမခွဲအစဉ် လက်ကို ခိုင်ခိုင်ဆက်မယ် သူနဲ့သာဆိုရင်………………… (အသဲအသက်မက ချစ်ကြင်……. မြတ်နိုးယုယ နှောင်တဲငင် တစ်ယောက်မရှိရင် တစ်ယောက်တွင် မနေနိုင်အောင် စိတ်မှာပင်……။)” ခုရက်ပိုင်း စိတ်ထဲမှာ ဟာတာတာနဲ့ ဒီသီချင်းစာသားလေးကို တိုးတိုးလေး ညည်းနေမိတယ်။ သူ့ကိုမတွေ့ရတာ ရက်ပိုင်းလေးသာ ကြာပေမယ့် ဘယ်လိုမှ အိန္ဒြေမဆည်နိုင်အောင် ဂဏာမငြိမ် ဖြစ်နေရပါတယ်။ သူနဲ့သာဆိုရင် တနေ့တာ အချိန်တွေဟာ ဘယ်လိုကုန်ဆုံးလို့ ကုန်ဆုံးသွားမှန်းတောင် မသိလိုက်ဘူး။ အချိန်တွေ အကုန်မြန်လိုက်တာလို့တောင် ထင်မိတယ်။ ဦးကျည်ပွေ့ အတက်ပေါက်တာကို အားကျပြီး ခေတ်နဲ့အညီ […]


Ma MaSeptember 6, 20111min21236
နောက် ၂ပတ်လောက်နေရင် ခရီးသွားရတော့မှာမို့ ဘာမှာကြဦးမလဲလို့။ လက်ဆောင်ဝယ်လာလို့တော့ မမှာကြနဲ့နော်။ ပြန်လာရင် ကုသိုလ်တွေ တနင့်တပိုးကြီးယူလာပြီး မျှဝေပေးဦးမှာ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာယူပြီး ရင်းနှီးခဲ့ရတဲ့ နေရာဒေသတွေကို ရောက်ဖူးချင်ခဲ့တာ ကြာပါပြီ။ ခုတော့လည်း စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ ဆိုသလို ဗုဒ္ဓဂါယာကို သွားရဖို့ အကြောင်းတိုက်ဆိုင်လာတယ်။ အရင်ကဆိုရင် မိသားစုလိုက်သွားနေကျဆိုတော့ မိဘညီတစ်ကို မောင်နှမတွေကို အားကိုးတဲ့စိတ်နဲ့ ပေ့ါပေ့ါပါးပါးပဲပေ့ါ။ အခုတစ်ခေါက်ကတော့ မိသားစုမပါ မိတ်ဆွေတွေချည်းနဲ့မို့ ကိုယ့်အားကိုယ်ကိုးရတော့မယ်။ အတူသွားတဲ့လူတွေမှာ ကသိကအောက်မဖြစ်ရလေအောင်၊ ဝန်မပိုရလေအောင်၊ ကိုယ့်အတွက်လည်း အဆင်ပြေအောင် ကြိုတင်စီစဉ်ရတော့တယ်။ အဝတ်အစားကအစ စားစရာ၊ သောက်စရာ၊ ဆေးဝါး၊ အသုံးအဆောင် စသဖြင့် လိုအပ်ရာရာလေးတွေကို စဉ်းစားလိုက်၊ ရေးထားလိုက်၊ သွားဝယ်လိုက်နဲ့ ၂ပတ်လောက်အလိုကတည်းက အလုပ်ရှုပ်နေရတယ်။ တကယ့်တကယ် သွားရမယ်ဆိုတော့လည်း […]


Ma MaSeptember 3, 20111min24225
ဒီရပ်ကွက်လေးကို မောင်နီ ရောက်လာတာ မကြာသေး။ မနှစ်က မနီနဲ့ အိမ်ထောင်ကျတော့ တစ်ဦးတည်းသောသားဖြစ်သူ မောင်နီမှာ မိဘဆန္ဒကို မလွန်ဆန်နိုင်တာမို့ အိမ်ခွဲနေဖို့ ပြောမထွက်ခဲ့ပါ။ ဒါပေမယ့်လည်း သိတော်မူကြတဲ့အတိုင်း ချစ်ဇနီးက မကြာခဏ အိမ်ခွဲနေဖို့ နားချလာတော့လည်း မိဘပြောတစ်လ၊ မယားပြောတစ်ညဆိုသလို မောင်နီခမျာ မနေနိုင်တော့။ မိဘကို အလုပ်နဲ့နီးတဲ့ ရပ်ကွက်လေးကို ပြောင်းနေချင်တယ်လို့ အကြောင်းပြရတော့တာပေ့ါ။ အဲဒီလိုနဲ့ မောင်နီတို့ လင်မယား ဦးသာဝါးတို့ ရပ်ကွက်ကို လွန်ခဲ့တဲ့ ၃-၄ လ က ရောက်လာခဲ့ကြတယ်။ စိတ်ကောင်းသဘောကောင်းရှိတဲ့ မောင်နီ+မနီ တို့ နှစ်ယောက်ဟာ ရပ်ကွက်ထဲမှာလည်း (သင့်မြတ်အောင်) သာရေးနာရေးကိစ္စတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်တတ်တယ်။ မြို့လယ်က ပြောင်းလာတဲ့ အလုပ်အကိုင်ကောင်းကောင်း၊ စီးပွားရေးတောင့်တောင့်နဲ့ သူတို့ ဇနီးမောင်နှံကို ရပ်ရွာလူကြီး ဦးသာဝါးမှအစ […]