Author: manawphyulay


manawphyulaySeptember 28, 20131min08
ကျွန်မ ခုတစ်လော မှန်တာပြောရရင် ဒီရက်ပိုင်းမှာ အလုပ်တွေ များပြီး အပြင်သင်တန်းတွေတက်နဲ့ဆိုတော့ အရမ်းပင်ပန်းပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး။ ရေးချင်စိတ်မရှိတဲ့အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်ပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေလည်း ထိထိရောက်ရောက်မရှိမှာ အရမ်းစိုးရိမ်တဲ့အတွက်ကြောင့် သိပ်မရေးဖြစ် တာပါ။ ကျွန်မအနေနဲ့ ခံယူထားတာကတော့ စာရေးတဲ့အခါ စာရေးသူဘက်ကနေ မရေးပဲ စာဖတ်သူအနေဖြင့်သာ ရေးချင်ပါတယ်။ နောက်ပြီး သိသမျှကို ဝေမျှခြင်းဟာ ကိုယ့်အတွက်ကော သူများအတွက်ကော ပိုမိုအကျိုးရှိစေပါတယ်။ အများအားဖြင့် အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို၊ တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အင်တာနက်ဆိုင်ဝင်၊ ချက်တင်တက် ဒါတွေအပြင် ခုနောက်ပိုင်း ပိုဆိုးတာက လမ်းဘေးအရက်ဆိုင်၊ […]


manawphyulaySeptember 20, 20131min01
လူတိုင်း အရွယ်ရောက်လာရင် အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ပြီးဆိုရင်ဖြင့် ကိုယ် ဘယ်နေရာမှာ ဘာအပိုင်းကို တာဝန်ယူလုပ်ဆောင်ရမှာလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။ တချို့ကျပြန်တော့ တဖြည်းဖြည်း အသက်သာ ကြီးလာတာ ဘာအလုပ်မှမလုပ်ဘဲ သင်တန်းတွေပဲ တက်နေသူများ ဒုနဲ့ဒေးပါပဲ။ မည်သူမဆို လိုအပ်ချက်များကတော့ အနည်းနဲ့အများ ရှိနေကြမှာ အမှန်ပါပဲ။ ဒီလိုလိုအပ်ချက်များကို လုပ်ငန်းခွင်ဝင်ရင်းဖြင့် သင်ယူသွားရင်လည်း ရနိုင်ပါတယ်။ ဒီလိုပဲ အောင်မြင်တိုးတက်ဖို့အတွက် ကြိုးစားမှုကိုလည်း သင်ယူလေ့လာနေခြင်းကနေ အောင်မြင်မှု ပန်းတိုင်ကို အရောက်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတချို့ရဲ့ အတွေးအခေါ်ကျပြန်တော့ အလုပ်တစ်ခုရရှိပြီဆိုရင် သင်ယူလေ့လာဖို့ မလိုတော့ဘူးလို့ တွေးထင်ကောင်း တွေးထင်တတ်ကြပါတယ်။ သင်လည်း ဒီလိုအယူအဆ ခေါင်းထဲဝင်လာရင်တော့ အမြန် နှင်ထုတ်သင့်ပါတယ်။ သင်က လက်ရှိအနေအထားမှာ ရပ်တန့်မနေချင်ဘူးဆိုရင်တော့ အမြဲသင်ယူပါ။ လေ့လာပါ။ စူးစမ်းပါ။ သင်ယူရုံနဲ့ […]


manawphyulaySeptember 17, 20131min04
ယခုတစ်လော အလုပ်ခွင်အတော်များများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်မှာ လူတိုင် စိတ်ထားအမှန် မထားနိုင် ကြသူများကို နေရာဒေသအတော်များများတွင် တွေ့ရှိနေရပါသည်။ ကုမ္ပဏီဝန်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ သို့တည်းမဟုတ် ဌာနဆိုင်ရာ နေရာများ၏ စိတ်သဘောထား အမှန်ဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ် မည်မျှပင် ပင်ပန်းနေပါစေ၊ စိတ်ကုန်နေပါစေ မည်သူတွေ မည်သို့ စိတ်ထားရှိနေပါစေ အလုပ်ခွင်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်နိုင်ဖို့သာ အဓိက စိတ်သဘောထားအမှန်ပင် ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းအတော်များများသည် ငါတို့အတွက် ပြီးမှာ သူတို့အတွက်ဆိုတဲ့ သဘောထားခံယူချက်ကို လက်ကိုင်ထားနေကြပါသည်။ အများအားဖြင့် သာသည့်နေရာ၊ သာသည့်လူ၊ ဝန်းကျင်ဘက်ကိုသာ သူ့အုပ်စု ကိုယ့်အုပ်စုအနေဖြင့် သူများအတွက်ဆိုတာထက် ငါ့အတွက်ဆိုတာကိုပဲ ကြည့်တတ်ကြသူ အများရှိကြပါသည်။ လူတိုင်းသည် အလုပ် […]


manawphyulaySeptember 17, 20133min03
Center for Vocational Training (CVT) Vacancy Announcement The Center for Vocational Training, with school facilities and office in Yangon provides vocational training according to the dual apprenticeship model in Switzerland, which combines Practice with Theory. CVT works closely with a wide range of training companies.We are recruiting for 80~100% job the one who can work […]


manawphyulayAugust 7, 20131min02
မြန်မာနိုင်ငံမှာ အဓိက ကုန်ထုတ်စွမ်းအားစုဖြစ်တဲ့ လုပ်ငန်းခွင်အတွင်းရှိ လူငယ်များ အရည်အသွေး တိုးတက်လာစေဖို့ အလွန်လိုအပ်နေတဲ့အချိန် ဖြစ်ပါသည်။ စာတွေ့လက်တွေ့ နှစ်ရပ်လုံး ကျွမ်းကျင်တတ်မြောက်သူ လူငယ်များ အများအပြား ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ CVT Myanmar သင်တန်းအကြောင်း တင်ပြလိုပါသည်။ CVT ဆိုသည်မှာ Center for Vocational Training ဖြစ်ပါသည်။ CVT Myanmar သည် Non-profit organization ဖြစ်ပါသည်။ CVT သည် လက်ရှိလုပ်ငန်းခွင်အတွင်း ဝင်ရောက်လုပ်ကိုင်နေသူ လူငယ်များ မိမိကိုယ်တိုင် စရိတ်ကျခံရန် မလိုအပ်ဘဲ တက်ရောက်နိုင်သည့် လူငယ်တို့ ရွေးချယ်သည့် သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသော သင်တန်းကျောင်းတစ်ခုပင် ဖြစ်ပါသည်။ ဤသင်တန်းကျောင်းသည် အလုပ်ခွင်အတွင်း လက်တွေ့လေ့လာမှုနှင့် CVT […]


manawphyulayAugust 6, 20131min04
ကမ္ဘာကြီးမှာ နေ့စဉ်နဲ့အမျှ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါသည်။ ဘာတွေပြောင်းလဲနေသလဲ။ ဘယ်အရာတွေကတော့ ဆုတ်ယုတ်နေသလဲ။ စာဖတ်သူကိုယ်တိုင် လေ့လာဆန်းစစ်ကြည့်ဖို့ အထူးလိုအပ် လှပါသည်။ အမြဲတမ်းအားဖြင့် တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းဆိုတာ အမြဲဒွန်တွဲကပ်ပါလျက်ရှိနေပါသည်။ စာဖတ်သူဟာ တိုးတက်နေသူတစ်ဦးလား ဒါမှမဟုတ် ဆုတ်ယုတ်မှုကို လက်ခံထားသူတစ်ဦးလားဆိုတာ ကိုယ်တိုင် ဝေဖန်သုံးသပ်ကြည့်လိုက်ပါ။ တိုးတက်မှုမရှိရင် ရပ်ဆိုင်းမနေဘဲ ဆုတ်ယုတ်နေမှာ အမှန်ပဲ ဖြစ်ပါသည်။ ကျွန်မတို့တွေဟာ အောင်မြင်မှုချည်းပဲ မရရှိနိုင်သလို ရှုံးနိမ့်မှုများလည်း အမြဲကြုံဆုံနေမှာ မဟုတ်ပါဘူး။ အောင်မြင်ခြင်းအရာဟာလည်း ကျွန်မတို့တွေဆီ လွယ်လွယ်ကူကူ ရောက်ရှိမလာနိုင်ပါ။ တစ်ခါတလေ အရာအားလုံးအတွက် ပေးဆပ်ခြင်းများလည်း ကြုံရမှာ ဖြစ်ပါသည်။ ဒီလိုအချိန်မှာ ခံနိုင်မှု စွမ်းရည်ဆိုတာ အထူးအရေးကြီးလှပေသည်။ လူသားတွေဆိုတာကလည်း အောင်မြင်မှုရရှိရင် အလွန် ပျော်ရွှင်နေတတ်ကြပြီး ရှုံးနိမ့်မှုကို ကြုံဆုံရင်တော့ စိတ်ပျက်အားငယ်ခြင်းများနှင့် အချိန်အတော်ကြာကြာ ခံစားတတ်ကြ […]


manawphyulayAugust 6, 20131min012
ရွာသူရွာသား အပေါင်း မင်္ဂလာနံနက်ခင်းပါရှင်။ အလုပ်မအားလို့ ရွာထဲမရောက်တာကြာပေမယ့် ရွာသူဟောင်းလို့ ယခုချိန်တိုင် မနောကိုယ်တိုင် ခံယူထားတဲ့အတွက် အမြဲသတိရနေကြောင်းနှင့် အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း အမြဲဆုတောင်းမေတ္တာပို့သလျှက်ပါရှင်။ ယနေ့မနက် အလုပ်စောစောသွားရတာဆိုတော့ ထုံးစံအတိုင်း Taxi တစ်ပတ်တစ်ရက် စုငှားဖြစ်တဲ့အလုပ်က အစ်မနှင့်အတူ ကားငှားလာပါတယ်။ မနက်ထဲက ကျက်သရေရှိစွာဖြင့် လမ်းကြောတွေ ချောင်နေပေမယ့် ဘုရင့်နောင်မီးပွိုင့်မှာတော့ ထုံးစံအတိုင်း မီးပွိုင့်မိတုန်းလေး ဂျာနယ်တွေ သတင်းစာတွေ လိုက်ရောင်းတဲ့သူဆီက ကားသမားက ဂျာနယ်တစ်စောင်ကို ၁၀ဝ နဲ့ ဝယ်လိုက်ပါတယ်။ မနောကတော့ ခုဆို ဖတ်စရာတွေ အရမ်းပေါလာတယ်နော်။ နေ့စဉ်ထုတ်သတင်းစာတွေနဲ့ ဂျာနယ်တွေ ပလူပျံနေတော့ သတင်းတွေကတော့ ထပ်နေတယ်လို့ ပြောမိပါတယ်။ ကားသမားက သူစာစောင်ဝယ်ရခြင်းအကြောင်း ရှင်းပြပါတယ်။ ကျွန်တော်ဝယ်တာ ဖတ်ဖို့မဟုတ်ဘူးတဲ့ ကားမှန်သုတ်ဖို့လို့ ပြောပါတယ်။ ဒါဆိုရင် မသုတ်ခင် ခဏယူဖတ်မယ်နော်ဆိုပြီး […]


manawphyulayJuly 24, 20131min05
လုပ်ငန်းခွင်တစ်ခုတွင် သင် မပျော်တော့လျှင် ဒါမှမဟုတ် ကိုယ့်အတွက် ဒီထက် ပိုပြီး တိုးတက်အောင်မြင်လို လျှင်သော်လည်းကောင်း၊ လုပ်ငန်းနယ်ပယ် ပိုမို ချဲ့ထွင်လိုလျှင်သော် လည်းကောင်း လုပ်ငန်းခွင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သင့်ကြောင်း ဟောပြောပွဲတစ်ခုမှာ ဒေါက်တာ အောင်ထွန်းသက် ဟောပြောတာကို ကြားခဲ့ဖူးပါသည်။ ယခုပြောချင်သည်များကတော့ လုပ်ငန်းလုပ်သည်ဆိုသည်မှာ မည်သည့်နေရာပင် ရောက်ရှိနေပါစေ ကိုယ် ကျွမ်းကျင့်သည့် အတတ်ပညာနှင့် ဝါသနာပါသည့် အလုပ်မျိုးကိုသာ ရွေးချယ် ပြောင်းရွေ့သင့်ပေသည်။ အလုပ်တစ်ခု ရွှေ့ပြောင်းတော့မည်ဆိုလျှင် ငွေတစ်ခုထဲမကြည့်ပဲ ကိုယ်ပျော်ရွှင်ရာ နေရာဖြစ်မည်လားဆိုတာပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ရံဖန်ရံခါ အဆင်ပြေမလားဆိုပြီး ပြောင်းလိုက်သည့် အလုပ်က အဆင်မပြေ မှုတွေ ဖြစ်လာသည့်အခါ ဘယ်လိုတွေ နေထိုင်သွားရမလဲဆိုတာပါ ကြိုတင် စဉ်းစားထားဖို့ လိုအပ်လှပါသည်။ အလုပ်ပြောင်းပြီဆိုရင်ဖြင့် ဘာကြောင့် ပြောင်းတာလဲ၊ ဘာအတွက် ပြောင်းတာလဲဆိုတာ […]


manawphyulayJuly 23, 20131min09
ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် နေ့စဉ် ရုံးတက်ရုံးဆင်းနဲ့ ကိစ္စအကြောင်း ကြီးငယ် ပေါ်လာတဲ့အခါ လိုင်းကားကိုပဲ မဖြစ်မနေ အားထားပြီး စီးကြရပါတယ်။ အခုပြောချင် တာက လိုင်းကားစီးရတဲ့အခါမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းအရာလေးပါ။ တခြားတော့မဟုတ်ပါဘူး။ လိုင်းကားမောင်းတဲ့သူတွေနဲ့ စပယ်ယာတွေ အကြောင်းပါ။ လိုင်းကားတွေဟာ ဂိတ်ကနေစထွက်တာနဲ့ ပုံမှန်အနေအထားနဲ့ မောင်းပါတယ် နောက် သူတို့ကို ရှေ့ကကားတွေ ထွက်သွားတာ အချိန်ဘယ်လောက်ကြာသွားပြီ ဆိုတာကို ပြောပြတဲ့သူတွေရှိတဲ့ မှတ်တိုင်ရောက်တာနဲ့ ရှေ့ကားထွက်သွားတာ သိပ်မကြာသေးဘူးဆိုရင်တော့ စပြီးမောင်းပါပြီ။ နောက်ကနေ ကျားလိုက်နေသလား အောက်မေ့ရတယ် အဲဒီအချိန်မှာ ကားပေါ်မှာ ပါလာတဲ့ ခရီးသည်တွေကတော့ ဘုရား တရားသာ မှတ်ပေတော့။ အဲ ရှေ့ကားကလည်း ထွက်သွားတာ အချိန်နည်းနည်းကြာသွားပြီဆိုရင်တော့ ခရီးသည် အဆင်းအတက်များတဲ့ မှတ်တိုင်မှာ အချိန် ကြာကြာရပ်ပြီး […]