Author: manawphyulay


manawphyulayJuly 11, 20191min07
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်းတို့… မရောက်တာ ကြာ အလည်တစ်ခေါက် ရောက်လို့လာခဲ့ …. မတွေ့ခဲ့ အရင်မျက်နှာများ ဘယ်ဝယ် ဘယ်ဆီ ရောက်နေသည်မသိ မှန်းဆခက်ပါဘိ….. မနောဖြူလေး


manawphyulayMarch 4, 20193min01
မေ့မရနိုင် ၃ နှစ်တိုင် လူ့လောကသို့ ရောက်ရှိခဲ့စဉ် ကလေးဘဝမှ နွေးထွေးချစ်ခင် အပိုစကားမဆို အပြုံးချိုချိုဖြင့်နှုတ်နည်းလွန်းတဲ့ ဖေဖေ အပြောဆို သိမ်မွေ့ မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ် အေးချမ်းစွာ ပြောဆိုတတ်တဲ့ ဖေဖေ ကြွေတစ်လှည့် ဝေတစ်လှည့် လောကဓံကြားမှာ မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ … ဖေဖေ ကျနေတဲ့ ချွေးစက်တွေနဲ့ ရုန်းကန်ခဲ့တဲ့ နေ့ရက်များက ဖေဖေ့ ရဲ့ မေတ္တာတွေကို နိုင်းပြနေပေမယ့် ဖေဖေ ဟာသားသမီးတွေကို ချစ်တယ်လို့ထုတ် မပြောခဲ့ တာ အမှန်ပါ သမီးရေ…. ဖေဖေ စိတ်ချတယ်သမီး မြေးလေးပဲ ဂရုစိုက်ပါသမီးရယ်လို့ ရင်ထဲစကား ထုတ်ပြောခဲ့သည့် ဖေဖေ မပြေလည်မှုတွေ အခက်ခဲတွေ ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး အမျိုးမျိုး ပြောရင်း […]


manawphyulayApril 10, 20181min05
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…. မကြာခင် ရက်အတွင်းမှာ အတာကူးလို့ နှစ်ကူး အခါသမယကို ရောက်ရှိလို့ လာပါပြီ။ မင်္ဂလာ နှစ်သစ်ချိန်ခါအတွက် မနောဖြူလေးမှ ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ သတိတရ လာရောက်နှုတ်ခွန်းဆက်သလိုက်ရပါသည်ရှင့်။ ဒီရွာကို မရောက်ဖြစ်ခဲ့တာ ကြာပေမယ့် အဝေးက လွမ်းဆွတ်သတိရနေမိပါတယ်။ ရွာသို့ ရောက်ရှိနေခဲ့သည်မှာလည်း ဘာလိုလိုနဲ့ ၈ နှစ် တိုင်ခဲ့ပါပြီ။ ယခုချိန်ထိ အရင်စိတ်၊ အရင်အပြုံး၊ အရင်လိုပဲ မပျက်မကွက် မနောကိုလည်း ပြန်လည် သတိရပေးကြပါလို့ ပြောကြားလိုက်ရပါတော့တယ်……………


manawphyulayJanuary 17, 20181min01
၁) လူငယ်များအတွက် ၁.၁) Switzerland နိုင်ငံတွင် သင်ကြားနေသော Dual Education & Training စနစ်များအတိုင်း သင်ကြားပေးသော မြန်မာနိုင်ငံ၏ ပထမဆုံး သင်တန်းကျောင်းကြီး ၁.၂) အလုပ်လုပ်ရင်း ပညာသင်ကြားခွင့်ရမည် အပြင် ကိုယ်ပိုင်ဝင်ငွေပါ ရရှိမည့် အခွင့်အရေး ၁.၃) ၁၅ နှစ်ကျော် တည်တံ့ခဲ့ပြီး သင်တန်းသား (၁၀၀၀) ကျော်နှင့် Profession ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သော သင်တန်းကျောင်း ၁.၄) ဘာသာရပ်များစွာကို တစ်နေရာတည်းမှာ သင်ကြားရပြီး Non-Profit Institution ဖြစ်သည့်အတွက် မထင်မှတ်လောက်အောင် နည်းပါးသည့် ပညာသင်ကြေး ၂) Company များအတွက် ၂.၁) အရည်အချင်းရှိသော ဝန်ထမ်းကောင်းများကို ခန့်အပ်ထားလို သူများ… ၂.၂) မိမိ ဝန်ထမ်းများကို သင်ကြားပေးရန် […]


manawphyulayOctober 13, 20172min017
Water Bus စတင်ထွက်ရှိပြီ သတင်းကြားသဖြင့် အလုပ်ဆင်းတဲ့အချိန်တွင် စောပြီး နန်းသီတာဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ သင်္ဘောစီးခရီးသည်များ စောင့်စားနေသည်ကို တွေ့ရပါတယ်။ ကြည့်လိုက်တော့ ကိုုယ့်လို အလုပ်ဆင်းပြန်သူ သိပ်မတွေ့ရပဲ မိသားစုအလိုက် အပျော်လိုက်စီးမည့်သူများကို တွေ့ရတယ်။ သင်္ဘောရဲ့စတင်ရာ ဂိတ်ကတော့ ဗိုလ်တစ်ထောင်ဘုရားမှ ဂိတ်စတယ်လို့ ပြောတယ်။ ဒါနဲ့ ခဏစောင့်နေတော့ တစ်ထပ်သင်္ဘောတစ်စီး ကမ်းကပ်လာတယ်။ နေရာမရမှာစိုးတဲ့အတွက် ဗိုလ်တစ်ထောင်ဘုရားဘက်ကို စီးဖို့ စိတ်ကူးလိုက်ပြီး လိုက်သွားလိုက်တယ်။ သင်္ဘောပေါ်မှာတော့ ထိုင်ခုံအပြည့်ပဲတင်တဲ့အတွက် လျော့သွားတဲ့လူဦးရေပဲ တင်တာဆိုတော့ လူအများကြီးတော့ လိုက်စီးလို့မရဘူးပေါ့။ နောက်ဗိုလ်တစ်ထောင်ဘုရားဂိတ်ရောက်တော့ အကုန်ဆင်းခိုင်းပါတယ်။ ဂိတ်ဆုံးပြီတဲ့။ ကိုယ်က အိမ်ပြန်မှာလေ အင်းစိန်ထိစီးမှာဆိုတော့ ကမ်းကို ကြည့်လိုက်တော့ လူတွေ လူတွေ မနည်းမနောပဲ ဆင်းပြီး ပြန်တက်ဖို့ မလွယ်လောက်ဘူး။ ဒါနဲ့ ယူနီဖောင်းဝတ်ကောင်လေးကို အကျိုးအကြောင်းပြောပြတော့ […]


manawphyulayAugust 2, 20171min03
ရွာသူရွာသားများရဲ့ ဝါသနာကို ရင်တွင်းမှာ မထားပဲ မြန်မာကို ကမ္ဘာက သိအောင် လက်စွမ်းပြစေဖို့ ယခုအခွင့်အလမ်းလေးကို လက်လွတ်မခံကြစေဖို့ သတင်းကောင်းပေးလိုက်ရပါတော့တယ်။ Credit: http://photocontest.cgap.org/ ၂၀၁ရ ခုနှစ် CGAP ဓါတ်ပုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေက ကမာ္ဘတဝှမ်းက ပြည်သူတွေနဲ့ ရပ်ရွာ အသိုက်အဝန်းကို ဘယ်လိုကူညီနေသလဲဆိုတာကို ပေါ်လွင်စေမယ့် ဓာတ်ပုံတွေကို ပေးပို့ပြီး ပါဝင်လိုက်ပါ။ http://photocontest.cgap.org/ လျှောက်လွှာပိ်တ်ရက် – စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇။ The 2017 CGAP Photo Contest is open for entries! Share your photos to join the ranks of talented photographers […]


manawphyulayJuly 11, 20171min010
နေ့စဉ်ကောင်းမွန်တဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ဆိုတာက မိသားစုတစ်စုရဲ့ အခြေခံပန်းတိုင်ဖြစ်ပါတယ်။ မိဘဖြစ်လာပြီဆိုတာ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါပဲ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ အသီးသီးရှိကြမှာပါ။ မိဘဖြစ်လာပြီဆိုတာနဲ့ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါ။ ဒီ ခရီးကို ကလေးနဲ့အတူ ချီတက်ကြရပါတော့တယ်။ မိဘဖြစ်ခြင်းကို ခရီးတစ်ခုနဲ့ ဥပမာပေးပြီးပြီဆိုတော့ ကလေးနဲ့အတူ ဘယ်လို ခရီးဆက်ကြမလဲဆိုတာ သိမှတ်ထားသမျှ ရေးသားလိုက်ရပါတယ်။ မွေးကင်းစကလေးတွေဟာ အဆင့်ဆင့်ကြီးထွားလာမှာ ဖြစ်တာ ကြောင့် အမြဲထွေးပိုက်ထားလို့ မရနိုင်သလို ဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ချုပ်တည်းထားလို့လည်း မရပြန်ဘူး။ စတင်ထိုင်တတ်လာပြီး လေးဘက်ထောက်သွားမယ်၊ နောက် လမ်းလျောက်တတ်မယ်၊ ပြေးမယ် စတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီခရီးရှည်မှာ ကလေးကလည်း သူ့လမ်းသူလျောက်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သမီးလေးက ငယ်ငယ်က တွန်းလှည်းထဲ ထည့်ထားတာများတော့ လမ်းစလျှောက်တတ်လာတဲ့အချိန်ကျတော့ ခြေဖျားထောက်ထောက်ပြီး သွားနေတဲ့အတွက် […]


manawphyulayJune 5, 20171min00
လျှပ်စစ်ကျွမ်းကျင်(၆လ)သင်တန်းအတွက်သင်တန်းသားခေါ်ယူခြင်း =========================== အခြေခံပညာ အထက်တန်းကျောင်းမှ ဆယ်တန်းအောင် (သို့) ဆယ်တန်းနှင့် ညီမျှသောပညာ သင်ယူခဲ့ပြီး၊ သက်မွေးပညာသင်တန်း တက်ရောက်လိုသော၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသော လူငယ်များအတွက် CVT Myanmar တွင် လျှပ်စစ်ကျွမ်းကျင်ပညာ (စာတွေ့၊လက်တွေ့) တဆက်တည်းသင်ယူနိုင်မည့် ကာလတိုသင်တန်းကို စတင်လျှောက်ထားနိင်ပါပြီ။ လျှပ်စစ်ပစ္စည်း သွယ်တန်းတပ်ဆင်ခြင်းများကို CVT Myanmar မှ စာတွေ့နှင့်လက်တွေ့ ကျွမ်းကျင်ဆရာများနှင့် ဇူလိုင်လမှ ဇန်နဝါရီလ (၆လ) အထိ သင်ယူပြီး၊ NSSA-level 1,2 စာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်းဖြင့် အောင်မြင်ပါက ကျွမ်းကျင်မှု လက်မှတ်များကိုပါ ရရှိနိုုင်မည် ဖြစ်ပါသည်။ ဤသင်တန်းအတွက် May Bank မှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ CVT Myanmar အနေနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် […]