manawphyulayApril 29, 20121min1844
မလေးရှားရဲ့ အလုပ်ရဖို့အတွက် ပွဲစားနဲ့ တွေ့ပုံအစ ကျွန်တော်တို့ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ကိုရောက်ခဲ့ပြီး ပွဲစား စီစဉ်ထားတဲ့ အခန်းမှာ တစ်ညတာနားခိုပြီးတဲ့ နောက်တစ်နေ့မှာတော့ မလေးရှားနိုင်ငံရဲ့ ပွဲစားကြီး တရုတ်လူမျိုး ကမ်ဆိုတဲ့ လူတစ်ယောက်ရောက်လာပြီး ပွဲစားမြန်မာတွေနဲ့ စကားတွေပြောကြတာပေါ့ခင်ဗျာ။မလေးရှားဘာသာနဲ့ပြောနေတော့ ကျွန်တော်တို့ရောက်ကာစလူငယ်တွေ ဘယ်သိပါ့မလဲနော်။ဒါနဲ့ပဲ ပွဲစား ကမ်က ကျွန်တော်တို့ ယောကျင်္ားလေး ၄ယောက်ကို သူ့ရဲ့ ဗင်ကားနဲ့ခေါ်သွားတာပေါ့ခင်ဗျာ။အမျိုးသမီး ၃ယောက်ကတော့ ပွဲစား မြန်မာတွေဆီမှာကျန်ခဲ့တာပေါ့နော်။ကျန်မှာပေါ့ သူတို့က အောက်ပါအရည်အချင်းနဲ့ ပြည့်စုံသူတွေမို့ အလုပ်ကောင်းတွေရှာပေးမှာလေ။ခေတ်စကားနဲ့ ပြောရရင် အစ်ကိုတို့က ညီမလေးတို့ကို အကောင်းဆုံးအလုပ်တွေရှာပေးမယ်နော်။မပူနဲ့ အားလုံး တာဝန်ယူတယ်။အလုပ်ကောင်းတွေ မရမခင်ထိ အစ်ကိုတို့ တင်ကျွေးထားမယ်နော်။(သားသားတို့ကတော့ကျားတွေမို့ သနားမဲ့သူမရှိဘူးပေါ့နော် ကိုယ့်လက်ကလွတ် ပြွှတ်ပေါ့နော်။ရတဲ့ အလုပ်ဝင် ဒါပဲ)ကွာတယ်နော် အမေပေးတဲ့ လယ်တစ်ကွက်က အသုံးဝင်တယ်နော် ဟဲဟဲ (ရိုင်းတာ မဟုတ်ဘူးနော် မြင်သာအောင် […]


manawphyulayApril 28, 20121min1033
မလေးရှားအဝင် ကြုံတွေ့ပုံလေးများ ကျွန်တော်တို့ စီးလာတဲ့ ဗင်ကားလေးဟာ ထိုင်းနိိုင်ငံနယ် စပ်လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ချောချောချူချူနဲ့ အထွက်တုံးထုပြီးတဲ့နောက် တော်တော်လှမ်းလှမ်းကို သွားရတဲ့ မလေးရှားနိုင်ငံ ဆာဒါအို လူဝင်မှုကြီးကြပ်ရေးဂိတ်ကိုရောက်ခဲ့ပါတယ်။ ရောက်တာနဲ့ တစ်ပြိုင်နက် ကားပေါ်မှ အားလုံးဆင်းပြီး အဝင်တုံးထုဖို့ တန်းစီရပါတယ်။ ဘာလာလုပ်တာလဲ မေးခွန်းကိုတော့ အလည်အပတ်လို့ဖြေရင်းငြိမ်သက်နေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်န့လာတယ်ဆိုတာ ပြောလို့ မရဘူးလေ။ အဲဒီ အချိန်တုန်းက မလေးရှားမှာ တရားဝင် အလုပ်လုပ်တဲ့ ခေတ်မှ မဟုတ်သေးတာလေ။ အဝင်တုံးထုပြီးတဲ့အခါမှာတော့ ကားပေါ်မှ အထုပ်အပိုးတွေကိုချခိုင်းပြီး ခွေးနဲ့ လှည့်ပတ်စစ်ပါတော့တယ်။ ခွေးက အထုပ်တစ်ထုပ်နားရောက်တော့ တရူးရူးနဲ့ နမ်းနေပါတော့တယ်။ အင်း ဘာဖြစ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်နေရတာပေါ့။ ကျွန်တော်တို့နဲ့ အတူတူ ပါလာတဲ့ကောင်လေး တစ်ယောက်ရဲ့ ကြိမ်ခြင်းတောင်းကြီးပေါ့ဗျာ။ အရင်ခေတ်ကဆိုတော့ နိုင်ငံခြားကို […]


manawphyulayApril 26, 20121min814
ဒါဆို ထိုင်းကနေ တစ်ဆင့်သွားရတာပေါ့ ဟုတ်လား။ ဒါဆို ထိုင်းအတွေ့အကြုံလေး ပြောပြပါဦး ခေါင်းစဉ်ပေးရင်တော့ ကျွန်တော်နဲ့ ထိုင်းအတွေ့အကြုံဘဝ ပေါ့…. ဟုတ်တယ်။ ထိုင်းကိုဝင်ပြီးမှာ မလေးနယ်စပ်ကို ဆက်သွားခဲ့ရတာပါ။ ကျွန်တော်တစ်ယောက် ထိုင်း လူဝင်မှု ကြိီးကြပ်ရေးကောင်တာမှ ထွက်ခွာလာပြီးတဲ့နောက် စက်လှေကားနဲ့ ဆင်းသက်လာခဲ့ပြီး မိမိ ရွေးယူရမဲ့ အိတ်နေရာကို ရောက်ခဲ့ပါတယ်ခင်ဗျာ။ရွေ့လျား လည်ပတ်နေတဲ့ အိတ်တွေထဲက မိမိအိတ်ကို ယူပြီးတဲ့နောက် မိမိကို လာကြိုမဲ့ အေးဂျင့်ထံကို ထွက်လာခဲ့ပါတယ်။တွေ့ပါပြီ အေးဂျင့် မြန်မာ လူမျိုးနှစ်ယောက်ပါ။ သူတို့နဲ့ အတူတူ မိန်းကလေး သုံးယောက်၊ ယောကျင်္ားလေး သုံးယောက်ဆုံကြတယ်ဆိုပါတော့လေ။ အားလုံး လူစုံတာနဲ့ လေဆိပ်ကနေ ထွက်ခွာခဲ့ပါတော့တယ်။ အဲဒီမှာ ဈေးကြီးတဲ့ အငှားကားတွေအစား တုတ်တုတ်(မြန်မာပြည်မှာ အရင်တုန်းက သုံးခဲ့တဲ့ သုံးဘီးကားပေါ့နော်-မြင်ဘူးကြမယ်ထင်ပါတယ်) အဲဒီကားနှစ်စီးကို […]


manawphyulayApril 25, 20121min16713
ခုတစ်လော သူများကို လိုက်စပ်စုနေတာလေး တင်ပြလိုက်ပါတယ်။ နိုင်ငံခြားရောက် အတွေ့အကြုံလေးတွေ မေးမြန်းကြည့်မိတယ်။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလဲ။ အလုပ်အကိုင်တွေကော အဆင်ပြေမပြေပေါ့။ ခေါင်းစဉ်လေးတွေနဲ့ ပြန်လည် မျှဝေလိုက်ပါတယ်။ ကျွန်တော့်ဘဝရဲ့ဒိုင်ယာရီ(၁၉၉၁မှ၂၀၁၂အထိ မမေ့နိုင်သောမှတ်တမ်းလေးများ) မြန်မာပြည်ရဲ့ ပြည်ပ BAC လေယာဉ်စီးခဲ့စဉ် အမှတ်တရ အဖြစ်လေး နိုင်ငံခြားကို ဘယ်လိုကြောင့် ရောက်ဖြစ်တာလဲ။ ဘယ်လိုတွေ အခက်အခဲတွေ ကြုံရလဲ။ ၃၀-၀၃-၁၉၉၁ ကျွန်တော်တစ်ယောက် မြန်မာပြည်အရေးအခင်းကာလကြောင့် တက္ကသိုလ်၊ကောလိပ် အားလုံးသောကျောင်းတွေပိတ်ထားလို့ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် အဒေါ်ရဲ့တိုက်တွန်းမှုကြောင့် အေးဂျင့်တစ်ခုရဲ့ အဆက်အသွယ်နဲ့ မလေးရှားနိုင်ငံကို အရင်ကာလ ပေါက်ဈေး ခြောက်သောင်းကျပ်နဲ့ထွက်ခွာဘို့ဖြစ်လာတယ်ပေါ့ဗျာ။ နိုင်ငံခြားဆိုတာ ဘာမှန်း မသိ။မြန်မာပြည်ရဲ့ ငပိ အင်္ဂလိပ်စာနဲ့ဆင်ကမ်းတောတိုး စွန့်စားရပြီပေါ့ဗျာ။ မြိုင်ယာဇာ တွတ်ပီခေတ်မဟုတ်တော့ ကိုပြာလောင်ခေတ်ပေါ့။ မိဘတွေရဲ့ စုဆောင်းထားငွေလေးကို အရင်းပြုပြီးစွန့်စားရပြီပေါ့။ BAC […]


manawphyulayApril 21, 20121min12610
ကိုယ်ပိုင်အရေးအသားတော့ မဟုတ်ပါဘူး။ သူငယ်ချင်းက တင်ပေးဖို့ ကူညီတောင်းလာလို့ တင်ပေးလိုက်ပါတယ်။ ဒီလိုမဖြစ်အောင် သူများတွေလည်း ရှောင်နိုင်အောင်ဖြစ်ပါတယ်ရှင်။ Forward Mail from my friend 🙂 Chris Linn —- သူငယ်ချင်းများသို့သတင်းကောင်းပါးခြင်း သူငယ်ချင်းတို့ရေ ကိုယ်ဒီသင်္ကြန်ရက်မှာ အောင်သုခဘုရားဖူးယာဉ် နဲ့တောင်ကြီး အင်းလေး ပင်းတယ ထမ့်စမ်း ဘုရားဖူးသွားခဲ့တယ်။ လက်မှတ်ဝယ်တုန်းက ကားပိုင်ရှင်က မှန်လုံလေအိတ်ကားနဲ့စရိတ်ငြိမ်း ၆သောင်းတဲ့။ ကားစထွက်ကတည်းက မအေးလို့ တစ်လမ်းလုံး တံခါး ဖွင့်ထားရတယ်။ အဲဒါထားတော့ ကားမှာသူခိုးတွေပါလာသေးတယ်။ ကားထမင်းချက် ၃ ကောင်နဲ့ ကားနဲ့ပေါင်းပြီးခိုးတယ်ဆိုတာ ရန်ကုန်ရောက်မှ သိရတယ်။ တောင်ကြီးရောက်ရောက်ချင်း ပထမညမှာ ကားဆရာခေါင်းအုံးအိပ်တဲ့ပိုက်ဆံထုတ်ထဲကငွေ ၄ သိန်း စပျောက်တာ၊ ဒုတိယညမှာ (နောက်တစ်နေ့ဆိုပြန်တော့မှာလေ) ကိုယ့်ကြီးကြီးရဲ့ ပိုက်ဆံအိတ်ပျောက်တာ၊ ခရီးပန်းပြီးအိပ်ပျော်နေကြလို့မနိုးကြဘူးလေ၊ […]


manawphyulayApril 21, 20121min742
Flash ကို အစားထိုးသုံးနိုင်တဲ့ Synfig Synfig လို့ အသိများတဲ့ Synfig Studio ဆော့ဖ်ဝဲကိုလည်း အခမဲ့ သုံးနိုင်ပါတယ်။ Open Source 2D vector graphics အမျိုးအစားဖြစ်ပြီး timeline အခြေခံ ကွန်ပျူတာ လှုပ်ရှားသက်ဝင် (animation program) လည်း ဖြစ်ပါတယ်။ Robert Quattlebaum က ရေးသားတည်ဆောက်ပြီး Adrian Bentley မှ ထုတ်လုပ်ပါတယ်။ Synfig သည် မူလက Voria Studios သည် ယခုအခါ မရှိတော့ပါ။ ၂၀၀၅ ခုနှစ်မှာ Open Source ဆော့ဖ်ဝဲအဖြစ် GNU General Public License ခွင့်ပြုချက်အရ အခမဲ့ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ […]


manawphyulayApril 20, 20121min1899
အလွမ်းတွေနဲ့ ပူလောင်နေတဲ့ တို့နံဘေးမှာ လေပြည်လေညင်းက မြူးတူးစွာ ခုန်ပေါက်လို့… အမောတကော ဆွဲဖွင့်ခံရတဲ့ တို့ မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွမှုတွေ ကျကွဲလို့…. ဟောင်းနွမ်းနေတဲ့ သက်ပြင်းတွေထဲမှာ မင်းအရိပ်တွေ စာနာမှု ကင်းမဲ့စွာ ကြီးစိုးနေလို့… တို့ တည်ဆောက်ခဲ့တဲ့ သံယောဇဉ်မြို့မှာ ဒုက္ခပေါင်းစုံက ရောင်စုံညတွေလို လှပနေလို့… မင်းနဲ့ တို့ဘဝ တစ်ထောင့်တစ်ည ပုံပြင် ဖြစ်တော့မယ် ထင်ပါရဲ့… ချစ်ဆုံးရေ… ခရီးတစ်ဝက်နဲ့ သင်္ဘောပျက်နေတဲ့ တို့နှစ်ယောက်မှာ အလွမ်းမုန်တိုင်းတွေနဲ့ စိတ်ထင်တိုင်း မိတ်ဆွေဖွဲ့ရုံမှတစ်ပါး မင်းနဲ့ တို့ သစ္စာတရားနဲ့ ခရီးဆက်ကြမယ်နော်….


manawphyulayApril 20, 20121min1437
Jah Shaka သည် အခမဲ့ ရယူသုံးနိုင်တဲ့ ဗီဒီယိုနဲ့ အသံတည်းဖြတ် အဆင့်မြင့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ DV, SD, HD နဲ့ ရုပ်ရှင်ဖလင်တွေမှာ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်တည်းဖြတ်နိုင်ပြီး 3D compositing နဲ့ Flash animation များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ OpenGLbased အခြေခံ Paint ရေးခြယ်ခြင်းနဲ့ စာသား ပေါင်းစပ်ခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီဆော့ဖ်ဝဲမှာ JahPlayer ပါဝင်ပြီး ဗီဒီယိုနဲ့ အသံ Formats အားလုံးကို မီဒီယာဖွင့်စက်တစ်ခုအဖြစ် ဖွင့်နိုင်ပါတယ်။ MOV, AVI, MPEG, MP3, WAV, OGG စတဲ့ ဖိုင်တွေကို ဖွင့်နိုင်ပြီး နိုကီယာဆဲလ်ဖုန်းမှာလည်း အလုပ်လုပ်နိုင်တယ်လို့ ဆိုပါသေးတယ်။ ဖုန်းမရှိလို့ မစမ်းသပ်ရသေးပါ။ Macs နဲ့ […]


manawphyulayApril 19, 20122min25821
ရထားစီးရင်း ဒညင်းကုန်းဘူတာလွန်တော့ ကားတွေ ပုံထားတာ အံ့ဩဖွယ်ရာ တွေ့မြင်ရလို့ ရိုက်ခဲ့တာပါ။ ကားဟောင်းတွေ နံပါတ်နဲ့လဲပေးတာလား။ ဒီမှာ ဒီလိုပုံထားတာ တစ်ခါမှ မမြင်ဖူးဘူး ခုမှမြင်ဖူးတာ။ ဘယ်နေရာတွေမှာ အဲလို ကားတွေ တောင်ပုံရာပုံ လုပ်ထားသေးလဲတော့မသိဘူး။


manawphyulayApril 19, 20121min1235
တည်ထောင်အောင်မြင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေရဲ့ ကုမ္ပဏီအမည်များမှာပဲဖြစ်ဖြစ်၊ ကုန်အမှတ်တံဆိပ်များမှာပဲဖြစ်ဖြစ် ထူးခြားတဲ့ အဖြစ်အပျက်တွေ ကိုယ်စီရှိခဲ့ကြပါတယ်။ လေ့လာမိသလောက် ပြောရရင်တော့ အရင်ဆုံး Adobe ကုမ္ပဏီအကြောင်းပြောပြပါမယ်။ Photoshop ဆော့ဖ်ဝဲနဲ့ တစ်ကမ္ဘာလုံး ကျော်ကြားခဲ့တဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့သူဟာ မစ္စတာ ဂျွန်ဝါးနောက့်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အိမ်နံဘေးမှာ ရစ်ခွေရင်း လှည့်ပတ်စီးဆင်းနေတဲ့ ချောင်းငယ်လေးတစ်ခုရဲ့အမည်ကို အစွဲပြုပြီး Adobe လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်တဲ့။ Apache Company Apache ကို စတင်တည်ထောင်သူတွေဟာ ပရိုဂရမ်မာတွေပီပီ code လိုင်းတွေရှိတဲ့ လမ်းကြောင်းတွေကို ချိတ်ဆက်ပြီး လမ်းကြောင်းတစ်ခုချင်းစီရဲ့ နာမည်အတိုကောက်ကလေးကို မှည့်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီရလဒ်အရ ‘APAtCHy’ server ဆိုပြီး ဖြစ်လာခဲ့တယ်။ အဲဒီကမှ ‘Apache’ ဆိုပြီး server ကုမ္ပဏီပေါ်ပေါက်လာခဲ့တာပါပဲ။ Apple […]


manawphyulayApril 18, 20121min1175
GIMP (GNU Imange Manipulation Program) သည် raster graphics editor ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့် ပုံကို ပြင်ဆင်မွမ်းမံတဲ့ tool အဖြစ် တည်ဆောက်ထားတာ ဖြစ်ပြီး Microsoft Windows, Apple Mac OS X နဲ့ GNU/Linux တို့မှာ သုံးနိုင်ပါတယ်။ Retouch လို့ ခေါ်တဲ့ ဟိုးယခင်အချိန်များက ဓာတ်ပုံခဲထိုးတဲ့ လုပ်ငန်းမျိုးကို အခု Photoshop, GIMP ကဲ့သို့ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ လွယ်ကူစွာ သုံးနိုင်ပါတယ်။ GIMP မှာ အလွတ်ပုံဆွဲနိုင်ခြင်း၊ ပုံကို ချုံ့၊ ချဲ့ခြင်း၊ ဖြတ်တောက်ခြင်း၊ ပုံများစွာကို ပေါင်းစပ်၍ ဒီဇိုင်းထုတ်ခြင်း၊ format အမျိုးမျိုးသို့လည်း ပြောင်းလဲပေးတဲ့ ဂရပ်ဖစ်ဆော့ဖ်ဝဲများနည်းတူ tools […]