manawphyulayDecember 6, 20111min21020
ပီဒီအက်ဖိုင်တွေကို တစုတစည်းတည်း ထားလို့ရတဲ့နည်း PDF Combine Version 1.5 ယခုအသုံးများတဲ့ ဖိုင် format တွေဟာ ဘယ်ဖိုင်တွေ အသုံးများလည်းဆိုတော့ PDF လို့ ပြောရမယ်ထင်ပါတယ်။ အဲ အထူးသဖြင့် ကျွန်မတို့ ဝက်ဘ်ဆိုက်တွေနဲ့ အီးဘုတ်တွေ အွန်လိုင်းမဂ္ဂဇင်းလုပ်ကြတဲ့အခါမှာ PDF (Protable Document Format)ကို သုံးကြတာ သတိပြုမိတယ်မဟုတ်လား။ အဲဒီ PDF ဖိုင်တွေများလာတဲ့အခါ ဒါမှမဟုတ် PDF စာမျက်နှာတွေများလာတဲ့အခါ စုစည်းဖို့လိုလာပါတယ်။ ဒီအခက်အခဲကို Softplicity Research (www.coolutils.com) က PDF Combine ဆော့ဖ်ဝဲကို ထုတ်လုပ်ကူညီပေးထားပါတယ်။ PDF ဖိုင်များကို ပေါင်းပေးပါတယ်။ merge လုပ်ပေးတယ်ဆိုပါတော့လေ။ PDF Combine က e-book များသာမက invoices, […]


manawphyulayDecember 2, 20111min11212
ဆောင်းဦးအဝင် မြူတွေဆိုင်းစ ကာလမှာ ပွင့်ကာစ ဆောင်တော်ကူးတွေရဲ့ ပန်းချီကားချပ်နှင့်အတူ မြက်ပင်ရှည်ရှည်တွေ လေယူရာယိမ်း ဖွေးလှုပ်နေတာ ငေးကြည့်ရင်း ကျွန်မ ပျော်မိတယ်… မမြင်နိုင်တဲ့ တစ်နေရာဆီက ချစ်သူရဲ့သတင်းကို ဆောင်ယူလာခဲ့ လေပြည်တွေဟာ ကျွန်မကို နှုတ်ဆက်ပြီး ကျောခိုင်းသွားကြတယ်လေ… ကျွန်မရင်ထဲက လှုပ်ရှားပျော်မွေ့ရင်း ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း နားထဲမှာ ချိုမြနေတယ်… အရုဏ်ဦးကနေ ကြယ်ကလေးတွေ မြင်ရသည်အထိ သဘာဝရဲ့ အလှတရားတွေကို ကျွန်မ ခံစားနေမိတယ်…. ကျွန်မ သိခွင့်မရှိတဲ့ တစ်ချိန်ချိန်မှာ ကျွန်မအတွက် တောက်ပတဲ့နေ့ရက်တွေ ရောက်လာတော့မယ်ဆိုတာ ကျွန်မ သိနေခဲ့ပါတယ်… သည်အခါမှာ ကျွန်မတစ်ယောက်ထဲပဲ ကျေနပ်စွာ ပြုံးနေလိုက်တယ်… သည်အချိန်မှာ နှင်းငွေ့တွေဟာ ချစ်ခြင်းရနံ့တွေနှင့် သင်းပျံ့စွာ လှလို့ နေပါတော့တယ် ချစ်သူရယ်…


manawphyulayNovember 29, 20111min1515
Invitation We request the pleasure of your company at the seminar on ” မြန်မာနိုင်ငံ မြို့ပြများ၏ ဖွံ့ဖြိုးမှုအလားအလာ၊ စိန်ခေါ်မှုနှင့် ပုဂ္ဂလိက ကဏ္ဍ၏ အခွင့်အလမ်းများ ” by U Win Myint Programme Date : 3rd December (Saturday) Time : 02:00 PM Venue : UMFCCI (Head Office), No(29), Min Ye` KyawSwar Street, LanmadawTsp , Yangon.


manawphyulayNovember 29, 20111min14012
လမင်းရယ်… တကယ်တော့ ကိုယ်ဟာ မင်းပျော်ပါးနေထို်င်ရာ ထက်ကောင်းကင်ဝေယံမှာ နေနိုင်သူလည်း မဟုတ်ခဲ့ပါ… မင်းရဲ့အလင်း လင်းသထက်လင်းအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ ညခင်းလည်း မဟုတ်ခဲ့ပါ… မင်းရဲ့အနား ဝန်းရံခစားနေတဲ့ တောက်ပတဲ့ အလင်းနှင့် ကြယ်ကလေးများရဲ့ အဆင်းကိုလည်း ယှဉ်နိုင်သူ မဟုတ်ခဲ့ပါ… မဖြစ်နိုင်မှန်း သိရက်နှင့် မင်းကိုမှ သံယောဇဉ်ဖြစ်မိတဲ့စိတ်ကိုလည်း တားဆီးလို့ မရနိုင်တော့ပါ… အဲဒီတော့ လမင်းရယ် ဟိုတစ်ချိန်တစ်ချိန်ဆီက မင်းဆီက ရဖူးတဲ့ အကြင်နာ အတုအယောင်တွေကိုပဲ ပြန်လည် မြင်ယောင်ရင်း တမ်းတစိတ်ကူး အိပ်မက်မှာပဲ မျှော်လင့်ရင်း ငါတစ်ယောက်ထဲ နေပါ့မယ်….


manawphyulayNovember 27, 20112min17316
ခေါင်းစဉ်ကြောင့် နေပြည်တော်ရဲ့နေဝင်ချိန်ဆိုတော့ ဘာလဲပေါ့။ အဲလိုတော့ မထင်လိုက်နဲ့ဦး။ နေပြည်တော်ကို ၂ ခေါက်ရောက်ခဲ့ပါတယ်။ ဒုတိယအခေါက်ကတော့ နေရာစုံလည်းရောက်သလို နေဝင်ချိန် နေထွက်ချိန်တွေလည်း ကြည့်မိတော့ ဘယ်နေရာမှာ ဘယ်လိုကွာခြားလဲလို့လည်း သုံးသပ်မိတယ်။ နေထွက်ချိန် နေဝင်ချိန်ရှိသလို ကိုယ့်လည်းပဲ နေဝင်ချိန်ဆိုတာ တစ်နေ့တော့ ရောက်လာမှာပဲလို့လည်း သုံးသပ်ရင်း နေဝင်ချိန် လှပအောင် ဘယ်လိုလုပ်ရမလဲလို့လည်း တစ်ဆက်တည်း တွေးမိတယ်။


manawphyulayNovember 27, 20111min897
မှုန်ဝါးဝါး လရောင်အောက် တိုးမပေါက်တဲ့ စိတ်တောနက်ထဲ ဆင်းရဲမှုများကို လွယ်ပိုးရင်း သည်းခံခြင်းကို လက်ကိုင်ထွန်းညှိ မျှော်လင့်ချက်ရှိရာ ဦးတည် ရောင်နီမလာခင်တော့ မှောင်နေဦးမှာပဲ….. ဘဝဆိုတာ ပြောတော့သာ လွယ်တာ ရုန်းကန်ရတာ ပင်ပန်းသား အတွေးက လက်တွေ့ကို ရင်ဆိုင်စေတယ် သိက္ခာနဲ့ ချည်တုပ်ထားတဲ့ အတ္တ စိတ်သွားတိုင်း ကိုယ်မပါချင်တော့ဘူး မပြောချင်လို့ မပြောပဲနေတာ မှန်နေတယ်လို့တော့ မထင်နဲ့ ကိုယ့်တစ်ယောက်ထဲ ဘဝဆိုတာ ရှိတာမဟုတ် လူတိုင်းမှာ ဘဝရှိတယ် ဟင်းရွက်ကန်စွန်းရွက် ဝယ်သလို တတ်တဲ့ပညာ ခေါင်းပုံဖြတ်ခံရတဲ့အခါ မာနကို ရိုက်ချိုး စိတ်ဓာတ်ကို ယိုယွင်းစေခဲ့ ခေါင်းပုံဖြတ်တဲ့ ဒီလောကမှာ ပညာကို အလှူအတန်းပေးရင်တောင် နောင်ဘဝအတွက် ကုသိုလ်တရားတွေ ပါသွားနိုင်ပါရဲ့…… ၂၁.၁၁.၂၀၁၁ ခံစားရေးဖွဲ့သည်။


manawphyulayNovember 20, 20111min17218
တိုးတက်မှုမရှိဘဲ ချောင်ပိတ်မိနေတဲ့ အခြေအနေမျိုးကို ငါချည်းပဲ ကြုံတွေ့နေရတာ မဟုတ်ကြောင်း သိထားစမ်းပါ…. စွန်တစ်ကောင်ဟာ လေဆန်ကို ပြန်ပြီး အဆိုးဆုံး အခက်အခဲတွေ့ရင် လေဆန်တောင် ပြန်သွားသေးတာဘဲ ငါလည်းဘဲ သူလို နေနိုင်အောင် ကျင့်ရမယ်လေ…. လူဆိုတာ ဒုက္ခကို ခံနိုင်တဲ့ သတ္တဝါတစ်မျိုးပါ သူများတွေ ခံစားရတဲ့ ဒုက္ခတွေနဲ့ယှဉ်ပြီး ငါ့ဒုက္ခတွေဟာ သာမညလို့ မပြောနိုင်ဘူး ဒါပေမဲ့…. သူများက ဘဝကို တွယ်တာပြီး ဒုက္ခအပေါင်းကို ကျော်လွှားသွားခဲ့ကြတယ် ငါလည်း ကျော်လွှားနိုင်ရမယ်…………….. တစ်ခါတလေ စိတ်ထဲဖြစ်ပေါ်လာတာတွေကို ချရေးမိတာပါပဲ။


manawphyulayNovember 18, 20111min11412
နေပြည်တော်လမ်းမတွေ ကျယ်သလို အဝိုင်းလေးတွေမှာလည်း အတော်ကို အလှဆင်ထားတာ တွေ့ရပါတယ်။ ပန်းတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ပုံဖော်ထားသေးတယ်။


manawphyulayNovember 2, 20112min21036
အလုပ်ကအပြန် ရုံးက ကလေးတွေက ဗိုလ်တစ်ထောင်ဘုရားလိုက်ပို့ခိုင်းလို့ သွားရင်းနဲ့ ကမ်းနားဆိပ်ကမ်းရဲ့သဘာဝညနေဆည်းဆာရဲ့ အလုပ်ပြန်ချိန်ကို သွားကြည့်ရင်း ပြန်လည်မျှဝေလိုက်ပါတယ်။ နေထွက်ချိန်ရှိသလို နေဝင်ချိန်ဆိုတာလည်း နေ့တိုင်း ကြုံတွေ့ရမှာ….


manawphyulayOctober 31, 20112min16821
ခုတစ်လော သီတင်းကျွတ်လို့လားမပြောတတ်ဘူး။ ခြံထဲမှာစိုက်ထားတဲ့ပန်းလေးတွေကလည်း သိနေတဲ့အလားပဲ အပြိုင်အဆိုင် ဖူးပွင့်ကုန်ကြတယ်။ တစ်နေ့ တစ်နေ့ ပန်းတွေကြည့်နေရတာနဲ့တင် ကြည်နူးမိတယ်။ ခုတော့ အားလုံးကို ကြည့်ဖို့ မျှဝေတာတောင် ကွန်နက်ရှင်က လက်မခံဘူး။ တင်ပြီးတာတောင် မရောက်လို့ပြန်လုပ်ရတယ်။ ဓာတ်ပုံရိုက်ရတာလည်း အမောပါပဲ။ မင်္ဂလာဆောင်တွေကလည်း ဖိတ်တာတွေများတော့ ပန်းပန်ချင်တဲ့အိမ်နီးနားချင်းတွေအတွက်တော့ အဆင်ပြေကြတာပေါ့နော်။ အိမ်မှာ နည်းနည်းလာတောင်းလိုက်နဲ့ အဆင်ကိုပြေလို့။ အိမ်မှာကတော့ ရေလောင်းပြီး ပန်းပင်တွေကို ကြည့်မဝရှုမဝပါပဲ။ အများကြီးပဲ တင်လိုက်တာ အဆင်မပြေဘူး။ ရသလောက်ပဲယူသွားကြတော့နော်။ မနော နောက်နေ့မှ ထပ်ရိုက်လာခဲ့ပေးမယ်သိလား။