manawphyulaySeptember 20, 20112min1308
ဒီနေ့တော့ အိမ်မှာ ပွင့်တဲ့အပင်လေးတွေကို လက်တည့်စမ်းလာခဲ့ပါတယ်။ ခြံထဲမှာတော့ နှင်းဆီတွေလည်း ဖူးနေပါပြီ။ ဒါပေမယ့် ကစ်မီကွိစ်လေးတွေကတော့ ပန်ချင်စရာလေးတွေပါပဲ။ အလှူ၊ မင်္ဂလာပွဲသွားလို့ ပန်ချင်တယ်ဆိုရင်တော့ မနောတို့ခြံထဲမှာ လာခူးလှည့်ပါရှင်။ A name given to various things of a presumably coquettish or attractive nature: a small becoming bonnet fashionable about the middle of the nineteenth century; a lady’s cap with ribbons that tied under the chin on one side with ‘kissing-strings’; […]


manawphyulaySeptember 19, 20111min21012
ဒီတစ်ခါတော့ Trader Hotel ဘက်က မဟုတ်တော့ဘဲ ဆာကူရာတာဝါ အထပ် ၂ဝ ပေါ်ကနေ ရန်ကုန်မြို့ရဲ့ရှုခင်းတွေကို ကြည့်ရင်းနဲ့ လက်တည့်စမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။ ဆာကူရာ အထပ် ၂ဝ ဆိုလို့ အထင်တော့မကြီးနဲ့ ကျွေးတဲ့သူဖိတ်လို့ လိုက်စားတာပါ။ ကိုယ့်ဘာသာဆို အနားတောင် ကပ်နိုင်မယ် မထင်ပါဘူးရှင်။


manawphyulaySeptember 19, 20111min1276
၂၀၁၁ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ်တွင်းရှိ Excel Treasure Hotel တွင် နေ့လည် ၃ နာရီမှစတင်၍ Mysuboo Fan Club အနေဖြင့် Child Singing Concert, Myanmar Orchestra Concert နှင့့် စုဗုူးအငြိမ့်အဖွဲ့ တို့က ကပြဖျော်ဖြေပြီး ပညာရေး ရန်ပုံငွေပွဲ ပြုလုပ်မည်ဖြစ်ပါသည်။ ထိုပွဲမှ ရရှိလာမည့် ရန်ပုံငွေများအား ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတွင်း ရှိ နွမ်းပါးကလေးငယ်များအတွက် ပညာရေးထူးချွန်သူများကို ထောက်ပံပေးခြင်း၊ စာရေးစာသင်ခုံများနှင့် ကျောင်းဆောင်မရှိလျှင် ကျောင်းဆောင်ရှိလာအောင် ကြိုးစားပြီး ကလေးတွေ ပညာရေးမြှင့်တင်ရန်၊ ပညာရေးသင်ထောက်ကူ စာအုပ်နှင့် ပစ္စည်းများ ထောက်ပံပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ယခုပွဲလေးအား စီစဉ်ထားခြင်းဖြစ်ပါသည်။ Child […]


manawphyulaySeptember 18, 20111min670
Table တစ်ခုကို row တွေ၊ cell တွေကို ဘောင်ခတ်ပြီး ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လုပ်ကြည့်ရအောင်ပါ။ ဒီအတွက် tags border attribute ကို သုံးရပါမယ်။ Table တစ်ခု တည်ဆောက်တဲ့အခါ ဘေးဘောင်တွေရဲ့ အထူအပါး ပမာဏကို ဘယ်လောက်ထားမယ်ဆိုတဲ့ တန်ဖိုးကိုတော့ ထည့်ပေးရပါလိမ့်မယ်။ default value ကို သုည (0) ပဲ ထားမယ်ဆိုရင်တော့ ဘေးဘောင်တွေ ပါလာမှာ မဟုတ်ပါဘူး။ Border attribute ကို မသုံးဘဲနဲ့ table တစ်ခုတည်ဆောက်ပြီး ထည့်သွင်းမယ်ဆိုရင်တော့ CSS ကို သုံးရပါလိမ့်မယ်။ အောက်မှာ table တစ်ခုကို Border attribute အသုံးပြုပြီး ဘယ်လိုရေးလို့ရတယ်ဆိုတာ ပြောပြပါမယ်။ ကော်လံ ၃ ခုယူမယ်ဆိုရင် […]


manawphyulaySeptember 16, 20111min13410
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ မင်းအချစ်တွေ မဟုတ်ဘဲ ဆူးတစ်ချောင်းသာဆိုရင်တော့ အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး နုတ်ပစ်မိမှာ အမှန်ပါ အဲံဒီအတွက် ခံစားချက်မဲ့စွာ။ စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက် မင်းသိအောင် ပြောဖို့ ခက်ခဲရင်း မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ ခုတော့ ဒဏ်ရာများစွာ။ ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ မေ့ပစ်လိုက်ဖို့ ပြောရအောင် အဲဒါက အိပ်မက်မှ မဟုတ်တာ။


manawphyulaySeptember 15, 20111min1085
“ အပြောင်းအလဲနဲ့ ရွှေအကျင့်များ ” ” Preparing for Change ” by Author Atta Kyaw Programme Date : 17th September (Saturday) Time : 02:00 PM Venue : Myanmar Fisheries Federation, Bayintnaung Road, West Gyogone, Insein Township, Yangon.


manawphyulaySeptember 15, 20111min23726
ကျောင်းထဲရောက်တော့ ထုံးစံအတိုင်း မရိုက်ပဲမနေနိုင်လို့ ဘွဲ့နှင်းသဘင်ခန်းမ မျက်စောင်းထိုးက အသီးတွေ ပြွတ်သိပ်သီးနေတဲ့ အပင်တစ်ပင်ကို တွေ့ရပါတယ်။ ကွမ်းသီးပင်လားဆိုပြီး သေချာကြည့်တော့ မဟုတ်ပြန်ဘူး။ ဘာပင်ပါလိမ့် အသီးတွေကလည်း ပြွတ်သိပ်သီးပြီး အခိုင်လိုက်ထွက်နေတာတွေ့ရတဲ့အတွက် လက်တည့်စမ်းလာခဲ့မိပါတယ်။ သိတဲ့သူရှိရင် အပင်အကြောင်းလေး ပြောပြပေးစေလိုပါတယ်။ ဘာအပင်ဖြစ်တယ်ဆိုတာရယ် ဘာအသီးတွေလည်းဆိုတာလည်း သိချင်ပြီး ဘာလုပ်ရင်အသုံးဝင်မလဲဆိုတာသိချင်ပါတယ်။


manawphyulaySeptember 14, 20111min26419
ခုတစ်လော အချစ်အကြောင်းတွေ ရေးကြတာများလို့ အချစ်ဆိုတာကို သိသလောက် နည်းနည်းလေး ရေးကြည့်လိုက်ပါတယ်။ အချစ်ဆိုတာ လူငယ်လည်း လူငယ်အတွေး၊ လူကြီးလည်း လူကြီးအတွေး ကိုယ့်အတွေးနဲ့ကိုယ် ရှိကြမှာပါ။ တစ်ယောက်တစ်မျိုးပေါ့လေ။ အချစ်ဆိုတာ ဘယ်ကစဖြစ်တာလဲ။ အရင်ဆုံး စဉ်းစားဖို့ လိုလာပြီနော်။ လှတာကိုလား။ ချောတာကိုလား။ ဒါမှ မဟုတ် အပြောကောင်းတာကိုဆိုလိုတာလား။ အဲဒီမှာ စကားပုံတစ်ခုကို စဉ်းစားမိတယ်။ “Love in the heart is better than honey in the mouth” နှလုံးသားထဲက အချစ်ဟာ ပါးစပ်ဖျားက ပျားရည်ထက် ချိုပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။ ကျွန်မ ခံယူမိထားတာကတော့ လူတစ်ယောက်မှာ It is needed to love […]


manawphyulaySeptember 13, 20111min662


manawphyulaySeptember 13, 20111min12411
ယနေ့ မနက်စောစော ၆ နာရီအကျော်တွင် အင်းစိန်မြို့သစ်ဈေးအနီး ဂ ရပ်ကွက်တွင် ဝါယာမှ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းရာ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ချိန်တွင် အိမ်ခြေ ၃ လုံး မီးထဲ ပါသွားသည်ဟု သတင်းရရှိပါသည်။


manawphyulaySeptember 12, 20111min19914
ချစ်သူ… အရိပ်လေးမှာ ငြိမ်းအေးစွာနှင့် နားပါလှည့်လား ခရီးသွားဖော်ပျော်သလောက်လေ… ချစ်သူ… ဒီအရိပ်က ဂုဏ်ရွှေငွေ ဆိတ်သုန်း အပြုံးဝေဆာ အကြင်နာနှင့် မေတ္တာတွေသာ ပေါများတယ်… ချစ်သူ… စိတ်ကစားလို့ အရိပ်မှားပြီး မနားချင်လည်း သဘောပဲလေ ရှိစေတော့ကံ ဝေးဖို့ဖန်မှ ကျွန်မ ဖြေသိမ့်နေပါ့မယ်… ချစ်သူ… နားလိုက နား သွားလိုက သွား ပြန်လိုက ပြန် သံယောဇဉ်ပြတ်ချင်ပြတ် ကျွန်မကတော့… လွမ်းတတ်တယ်ရှင်… မနောဖြူလေး ခံစားရေးဖွဲ့သည်။