manawphyulayJune 12, 20111min590
ရောက်ခဲ့စဉ်တုန်းကသားတော်များ ဘုရား ထီးတော်မတင်လှူရသေးပဲ ပြန်လည်မွမ်းမံနေပုံပါ။ ဗုဒ္ဓဖြစ်စဉ်ပေါင်းနေရာဌာနလေးပါ။


manawphyulayJune 11, 20111min591
ကျွန်မ စာမရေးတာ အတော်ကြာပါပြီ။ စိတ်ထဲမှာ ရေးစရာတွေ တစ်ပုံတစ်ခေါင်းကြီးရှိပေမယ့် အပြင်မထုတ်ချင်တာလည်း ပါပါတယ်။ ဒါပေမယ့် တချို့အကြောင်းအရာတွေက ရင်ထဲမှာ သိမ်းထားမိရင် မသိမမြင် မကြုံဖူးတဲ့သူတွေရှိနေကြမယ့်သူတွေအတွက် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ လူဆိုတာ အပြစ်အနာ အဆာ ကင်းနိုင်ကြတာမှ မဟုတ်တာ။ လူတိုင်းမှာ ကောင်းကွက်လေးတွေရှိသလို ဆိုးကွက်တွေလည်း ရှိကြမှာပါ။ အဆိုးအကောင်းဆိုတာ အမြဲဒွန်တွဲလေ့ရှိပါတယ်။ တစ်ခါတလေ တစ်ဖက်သတ်အမြင်နဲ့ ဆုံးဖြတ်တတ်ကြတဲ့ လူတွေလည်း သင် တွေ့ဖူးချင် တွေ့ဖူးမှာပါ။ အဲလိုအချိန်ကျရင် သင့်စိတ်ထဲ ဘယ်လိုခံစားမိပါသလဲ။ လူတွေစိတ်ကလည်း တစ်မျိုးပဲနော်။ လူတစ်ယောက်ကို မကောင်းမြင်ပြီဆိုရင် ဒီလူတစ်ယောက် ဘယ်လောက်ပဲလုပ်ပေးခဲ့၊ လုပ်ပေးခဲ့ အကောင်းမမြင်တော့ဘူး။ ဘာတွေဘယ်လိုပဲ အမြင်ကြည်လင်အောင် ဆောင်ရွက်ပေးပေး ဒီလူကို မျက်စိဒေါင့်ထောက်ကြည့်ပြီး ဟိုဟာ အပြစ်မြင် ဒီဟာ အပြစ်မြင်တတ်တဲ့ လူတွေကိုကော တွေ့ခဲ့ဖူးပါသလား။ […]


manawphyulayJune 10, 20111min62
Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင် မှ ကျေးဇူးတင် စကားနှင့် ရှေ့ဆက်မည့် မူဝါဒ လမ်းစဉ်များအား ရှင်းလင်းပြောကြားစဉ် အားလုံးမင်္ဂလာပါ။ ဒီပွဲကို လာရောက်ချီးမြှင့်တဲ့အတွက် အားလုံးကိုကျေးဇူး အထူးတင်ပါတယ်။ ဒီနှစ် ၂၀၁၁ ခုနှစ်ဟာ ၁ ဂဏန်းတွေအတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ ၁ ဂဏန်းတွေ ကြီးစိုးတဲ့နှစ်မှာ Eleven Media Group ရဲ့ ၁၁ နှစ်ပြည့် အခမ်းအနား လုပ်ခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့များစွာ ဂုဏ်ယူမိပါတယ်။ ဒီပွဲကိုတက်ရောက်လာကြတဲ့သူတွေဟာ Eleven Media Group ရဲ့မိသားစုတွေ၊ ခင်မင်ရင်းနှီးသူတွေအပြင် Eleven Media Group ကိုနည်းမျိုးစုံနဲ့ […]


manawphyulayJune 6, 20111min1298
ဪ…. လူတွေ လူတွေ မကောင်းတာပြောလည်း သူတို့ ကောင်းတာပြောလည်း သူတို့ ဟုတ်တာရော မဟုတ်တာရော မှန်တာရော မမှန်တာရော အသေးအမွှားရော အပြင်းစားရော လိုတာရော ပိုတာရော ရောတာတွေများနေတော့ အဲတော့…. သောက်နေကျ ကော်ဖီထဲ ရေနွေးရောတာ များသွားပါလား….. ဪ…. လူတွေ လူတွေ


manawphyulayJune 2, 20111min16014
တကယ်ဆိုရင် သူဂျီးကိုယ်တိုင် ဦးဆောင်ပြီး စရိတ်ငြိမ်းကျွေးမည့်ပွဲ တွေ့ဆုံကြမယ်ဆိုရင်ပေါ့။ မန်ဘာများအားလုံး ဝမ်းမြောက်ဝမ်းသာစွာနဲ့ အားတက်သရော လာရောက်ကြမယ်လို့ ပြောလိုက်ပါရစေရှင်… သဂျီးက ပွဲတက်ဖို့ ဆံပင်ကို အမြန်သနေပါတော့တယ်။ တွေ့ဆုံပွဲသွားဖို့ ရွာသူများ မြန်မြန်အလှလာပြင်ထားကြနော်…


manawphyulayMay 31, 20111min1114
နှစ်များစွာ ကြာ ရှည်ဖြတ်သန်း သည်နေရာ သည်ဝန်းကျင် အခြေတည် အစပြုခဲ့ ကြိုးစားလုပ်ဆောင်နေရင်း အောင်မြင်မှုရရှိခဲ့ချိန်မှာ ငါဟာ ကျောခိုင်းထွက်ခွာခဲ့ရ အားလုံးကို နှုတ်ဆက်ဖို့ရာ စကားလုံးတစ်လုံးတောင်မှ ရှာမရခဲ့ပါဘူး။ ငါ့ရင်မှာ ဖြစ်တည်ခဲ့ ကြေကွဲမှု သံယောဇဉ် တစ်စတစ်စ ကြီးထွားလာခဲ့ တိုးတက်မှုလမ်းမပေါ်လျှောက်ရင်း အစက ပြန်စခဲ့ရ အားလုံးကို ဥပေက္ခာပြုနိုင်အောင် ကြိုးစားရင်း ငါ့လျှောက်မယ့်လမ်းကို မှန်းဆ အတိတ်က အရိပ်ကို လွမ်းဆွတ်ရင်း အောင်မြင်မှုပန်းတိုင်ကို ရှေ့ဆက်လှမ်းတော့မယ်…. ရေးသားသူ – မနောဖြူလေး


manawphyulayMay 25, 20111min771
ခေါင်းစဉ်ဖြင့် လက်တွေ့စမ်းသပ်ပြုလုပ်မည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA) သည် အသင်းသားများ၏ ICT ပညာရပ်ဆိုင်ရာ လက်တွေ့လေ့လာမှု များအား အထောက်အကူပြုနိုင်ရန်အတွက် လစဉ် LAB Schedule များရေးဆွဲ၍ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်များဖြစ်ကြသော ဦးရဲကျော်သိန်း၊ ဦးအောင်ဇော် မြင့် တို့မှ မေလ (၂၈) ရက်တွင် နေ့လည် ၁းဝဝ နာရီ မှ ၅းဝဝ နာရီအထိ “Router Configuration” ခေါင်းစဉ်ဖြင့် လက်တွေ့ သရုပ်ပြသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ MCPA စာမေးပွဲအောင်မြင်ထားသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်လေ့လာနိုင်ပြီး မေလ (၂၇) ရက် ညနေ (၃းဝ၀) နာရီ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်။ လက်တွေ့ စမ်းသပ်သူ (၂၄) […]


manawphyulayMay 22, 20111min22427
21 ရက်နေ့ စနေနေ့မှာ မြန်မာနက်ဝက် အသင်းဝင်များ တွေ့ဆုံပွဲကို ဝင်ခွင့်နံပါတ်ရထားတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ မြန်မာနက်ဝက်အသင်းဝင်များ တွေ့ဆုံပွဲမှာ အသင်းဝင်အချင်းချင်း ရင်းနှီးချစ်ခင်စေခြင်းအပြင် နည်းပညာများ၊ ဗဟုသုတများကိုလည်း အလွန်တရာမှ တိုးပွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းဝင်များအတွက် ဟောပြောပွဲ ပညာရေးဖလှယ်ပွဲများ ပြုလုပ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ ၁၂ နာရီအတိလို့ ပြောထားပေမယ့် ကျွန်မ Stand Hotel ရောက်သွားတော့ ၁၂ နာရီထိုးဖို့ ၁ဝ မိနစ်လိုပါသေးတယ်။ ဒါနဲ့ ကြိုဆိုရေးနေရာရောက်တော့ ရောက်ကြောင်း စာရင်းပေးတော့ ၁၂ နာရီမှာ လုပ်ပေးပါမယ်ဆိုလို့ ခဏစောင့်ရပါတယ်။ နောက် ၁၂ နာရီထိုးတော့ နံပါတ်နဲ့ နာမည် ကတ်ထုတ်ပေးထားတာဖြစ်တဲ့အတွက် ပြလိုက်တော့ စာရင်းသွင်းပါတယ်။ နောက် ဗြိတိကောင်စီသံရုံးက စာရွက်လေးတစ်ရွက်ပေးပါတယ်။ ကိုယ့်ရဲ့ဓာတ်ပုံကို ယူသွင်းခွင့်ပြုမပြု ဖြည့်ပေးပါတဲ့ဆိုတော့ ဖြည့်ပေးလိုက်ရပါတယ်။ […]


manawphyulayMay 19, 20111min801
သူငယ်ချင်းရေ… ကြုံဆုံလာကြ ဒီဘဝ ရေစက်ဆုံစဉ် တစ်ခဏ နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း နှစ် လ ဟောင်းက အကြောင်းမလျော် ကွဲကြသော်မှ မတော်တဆ ကံပစ်ချ၍ နင်က နိုင်ငံခြားရောက် ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ တစ်ချိန် တစ်ကွေ့ ဘဝတစ်ကွေ့မှာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း လျှောက်ခဲ့ရင်လဲ ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့် မကြည့်လေဟု ငါ မျှော်မှန်းသည် သူငယ်ချင်း…


manawphyulayMay 17, 20111min964
ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဝင်အကျဉ်း ၁။ လူအမည်=သိဒ္ဓတ္ထ ၂။ ဘုရားဘွဲ့=ဂေါတမ ၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေဝီ ၄။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ ) ၅။ ရင်သွေးတော်=ရာဟုလာ ၆။ ယောက်ဖတော်=ဒေဝဒတ် ၇။ မိထွေးတော်=ဂေါတမီ ၈။ နေပြည်တော်=ကပိလဝတ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။ ၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလဝတ်နှင့် ဒေဝဒဟကြား )။ ၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။ ၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း ၁၂။ ဗျာဒိတ်ခံယူသောဘဝ=သုမေဓာရသေ့ဘဝ ၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့ ၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား ၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း […]


manawphyulayMay 15, 20111min22814
ဆိုက်လေးတစ်ခုကို မိတ်ဆက်ပေးပါရစေ။ ယဉ်ကျေးမှုအစစ်အမှန်ဟာ လူ့အနှစ် အမြုတေရတနာဖြစ်ပါတယ်။ ပထဝီအနေအထား၊ လူနေမှု စနစ်၊ ဓလေ့ထုံးစံ ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ ဘာသာအယူဝါဒ၊ အဆိုအတီးအက၊ စာအရေးအသား၊ အတွေးအခေါ် စသည့်တို့ကိုမှီ၍ ယဉ်ကျေးမှု သဘောတရားများ ဖြစ်ပေါ်လာပါတယ်။ မြန်မာနိုင်ငံဆိုရင်ပေါ့လေ။ ကိုယ့်နိုင်ငံကိုယ်ယဉ်ကျေးမှုနှင့် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နှစ်လိုဖွယ်ကောင်းသော အမျိုးသားယဉ်ကျေးမှုတွေကို ပိုင်ဆိုင်ထားပြီး သာသနာစည်ပင်ပြန့်ပွားနေတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ စင်စစ်အမျိုးသားယဉ်ကျေးမှုဆိုတဲ့နေရာမှာ အမျိုးသားစိတ်၊ အမျိုးသား သဘောတရား ကိန်းဝပ်နေသော ယဉ်ကျေးမှု ဖြစ်ပါတယ်။ ယခုအခါမှာ နိုင်ငံခြား ယဉ်ကျေးမှုများ ပျံ့နှံ့လာမှုကြောင့် မြန်မာအမျိုးသားယဉ်ကျေးမှုအတွက် အန္တရာယ်ရှိလာတာကို တွေ့ရှိရပါတယ်။ ကျွန်မ​ စဉ်းစားမိတာပေါ့လေ။ အမျိုးသားယဉ်ကျေးမှုသာ တကယ်လို့ နိမ့်ကျသွားခဲ့ရင် နိုင်ငံနှင့် လူမျိုးလည်း နိမ့်ကျသွားတော့မှာပဲပေါ့။ ဒီလိုတော့ […]