manawphyulayOctober 15, 20141min18013
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ ဆူးတစ်ချောင်းသာဆိုရင်တော့ ရင်ထဲမှာ ဒဏ်ရာကျန်ခဲ့စေဦး နုတ်ပစ်မိမှာ အမှန်ပါ အဲဒီအတွက် ခံစားချက်မဲ့စွာ…. စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက် မင်းသိအောင် ပြောဖို့ ခက်ခဲရင်း မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ ကြာခဲ့ပေမယ့် ခုတော့ ဒဏ်ရာများစွာ… ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့် ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ မေ့ပစ်လိုက်ဖို့ ပြောရအောင် အဲဒါ အိပ်မက်မှ မဟုတ်တာ….


manawphyulayOctober 14, 20141min985
ဪ… ကမ္ဘာ့ရွာတဲ့။ လူအများပြောတဲ့စကား နားမှာ ပဲ့တင်ထပ် အထပ်ထပ်ကြားယောင် လိုင်းကားပေါ်တက် ကားခအပေး စပယ့်ယာအသံ “ဟယ်လို”တဲ့…..။ ၁၅၀ဝ တန်ဖုန်း ကျယ်ပြန့်နေပြန် လမ်းဘေးဈေးသည် ဈေးဝယ်ကို သူ စိတ်မဝင်စား သူ ပြောနေတာ “ဟယ်လို” တဲ့……။ လမ်းလျှောက်ရင်း ဝင်တိုက် တောင်းပန်တဲ့အပြော ကြားရလေမလား ဂရုစိုက် နားထောင် “ဟယ်လို” ကြားရလားတဲ့။ ရွာတော့ ရွာပဲ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုမဲ့ရွာများ ဖြစ်သွားမှာ စိုးရိမ်မိတယ် “ဟယ်လို” တို့ရယ်……။


manawphyulayOctober 13, 20141min1748
ကိုယ်စီးတဲ့ ကိုယ့်မြင်းကို ကိုယ်ကိုယ်တိုင် အထီးအမ မသိ မြင်းပေါ်က ကျွန်မမှာ ရယ်ရပါ၏။ ကိုယ်ရေးတဲ့ ကိုယ့်ကဗျာကို ကိုယ်ကိုယ်တိုင် အမျိုးအစားမသိ ထင်သလို အမည်ပေးတယ် (ကွယ်) ရင်လေးပါဘိ…. ဤစာစုကို ဖတ်မိသော သင် သင်၏မျက်နှာ ပြုံးလိုက်ပါက မှန်မှာဟပ်ထင် သင့်ရုပ်သွင်သည် မလွဲသေချာ ပြုံးလိမ့်မည်မှာ ဧကန်အမှန် ရှိလိမ့်မည်ပါတကား… မနောဖြူလေး ၁၃.၁၀.၂၀၁၄


manawphyulayOctober 4, 20141min1107
မသိလိုချင် မဖတ်ချင်လည်း စိတ်ထဲကတော့ သိချင်လှ နေ့စဉ်အမြဲ ဖတ်နေကျ ကဏ္ဍစုံလင် ဤရေးအင်ကို နှစ်ထောင်းအားရ ရှိပေစွ… လူမျိုးဘာသာ စုံလင်စွာနှင့် ဌာနေဒေသ မတူညီကြ အရောင်အသွေး စုံလင်လှ… အယုတ်အလတ် အမြတ်မရွေး ငယ်သည့်သူလည်း ကလောင်သွေး ကြီးတဲ့သူလည်း မချန်ပါ့ ဆူကြုံနိမ့်မြင့် စုံလင်စွ….. ဝါသနာတူ စာပေလူတို့ ပေါင်းစု အင်အား လာစုကြ တို့တွေ ဂေဇက်ဗျ…. မနောဖြူလေး ခံစားသီကုံးသည် ၄.၁၀.၂၀၁၄


manawphyulayOctober 3, 20141min1095
တိတ်ဆိတ်တဲ့ ဟောဒီည လပြည့်ည မဟုတ်တဲ့ အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့… ပြတင်းပေါက်က ကျလာတဲ့ မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့် ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်…. အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ သူတို့ဘဝတွေက ကျေနပ်ချင်စရာ ဪ… ငါ့ဘဝနဲ့များ တခြားစီ ကြယ်တွေလိုများ ငါ့ဘဝ ပြည့်စုံခဲ့ရင်….. မနောဖြူလေး


manawphyulaySeptember 30, 20141min1125
စားပါ သောက်ပါ စေတနာနှင့် သာယာကြည်အေး လေချိုသွေးသည် တို့ရွာလေး၏ စေတနာ…. လာပါ ရေးပါ ချစ်ပျူငှာနှင့် မေတ္တာချိုမွှေး လေချိုသွေးသည် တို့ရွာလေး၏ အကြင်နာ… ရေးကာဖတ်ကာ၊ ကူညီရှာကြ ညင်သာကြည်အေး၊ လေချိုသွေးသည် တို့ရွာလေး၏ ကရုဏာ… အခေါက်ခေါက် အခါခါ ရောက်ခဲ့မိသည် ရင်မှာ မမေ့ စိတ်ချမ်းမြေ့သည် ယနေ့ထက်တိုင် တို့ရွာထဲတွင် ရနံ့ ကြိုင်ဆဲ လှိုင်ဆဲ သင်းပျံ့ဆဲ….ပါတကား…. မနောဖြူလေး ၃၀.၉.၂၀၁၄


manawphyulaySeptember 29, 20141min653
လွမ်းမိသေးသည် တို့ရွာဆီ၌ ရာသီသုံးမျိုး စာပေဖူးနှင့် ရွှင်မြူးတွယ်တာ မြတ်နိုးစွာဖြင့် စာပေလုပ်ငန်း အားအစွမ်းတို့ ရေး၍မကုန် ဓလေ့ခြုံသည် ရိုးဂုဏ်အလှ ဆင်သောကြောင့်…. အဖွဲ့အနွဲ့ အဆင်တန်ဆာ အလင်္ကာ ခေါ်ဆိုထိုက်၏။ စာပေကို တန်ဖိုးမြင့်အောင် မြှင့်တတ်ပါဘိ….. စာပေကို အဆင်အသတွေနဲ့ ယဉ်လှစေတဲ့ အလင်္ကာ အလင်္ကာ ဆင်ကာသပါမှ စာလှမည်သာ…. မနောဖြူလေး


manawphyulaySeptember 27, 20141min996
ကိုယ့်အိပ်မက်ဥယျာဉ်ထဲက တစ်ပွင့်တည်းသောပန်း အမြဲလန်းတာ မြင်ချင်တယ်…. ပန်းဆိုတာ ကြွေနွမ်း မြေနမ်းရမဲ့ဘဝ မလိုသူ ဆိုကြပါစေ ပန်းမကိုဋ် နန်းထိုက်တင့်တယ် ဝင့်ထည်ထာဝရ ကျွန်မ ထားပါရစေ အိပ်မက်ခြောက်နွမ်း စမ်းရေခမ်းတော့ ချစ်သူပျောက်လို့ လွမ်းရမှာ စိုးရိမ်တယ်…. မနောဖြူလေး ခံစားသည်။


manawphyulaySeptember 26, 20141min1034
ရုတ်တရက်လျှင် ခဏထွက်ခွာ၊ ထိုရွာထဲသို့ တစ်ခါတခေါက်၊ ပြန်မရောက်ခဲ့… စာပေပေါင်းသင်း၊ သူငယ်ချင်းတို့ ကဗျာ စာပေ စုံလင်စွာဖြင့် မျှတပါမှ မျှပါစ….. စာသံပေသံ တေးဆိုညံ၍ စုံတကာစေ့ တို့ရွာတွင်းလည်း စုပေါင်းရေးမှ ရေးပါစ….. စာပေတံတား ပေါင်းစုအားနှင့် အများဝိုင်းဝန်း ကူညီထမ်း၍ လမ်းသစ်ဖောက်မှ ဖောက်ပါစ…. ထိုထိုအတွေး စဉ်းစားရင်းဖြင့် ရောက်ခဲ့တစ်ဖန် တို့ရွာကလေး စိုစိုပြေပြေ ရှိလှပေသည် ဝမ်းသာလှပေစွတကား…… မနောဖြူလေး ၂၆.၉.၂၀၁၄ ညနေ ၄ နာရီတိတိ


manawphyulaySeptember 25, 20141min29928
ခုတစ်လော ဘာမှမရေးဖြစ်သလို အရင်က စာမဖတ်ရင်မနေတတ်တဲ့ ကျွန်မ၊ ခုတော့ ဘာမှလည်းမလုပ်ချင်၊ ဘာမှလည်းမဖတ်ချင်ဆိုတဲ့အတိုင်း ဘာမှမလုပ်ပဲနေကြည့်မိတယ်။ ဒါပေမယ့် စာမဖတ်ပဲ အိပ်မပျော်တဲ့အတွက် စာလေးတော့ နည်းနည်းဖတ်ဖြစ်တယ်။ စာဖတ်ရင်းလည်း တွေးနေမိသေးတယ်။ စာအုပ်ခေတ်ကုန်တော့မည်လားလို့ လူအများအငြင်းပွားဖွယ်ဖြစ်နေချိန် ကျွန်မကတော့ စာဖတ်ရင် လက်ကကိုင်ပြီး ဖတ်တတ်တဲ့အကျင့်ကိုတော့ ခုထိမဖျောက်နိုင်သေးပါဘူး။ လူတော်တော်များများက အင်တာနက် အသုံးပြုရင်း အီးဘုတ်တို့ PDF ဖိုင်နဲ့စာအုပ်တွေ ဖတ်တယ်လို့ ဆိုလာချိန်မှာလည်း ကျွန်မကတော့ လက်ကကိုင်ပြီး ဖတ်ရမှ အားရမိတယ်။ စာအုပ်တွေလက်က ကိုင်ပြီး ဖတ်တော့ ကိုယ်ရပ်ချင်တဲ့နေရာ ရောက်ရင် ခဏမှတ်ထား၊ လိုချင်တဲ့အချက်ကို မျဉ်းစားတတ်တဲ့ အကျင့်တွေနဲ့ အံကိုက်ဖြစ်နေမိတာကိုး။ လက်ကကိုင်ဖတ်မှ စာဖတ်အရသာခံစားမိတော့ တကယ့်စာဖတ် အနှစ်သာရကို အပြည့်အဝခံစားရတယ်လို့ ထင်မြင်မိပါတယ်။ ဒီတော့ ခုထိ ဒီတိုင်းကိုင်ဖတ်နေတုန်းပါပဲ။ လက်က […]