manawphyulayJanuary 15, 20111min560
ဆီးချိုရောဂါ ကာကွယ်ရန်မှာ လူတစ်ဦးချင်းဆီ၏ တာဝန်သာဖြစ်သည်။ အဝလွန်စေမည့် အစားအသောက်များကို ဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။ ယုတ်စွအဆုံး ဓာတ်လှေကား အသုံးပြုမည့်အစား ရိုးရိုးလှေကား အသုံးပြုခြင်းသည်ပင် ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေပါသည်။ ကလေးငယ်များသည်လည်း TYPE – 2 ဆီးချိုရောဂါဖြစ်ပွားမှု တိုးတက်လျက်ရှိသဖြင့် မိဘများက မိမိသားငယ်၊ သမီးငယ်များကို ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဗီဒီယိုရှေ့တွင် အချိန်မကုန်စေရန်၊ ကိုယ်လက်လှုပ်ရှားမှုပြုရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ စားသောက်ပြီး ဆင်ခြင်စရာရှိသည်တွေကို ဆင်ခြင်ဖို့ ပြောဆို သင်ယူရန် လိုအပ်ပါသည်။ ဒါကြောင့် ဆီးချိုရောဂါများ မဖြစ်စေရန် ဖြစ်နေသော သူများကလည်း ဆောင်ရန် ရှောင်ရန်များကိုပြောပြပြီး ဆင်ခြင်စရာများကို ဆင်ခြင်စေရန် ပြောစေချင်ပါသည်ရှင့်။


manawphyulayJanuary 14, 20111min1396
ဘဝဆိုတာ အပြောလွယ်သလောက် နေရခက်တဲ့ဘဝကြီးပါ အမှားအမှန် ဒွန်တွဲ အကောင်းအဆိုး ယှဉ်တွဲ ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ မတည်မြဲတဲ့လောက ဖြစ်တည်ပျက် ကာလသုံးပါး မမြဲခြင်းတရား လက်ကိုင်ထား အတ္တထောင်လွှား မာန်မာန ဖောက်ပြား ကိုယ်ထင် ကုတင်ရွှေနန်း မောဟ ဖုံးလွှမ်းနေတဲ့ ဒီလူ့ဘောင်လောကကြီးမှာ တရားသဘောနဲ့ ဆင်ခြင် အရာအားလုံးဟာ အနစ္စတွေပါတကား…..


manawphyulayJanuary 14, 20111min590
မနက်လင်းလို့ အိပ်ရာထ အလုပ်သွားဖို့ ပြင်ဆင်ရ စီးမယ့်ရထား မှီဖို့အရေး ပြေးလွှား လှုပ်ရှားရင်း ရထားကြီးက တဂျုန်းဂျုန်း လိုက်ပါရစေဦး ခရီးသည်များ များပြားလာ တိုးကာဝှေ့ကာပါ အလုပ်ရောက်ဖို့ တို့အရေး ပြေးကာ တက်ကာ မနှေး လိုရာရောက်ရင် ဆင်းကြတာ ခရီးသည်များပါ ရထားကြီးက ပို့ဆောင်မြဲ ခရီးဆုံးထိပဲ….


manawphyulayJanuary 14, 20111min1298
တစ်ဖက်သားကို နွေးနွေးထွေးထွေး ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မဲ့သူ ပေါ်လာမှာပါ…………….. တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမဲ့သူ ရောက်လာမှာပါ……….. တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကို ထွေးထွေးပိုက်ပိုက် ယုယမဲ့သူ ရှိလာမှာပါ……………… တူသော အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများ ဟန့်တားနိုင်တာ မှတ်လို့ …………..နော် ဟိဟိ မနော ပြောတာ မဟုတ်ဘူးနော်………. အရှင်ဆန္ဒာဓိက ပြောတာပါ။


manawphyulayJanuary 14, 20111min1929
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူ လူအများကိုလည်း လေးစားတဲ့သူရဲ့မျက်နှာဟာ အင်မတန် ကျက်သရေရှိတယ်။ ခင်မင်စရာ လေးစားစရာကောင်းတယ်။ ဒီလိုလူဟာ စိတ်လည်း ပိုအေးချမ်းတယ်။ နူးညံ့တယ်။ ဒီလိုလူဟာ လူ့အသိုင်းအဝိုင်းရဲ့ ကျက်သရေဆောင်လည်းဖြစ်တယ်။ သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင် လုပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် တော်တဲ့သူ စွမ်းတဲ့ ထက်တဲ့သူလို့ ခံစားရသလား။ သူများကိုယ်ကို ကြောက်နေမှ ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။ သူများ ဂုဏ်သိက္ခာကျသွားမှ ကိုယ့်ဂုဏ်သိက္ခာတက်မှာလား။ ဒီမေးခွန်းတွေကို သေသေချာချာ စဉ်းစားသင့်တယ်နော်။ တကယ် လွတ်လပ်တဲ့သူ၊ စိတ်အေးချမ်းတဲ့သူ ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်စေချင်ပါတယ်။


manawphyulayJanuary 13, 20111min985
လူတွေသင့်ကို သဘောကျစေချင်ရင် နားထောင်ကောင်းသူတစ်ယောက်ဖြစ်ပါစေ။ တဖက်လူပြောချင်တာ ပြောအောင် အားပေးပါ။ နေမင်းကြီးဟာ မကွယ်ခင်မှာ ကိုယ်တိုင်လည်းတောက်ပ ၊ လောကကြီးလည်း အလှဆင်သလို လူဟာလည်း မသေခင်မှာ ကိုယ့်အကျိုး လည်း ဆောင်ရွက်၊ သူတပါးအကျိုးလည်း သယ်ပိုးကြရပါတယ်။ စိတ်ညစ်ခြင်းဟူသည် လူတွေအတွက် အလွယ်ကူဆုံး စိတ်ခံစားချက်ဖြစ်၍ ပျော်ရွှင်ခြင်းဟူသည်ကား အခက်ခဲဆုံး စိတ်ခံစားချက် ဖြစ်သည်။ လိုအင်ဆန္ဒ အနည်းဆုံးသူဟာ စိတ်အချမ်းသာဆုံးသူပဲ ..တဲ့။ဘယ်လောက်ပဲချမ်းသာ ချမ်းသာ လိုချင်တာတွေ များနေသရွေ့တော့ လိုအင်ဆန္ဒမပြည့်လို့ စိတ်ဆင်းရဲနေမှာပဲ…. အပြိုင်အဆိုင် လောကကြီးမှာရောက်နေတော့ ကိုယ်လည်းပြိုင်ပွဲဝင်နေရမှာပဲ ။ ပြိုင်တဲ့အခါ ပြိုင်တတ်ဖို့လိုတယ်။ မနေ့ကငါ၊ ဒီနေ့ငါ ၊ မနှစ်က ငါ၊ ဒီနှစ်ငါ။ ပိုတော်လာအောင်ပြိုင်ရမယ်။ သူများနဲ့ မပြိုင်နဲ့ ကိုယ်နဲ့ကိုယ်သာပြိုင်။ မပြုံးချင်ဘူးလား။ ပြုံးလို့မရဘူးလား။ဒါဆိုရင် မရရအောင်ပြုံးကြည့်ပါ။တယောက်တည်းနေတဲ့အခါ […]


manawphyulayJanuary 13, 20111min1105
ချစ်သူရေ… ကို့ကို့ ….ကို ချစ်လားဟင် ချစ်တာပေါ့ ကိုကိုရယ် ။ ဘယ်လောက်ကြီး ချစ်သလဲ မိုးလောက်ကြီးချစ်ပါတယ် ။ ဘယ်ထဲက ချစ်တာလဲ နှလုံးသားထဲက ချစ်ပါတယ် ။ ဘယ်လောက်ကြာကြာချစ်မှာလဲ ကမာ္ဘတည်သ၍ ချစ်ပါ့မယ် ။ ကိုကို …ဘယ်သွားသွားလိုက်မှာလား လိုက်မှာပေါ့ ။ နတ်ပြည်သွားရင်ကော . . . လိုက်မှာပေါ့ ။ ငရဲပြည်သွားရင် ကော . . . လိုက်မှာပဲ ။ မြို့ ထဲက အနှိပ်ခန်းတွေ သွားရင်ကော သွားရဲသွားကြည့်. . . . အကြောင်းသိရမယ် ။


manawphyulayJanuary 13, 20111min823
လေပြွန် ရောင်ခြင်း ဆိုသည်မှာ အဆုတ် အတွင်း လေဖြတ် သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်း ခြင်း ကို ခေါ် ပါတယ်.. လေပြွန် ပတ်လည် ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့ အတူ ချွဲသလိပ် များပြား လာခြင်း ကြောင့် လေပြွန် ကျဉ်းမြောင်း လာ၍ ချောင်းဆိုး သလိပ် ထွက်ဖြစ် လာပြီး မောလာ တတ် ပါတယ်.. လေပြွန် ရောင်ခြင်း ကို 1.    လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့ 2.    နာတာရှည် လေပြွန် ရောင်ခြင်း […]


manawphyulayJanuary 13, 20111min500
ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအားလုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်။ သင်အလုပ်အကိုင်ရှာနေပါသလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင်ချင်ပါသလား၊ အလုပ်ရုံတွင် လူတော်တစ်ယောက်ဖြစ်လိုပါသလား။ ထိုအရာအားလုံးကို ကွန်ယက်အဖွဲ့အစည်းတစ်ခုထဲ၌ပင် ရရှိနိုင်သည်။ သင့်ကိုအပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြော သမျှကို လက်ခံနားထောင်ပေးမည့်သူများအား ရွေးချယ်နို်င်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံအစစ်အမှန်ကို ရရှိမည်ဖြစ်သည်။ သင့်ဆန္ဒနှင့် ကိုက်ညီမည့်အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်လျှင်လိုက်ခြင်း ထိုအဖွဲ့အစည်းတွင် ကိုယ့်သဘောနှင့် ကိုယ်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သင်၏အသိဉာဏ်ကို တိုးတက်စေပါတယ်။ အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော The Jennings Company ၏အကြီးအကဲ Kathleen Jenning က ‘ကွန်ယက်ဆက်သွယ်ရေးသည် သင်သိသောအရာမဟုတ်၊ သင့်ကိုသာသိသောအရာဖြစ်သည်’ ဟုဆိုသည်။ အလုပ်အကိုင်ကွန်ယက်များဖြင့် ဆက်သွယ်နိုင်ခြင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများ၏ မိန့်ခွန်းပြောကြား ချက်များအား နားဆင်နိုင်ခြင်း၊ အလုပ်အကိုင်များတွေ့ရှိနိုင်ခြင်း (သို့) […]


manawphyulayJanuary 12, 20111min803
Window Seven သုံးနေတာ အခုထိတော့ ပြဿနာ မတွေ့သေးဘူး။ သုံးလို့လဲ ကောင်းနေတုန်းပဲ။ အခု သုံးနေတဲ့ Window 7 က Activated Key တောင်းတယ်။ ဆိုင်က ဝယ်တုန်းကတော့ ကီး(၅)ခု ပါလာတယ်။ အင်တာနက် ချိတ်ဆက်ပြီး Activate လုပ်ရတယ်။ ကွန်မကောင်းရင် အပြည့်သုံးဖို့ မလွယ်လှဘူး။ အခု ခွေအသစ်တစ်ခု ရထားတယ်။ သူငယ်ချင်းတစ်ယောက်က ဝယ်ထားတာ။ Full Version လို့ ဆိုတာပဲ။ ကီးလဲ မတောင်းဘူးတဲ့။ တောင်းပြီး ထပ်တင်ကြည့်မလားလို့ စိတ်ကူးမိတယ်။ အခုကတော့ English Site တော်တော်များများမှာ Window 7 ရဲ့ ကောင်းကွက်တွေ၊ အသုံးဝင်ပုံတွေ ရေးထားတာတွေ့ရတယ်။ မိမိကလဲ အင်္ဂလိပ်စာ ခပ်ကျွမ်းကျွမ်းဆိုတော့ ဟီး။ […]


manawphyulayJanuary 12, 20111min1299
စိတ်တွင် မနော ဖြူသည့် စိတ်ရင်း သတ်မှတ်ရင်းဖြင့် မနောဖြူလေးဟု မည်တွင်သညာ၊ အဟံ ငါသည် အလင်္ကာမှ၊ သိမ်မွေ့လှသည့် ရသစာပေ၊ ကဗျာများကို ပေးဝေပြီးခါ၊ ဆက်၍သာလျှင် ဖြန့်ဝေသွားမည်။ မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု ဝမ်းနည်းမှုကို မျှဝေသွားမည် လောကတစ်ခွင် ဘုံ ၃၁ နေနေသမျှ ကာလပတ်လုံး သင်းပျံ့ပန်းကုံး သီကုံးရင်းနဲ့ တတ်စွမ်းသမျှ ကူညီသွားမည့် မနောဖြူလေးပင် ဖြစ်ပေသည်။


manawphyulayJanuary 12, 20111min1114
ခေတ်တစ်ခေတ်ရဲ့သမိုင်းကြောင်း လေ့လာလို့ မပြီးဆုံးသေး နောက်တစ်ခေတ် ရောက်ရှိလို့လာခဲ့ ဪ…. IT ခေတ်ဆိုပါလား… တဖြည်းဖြည်းနဲ့ လိုက်မမီတော့တဲ့ ခေတ်ကို ရောက်ရှိနေပါပြီကော မမီ မီရာနဲ့ လိုက်ဆိုသလို ရောက်နေတဲ့နေရာက ဆက်လိုက်ခဲ့ရ တော်သေးပါရဲ့ ငါ အလှမ်းမဝေးသေးပါလား…. တွေးတုန်းရှိသေး Internet ခေတ်ကို ထပ်မံရောက်ရှိလို့လာပြန် အင်း… လိုက်လေ ဝေးလေ ခေတ်ပြောင်းကြီးထဲ ငါ့ဘဝ ဘယ်လိုများမှ မီအောင် ဆက်လိုက်ရပါ့….


manawphyulayJanuary 12, 20111min23914
မှန်ကန်သော ဆေးနည်းဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။ အမျိုးသားကော အမျိုးသမီးပါ လွယ်ကူစွာ သုံးစွဲနိုင်ပါတယ်။ ဒီဆေးနည်းဟာ ငွေကုန်သက်သာတဲ့အပြင် လျင်မြန်စွာ ပျောက်ကင်းပါတယ်။ ရှောက်ရွက်နှင့် ရှောက်သီးရဲ့အခွံတွင် အဖိုးတန်တဲ့ အဆီဓာတ်တစ်မျိုး ပါရှိပါတယ်။ ထိုအဆီဓာတ်ဟာ လေရောဂါများ၊ အသည်းနှလုံးကို အဆီဖုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး အလှပျက်အောင် ဝမ်းဗိုက်ရွှဲလာသော အမျိုးသမီး၊ အမျိုးသားများအတွက် အလွယ်တကူ ဖော်စပ်သုံးနိုင်တဲ့နည်းကို တင်ပြလိုက် ပါတယ်။ ပထမ ရှောက်ရွက်ကြမ်းတွေကို အရင်ရှားထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း (ဟင်းစားဇွန်း) စီ ထည့်ရပါမယ်။ ပြီးရင် ပုလင်းတစ်လုံးစီမှာ ရှောက်ရွက်ကိုးရွက်စီ ထည့်ပေးပါ။ နောက် ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်ပြီး နေပူထဲ တွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ထိုရှောက်ရွက်စိမ်ထားသော […]