manawphyulayOctober 10, 20101min670
ဖြူစင်တဲ့စိတ်ကလေးနဲ့ အပူအပင်ဖွဲ့ အရိပ်တွေဖြင့် မေတ္တာရည် အလှလွှမ်း သစ္စာတည် ဘဝလမ်း လျှောက်လှမ်းခဲ့ပေ….။ ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့ မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ လူတကာတွေ မေးငေါ့မှာကြောက်… လိပ်ပြာလုံ သိက္ခာဂုဏ် ရိုးသားစွာဖြင့် ရိက္ခာအစုံ တိုးပွားမလာလဲ (နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။


manawphyulayOctober 9, 20101min886
ဘဝဆိုတာ ပျော်ရာမှာ မနေရ တော်ရာမှာနေရ ဘဝနဲ့ အလှ ဘာကို ရွေးချယ်မလဲလို့မေးရင် လူတိုင်းလူတိုင်း အလှကိုဘဲ ရွေးချယ်ချင်ကြတာပေါ့။ သဘာဝတရားကြီးက လူတွေကို သူ့နေရာနဲ့သူ နေရာမှန်ကို ပို့ဆောင်ပေးမြဲ နေတတ်ဖို့ အရေးကြီးသလို လမ်းမှန်ဖို့လည်း လိုတာပါပဲ။ လမ်းမှန်မှသာ ကိုယ့်လျှောက်မယ့်လမ်းဟာ ဖြောင့်ဖြူးမှာပေါ့။ ကိုယ်လျှောက့်မဲ့လမ်းကို အဆုံးထိ လျှောက်မှ လမ်းဆုံးကို ရောက်မှာပေါ့…..


manawphyulayOctober 9, 20101min623
အင်း… ထပ်မံပြီး တောင်းခဲ့ရင်တောင်မှ ငါ့မှာ ဘာမှထပ်ပြီး ဆုံးရှုံးစရာ မရှိတော့ပါဘူး ဘာဖြစ်လို့လဲဆိုတော့ တစ်ချိန်တုန်းကပေါ့… သေခြင်းတရားရဲ့ အနာဂတ်ထဲမှာ ငါဟာ လူတွေကို စူးစိုက်ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ ဘာမှလည်း မမြင်နိုင်တော့ပါဘူး ဟီရိုရှီးမား ဗုံးပေါက်ကွဲခဲ့စဉ်က ကြားပဲ ကြားဖူးခဲ့တာပါ မြင်မှ မမြင်ခဲ့ရဘဲ ခုတော့ လက်တွေ့ကြုံခဲ့ရပြီလေ… ပြီးတော့ တစ်ချိန်တုန်းကပေါ့ကွယ် ညီမလေးတစ်ယောက်နဲ့အတူ ပုဇွန်တောင်မြို့နယ်ဆိုတဲ့ ကုန်စည်ပြပွဲတစ်ခုမှာပေါ့… ငါဟာ မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ် ဘယ်သူမှ မထင်မှတ်ထားတဲ့အရာကြောင့် လူတွေဟာ ထိန်းမနိုင် သိမ်းမနိုင် ကစဉ်ကလျားနဲ့ သေဆုံးခဲ့ရရှာတဲ့အထိပါပဲ အခုတော့ ဒီကုန်စည်ပြခန်းကြီးဟာ သူ မဟုတ်တော့သလို အဖြူရောင်အဆောက်အအုံနဲ့ ပြတင်းပေါက်တွေမှာတော့ တိတ်ဆိတ်ငြိမ်သက် လုံခြုံစွာနဲ့ တည်ရှိနေဆဲပေါ့… ငါ့ရဲ့ ကံကြမ္မာဟာ ငါ့ဦးခေါင်းပေါ်ကနေ […]


manawphyulayOctober 9, 20101min1298
ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုနယ်ရှိ အရှေ့ရိုးမတောင်တန်း အဝင်အပါဖြစ်သော ပေါင်းလောင်းတောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ တန်ခိုးကြီးတဲ့ စေတီတစ်ဆူဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီး စေတီတည်ရှိတဲ့တောင်ကိုလည်း ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတယ်။၊ ကျိုက်ထီးရိုးစေတီတည်ရှိရာ တောင်ထွတ်မှာ ပင်လယ်ပြင်မှ ပေ ၃၆၀ဝ ခန့် မြင့်ပါတယ်။ ကျိုက်ထီးရိုးစေတီ တည်နေပုံမှာ အံ့ဩဖွယ်တော်တော်ကောင်းပါတယ်။ ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင်တစ်ခုရဲ့အစွန်းမှာ လုံးပတ် ပေ ၅ဝ ခန့်ရှိသော ဦးခေါင်းပုံသဏ္ဍာန် ကျောက်လုံးကြီး တစ်ခုက ပြုတ်လုတည်းကာတင်နေတာကို တွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်တွင်မှ—ဉာဏ်တော် ၁၅ ပေခန့် မြင့်သော စေတီတော်ကို တည်ထားတာတွေ့ရတယ်။ ပြီးတော့ စေတီတည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေပြီး သံတံတားငယ်ဖြင့် ဆက်သွယ်ထားတာကို တွေ့ရပါတယ်၊ စေတီတည်ထားရာ ကျောက်တုံးကြီးဟာ လူတစ်ယောက် တွန်းလိုက်ရုံနှင့် လှုပ်ရှားသွားတာတွေ့နိုင်တယ်။ ထိုကျောက်တုံးကို […]


manawphyulayOctober 9, 20101min14810
လူ…. လူရယ်လို့ ဖြစ်လာရင် စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်ကြရမှာ အမှန်ပဲမလား။ အဲဒီအတွက် စီးပွားရေး၊ လူမှုရေးကလည်း တစ်ဖက်တစ်လမ်းပါဝင်နေပြန်ပါရော… ကျွန်မ ပြောချင်တာက ဘာလဲဆိုတော့ လူတစ်ဦးတစ်ယောက်ဟာ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဆက်ဆံတတ်ဖို့ အဓိကအရေးကြီးဆုံးပဲလို့ ထင်မိပါတယ်။ လူမှုပေါင်းသင်း ဆက်ဆံရေးဆိုတဲ့နေရာမှာ အရေးပါနေလို့ပါပဲ။ ဒါပေမယ့် ဆက်ဆံရေးမှာ မိမိအား တစ်ဖက်လူ အထင်ကြီး လေးစားအောင် လုပ်မယူသင့်သလို အထင်သေးအောင်လည်း မနေသင့်ဘူးလို့လည်း မြင်မိတယ်လေ။ အရှိကို အရှိအတိုင်း ကိုယ့်ရဲ့စိတ်သဘာဝအတိုင်း ပြုမူဆောင်ရွက်ရင် လူအများနဲ့ သဟဇာတ တည့်နိုင်ပါတယ်။ လူအများကြား အမြဲလက်မ ထောင်ချင်နေလို့မရသလို တစ်ချိန်ချိန်မှာ မိမိခြေချော်လက်ချော် ရှုံးနိမ့်သွားခဲ့ရင်လည်း တစ်ပါးသူရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရနိုင်ပါတယ်။  အဲဒီလိုပဲ စစ်မှန်တဲ့ခင်မင်မှုကသာ အပေါင်းအသင်း မိတ်ဆွေမှာ တစ်ဦးကို […]


manawphyulayOctober 8, 20101min1258
လောကကြီးကို ဖြန့်ကျက်ကြည့်လိုက် ဟောဟိုက လူူတချို့ရဲ့လက်ထဲမှာ လိုရာစေနိုင်တဲ့ နည်းပညာတွေက ပြိုးပြိုးပြက်ပြက် ပညာ ဘယ်ကိုလဲ ပညာ ဘာအတွက်လဲ ပညာ ဘာလုပ်ရသလဲ မြင့်မြင့်ပျံရင် ဝေးဝေးမြင်တယ်တဲ့ နည်းပညာတိုးတက်နေတဲ့ခေတ် တစ်ကမ္ဘာလုံးကို မြင်နိုင်ပြီ နည်းပညာက ခိုင်းစေမှာလား လူသားတွေက စေခိုင်းမှာလား မဝေဝါးပဲ အသေချာစဉ်းစား ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက် ဦးနှောက်တစ်ခုစီ ပိုင်ဆိုင် လူသားတိုင်းအဖြစ် ဖိနပ်နဲ့ ဝတ်စုံကောင်းပါလျက် ပန်းမဝင်နိုင်သေးတဲ့ ကမ္ဘာကြီးအတွက် ရှိပြီးသား အင်အားတွေကို တို့အားလုံး မျှဝေကြရအောင်


manawphyulayOctober 5, 20101min980
လူဆိုတာ ကိုယ့်ကိုယ်ပိုင် သီးသန့်ကိုယ်ရည်ကိုယ်သွေးများကို ငါကွလို့ ပြလိုက်ရရင် အလွန်ပျော်တတ်တာပါပဲ။ တခြားနာမည်ကြီးတွေကို လိုက်လုပ်တာမျိုးမှ မဟုတ်တာကိုး။ ဒီလိုပါပဲ ယောက်ျားဆိုရင် မာမာထန်ထန်ဖြစ်ရမယ်။ မိန်းမကတော့ ပျော့နဲ့နဲ့လို့ အဲလို ဘောင်ခတ်ထားဖို့လည်း မလိုပါဘူး။ ဥပမာ မြင်ယောင်ကြည့်လိုက်။ အသုဘလိုက်ပို့ဖူးတယ်မဟုတ်လား။ မိန်းမတွေ ငိုနေ၊ ယောက်ျားတွေကတော့ မာတင်းတင်းမျက်နှာပေးတွေနဲ့လေ။ ယောက်ျားပဲကွာ ခံစားမှုကို ဘယ်ထုတ်ဖော်လို့ကောင်းမလဲ။ မိန်းမက ခံစားရသမျှ ဖော်ပြရတာချည်းပဲ။ အဲသလို သဘာဝလောကက သမားရိုးကျ မျှော်လင့်ထားကြတဲ့အတိုင်း နေကြရတာပဲ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက လူတိုင်း လူတိုင်း မျှော်လင့်ထားတာတွေနဲ့ မကိုက်ညီနိုင်တာပါပဲ။ အော်ငိုချင်ပေမယ့် ကိုယ့်ကို်ယ်ကိုယ် အတင်းချုပ်ထားရတဲ့ ယောက်ျားဟာ တကယ်တော့ မာလှသူမှမဟုတ်တာ။ သူက အများ မျှော်လင့်ချက်နဲ့ကိုယ်အောင် ဟန်ဆောင်ထားသူပဲ။ အဲ မိန်းမတွေလည်း ဒီအတိုင်းပဲပေါ့။ […]


manawphyulayOctober 5, 20101min981
လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်းများလှ၏။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။ လူတွေသည်၊ ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။ မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။ သင်အောင်မြင်ပြီဆိုလျှင်၊ သင့်၌မိတ်ဆွေအတုအယောင်များရော၊ ရန်သူစစ်စစ်များပါရရှိလာလိမ့်မည်။ မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။ ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေကြုံချင်ကြုံရလိမ့်မည်။ မည်သို့ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။ သင်ယနေ့ပြုသည့်ကောင်းသောအမှုကို မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။ မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကိုပြုမြဲပြုပါ။ အကြီးအကျယ်ဆုံး စိတ်ကူးဉာဏ်ရှိသည့် အမြင့်မားဆုံးပုဂ်ဂိုလ် သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးမွှားဆုံး လူထံ ဝေဖန်ခြင်းကဲ့ရဲ့ အပုပ်ချခြင်းခံချင်ခံနိုင်သည်။ မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာစဉ်းစား ကြံစည်ပါ။ လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတတ်သည်ဆိုသော်လည်း (လက်တွေ့၌ ) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ […]


manawphyulayOctober 2, 20101min670
လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မတို အရင်တုန်းက ကိုယ့်ဘဝကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ […]


manawphyulayOctober 2, 20101min671
ရင်ဘတ်ထဲက ထွက်ကျလာသော စကားများကို ရင်ဘတ်နဲ့ ဖတ်ကြည့်ပေးပါ…………… ကံကြမ္မာတစ်ခု စေစားပြု လူ့ဘဝကို ရရှိခဲ့တယ် ခက်ခဲကြမ်းတမ်း လှိုင်းတံပိုးထန်နေတာ ဒါဟာ လူ့ဘဝတဲ့လား…. ငါမတွေးလို ဖြစ်ချင်တာတွေ မျိုသိပ် ဖြစ်သင့်တာတွေ ဦးစားပေး ဒါဟာ လူ့ဘဝတဲ့လား… ငါတို့သမိုင်းတစ်လျှောက်မှာ ကန့်သတ်ချက်တွေနဲ့ စည်းချထားလေသလား… ဒါမှမဟုတ် ဗီဇအတိုင်းနေရမလား အခြေအနေအတိုင်း နေရမလား မေတ္တာဆိူတာရောင်ပြန် အသွားအပြန်ရှိတယ်ဆိုတဲ့စကား မှားများနေသလား… ဘဝဆိုတာ သင်ခန်းစာတွေ သင်ယူဖို့လား ပို့ချဖို့လား ကိုယ်တိုင်ကရော ဘာလဲ ကိုယ့်ကိုယ်ကိုယ်တောင် ဘာမှန်းမသိတဲ့ လူတစ်ယောက်အဖြစ် ငါဟာ လှုပ်ရှားနေတာလား… လှိုင်းကြီးရင်လှေအောက် တောင်ကြီးရင် ဖဝါးအောက် လျှောက်နိုင်မယ့် လူသားတစ်ယောက်အဖြစ် ငါ ရပ်တည်ချင်တယ်…. စာရေးသူ – မနောဖြူလေး


manawphyulayOctober 2, 20101min772
စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့ ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။ တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သား မကျင့်ကြံကြသည်က များနေသည်ကို တွေ့ရှိရပေသည်။ စကားပြောကောင်းခြင်း၊ စကားကို ရေလည်ပတ်လည် ပြောဆိုတတ်ခြင်း၊ လိုရင်းတိုရင်းဖြစ်အောင် ပြောဆိုတတ်ခြင်းစသည့် အချက်အလက်များကို စကားပြောဆိုရာ၌ အထူးသတိထားရန် လိုအပ်လှပေသည်။ စကားပြောဆိုကောင်းလျှင် အရာရာကို အောင်မြင်သကဲ့သို့ လူချစ်လူခင်လည်း ပေါများပေသည်။ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍ မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ(၆)ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ……….. ၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။ ၂။ […]


manawphyulayOctober 1, 20101min1674
၁။ လူတစ်ယောက်ရဲ့ဘဝ ကောင်းခြင်း၊ မကောင်းခြင်းဟာ သူရဲ့စိတ်နဲ့ ကိုယ်ကျင့်တရားပေါ်မှာပဲ ရပ်တည်တယ်။ အခြားဘာဆိုတာနဲ့မှ ပတ်သက်စရာမရှိဘူး။ ၂။ ဘဝရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာ ကိုယ်ကျင့်တရားဆိုတာမသိထားကြလို့ လူတွေဟာ အောင်မြင်သူနည်းလှတယ်။ ၃။ ကြီးမားခိုင်ခံ့တဲ့ ကိုယ်ကျင့်တရားဟာ ရိုးစင်းသေးငယ်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်လေးတွေက ပေါက်ဖွားလာတာဖြစ်တယ်။ ၄။ ကိုယ်ကျင့်တရားကောင်းကို ဘယ်ကုသိုလ်ကောင်းမှုကမှ လိုက်မမီဘူး။ ၅။ လူငယ်တစ်ယောက်ကို ပညာသင်ပေးနေရခြင်းဟာ သူပညာတက်ဖို့ထက် စာရိတ္တပြုပြင်ဖို့သာဖြစ်တယ်။ ၆။ သူတစ်ပါး ကိုယ်ကျင့်တရားတွေ၊ ပြုပြင်ပေးချင်တဲ့ စိတ်ရှိရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ကိုယ်အရင်ဆုံးခိုင်မာအောင်ပြင်ပါ။ ၇။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားက ဖြစ်ချင်ရာမဖြစ်ရ၊ ဖြစ်သင့်တာပဲဖြစ်ရပါမယ်။ ၈။ အသက်ရှင်နေထိုင်ခြင်းမှာ အသက်ရှူရန်နှင့် စားသောက်ရန်အတွက်သာမဟုတ်ဘဲ အမြဲတစေပဲ ကိုယ်ကျင့်တရားကို မွေးဖွားပြုစုရမှာဖြစ်တယ်။ ၉။ စိတ်ထားညံ့ပြီး ကိုယ်ကျင့်တရားပျက်တဲ့သူဟာ ကိုယ်လုံးတီး လမ်းလျှောက်တဲ့လူထက် […]


manawphyulayOctober 1, 20101min1013
အင်တာနက်ကို မိမိတို့ ဘဝတစ်စိတ်တစ်ဒေသအဖြစ် ယုံကြည် လက်ခံထားသော လူတော်တော်များ တိုးပွားများပြားလာကြတယ် နော်။ ‘ဒီလိုပဲ မကြာမီက ပေကျင်းမြို့တော် မှာ အွန်လိုင်းစွဲရောဂါ ကို ကုသဖို့ ဆေးရုံတောင် ဖွင့်ပြီး ဘေးထွက် အကျိုးဆက်ရှိကြောင်း အသိအမှတ်ပြုနေတယ်ဆိုဘဲ။ တချို့ကတော့ အင်တာနက်အစွဲ စိတ်ကစင့်ကလျားရောဂါ လို့လည်း သုံးနှုန်းကြတယ်။ နောက်ပြီး ဆိုက်ဘာစွဲရောဂါ ၊ အွန်လိုင်းအစွဲရောဂါ စသဖြင့် ခေါ်ကြတယ်။ မိတ်ဆွေရေ… ကျွန်မတို့ကော ‘ဒီရောဂါ စွဲကပ်နေပြီလား။ ဒါဟာ ပြန်စဉ်းစားရမယ့်အချက်ပဲနော်။ ဂျိုနသန်ဘီးရှော့ကတော့ ဒီအင်တာနက်အစွဲကို ရောဂါလို့ သူက မသတ်မှတ်ဘူးတဲ့။ အဲ သူက ပြောသေးတယ်။ သူ့အထင်ကတော့ လူတွေဟာ အင်တာနက်ကို အစွဲအလန်းကြီးတာလို့ မထင်ဘူးတဲ့။ အင်တာနက်က ပေးတဲ့ လူမူရေး အတွေ့အကြုံတွေကိုသာ စွဲလန်းတာပါတဲ့။ […]