manawphyulayAugust 14, 20141min2514
ဩဂုတ်လ အတွက် ဂရီယာဆန်ဆုရ မှတ်တမ်း ရုပ်ရှင် ဗြိတိသျှကောင်စီတွင် ကြည့်နိုင်ပြီ ဗြိတိသျှကောင်စီ မြန်မာတွင် မြန်မာပရိသတ်များအတွက် ယူကေနိုင်ငံမှ ဆုရ မှတ်တမ်း ရုပ်ရှင်များကို လစဉ် (၂၀၁၄ မေလ မှ ဒီဇင်ဘာလ အထိ) ပြသမည် ဖြစ်ပါသည်။ ဩဂုတ်လ အတွက် ပြသမည့် ရုပ်ရှင်မှာ ဒါရိုက်တာ Lucy Bailey နှင့် Andrew Thompson တို့မှ ရိုက်ကူးထားသည့် Mugabe and the White African ဖြစ်ပါသည်။ နေ့ရက် – ၂၀၁၄ ဩဂုတ်လ ၂၁ ရက် (ကြာသပတေးနေ့) အချိန် – ညနေ ၆ နာရီ မှ ၈ နာရီ […]


manawphyulayAugust 14, 20145min25116
၁။ ဓမ္မရာဇက ဘုုရားအတွင်းရှိ ရေထွက်ပေါက်တစ်ခုု ၂။ အာနန္ဒာဘုုရားအတွင်းရှိသစ်သားတံခါးကြီးများ ၃။ အာနန္ဒာဘုုရားအပြင်ဘက်အုုတ်ဖြင့်ပြုလုုပ်ထားသောပန်းပုုလက်ရာများ ၄။ သထုုံပြည့်ရှင်မင်းကြီး အကျဉ်းချခံနေပုုံကိုုဖေါ်ကျူးတည်ထားသော မနူဟာဘုုရားကြီး ၅။ စွယ်တော်ဋ္ဌာပနာထားသော ရွှေစည်းခုုံစေတီတော်မြတ်ကြီး ၆။ ဧရာဝတီကမ်းနဖူးက ဘူးဘုုရား ၇။ ပုဂံရောက်ရင်ဖြင့် မသွားမနေနိုင်တဲ့နေရာလေးတစ်ခု ရွှေဆံတော်ဘုရား


manawphyulayJuly 31, 20141min2049
ဒီကနေ့ မြန်မာနိုင်ငံဟာ အမှန်တကယ်ပြောင်းလဲနေပြီလို့ ယုံကြည်ပါသည်။ ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အဓိကလိုအပ်ချက်တစ်ခုက မြန်မာလူမျိုးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက လူတွေက အပြန်အလှန်လေးစားလာဖို့လိုပါသည်။ ဒီလိုအပြန်အလှန်လေးစားလာဖို့က မြန်မာလူမျိုးတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်း၊ အတွေးအခေါ်၊ အလုပ်အကိုင်၊ ဝတ်စားဆင်ယဉ်မှု၊ နေထိုင်မှု၊ စားသောက်မှု ကအစ ပြောင်းလဲရမှာ အမှန်ပင် ဖြစ်ပါသည်။ ဒီလိုပဲ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာပြီဖြစ်သည့် အတွက် မြန်မာလူငယ်လူရွယ်များ စံချိန်စံညွှန်း အရည်အသွေးပြည့်မှီတဲ့ အလုပ်အကိုင်ကောင်းများ ရရှိစေဖို့ အသက်မွေးမှုအတတ်ပညာများကို အလုပ် လုပ်ရင်း အလုပ်သင်ပညာတတ်မြောက်စေရန် ရည်ရွယ် ဖွင့်လှစ်သည့် သင်တန်းများအကြောင်းကို တင်ပြချင်ပါသည်။ လူငယ်များ အသက်မွေးမှု ပညာရပ်တစ်ခု တတ်မြောက်ထားဖို့ အမှန်တကယ် လိုအပ်လှပါသည်။ အလုပ် လုပ်ရင်း ကုန်ကျစရိတ် မရှိသော သင်တန်းများ သင်ယူလေ့လာလို့ ရသည့် အတတ်ပညာများမှာ […]


manawphyulayJuly 30, 20141min1936
ပြီးခဲ့တဲ့နှစ်တွေက တစ်စတစ်စနဲ့ ပျောက်ဆုံးသွားခဲ့လေပြီ။ အတိတ်ရဲ့နေ့ရက်များက ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့် ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ လှုပ်ရှားရုန်းကန်နေဆဲ…. ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့ လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက် တစ်နာရီပြီး တစ်နာရီ တစ်နေ့ပြီး တစ်နေ့ တစ်လပြီး တစ်လ တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော်နေမြဲ မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း ဆက်လျှောက်နေဆဲ…. ဘဝက ခါးသီးတာလား ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား ခုတိုင် ထင်မှတ်မှားနေဆဲ…… ပြန်မရသော အတိတ် ခြေရာကောက်ရင်း ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ တစ်ခေါက်ပြန်အရောက်ဟာ ဖြစ်လာနိုင်ပါဦးမလား… မနောဖြူလေး ၃၀.၇.၂၀၁၄


manawphyulayJuly 26, 20142min29017
သန်လျှင်တံတား အကျော်တွင် တည်ဆောက်လျှက်ရှိသော Star City အိမ်ယာ စီမံကိန်းသို့ သွားရောက်လေ့လာခဲ့သည်။ အိမ်ယာများသည် ဈေးနှုန်း အနိမ့်ဆုံး သိန်း ၉၀ဝ မှ အမြင့်ဆုံး ၄၅၀ဝ သိန်းအထိ အခန်းများ ရှိပါသည်တဲ့။ ဘယ်လိုလူမျိုးတွေ ဝယ်နိုင်မည်လဲ။ အောက်ခြေလူတန်းစားနှင့် အလယ်အလတ် လူတန်းစားများ ဝင်ရောက်နေရာယူဖို့ မဖြစ်နိုင်သော နေရာတစ်ခုပင် ဖြစ်ပေသည်။ ယခုပြီးသမျှ နေရာများတွင် City Mark ဖွင့်ခြင်း၊ Cafe’ ဆိုင်၊ YKKO ကြေးအိုးသည်လည်း နေရာယူထားလေသည်။ ပစ္စည်းအမျိုးအမည်တူသော ဆိုင်ခန်းများ ထပ်မံ မငှားဟု သိရပါသည်။ တိုက်ခန်းတစ်ခန်းဆီအတွက် ကားပါကင်တစ်နေရာစာသာ ပေးထားပါသည်။ ယခုလက်ရှိတွင်လည်း တချို့တိုက်ခန်းများကို နိုင်ငံခြားသားများ ငှားရမ်းသုံးစွဲနေပြီ ဖြစ်ပါသည်။ အိမ်ယာဝင်းအတွင်း ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ […]


manawphyulayJuly 24, 20141min1001
စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ မင်းအချစ်တွေ မဟုတ်ဘဲ ဆူးတစ်ချောင်းသာဆိုရင်တော့ အသည်းမှာ ဒဏ်ရာကျန်ခဲ့စေဦး နုတ်ပစ်မိမှာ အမှန်ပါ အဲံဒီအတွက် ခံစားချက်မဲ့စွာ။ စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက် မင်းသိအောင် ပြောဖို့ ခက်ခဲရင်း မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ ခုတော့ ဒဏ်ရာများစွာ။ ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်ကို ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ မေ့ပစ်လိုက်ဖို့ ပြောရအောင် အဲဒါက အိပ်မက်မှ မဟုတ်တာ။ မနောဖြူလေး


manawphyulayJuly 24, 20141min993
မနက်လင်းလို့ အိပ်ရာထ အလုပ်သွားဖို့ ပြင်ဆင်ရ စီးမယ့်ရထား မှီဖို့အရေး ပြေးလွှား လှုပ်ရှားရင်း ရထားကြီးက တဂျုန်းဂျုန်း လိုက်ပါရစေဦး ခရီးသည်များ များပြားလာ တိုးကာဝှေ့ကာပါ အလုပ်ရောက်ဖို့ တို့အရေး ပြေးကာ တက်ကာ မနှေး လိုရာရောက်ရင် ဆင်းကြတာ ခရီးသည်များပါ ရထားကြီးက ပို့ဆောင်မြဲ ခရီးဆုံးထိပဲ….


manawphyulayJuly 18, 20142min1784
မြန်မာ- ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးဖျော်ဖြေပွဲကို အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အဖွင့် အခမ်းအနားတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကျောက်ဆည်ဆင်အကဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ဗုံအကဖြင့် ဖျော်ဖြေပြီးနောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရခိုင်ရိုးရာ ဆီမီးခွက်အကဖြင့် ဆင်နွှဲခဲ့ပါသည်။ ထို့နောက် ကိုရီးယားနိုင်ငံ၏ K-Pop Dancer အကများ ဆက်လက် ဖျော်ဖြေပြီးနောက် ကိုရီးယား အဆို၊ အက များ ပြိုင်ပွဲဖိုင်နယ်ကိုပါ ပြုလုပ်ပြီး ဆုရရှိသည့်အဖွဲ့ကို ဆုတော်ငွေ ၁ဝ သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ ာ


manawphyulayJune 2, 20141min1097
စာဖတ်ပရိသတ်တွေအတွက် အောင်မြင်မှုသည် မိမိကိုယ်တိုင် ဖန်တီးမှုသာ အရေးပါသည်ဆိုသည့် အကြောင်း အရာလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်မ စီးပွားရေးဒီပလိုမာတက်တုန်းက စီးပွားရေးလောကမှာ အခြေစိုက်နေတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်လေးကို နားထဲမှာ ဇာတ်လမ်းတိုလေး တစ်ခုကို ယခုတိုင် ကြားယောင်နေဆဲပါပဲ။ ဇာတ်လမ်းလေးက တိုပေမယ့် ဇာတ်လမ်းက ပေးတဲ့ အသိပညာကတော့ ဘဝအတွက် တစ်သက်မှတ်စရာလို့ ယူဆမိတဲ့အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘယ်နေရာမှာ ဘယ်ဒေသရောက်ရောက် ကံ၊ ဉာဏ်၊ ဝီရိယကိုသာ အားကိုးပြီး ကြိုးစား လုပ်ဆောင်ရမယ်ဆိုတဲ့ အသိလေးတစ်ခုလည်း ထပ်မံရရှိလာပါတယ်။ မိမိကိုယ်တိုင် ကြိုးစားမှရမယ်။ ဇွဲ ရှိမှရမယ်။ ဘာကြောင့်ဆိုတာ တွေဝေစရာမလိုပါဘူး။ ဘုရားကျောင်းတစ်ခုမှာ ပညာမတတ်တဲ့လူငယ်တစ်ဦးဟာ ရရာအလုပ်တစ်ခုဝင်လုပ်နေပါတယ်။ သူလုပ်ဆောင်ရတဲ့နေရာကတော့ ဘုရားကျောင်းမှာရှိတဲ့ ခေါင်းလောင်းကြိုးဆွဲရတဲ့ […]


manawphyulayMay 30, 20141min4115
တာဝန်ဆိုသည်မှာ မိမိအား အထက်မှပေးအပ်သော တာဝန်ကို ပြီးစီးအောင် ဆောင်ရွက်ခြင်းကို ဆိုလိုပြီး ဝတ္တရားဆိုသည်မှာတော့ ကျင့်ဝတ်လိုပါပဲ။ တာဝန်နှင့်ဝတ္တရားဆိုသည့် စကားနှစ်လုံး၏ ခြားနားချက်ကို ဆရာတော်ကြီးများထံမှ ယခုကဲ့သို့ မှတ်သားခဲ့ဖူးသည်။ တာဝန်ဆိုသည်ကို တာနှင့်ဝန်ဟူ၍ နှစ်ပုဒ်ခွဲပြီး တာဆိုသည်မှာ ပေးအပ်သည့် အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမည်ဟူသည့် ကန့်သတ်ချက် သဘောမျိုးဖြစ်ပြီး၊ ဝန် ဆိုသည်မှာ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ဝတ္တရား ဆိုသည်မှာ မိမိလုပ်လိုသည့် ဆန္ဒမရှိလျှင် မလုပ်ပဲနေလို့ရသည့် သဘောဆောင်လေသည်။ ဆိုလိုသည်မှာ အဖွဲ့စည်းတစ်ခုအတွင်း ရာထူးနေရာ ပေးအပ်ခံထားရ၍ဖြစ်စေ၊ နည်းလမ်းတစ်မျိုးမျိုးဖြင့် မိမိကိုယ်တိုင်က ရာထူးနေရာရယူထား၍ဖြစ်စေ ယင်းအဖွဲ့အစည်းနှင့် မိမိပတ်ဝန်းကျင် တိုးတက်ကောင်းမွန်ရေးအတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ဆောင်ရမည့် တာဝန်ရှိပေသည်။ အကြောင်းမှာ ရာထူးနဲ့ တာဝန်ကို ရယူထားခြင်းကြောင့် […]