manawphyulayMay 28, 20141min1016
လူတွေဟာ ကိုယ့်ဘဝရဲ့ ဥယျာဉ်မှူးတွေဖြစ်ပါသည်။ ကိုယ့်ဘဝကိုယ် ကိုယ်တိုင် ဘယ်လိုထိန်းကျောင်းသွားကြ ပါသလဲ။ ဥယျာဉ်မှူးကောင်းတွေဟာ အပင်သန်ပြီး အသီးတွေအောင်ဖို့၊ အပွင့်တွေလှပြီး အညွှန့်အခက်တွေ ဝေစည်ဖို့ ကြိုးပမ်းပြုပြင်ကြရပါသည်။ ပိုးမကျအောင်၊ မျိုးမပျက်အောင် ပြုစုစောင့်ရှောက်ကြသည်။ တချို့ ကတော့ ကိုယ့်ကိုယ်ကို အလေးမထား ပတ်ဝန်းကျင်ကိုလည်း ပစ်ပယ်ကြလို့ ဘဝဖုန်းဆိုးတောတွေ ဖြစ်ကုန် ကြတာကို တွေ့ရှိနေရပါသည်။ ကျွန်မတို့သည် နေ့စဉ် လူနေမှုဘဝတွင် ရွေးချယ်မှုများစွာကို လုပ်ကိုင်နေရပါသည်။ ရွေးချယ်သည် ဆိုသည့် စကားရပ်တစ်ခုသည် ကျွန်မတို့အတွက် အထူးဆန်းကြယ်သော စကားရပ်တစ်ခုပင် မဟုတ်ပါလား။ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်သည်နှင့်တစ်ပြိုက်နက်တည်း အိပ်ရာအရင်သိမ်းမလား၊ အိမ်သာ အရင်သွားမလား ဒါမှမဟုတ် မျက်နှာအရင်သစ်မလားဆိုတဲ့ စဉ်းစားရတဲ့ ရွေးချယ်မှုဆိုသောအရာနှင့် စတင် ထိတွေ့ရပါသည်။ အဲဒီလိုရွေးချယ်မှုတွေ များလာသည့်အခါ အမှန်ကို ရွေးချယ်မိသလို အမှားကိုလည်း […]


manawphyulayMay 27, 20141min1536
လူတိုင်း လူတိုင်းမှာ သမိုင်းကိုယ်စီရှိကြပါသည်။ လူတို့သည် ကိုယ့်သမိုင်းကို ကိုယ်ဖော်ဆောင်ကြသည် ဆိုသည်မှာ ပြောစရာလိုမည် မထင်ပေ။ ကောင်းသော လုပ်ရပ်များကို လုပ်ဆောင်လျှင် ကောင်းကျိုးရဲ့ ရလဒ်ကို စံစားရသလို မကောင်းသော လုပ်ရပ်များကို လုပ်ဆောင်ကြသူများ၏ ရလဒ်သည်လည်း ထိုနည်းတူ ခံစားရမည် ဖြစ်ပါသည်။ အမှန်တကယ်တော့ လုပ်ရပ်ရှိလို့ ရလဒ်ဆိုတာ ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ပါသည်။ လုပ်ရပ်နှင့် ရလဒ်ရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ စိတ်ဓာတ်ဆိုတဲ့အရာက ဦးဆောင်ခေါ်ယူသွားခြင်းပင် ဖြစ်ပါသည်။ လူတို့မှာ စိတ်ဓာတ်ကိုယ်စီရှိကြပါသည်။ ထိုစိတ်ဓာတ်သည် မွေးရာပါ ပင်ကိုစိတ်ပင် ဖြစ်ကြပါသည်။ တချို့ကျတော့ အကျင့်စာရိတ္တဟူ၍လည်း သုံးနှုန်းပြောဆိုလေ့ရှိကြပါသည်။ မည်သို့ပင် ဆိုသည်ဖြစ်စေ လူအများစုသည် ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြသည်ကို အမှုမဲ့ အမှတ်မဲ့ နေထိုင်လေ့ရှိကြသလို ကိုယ်ပြုသောကံ ကိုယ့်ထံပြန်သည်ကို မေ့လျော့နေကြလေသည်။ တစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် […]


manawphyulayMay 27, 20141min30520
မင်္ဂလာပါရှင် သဂျီးနဲ့ ရွာသူရွာသားများကို သတိရ လွမ်းဆွတ်သဖြင့် လမ်းကြုံ အဲ မျက်စိလည်ပြီး လွမ်းလို့ ပြန်လာတာပါ။ အားလုံးပဲ ဝမ်းသားအာရနဲ့ ကြိုဆိုနှုတ်ခွန်းဆက်ကြမယ်လို့ မျှော်လင့်နေမိပါတယ်။ နှစ်တွေ ဘယ်လောက်ကြာကြာ စနစ်တွေ ဘယ်လိုပြောင်းပြောင်း အသစ်တစ်ဖန် ပြန်လည် မျက်စိလည်လာတဲ့ မနောဖြူလေးကို စိတ်ရင်းနဲ့ ကြိုဆိုပေးကြမယ်ထင်ပါတယ်ရှင် မေတ္တာသည်သာ ထာဝစဉ်မှာ အေးမြစိတ်ဝမ်း ပျော်စရာလွှမ်းသည့် ရင်တွင်းပီတိ ခံစားမိသည်၊ ခံစားသည်….. ပန်းတစ်ပွင့်ကို နွမ်းလို့ ပစ်ဖူးချင် ပစ်ဖူးမယ် ရွာတစ်ရွာကို လွမ်းဖို့ ဘယ်သူက ချစ်ခဲ့ဖူးပါသလဲ ပစ်ခဲ့တဲ့ပန်းကို ဘယ်သူမှ သတိမရကြပေမယ့် ဖြစ်ခဲ့တဲ့အလွမ်းကို ဘယ်သူက မေ့နိုင်မှာလဲ? အလွမ်းများစွာဖြင့် မနောဖြူလေး


manawphyulayJanuary 23, 20141min1427
Hotel & Gastronomy profession ကို ၂၀၀ရ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ယခုအချိန်တွင် ပြည်တွင်း လုပ်သက်ရင့် အတွေ့အကြုံ ပြည့်ဝသော ဆရာ၊ ဆရာမများနှင့် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ သင်ကြားပေးနေခဲ့ပြီး၊ သင်တန်းဆင်းပြီး ကျောင်းသားများကို အာဆီယံနိုင်ငံအဆင့်နှင့် ဟိုတယ်ခရီးဝန်ကြီးဌာန အသိအမှတ်ပြု ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်နိုင်ခဲ့ပြီး သင်တန်းပြီးဆုံးသူများ မှာလည်း ပြည်တွင်း ပြည်ပရှိ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းပိုင်းဆိုင်ရာများတွင် ကြီးကြပ်၊ မန်နေဂျာ ရာထူးများဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်းပြုနေကြပြီ ဖြစ်သည်။ လာမည့်နှစ် ၂၀၁၄ ခုနှစ်အတွက် သင်တန်းသားအသစ်များကို စတင်လက်ခံနေပါသည်။ ယခင်က လုပ်ငန်းခွင်သို့ ရောက်ရှိပြီး (လက်တွေ့သင်တန်း အလုပ်အကိုင်နေရာရှိပြီး) သူများကိုသာ ကျွမ်းကျင်မှုနှင့် ဗဟုသုတပိုင်းဆိုင်ရာ တိုးတက်မှုရှိလာအောင် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယခုအချိန်တွင် […]


manawphyulayJanuary 15, 20141min1216
ဒီကနေ့ ပြာသိုလပြည့်နေ့ ဆိုတော့ မမေ့သင့်တဲ့ နေ့လေးတစ်နေ့ဖြစ်တဲ့ အမေများနေ့ ကျရောက်နေပါလား။ အမေ…. မေမေ… ဘယ်လိုပဲ ခေါ်ခေါ် သားသမီးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြင့်မိုရ်တောင်ကြီးပါပဲ။ မနက်မိုးလင်းထဲက သမီးအလုပ်သွားဖို့အတွက် ပြင်ဆင်ပေးတဲ့ မေမေ့ပုံရိပ်ကတော့ သမီးရဲ့ ရင်ထဲ အမြဲစွဲထင်လျှက်ပါပဲ မေမေ။ ဒီကဗျာလေးနဲ့ မေမေ့ကို ဂါရဝပြုလိုက်ပါရစေရှင်။ လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ အမေဆိုတာ သားသမီးများအတွက် မျှဝေခံစား သက်ဖူးအကာ လက်ဦးဆရာပါအမေ ကျွန်မအမေ အားလုံးရဲ့အမေ အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင် မရှိမဖြစ် ခွန်အားဖြစ်ပွား ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ် သားသမီးတို့ရဲ့ ရှေ့ဆောင် ဂုဏ်ရှိန်ဩဇာ စဉ်ထွန်းပြောင် မျက်နှာသာကြည် လရောင်ပမာ အမြဲရွှင်ပြုံး ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍ မမှောင်အလင်း အရောင်ဆင်းနဲ့ မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင် […]


manawphyulayJanuary 14, 20141min1154
ထိုညက ကြယ်တွေတောင် ဒဏ်ရာရ မြူနှင်းတွေ ငိုပွဲဝင်လို့ မြက်ပင်တွေ ဦးညွတ်ရင်း အလင်းရဲ့ အရှုံးနောက် သန်းခေါင်က ကောက်ကောက်ပါချိန် ချစ်သူရေ… ရိုးသားစွာ ဝန်ခံချင်ရဲ့ကွယ် အဲဒီည အဖော်မဲ့ ငါ့အတွက် စိတ်ကူးယဉ်အတွေးတွေနှင့် မင်းကို လွမ်းတဲ့ညလေ… မနောဖြူလေး


manawphyulayJanuary 13, 20141min1156
မိမိတို့အားလုံးသည် မိခင်ဝမ်းမှ ကိုးလလွယ် ဆယ်လဖွားပြီးသကာလ ဘာမျှမသိ၊ ဘာမျှ မတတ်သေးတဲ့ အချိန်ကာလ ကလေးအရွယ်မှ စတင်ကာ စကားတီတီတာတာ စတင်ပြောဆို လာနိုင်သည့် အရွယ်မှစ၍ အရာရာကို သိလို စိတ်ဖြင့် မေးမြန်းတတ်လာပါသည်။ ထို့နောက် စူးစမ်း လေ့လာမှုများဖြင့် စတင်ခဲ့ပြီး သိမှတ်သမျှကို မှတ်သားနာယူခဲ့ရပါသည်။ တဖြည်းဖြည်းနဲ့ ကျောင်းနေတဲ့အရွယ် ရောက်ရှိလာသည့်အခါ စာသင်ကျောင်းမှ သင်ကြားပြသ ရိုက်သွင်းသမျှကိုလည်း လေ့လာကျက်မှတ်နာယူခဲ့ရပါသည်။ လူတွေရဲ့ ကလေးနှင့် တိရိစ္ဆာန်မှ မွေးသော ကလေးများသည် မွေးဖွားလာစဉ်အခါက အသိဉာဏ်ရှိသော လူသား ဖြစ်လာရခြင်းမှာ လူတွေ၌ သင်ယူနိုင်အားကောင်းပြီး စဉ်းစားဉာဏ်ရှိသော ဦးနှောက်ပါလာခြင်းနှင့် ယင်းစွမ်းအားကို အသုံးပြုကာ သင်ယူနိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပါသည်။ အမှန်တကယ်တော့ မွေးဖွားလာချိန်ကစပြီး ဦးနှောက်ကောင်းရုံ သက်သက်ဖြင့်ကား ဘာမျှ တတ်မည် မဟုတ်ပေ။ […]


manawphyulayJanuary 11, 20142min1106
မကြာသေးခင်က ပုဂံဘုရားဖူး သွားရောက်ခဲ့ပါတယ်။ ပုဂံဆိုတာ မြန်မာတို့ရဲ့ ပြယုဂ်သဏ္ဍာန်ပါပဲ။ ဘယ်အချိန် ဘယ်အခါ ဘယ်နှခေါက်ပဲ သွားသွား ကြည်နူးမဆုံးတဲ့နေရာလေးတစ်နေရာပါပဲ။


manawphyulayJanuary 10, 20141min930
Executive Master in Advanced Management (EMAM) ဘာသာရပ်အကြောင်းကို ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ Co-operative Business Center တွင် University of Liege, Belgium ၏ Dr.William Chong မှ ရှင်းလင်းဆွေးနွေးပေးပါမည်။ တက်ရောက်လိုသူများအနေဖြင့် iAcademic Management ဖုန်း ဝ၉၄၂၀၀၃၀၉၄၃၊ ဝ၉-၄၂၁၀၇၆၈၅၈၊ အမှတ် ၄၅၉၊ အခန်း ၃၀၂ – ဘီ၊ တတိယထပ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းသို့ ကြိုတင်စာရင်းပေးသွင်း၍ အခမဲ့တက်ရောက်နိုင်ပါသည်။


manawphyulayJanuary 10, 20141min1412
ကျွန်မတို့အားလုံး အသက်ရှင်သန်ရေးအတွက် သန့်ရှင်းသော လေနှင့် ရေတို့ မရှိမဖြစ် လိုအပ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ကျွန်မတို့အားလုံး စားသုံးသော အစားအစာများကို မြေပေါ်တွင် စိုက်ပျိုးမွေးမြူရသလို ရေအောက်မှာလည်း ဖမ်းယူရပါသည်။ ချည်ထည်၊ ပိုးထည်၊ သားရေနှင့် သိုးမွေး စသည့် အဝတ်အထည်များကို အပင်များနှင့် တိရစ္ဆာန်များမှ ရရှိပါသည်။ ဒါ့အပြင် အုတ်၊ ကျောက်၊ သဲ၊ သစ်၊ ဝါး၊ ဘိလပ်မြေ၊ သံထည် စသည့် အိမ်ဆောက်ပစ္စည်းများကိုလည်း မြေကြီးနှင့် သစ်တောများမှ ရရှိပါသည်။ ကျွန်မတို့အားလုံး အသက်မွေးဝမ်း ကျောင်းအတွက် အဓိက မြေပြင်နှင့် ရေပြင်ကို အားထားရပါသည်။ မြို့နေလူထုသည်လည်း သဘာဝကို မှီခိုရပါသည်။ ယခုနောက်ပိုင်း လူနေထူထပ်မှုည် အဆမတန် များပြားလာသဖြင့် မြို့များ၊ နယ်များ၊ […]


manawphyulayJanuary 9, 20142min795
ပုဂံရောက်တုန်းလေး ညနေခင်းရဲ့ အလှကို အမိအရ မရိုက်တတ် ရိုက်တတ်ဖြင့် လက်စွမ်းပြခဲ့ပါတယ်။ ရွာထဲလည်း မရောက်တာ ကြာလို့ လာရောက် မျက်စိလည် လမ်းမှားလာတယ်ဆိုပါတော့ရှင်။