MandalarPheonixDecember 3, 20111min612
၃ဝ ရက်နေ့ထွက်သောအောင်စာရင်းတွင် လူကြီးသားသမီးများ မကျန်ရအောင် ပါချုပ်၊မော်ကွန်းထိန်း နှင့်ဌာနမှူးအချို့သည် အောင်စာရင်းကို အရင်ဆုံးစစ်ဆေးကြပါတယ်…..စစ်ဆေးသောအခါ met major မှစွမ်းအင်ဝန်ကြီးသားကျန်ခဲ့ပါသည်။ ချက်ခြင်းနေပြည်တော်ရုံးသို့အကြောင်းကြားပြီး အောင်စာရင်းကိုပြင်ဆင်ကြပါသည်။ညနေ ၃းဝဝ လောက်မှအောင်စာရင်း ရောက်လာပြီး ကပ်ပါသည်။ ဒီသတင်းသည် အမှန်အကန်သေချာရရှိထားသောသတင်းဖြစ်ပါသည်။ ဒါကြောင့် စာမေးပွဲကျသောကျောင်းသားများ လက်မှတ်ထိုးကာ သမ္မတ ကြီးဆီစာတင်ကြရန်ကျိုးစားကြမည်ဖြစ်ပါသည်။ သမ္မတ ကြီးက အကျင့်ပျက်ခြစားခြင်း နှင့် အခွင့်ထူးခံများတိုက်ဖျက်သွားမည်ဟုပြောထားပါသည်။ အခုဟာက တကယ့်ကို မတရားမှုဖြစ်ပါသည်။ ကျောင်းတခါမှမတက်သော သန်းရွှေ မည်း နေရွှေသွေးအောင် လည်း အောင် ကာ roll 2 တောင်ပါသည်။ mechanical မှ ရွှေမန်းချွေးမ လည်းအောင်ပါသည်။ယခင်ရဲချုပ် ခင်ရီသမီးလည်းအောင်ပါသည်။ ကျွန်မတို့ ငုံ့ခံ့လို့မရတော့ပါ။ သမ္မတ ကြီးဆီ တိုင်ကြားကြပါစို့။ အမြန်ဆုံးတိုင်ကြား ဖို့လုပ်ဆောင်နေပါတယ်… ဒီသတင်းကိုဆက်လက်ဖြန့်ဝေကြပါရန် […]


MandalarPheonixOctober 15, 20111min7914
၁ဝ လပိုင်း ၄ ရက်နေ ့ကပေါ့။ကျွန်တော့်မွေးရပ်မြေမန်လေးပြန်ဖို ့စကာင်္ပူကနေလေယာဉ်နဲ ့ရန်ကုန်ကိုတစ်ဆင့်စီးတယ်ဗျာ…..။ အဲရန်ကုန်လဲရောက်ရော ကံများဆိုးချင်တော့မြန်မာကျပ်ငွေတစ်ပြားမှမရှိတော့ဘူး..။ဘယ်သွားလဲရမှန်းလဲမသိ ရန်ကုန်မှာလဲအသိကျွမ်းမရှိတာမို ့အခက်ခဲတွေ ့နေတယ်ဗျာ။အဲဒီတုန်းလူတစ်ယောက်က ကျွန်တော့်ကိုကြည် ့နေတယ် ……….။ပြီးတော့လာမေးပါလေရော ညီလေးမင်းမှာ ပိုက်ဆံ (မြန်မာငွေ) မရှိဘူးလား…….။ဟုတ်အကိုမရှိဘူးတော့ဘူးဗျ။မင်းဘယ်ကိုပြန်မှာလဲ……။ ကျွန်တော်မန်းလေးကိုပြန်မှာဗျ။ဟုတ်လား ….။ဒါဆိုရော ့ဒီမှာ ၂သောင်းယူသွားလိုက် ………. ။မန်းလေးက …………မှာ ပြန်သွားပေးပေးကွာနော်ဟုတ်ပြီလား………။အကိုသွားစရာရှိလို ့သွားတော့မယ်ဆိုပြီး ပိုက်ဆံ၂၀၀၀ဝ ပေးသွားတယ်ဗျာ။ဒါနဲ ့အဆင်ပြေပြီဆိုပြီးကားငှားပြီးကားကြီးကွင်းကိုသွားတယ် ……….။ကားကြီးကွင်းမှမရောက်သေးဘူး ကားဆရာက လွယ်အိပ်တွေအထုပ်ပိုးတွေပြစ်ချပြီ ဒီကားလိုက်စီးလိုက်ပါ။ဆိုပြီးထွ့က်ပြေးတယ်ဗျာ။ကားခပေးထားတဲ ့ပိုက်ဆံ ၁၀၀၀ဝ ကို ပြန်မအမ်းပဲထွက်ပြေးတယ်ဆိုပဲ။သူတောင်းတာ ၆၀၀ဝဗျာ။ကျနော်က အကိုကြီးပေးသွားတဲ ့ပိုက်ဆံက ၅၀၀ဝတန်ဖြစ်လို ့အနုတ်မရှိလို ့၁၀၀၀ဝပေးထားတာကိုမအမ်းပဲလစ်ပြေးတယ်။ စိတ်ဓာတ်ကတော့ဗျာလေးစားစရာပဲ ငွေ လေး ၄၀၀ဝ နဲ ့စိတ်ဓာတ်ကိုတန်ဖိုးဖြတ်သွားတာ။စဉ်းစားသားကြည် ့ကြပါတော့ဗျာ။