marblecommetSeptember 11, 20131min19813
ကိုယ်က အမှောင်ကမ္ဘာထဲမှာ ငြိမ်ဝပ်နေတယ် သူမက အလင်းရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ တည်တည်ငြိမ်ငြိမ် ကိုင်ထင်ပြလို့ အချစ်ရဲ့ မျိုးရိုးဗီဇဟာ အဲဒီနေရာမှာ စတင်ပေါက်ကွဲမှု ဖြစ်သွားတယ် ……။ ……. ……. ဒီတော့မှ ကမ္ဘာကြီးကလည်း ကိုယ်တို့ရဲ့ ခေါင်းမာမှုကို ရှက်ကိုးရှက်ကန်းလေး ရယ်သွမ်းသွေးလို့ လောကဓံနဲ့ ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့ (၇) မိုးလေဝသကလည်း ၎င်းတို့ကို ဂရုမစိုက်တဲ့ အချစ်ရဲ့ ရိုင်းပျလင်းပွင့်မှုကို သဝန်တို ဝန်တို ဖြစ်လို့ ……။ ……. ……. ကံတရားရဲ့ အလိုက်အကန်းဆိုး မသိပုံများ ပြောပါတယ် သူစော်ကားသမျှ သူ့ကို ပြန်အမှုပတ်လို့ …… သစ္စာရှိသူတို့ရဲ့လမ်းဟာ အဲဒီလို တန်ခိုးရှင်မျိုးကိုတောင်မှ အဲဒီလို ရမ်းလို့ ရဲလို့ ရတယ်ဆိုတာ ဥပမာတစ်ခုလိုလို တူနှစ်ကိုယ်ဘဝတစ်ခုလိုလို….။ 10 […]


marblecommetAugust 10, 20131min21514
တိတ်ဆိတ်ဆွံ့အနေတဲ့ ဝန်မခံခြင်းများကြားမှာ လိုချင်ရှာဖွေမိတဲ့ အမှန်တရားတွေရှိတယ် ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့ သံယောဇဉ်ကြိုးများအတွက် ဘယ်တော့မှ သော့မခတ်ခဲ့ဘူး အက်ဆစ်မိုးရေတွေကိုလည်း ချိုမြိန်ခဲ့ဖူးတယ် ရွက်သစ်မိုးစိုတွေကိုလည်း ဘုရားမှာ လှူဖူးတယ် ငါဆုတောင်းခဲ့တာ မင်း မသိနိုင်သလို မင်း ဆုတောင်းခဲ့တာလည်း ငါနဲ့ ပေါင်းဖို့မဟုတ်ဘူး ငါ နှစ်သက်တဲ့ စီးကရက်ကို မင်းမုန်းတယ် မင်း ကြိုက်တဲ့ ကွာစေ့ကျ လက်သည်းစူးတယ် ငါ သောက်တဲ့စကော့တလန်စမ်းရေကို မင်းက ချဉ်တယ် မင်း သောက်တဲ့ဒိန်ချဉ်ကို ငါက ချဉ်တယ် ငါ့ ကာရံတွေကို မင်းက အာခံတယ် မင်း စာသံတွေကို ငါက ဆူညံတယ် မင်းက ရုပ်ရှင်ရုံသွားဖို့ ငါ့ကိုခေါ်တယ် ငါနဲ့ စာအုပ်အဟောင်းတန်းသွားဖို့ မင်းက မသိ မင်းကျောင်းသွားဖို့ မင်းမုန့်ဖိုးရတဲ့ ၅၀၀ဝ […]


marblecommetApril 22, 20131min1528
နတ်တို့ စံပျော်ရာရေကန် ကို ယုံမှတ်ပြီး …အဲဒီ ကမ်းပါးမှာ မျှော်လင့်ခြင်းကို အတင့်ရဲမိတော့ ဒုက္ခဟာ… လင်ပစ်မ တစ်ယောက်ရဲ့ ညည်းချင်း လို ငါ့ တစ်ကိုယ်ရေ မိုးဦးလေဦး ထဲ မုန်တိုင်းတွေပဲ မြူးထူးကခုန်သွားကြ…။ … … ဝေးလံခေါင်သီလွန်းတဲ့ တောင်တန်းကြီးရဲ့ နောက်ကွယ် က ရွှေမြို့တော်မှာ တစ်သက်လုံး ရှာနေခဲ့ရတဲ့ ငါ့ အလင်းတံခါးလေး ရှိမလား ဆိုပြီးတော့…. ဖောင်ဖျက်မိုက်မှားမိပါတယ် ရိုးရာပုံပြင်တွေပဲဖြစ်လို့…။ … … တစ်ခါတစ်ရံ ချိုချဉ် အရသာလေး ကျွေးဖူးတဲ့ မေးထူးခေါ်ပြော ကံတရားကိုတောင် မုန်းတတ်လာပါပြီ…။ … … အလည်လာသော မိတ်ဆွေရေ့…. ငါကလည်း သင်နဲ့အတူတူပဲဆိုတာ မသိခဲ့တဲ့ စိတ်ကြီးဝင်မှုကို ခွင့်လွှတ်ပါ…။ ။ 22.4.2013 တနင်္လာ […]


marblecommetApril 21, 20131min22115
အခုတလော ရွှေမန်းမြို့က ကျုပ်မိတ်ဆွေကြီးကို အတော်လေး သတိရနေမိတယ်။ အခုတလော သတိရတယ်ဆိုလို့ အရင်တုန်းကတော့ သတိမရဘူးလို့ မဆိုလိုပါ။ အခု သင်းကို ပိုပြီးတော့ ထပ်ကာ ထပ်ကာ သတိရနေမိတာက ပူလွန်းလို့ပါ။ ပူတယ်ဆိုတာ ဘာပူသလဲ မမေးနဲ့။ ဓာတ်ကြီးလေးပါးလုံးကိုက ပူနေတာ။ ရန်ကုန် နေမင်းကြီး ကျွတ်ကျွတ်ညံအောင်ပူလေ၊ သင်းကို သတိရလေ။ ဆိုလိုတာက တို့ရန်ကုန်တောင် အဲလောက် ပူလှတာ ။ သင်းတို့ မန္တလေးဆို အရိုးခြောက်အောင် ပူမှာပေါ့ ဆိုတဲ့ အတွေးတစ်ခုလေး၊ စာနာစိတ်ကလေး တစ်ခုတည်းနဲ့တင် သတိရတာမဟုတ်ဘူးဆိုတာကို ဝန်ခံပါ၏ ရဲဘော်အဆွေ။ အခုတလော ရန်ကုန်နေ၊ ရန်ကုန်နွေက ပိုပြီး ပူလာတော့ ပေါင်ဖြူ၊ ပေါင်တို၊ ပေါင်ညို၊ ပေါင်မည်း၊ ပေါင်ဝဲထူ၊ ပေါင်ဂျွတ်တက်တွေကိုလည်း ပိုပြီး […]


marblecommetApril 14, 20131min24519
သကြ်န်ဟူသော ဝေါဟရ အဓိပါယ်ကို အမျိုးမျိုးပြောကြ၏။ ထိုအထဲကမှ သင်္ကြန်ဟူသည် “သင်္ကန”္တ၊ သက္ကတလို ” သင်္ကြန္တ ” က ဆင်းသက်လာသည် ဟူသတတ်။ ကူးပြောင်းခြင်းဟူ အနက်ရသည် ဟူလို။ အနှီ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆန်း ၄ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၃ ဧပြီ ၁၄ ရက်၊ ဆန်းဒေးသည်ကား သင်္ကြန်စကျလေပြီ။ အကယ်တန္တု ယခု သည်နေ့မှာ ကျွန်ုပ် သောကြာညို တစ်ယောက် လောကတံထွာ အလုပ်တာဝန်များအားလုံးကို ရပ်နားပြီးသကာလ (၃)လွှာသော အသိုက်အမြုံထောင့်ကျဉ်းအခန်းကလေးတွင် အမေ့ခံခရီးသည်(ပါရဂူ)ဟူဘိသော ဘုတ်အုပ်ကို လှန်လှောကာ စည်းစိမ်တည်းဟူသော ချမ်းသာသုခကို ခံစား၊ ခံယူရန် အလို့ငှာ အစပျိုးလိုက်စဉ်မှာပဲ…….. “တေးတေးလေးပဲလား….. ကြီးကြီးလား … တေးတေးကြီးကြီးလား” […]


marblecommetMarch 10, 20131min19413
တစ် နှစ် သုံး လေး ငါး ခြောက် ခွန် တစ် နှစ် သုံး လေး ငါး ခြောက် ခွန် တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ………….. ………….. ချွင်…….. ချီးယားစ်……..


marblecommetJanuary 22, 20131min21220
စကော့တောင်ကျ စမ်းရေခွက်လေးတွေရဲ့ ဖင်ကို မောင်ရင်ဆိုင်းထမ်းလေးတွေဆီ ရည်ရွယ်ပင့်တင်လိုက်ကြတော့ ငါတို့ နှလုံးသားတွေဟာ မေခနဲ့ မလိခ လို ယိုဖိတ်ပေါင်းဆုံ စီးဆင်းလာကြ . . .။ ချီးယားစ် လို့ တစ်ချက်အော်လိုက်တိုင်း ယွဲစီမ ကြီးက ပုဇွန်စင်းကော သက်တန့်ကွေးလေးကို သူ့ ပြည်ကြီးမျှော့ နှုတ်ခမ်းပါးပါးလေးထဲ ညင်သာစွာ ထိုးသိပ်ညှပ်သွင်းလိုက်တဲ့အခါ အမတ်ကြီးရဲ့ လျှာတွေ ဆတ်ဆတ်တုန်ရင်လို့ ဟုတ်ပါတယ် . . .ဒါဟာ ငါတို့ ပိုင်ဆိုင်တဲ့ သောကြာညပါ . . .။ စင်းကောသုပ်၊ ပင်လယ်ဂုံး၊ ကိုက်လန်၊ ကြက်သောက်ဆမ်းက အဲဒီညရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်တွေပေါ့ . . .။ ဟဲ့သောက်ကောင်မရဲ့ ဗျစ်ကို ဆတ်တငံ့ငံ့မလုပ်နဲ့ဟဲ့ အချိန်တန် ကျောက်ခဲ […]


marblecommetDecember 13, 20121min1279
အဲဒီ . . . ဗုဒ္ဓဟူးနေ့မှာ အရောင် (၃) မျိုးရှိတယ် နွေလယ်နေ…၊ အဝေးမိုးသား ညို့ညို့….၊ ကြေကွဲနေတဲ့ အထီးကျန်သေတ္တာ….။ ကြည်လင်နေတဲ့ အသက်ဓာတ်မှာ မွေးရာပါ ဗီဇကို ဆင့်ပွားထားတဲ့ ထပ်ဆင့် နာမဝိသေသနတွေ ရှိတယ် သူမကို ထိမယ့် မြား တစ်ချက် တစ်ချက် တိုင်းကို လှေကြီးထိုး ရိုးရိုးမှန်မှန် ကာကွယ်ဖို့နဲ့ စေလိုရာစေ ပျဝပ်နေတဲ့ အကင်းသေ ချပ်ဝတ်တန်ဆာရယ်.. ရိုးအလွန်းပါတယ်ကွယ်….။ အပြင် ရန်သူကို သတ္တိနဲ့ တိုက်ရလွယ်သလောက်.. အတွင်း ရန်သူကို နှလုံးသား နဲ့ ငြိုငြင်ရ ခက်လွန်းတယ် စိတ်စေတသိတ် လောင်မီးပိုးရယ် ငါတို့နဲ့ လွတ်ရာကင်းရာမှာ ကျပါတော့….။ ကိုယ့်ဘာသာ … တစ်ဘက်သတ် တည်ဆောက်ထားတဲ့ ရေတံခွန် […]


marblecommetDecember 3, 20121min26419
ဒီမယ် ကျိပေါက် သွားတတ်ရင် လမ်းဖြစ်တယ် မင်းမှာ …ယုံကြည်ချက် အထားအသို နေရာအတည်တကျ ဖြစ်ပြီဆိုရင် မဖြစ်မနေ အနိုင်နဲ့ပိုင်းမှ ဖြတ်ရမယ့် လမ်းတွေကို တပ်ခေါက် နောက်ဆုတ် လှည့်ပြန်တတ်လာ ပါလိမ့်မယ်…။ ကျိပေါက်ရယ်…… လက်ျာကပ်မောင်းတာက လွယ်ပါတယ် လက်ဝဲ ကပ်မောင်းတာကလည်း လွယ်ပါတယ် အလယ်တည့်တည့် သွားရတာကမှ အန္တရာယ်များမြောင် ကြမ်းတမ်းလွန်းလှပါသကွဲ့…..။ ကျိပေါက်…. ဒုက္ခဆိုတာ ခေတ်အဆက်ဆက် အနာရင်းလာရင် ပြည်တည်ပေါက်ကွဲတတ်တယ်ဆိုတာ ညီးလည်း သိမှာပါ…။ မရောင်ရာ ဆီလူးတဲ့ပတ်ဝန်းကျင်ကို တင်းတင်းဆုပ်မထားနဲ့…။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကို ဂရုတစိုက် မွေးမြူပြီး ကိုယ့်နှလုံးသားကိုပြန်ကြည့်ပါ ကျိပေါက်ရဲ့ အိပ်မက် မိုင်တိုင်တွေမှာ အနာဂတ္ထိမိုးတိမ်တွေ လှပသာယာနေပါလိမ့်မယ်….။ ကျိပေါက်ရေ့…. လမ်းခရီးမှာ မမြင်နိုင်တဲ့ တောကြီးဝင်္ကပါတွေရှိတယ် အစိုးမရတဲ့ […]


marblecommetOctober 9, 20121min29733
စာရေးသူရဲ့ ကိုယ်တွေ့အရ စာရေးသူတစ်ခုပြောချင်တာကတော့ စာရေးသူတို့ရဲ့ ပရိသတ်ကြီးဟာ စာရေးသူအတွက် မဟာအင်အားတစ်ခုဆိုတာပါပဲ ချစ်စွာသော ပရိသတ်ကြီးရေ့။ စာရေးသူရဲ့ ပရိသတ်ကြီးအားပေးမှုကြောင့်သာ စာရေးသူဟာ စာရေးဖို့အတွက် အားအင်တိုးပွားလာရသလို စာရေးသူရဲ့ ပရိသတ်ကြီးကိုလည်း စာရေးသူအနေနဲ့ လွန်စွာကျေးဇူးတင်ကြောင်းကို စာရေးသူ ပြောပါရစေ စာရေးသူရဲ့ ပရိသတ်ကြီးရေ့…..။ ……………. ……………. ပရိသတ်ကြီးသိတဲ့အတိုင်း စာရေးသူတို့နိုင်ငံဟာ အခုဆိုရင် ဒီမိုကရေစီအကူးအပြောင်းကာလကို ရောက်ရှိနေပြီမဟုတ်လား။ ဒါဟာ စာရေးသူတို့ ပရိသတ်ကြီးတို့ အနှစ်နှစ်အလလ မျှော်မှန်းခဲ့ကြရတဲ့ အခြေအနေမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရယ်။ အဲဒီအခါမှာ စာရေးသူ ပြောချင်တာကတော့ အဲလို နိုင်ငံရေးအခြေအနေပြောင်းလဲတိုးတက်လာတဲ့အခါမှာ အွန်လိုင်းမီဒီယာဆိုတာကလည်း စာရေးသူအတွက် လွန်စွာမှ အရေးပါလာခဲ့ပြီမဟုတ်ပါလား စာရေးသူရဲ့ ပရိသတ်ကြီးရေ့….။ …………… …………… အဲဒါကြောင့် စာရေးသူမှာဆိုရင် ဖေ့ဘွတ်အကောင့် ခွန်(၇)ခုတိတိ ရှိပြီးတော့ […]


marblecommetSeptember 22, 20121min29327
ကိုယ်ဟာ သူမနဲ့ တွေ့ဖို့အတွက် အိမ်ပြန်နောက်ကျခဲ့လေသလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ အိမ်ပြန်နောက်ကျပြီးမှ သူမနဲ့တွေ့ခဲ့လေသလား။ သေချာမသိနိုင်ပေမဲ့ ပိုပြီး သေချာပီပြင်လာတာကတော့ မြောက်ပြန်လေဟာ ခါတိုင်းထက်ပိုပြီး စနစ်တကျ တိုက်ခတ်တတ်လာပါတယ်။ မီးစုန်းရင်ခုန်မှော်ဓာတ်ကလေး ပိုမိုသက်ဝင်စီးမျောလာပါတယ်။ ပြတင်းပေါက်ဘောင် ထဲက မြင်နေကျ လဝန်းကလည်း ပိုမိုလုံးဝန်းကျယ်ပြန့်လို့ လာပါတယ်။ ဒါဟာ အနုပညာအတွက်နဲ့ သက်ရှင်နေထိုင်မှုအတွက် သူမက ပိုမို ကျစ်လျစ်တိကျလာတဲ့ ကမ္ဘာသစ်တစ်ခုဆီကို ညွန်းဆိုနေသလိုပဲပေါ့။ …….. ပြီးတော့…..သူမနဲ့ ကိုယ်ချိန်းဆိုထားတဲ့ ဆက်တင်တစ်ခုလည်း မကြာခင် ဆိုက်ရောက်လာပါတော့မယ်။ အဲဒီအခါ မြေကြီးနဲ့ ကောင်းကင်ဟာ မတူညီတဲ့ဆွဲအားတွေနဲ့ ကောင်းချီးပေးကြဖို့ ကိုယ်တို့ရဲ့ ရိုးအတဲ့နှလုံးသားနဲ့ မျှဝေရင်းနှီးကြတဲ့အခါ ကြယ်အပေါင်းနဲ့ နက္ခတ်တာရာတွေကလည်း ထပ်ချပ်မကွာလိုက်ပြီး ချီးပင့်မြှောက်စားကြပါလိမ့်မယ်။ အကြောင်းကတော့ သူမဟာ သူငယ်နှပ်စားတွေနဲ့ ပလဲနံပ သင့်ပြီး ကျွန်စနစ်ကို […]