MariposaOctober 27, 20111min570
ဝေးကြပြီ ဆိုမှတော့ ဘာကို လွမ်းနေရဦးမှာလဲ ဒါပေမယ့် . . . ငါကတော့ လွမ်းတယ် ။ မင်းမရှိတဲ့ နောက်ပိုင်း အလွမ်းတွေနဲ့ အဖော်လုပ်နေခဲ့ရတာ ကြာပြီ ။ အချိန်ဆိုတဲ့ အရာကလည်း ငါ့အလွမ်းကို မကုစားနိုင်ဘူး ။ လူဆိုတာ . . . ကိုယ့်သမိုင်း ကိုယ်ရေးကြတယ်ဆိုရင် မင်းနဲ့ပတ်သက်ခဲ့တဲ့ ငါ့ရဲ့ သမိုင်းစာမျက်နှာတွေမှာ အလွမ်းတွေချည်းပဲ ဖြစ်နေလောက်ပြီ ။


MariposaOctober 27, 20111min791
မချစ်ဖူးလျှင် ၊ ချစ်ဖူးချင်၍ ချစ်မိပြန်လျှင် ၊ မမုန်းချင်အောင် ဘဝင်ညွှတ်နူး ၊ အချစ်ထူးသည့် အရူးပမာ ၊ လမ်းတကာတည့် ။ မျှော်လင့်မိတိုင်း ၊ ရင်ထဲနင့်ဆို့ ထားခဲ့ဒဏ်ရာ ၊ မဖြေသာလည်း ရင်မှာဝမ်းနည်း ၊ လွမ်းဆွတ်သော်လည်း စိတ်မှာနာကျင် ၊ ထားခဲ့ချင်လည်း ချစ်ဦးသူမို့ ၊ ပြစ်မယူဘူး . . . ။ ။


MariposaOctober 25, 20111min562
ဆောင်းဟေမာန်ပျောက် ၊ နွေကိုရောက်ကာ ရွက်ဟောင်းကြွေ၍ ၊ ရွက်သစ်ဝေသော် တစ်ချိန်ကအနမ်း ၊ လွမ်းတုန်း ဟေမာ . . . ။      ။


MariposaOctober 25, 20111min580
ဒီမှာ . . . မိတ်ဆွေ။ တံတားတွေဆောက် လမ်းတွေ ဖောက်ပြရုံနဲ့ ခင်ဗျားလျှောက်မယ့်လမ်း တောက်ပသွားပြီ ထင်လား။ သူများတွေ မြှောက်တင်နေတဲ့ စကားတွေနဲ့ ခင်ဗျား မြောက်ချင်မနေပါနဲ့။ ကြာရင် ခင်ဗျားဘဝကြီး လောက်တင်သွားလိမ့်မယ်။ တကယ်တော့ . . . ခင်ဗျားလည်း မြန်မာနိုင်ငံမှာနေတာပဲ။ စာတတ်ဖို့ မလိုပါဘူး။ အထာနပ်ဖို့ပဲ လိုတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စာမကျက်ခိုင်းပါနဲ့။ ဖြစ်နိုင်ရင် . . . ကော်ပီ စာရွက်တစ်ရွက်လောက် လိုချင်တယ်။


MariposaOctober 23, 20111min1467
မသေချာသည့် ဤကမာ္ဘသည် လွမ်းခွင့်တွေများ . . . မရေရာသည့် ငါသည် လှမ်းခွင့်ဝေဝါး . . . ဟေမာအတွက် ဤကဗျာသည် ပန်းပွင့် ဖြစ်စေသား . . . ။


MariposaOctober 11, 20111min924
လူတွေက ကျွန်တော့် ကျောပေါ်ကနေ ဖြတ်လျှောက်သွားကြတာဗျ ။ တခါတလေဆိုရင် ကျောပေါ်ကို အမှိုက်တွေ ပစ်သွားကြတယ် ၊ ကွမ်းသွေး ထွေးသွားကြတယ် ၊ ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက်ဆိုရင် ပိုတောင် ဆိုးသေးတယ် ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ကျွန်တော်က အမြဲတမ်း ခါးကုန်းထားရတာဗျ နောက်ပြီး . . . ကျွန်တော်ရှိနေလို့ သူတို့ ဟိုဘက် ဒီဘက် ကူးနိုင်တာ ဒါတောင် သူတို့က ကျွန်တော့်ကို ကျေးဇူးမတင်ချင်ကြဘူး ။   ထားလိုက်ပါတော့ ။ ဒါတွေက သိပ်တော့ အရေးမကြီးပါဘူး ။ သူတို့ရှိမှ ကျွန်တော်က ပျော်တာဗျ ။ သူတို့ရှိမှ ကျွန်တော့်ဘဝ စိုပြည်မှာ   ဒါပေမယ့် ကျွန်တော့်ကို . […]


MariposaOctober 11, 20111min1174
အိပ်ရေးပျက်နေတဲ့ စကားလုံးတွေနဲ့ ပုပ်သိုးနေတဲ့ စိတ်ကူးတွေကို ပေါင်းစပ်ထားတဲ့ လျော့ရဲရဲ ကဗျာတစ်ပုဒ်လို မင်း . . .   မဖြစ်နိုင်တဲ့ အချစ်တစ်ခုကို မာယာလက်နက်တွေ သုံးပြီး သိမ်းပိုက်ခဲ့တဲ့ မင်း . . .   လူတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို မျက်ဝန်းက ပုလဲဥများစွာနဲ့ ဖျက်ဆီးခဲ့တဲ့ မင်း . . .   မင်း   မှ   မင်း . . .   ။       ။


MariposaOctober 9, 20111min1087
အရှင်မာရ်နတ် ထိုနေ့တွင် . . . အရာအားလုံး မှောင်မိုင်နေပါစေ။ အလင်းရောင် မရှိပါစေနှင့်။ ငါ့အတွက် အရှက်အကြောက် ကင်းမဲ့နေပါစေ။ ဖြစ်ပျက်သမျှအားလုံး အဆင်မပြေမှုတွေနဲ့ ပြည့်နေပါစေ။ ငါ့အား ရက်စက်တတ်တဲ့ နှလုံးသားတစ်ခု ပေးအပ်တော်မူပါ အရှင်မာရ်နတ်။ ထိုနေ့သည် . . . သူမ နဲ့ ငါ နောက်ဆုံးတွေဆုံခြင်း ဖြစ်ပါစေ။ ထိုသို့ ပြုလုပ်ပေးခြင်းအားဖြင့် ငါသည် သင့်အား အစဉ်ထာဝရ ကျေးဇူးတင်ပါမည်။ သင်၏ ချမ်းသာ ပျော်ရွှင်ခြင်းအလို့ငှာ ဘုရားရှင်ထံတွင် ငါကိုယ်တိုင်  . . . ဆုတောင်းမေတ္တာ ပို့သပေးပါတော့မည်။


MariposaOctober 1, 20111min1167
အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ အက္ခရာတွေကို ဒီလို နံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . . A=1, B=2, C=3, D=4, E=5, F=6, G=7, H=8, I=9, J=10, K=11, L=12, M=13, N=14, O=15 P=16, Q=17, R=18, S=19, T=20 U=21, V=22, W=23, X=24, Y=25, Z=26 အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့ နံပါတ်တစ်ခုစီ ရှိသွားပါပြီ။ ကဲ ဘဝမှာ […]


MariposaSeptember 30, 20111min550
ငါ့ရဲ့ . . . ရင်ထဲ ၊ အမုန်းများထား အပြုံးများနှင့် ၊ ထွက်ခွာသွားသူ ငါ့ချစ်သူ ရေ . . . ။ မင်းမရှိလို့ ခြောက်ကပ်နေတဲ့ ငါ့ရဲ့ဘဝ ငါ့စိတ်ထဲမှာ အရာရာကို စိတ်ဓါတ်ကျလို့ အလွမ်းတွေနဲ့ အပန်းဖြေခဲ့ ။ တကယ်လို့သာ . . . ကံကြမ္မာက အသာပေးလို့ ခဏလေးများ တွေ့ခဲ့ကြရင် မုန်းချင်သည့်စိတ် မေ့ဖျောက်ပစ်၍ ဟန်ဆောင်အပြုံး နှုတ်ဆက်ပြုံးပါ ။ လွမ်းတဲ့ငါ့စိတ် ဖြေသိမ့်ပေးဖို့ အကြင်နာမိုး ရွာသွန်းပေးပါ ။ ချစ်ခဲ့အချိန် ပြန်စဉ်းစားလို့ ရင်ကို အနမ်း စွန့်ကြဲပေးပါ ။ တကယ်လို့သာ . . . ပေါ့လေ ။ […]


MariposaSeptember 30, 20111min11613
နွေ . . . အဲဒီလောက်ကြီး မပူပြင်းပါနဲ့ ဥဩငှက်တွေကို သနားပါဦး . . . ။ မိုး . . . အဲဒီလောက်ကြီး မသည်းထန်ပါနဲ့ ဖားတွေကို သနားပါဦး . . . ။ ဆောင်း . . . အဲဒီလောက်ကြီး မအေးစက်ပါနဲ့ ပုရစ်တွေကို သနားပါဦး . . . ။


MariposaSeptember 29, 20111min8711
ရင်ထဲအလွမ်း ၊ ချန်ရစ်ခဲ့လည်း သူ့ရဲ့အသံ ၊ သူ့ပြောဟန်ကို စိတ်မှာထင်ကျန် ၊ စွဲလန်းနေမှ ဘဝအသိ ၊ ဘဝစိတ်က သူ့ကိုမေ့လိုက်ပါတဲ့လေ . . . ။   ကိုယ်ကချစ်ပြီး ၊ သူမချစ်တဲ့ ကိုယ့်ရဲ့အဖြစ် ၊ ကိုယ့်အချစ်ကို ပြောတဲ့စကား ၊ မိတ်ဆွေတွေက သူ့ကိုမေ့လိုက်ပါတဲ့လေ . . . ။   သူနဲ့တွေ့တိုင်း ၊ ပျော်တဲ့စိတ်လည်း သူ့အသိုင်းဝိုင်း ၊ အရိုင်းစိုင်းကြောင့် တွေ့ချင်သည့်စိတ် ၊ ကြိတ်မှိတ်ဖြေကာ တိုးတိတ်စွာလွမ်း ၊ မှန်းကာမျှော်လည်း ကိုယ့်ရဲ့ဘဝ ၊ ကိုယ့်မိဘက သူ့ကိုမေ့လိုက်ပါတဲ့လေ . . . ။      ။