Maung MinMarch 28, 20121min18213
သို ့ သမ္မတကြီးခင်ဗျား- ကျွန်တော်တို့သင်္ဘောသားတွေဟာထွက်ပေါက်မရှိချောင်ပိတ်အရိုက်ခံနေရပါတယ်ဆိုတဲ့ အကြောင်းကို တိုင်ကြားလိုပါတယ်ခင်ဗျား… ကျွန်တော်တို့သင်္ဘောသားတွေဟာနိုင်ငံခြားသင်္ဘောလိုင်းတွေမှာတာဝန်ထမ်းဆောင်ပြီးနိုင်ငံတော်အပေါ်အခွန်ကျေနေတဲ့သင်္ဘောသား(၃၀၀၀)ဦးရေကို(၂၀၀၇)ခုနှစ်အထက် မော်တော်ယာဉ်များတင်သွင်း ခွင့်ပြုခဲ့တာကြောင့်ကျွန်တော်တို့သင်္ဘောသားအများစုဟာမိမိတို့တင်သွင်းလိုတဲ့ကားများကို ပြည်ပလေ လံများ မှ၎င်း၊ ဂျပန်နိုင်ငံရှိ Show Rooms များမှတိုက်ရိုက်ကြည့်ရှုပြီး ကြိုက်နှစ်သက်ရာကား များကို ဝယ်ယူခဲ့ပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်၊ ဆိပ်ကမ်းရှင်းလင်းခြင်းကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိနေစဉ် မိမိတို့ဝယ်ထားသောကားများမှာ ထုတ်ယူလို့မရဘဲ ဖြစ်နေပါတယ်။ ထုတ်ယူလို့မရတဲ့အကြောင်းရင်းကတော့ (၂၀၀၇) ခုနှစ်ဖြင့် တင်သွင်းလာတဲ့မော်တော်ယာဉ် တွေကို ဆိပ်ကမ်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတွေက စစ်ဆေးရာ (၂၀၀၆) ခုနှစ် ထုတ်မော်တော်ယာဉ်တွေဖြစ်တယ်ဆိုပြီး ထုတ်ခွင့် မပြုဟုပြောပါတယ်။ အဲ့ဒီကိစ္စရပ်အပေါ် ကျွန်တော်တို့က နားမလည်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ပြည်ပမှ မော်တော်ယာဉ်တွေကို ဝယ်ယူရာမှာ နိုင်ငံတော်က ထုတ်ပြန်ချက်များနဲ့ အညီ အောက်ပါ အချက်အလက်များကို စီစစ်ပြီး သင်္ဘောတင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ (၁)    […]