maung khinminJuly 21, 20121min12812
***…. နွားတစ်ကောင် လိုပါသည်….*** လျှာအရိုးမရှိ တိုင်း မှိုလိုပေါက်နေကြတဲ့ စကားလုံး တွေထဲ  …..  လေသံဖမ်းတရားနာ ပြီးတော့လည်း   …အိမ်ပြန်လာ ရမှာပါပဲ  … ဖန်တစ်ရာတေ မျှော်လင့်ချက် အလင်းရောင်လေး က သားချော့တေး တစ်ပုဒ်လောက်…နားဝင် မချိုခဲ့တာ…ကြာပေါ့ အဟောင်းအနွမ်း  တွေကို  ….ရောင်းတန်းဝင်အောင် ကုလားဖန်ထိုး  …..  ဒဏ်ရာက ဆေးယဉ်ပါး နေပြီဆိုလား … ? လူ ့ဇာတိကို လေးစားခြင်း ….လူ ့အဖြစ်ကို တန်းဖိုးထားခြင်း … အဲလို ပဲ ….. စာအုပ်တွေထဲ … မျှော်လင့်ခြင်းကို  ပစ်ပစ်ထည့် ရင်းကြီးပြင်း လာ … လွတ်လပ်ရေး ရပြီးမှ….  လွတ်လပ်ခြင်း ဆိုတာ ….ပြာကျလို ့… ကိုယ်ကျင့် […]


maung khinminJuly 20, 20121min907
အလွမ်းနာ ကျ ကဗျာမဆန် တဲ့နှလုံးသားမျိုး နဲ ့ အချစ်မှာ…ခါးသီးခဲ့ တယ်   တိမ်တွေ ငိုချလိုက်တဲ့  … မိုးက စပါယ်တွေကို   … တစ်ဖျောက်ဖျောက် ပွင့်ဝေ စေခဲ့ပေမယ့် ငါ…..မစိုစွတ် လိုက်ရဘူးးးးး   ဒီလိုနဲ ့….. သံယောဇဉ် ရဲ့  တွင်းနက်နက်ထဲ မျှော်လင့်ချက်…အကျိုးအပျက် တွေက တောင် ပုံ…..ရာပုံ  လို ့   နှစ်ချို ့ပျားရည်  တစ်စက် တပ်မက်တဲ့..စိတ်နဲ ့တင်… ရင်ခုန်သံ ဟာ…အိပ်မက်ဆန် နေလိုက်ရ   သတိရ ခြင်းတွေ…ဗရပွ နဲ ့ … မွစာ ကြဲ အောင် … တမ်းတနေရတဲ့ ငါ့…စပါယ်ဖူး လေးရေ…………   […]


maung khinminJuly 15, 20121min654
အမေ့ နှုတ်ခမ်း နှစ်လွှာ…..မဲ့နေလိုက် ပုံက ကျွန်တော့်…အနာဂတ် ကို အားအင် တွေသစ်စေခဲ့…. အမေ့ အရေပြားတွေ…တွန် ့ထပ်နေလိုက် ပုံက ကျွန်တော့်….သံဝေဂဉာဏ် ကို ရင့်သန်စေခဲ့… အမေ့ နှလုံးခုန်နှုန်းတွေ….မြန်လွန်းလာတဲ့အခါ ကျွန်တော့်…စိုးရိမ်ရေမှတ်ကို ဒီရေတတ်စေခဲ့… အမေ့ ဘုရားဝတ်ပြုသံ….ငြိမ်းချမ်းနေလိုက်ပုံက ကျွန်တော့်…မိုက်မဲမှု ကို အရေခွံ…ကွာကျစေခဲ့တယ်…အမေ အမေ…ရယ် ကျွန်တော်…ရယ် အမေ့ …ခြံဝိုင်း လေးရယ်လေ.. ဘယ်တုန်းကမှ… သူစိမ်းတွေ….မဟုတ်ခဲ့ကြပါဘူး…အမေရယ်..။။။


maung khinminJuly 15, 20121min43
လိပ်တစ်ကောင်က ကိုယ့်ရေယက် ကိုယ်ယက်ပြီး ပင်လယ်ထဲ… ထိုးဆင်းသွားတယ်….. ငှက်တစ်ကောင်လည်း ကိုယ့်အတောင် ကိုယ်ခတ်လို ့ အာကာထက်… ပျံတတ်သွားတယ်….. ချစ်သူက ကိုယ့်အတ္တ ကိုယ်ဖက်ပြီး ကျွန်တော့် ရင်ဘတ်ထဲက… ခွဲထွက်သွားတယ်….. ထို ့နောက်… ကျွန်တော်လည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး မနက်ဖြန်အကြောင်း… တွေးနေလိုက် မိတော့တယ်..။။။


maung khinminJuly 10, 20124min726
ကိုယ့်စိတ် ကိုယ် စစ် ဘာဖြစ် သင့်လဲ… ဖြစ်နေ တာကော သဘော ပေါက် သလား… ကမ္ဘာ ကရော…လေးစားရဲ့လား ဗမာ ကိုရော… အသိအမှတ် ပြု သလားးးးး ဘာသာ ကိုရော….. လေးစား ဘူးရဲ့ လားးးး လားးးးလားးးးးလားးးးလားးးး လားပေါင်း များစွာ…. အမှား ပေါင်းများစွာ ရှင်သန် ခြင်း ဟာ… ဘယ်လို ပါလိမ့်….၊   စင်္ကြာဝဠာ ဆီ…မောင်းနှင် နေကြပြီ ခေါင်းမော့ ပါးစပ် မှင်သက် … နေလိုက် ကြယုံ ပါ့ ပါစက အရေးနဲ ့…နပမ်းသတ် ခေတ်ကို နောက်ပြန်ဆွဲ.. တစ်ယောက် လည်ပင်း တစ်ယောက်ညှစ် ရင်း… အရိုးတွေ ဘဲ…ရင့်လာခဲ့ ကြတယ်….၊ […]


maung khinminJuly 9, 20123min19919
မျှော်လင့် ခြင်းတွေ….တစ်စင်းခြင်း ပျက်ကျ နေတဲ့   ကောင်းကင်ရေ.. သံသရာတစ်ခွင်လုံး…ငြှိုးချက် က ဘဝစာမျက်နှာ ထက်… ပက်ပက် စက်စက်….ဒဏ်ချက်တွေနဲ ့… အရှိုး ရာထပ် စေခဲ့ ပေါ့…..၊   မြင်ရက်စရာ မရှိတဲ့…. ကံကြမ္မာ ကြိုးကို…ပြန်ပြင်ထုံးထား ချင်ရဲ့… အဆုံး မစမရှိတဲ့….ဝင်္က ါ ခရီးထဲ…ကြီးပြင်းရင်း အစီအစဉ်တကျ  ရောက်ရောက်လာတတ်တဲ့.. ရှုံးနိမ့်ခြင်း ကိုထိုင်စောင့် ရတာလောက် ငြီးငွေ ့စရာ  ကောင်းတာမရှိ…   အကိုင်း အခက်ကို ….ပိုင်းဖြတ်ခံရ အညွန် ့အဖူး တွေ…ခြွေခူး ခံရ တစေ ္ဆခြောက်ခံရတဲ့…. အိုနာ ကျိုးကန်း အိပ်မက်တွေထဲ…ငါ့ ရေသောက်မြစ် လေး…သေမသွားတာပဲ.. ကျေးဇူး တင်နေရ……၊   မပြိုင်ဘဲ  အနိုင်စွဲခဲ့ဘူးတဲ့….ယိုင်လဲမှု မတောင်းဘဲ….စွန် […]


maung khinminJuly 6, 20121min23311
ဇူလိုင် ဆယ့်ကိုး…..မေ့နိုင် ရိုးလား မိုးနှင့် အပြိုင်…မျက်ရည် ဖြိုင်ရျ် မခိုင် မျက်ဝန်း…..ပြိုရျ် ဆင်းကာ မြန်ပြည် အဝှမ်း…. သောက လွှမ်းခြုံ ဦးညွတ် ကုန်လင့်….မမေ့ သင့်ပေ ဇာနည် တွေမို ့…………….၊   သွေးစွန်း ခဲ့သည်….အာဇာနည် များ သည်နေ ့ သည်ရက်….အာဏာ မက်မော ငစော ဂဠုန်…ကမ်းကုန် အောင်မိုက် စည်းဝေး ခိုက်မှာ… အငိုက် ကိုဖမ်း ရမ်းကား ပစ်ခတ်….စက်သေနတ် ဖြင့် ပြည်ချစ် ပန်းတို ့….ကြွေလွင့် ရှာသည်…၊   အသက် သွေး ချွေး…စွန် ့လှုပေးဆပ် ချစ်မြတ် တိုင်းပြည်…ခေါင်းဆောင် ပီသ မျှတ လူ ့ဘောင်….ထူထောင် လိုသူ သူလို လူကား….ပြိုင်စံ […]


maung khinminJuly 6, 20121min1217
ဒုက္ခ ဒုက္ခေါ   … လောက တော၌ မျောလိုက် မြုပ်လိုက်… ဖုတ်လှိုက် ဖုတ်လှိုက် မိုက်လိုက် တာကွယ်… နောင်တ လွယ်မြဲ လွှဲဖယ် မရ….တစ်နေ ့ ကျလျင် မှန်ပင် သေရ…မုချ မသွေ သံဝေဂ ဉာဏ်… အမြင် မှန်မှ လူပီ သ၏……….၊   အပ္ပါယ် တံခါး… ရှေ့နား လေးတင် မမြင် မတွေ ့…တရား မေ့လျက် နေ ့ရက် အစဉ်… ခရီး နှင်မြဲ ငါစွဲ အတ္တ… ဝဲဩဃ နယ် ကျင်လည် ကျက်စား…ပိုင်းခြား ပညာ မရှိ ပါက…လူဖြစ်  ရရှုံး အညွန် ့ တုံးလျက်…မဆုံး ဘယ်ခါ သံသရာ […]


maung khinminJuly 4, 20121min1065
အချစ် ရဲ့…မြစ်မှာ… ယစ်မူး ပြီး…ရူးသွားတဲ့….ကဗျာ ကာရန် ပါချင်မှ..ပါမယ်   မူးမူး ရီရီ…ဆည်းဆာ မှာ နေဝင်ချိန် ရဲ့..အလှဘုရင်မကို တောင်တန်း ပြာတွေက …ရိုသေခယ နေကြတယ်..   ရင်ဘတ်ခြင်း  ကြိုးညှိ  ရင်း… စောင်းသံတွေ   ကျပျောက် လွမ်းနေ သလောက်တော့… ကဗျာတွေနဲ ့….ရဲရဲတောက် လောင်ကျွမ်း ပစ်လိုက်ချင်သေးတယ်…   နှင်းဆီ လိုလည်း..ရဲခဲ့ဘူးတယ်… ဆူးမပါ ဘဲ.. စပါယ်လိုလည်း..ဖူးခဲ့ဘူးတယ်.. ရနံ ့ မလှိုင်ဘဲ… တစ်ကယ်တော့  ကောင်မလေးရေ…. ငါဟာ….ရေမစီးတဲ့မြစ်မှာ.. စင်းစင်းကြီး သေနေတဲ့…. ကဗျာ တစ်ပုဒ် ပဲ..ဖြစ်တယ်…။။။  


maung khinminJuly 4, 20121min995
ခဏ ခဏ  ကျပျောက်တတ်တဲ့….ကိုယ်ကျင့် အသိခေါက်ခက်…အဝင်နက်လို ့… မချစ်မှစ်သက်တော့တဲ့…အတိတ်ခါးကို စဉ်းစားမိတိုင်း… စိတ်သွားတိုင်း….ကိုယ်မပါတော့….၊   အဲလိုနဲ ့…. ခြစားနေတဲ့..အိမ်ထဲ လိမ်ဖယ် လိမ်ဖယ်နဲ ့… ငါ့မျက်လုံးတွေ…တိမ်ကွယ်ခဲ့တာ  ပ….၊   စိန်မခေါ် ရဲဘူး.. အလိမ်  ပေါ်မှာ စိုးတယ် ရှေ့ဆက်ပြီး…အစာအိမ် ကို ရွှေရည်စိမ်…အတုတွေနဲ ့လည်း… မထုံ မွှမ်းချင်တော့…. ကိုယ့်အညစ်အကြေး  ကိုယ်ပြန်စစ်ဆေးပြီး.. ငါ……သူတို ့နဲ ့ တဖြည်းဖြည်း…..ဝေးပစ်လိုက်တယ်…..၊   တွေးလိုက်တိုင်း….. ရင့်မှည့်လွယ်လွန်းစွာနဲ ့…ကိုယ့်နောင်တ ကိုယ် ပြန်ပြန် မြိုချ နေမိတယ်… ထာဝရ မဟုတ်တဲ့….ဈာပန ပွဲတွေကနေ သံဝေဂ ကို….ထမ်းခေါ်ခဲ့ဘူးတယ်…. လမ်းပေါ်က ဘဝဆက်ထုံး တွေကို ပလက်ဖောင်း…ခေါင်းအုံးရင်း ရိုးသားခြင်းကို ထောင်ဖမ်း ရဦးမယ်လေ…၊ […]


maung khinminJuly 2, 20121min1248
ဆိုးပြီး  ကောင်းမယ်.. ဆုတောင်းက မကယ်ဘူး   လွယ်လွယ်နဲ ့တော့… လက်မလျှော့ချင် ကိုယ်သာ အရှင်…သခင်ပေမို ့ ကိုယ်တိုင် ထွင်းဖောက် လျှောက်ရ မယ့်လမ်း ပျောက်တဲ့ လမ်းပေါ်… လျှောက်စမ်း ရဲရဲ.. အားမာန် ခဲပြီး ရင်းနှီး တတ်မှ… အမြတ်ထွက်မယ်….   အမှောင် ကွယ်ရင် အလင်း သစ်လို ့.. တစ်နေ ့….. မင်း ဖြစ်ချင်တာ…ဘာလဲ ကိုယ့်ကို ကိုယ်..ခပ်ရဲရဲ မေးကြည့် ဖို ့တော့…. လို အပ် တယ်။။။


maung khinminJuly 2, 20121min30612
 မနမ်း ထိုက်တဲ့… ပန်းမကိုဋ် မို ့…..နန်းထိုက် တာလားးး   နန်းထိုက် တဲ့… ပန်းမကိုဋ် မို ့…မနမ်း ထိုက်တာ လားးးး   မြေပြင် မှာရပ်….ပင်မြင် ့ ထက်မျှော် ဘော်ငွေ သဇင်…မာန ဝင်လျှက် တော်ဝင် လက်၌…မွေ ့ပျော် ပိုက်ချင် ထို သဇင်အား….လိုချင် တပ်မက် ခူးခြွေ ခက်လို ့…မတ်တတ်  ငေးမှိုင် ယနေ ့ တိုင်ထိ…စောင့်ကြည့် ယုံမှ မှ တပါးသာ…ဘာများ တတ်နိုင် အံ့ မည် နည်း….။။။  


maung khinminJuly 1, 20121min541
မင့်…အရောင် လက်စေဖို ့ ငါ့..အတောင် တွေ…ကျိုးကြေ ပျက်ခံခဲ့ ရ ချွေးသိပ် ဖြေရာ…ခိုလှုံရာ မဲ့ မှာတော့ ရင်ခုန်သံ…အအက် အကွဲတွေ နဲ ့.. တွဲဆက် လို ့မရ နိုင်တဲ့…မျဉ်းပြိုင်လေးကိုမှ… လွမ်း လို ့ကောင်း  နေဆဲ……………….     တစ်ယောက် ရဲ့…..ရင်ဘတ်ထဲ  တစ်ယောက် ထုတ်ချင်း မခတ်ခဲ့ကြတော့… အချစ် မှာ…အချို ပေါ့သွား ခဲ့ဖူးတယ်.. ကြိုးကို  ပြန်ညှိ ဖို ့အတွက်… နားလည်မှု လိုအပ်ဆဲ…..   ဒီလို နဲ ့….. ငါ့ ကွယ်ရာ ကနေ… ငါ့ နောက်ကျော ကနေ အဲဒီ့..သံသယ တွေနဲ ့…တစ်ရစ်ချင်း..တစ်ရစ်ချင်း…. စုပ်သွင်း ပြီး […]