maungpeaceOctober 31, 20111min546
ယနေ့ မြန်မာနိုင်ငံ၏ ဘာသာရေးအခြေအနေများတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်များ ဆုံးရှုံးမှန်းမသိ၊ ဆုံးရှုံးနေရပါသည်။  ထေရဝါဒစာပေဖွင့်ဆိုမှုများနှင့် မတူသော တရားဓမ္မများအပေါ် လေ့လာ သိရှိခွင့်များ မရအောင် အတင်းအကျပ် ပိတ်ပင်နေမှုများ တာဆီးနေမှုများကို  ေထရဝါဒအစွဲသန်ပုဂ္ဂိုလ်တစ်စုမှ တစ်ချို့သောမြို့နယ်များတွင် နယ်မြေခံ  ထေရဝါဒအစွဲသန်သူများနှင့် ပူပေါင်း၍ ပြုလုပ်နေသည်ဟု ကြားသိနေရပါသည်။ ထေရဝါဒစာပေဖွင့်ဆိုမှုများနှင့် မတူသောတရားများအား အဓမ္မ (မတရား) စာပေများဟု ပုတ်ခတ်ပြောဆိုခြင်း၊ အဆိုပါတရားများအား မလေ့လာကြဖို့ လက်ကမ်းစာရွက်များဖြန့်ဝေခြင်း၊ ဟောပြောခြင်းနှင့် ကိုယ်ယုံကြည်ရာ (ထေရဝါဒအဖွင့်များဖြင့် မတူသော) ဗုဒ္ဓဘာသာအသိများဖြင့် နေထိုင်သူများအား ပုတ်ခတ်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များသည် စည်းမဲ့၊ ကမ်းမဲ့တရားလက်လွတ်ြဖစ်နေသည်ကို တွေ့ရပါသည်။ အဆိုပါလုပ်ဆောင်ချက်များသည် အများပြည်သူတို့၏ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို ထိခိုက်စေသည့် တရားမဲ့မှုလုပ်ရပ်များဖြစ်နေသည့်အပြင် ငြိမ်းအေးမှုကို ဖော်ဆောင်သည့် ဗုဒ္ဓဘာသာကို ထိခိုက်စေပါသည်။ ယနေ့အခါ ကမ္ဘာပေါ်ရှိလူမျိုုးအသီးသီး ယုံကြည်ကိုး […]