မောင် ဓုဝSeptember 5, 20121min561
အရက်သမား တစ်ယောက် အရက်မူးရာကနေ အရက်မူးပြေသွားတာကို အနိစ္စလို့ ပြောမလား။ဟုတ်တယ် မူးတာကလဲ မမြဲတာဆိုတော့ အနိစ္စလို့ပြောရမှာပါ။ ဒါက ပရမတ် လို အနိစ္စပါ။အရိယ သစ္စာထိုက်တဲ့ အနိစ္စ မဟုတ်ပါဘူး။ဒါဆို အရိယသစ္စာထိုက်တဲ့ အနိစ္စက ဘယ်လိုလဲ ဆိုတော့ အရက်သမားကြီးဖြစ် သွားတာ ကို ပြောရမှာပါ။ဘာဖြစ် လို့လဲဆိုတော့ လူကောင်း အဖြစ်ကြီးပျက်စီးသွားလို့ပါပဲ။ ဖြစ်ပြီးပျက်သွားတဲ့ အနိစ္စက သဘာဝတရားပါ။ ဘယ်အဝိဇ္ဇာကြောင့်မှ မဟုတ် ပါဘူး။လူကောင်းအဖြစ်ကြီးပျက်စီးသွားတဲ့ အနိစ္စက သဘာဝ မဟုတ်ပါဘူး။ အဝိဇ္ဇာကြောင့်ဖြစ်တာပါ။ ဒါကြောင့်  ဖြစ်ပြီး ပျက်သွားတဲ့ အနိစ္စကေ ကြာက်စရာ မဟုတ်ပါဘူး၊ လူကောင်းအဖြစ်ကြီး ပျက်စီးသွားတဲ့ အနိစ္စကသာ ကြောက်စရာ အကောင်းဆုံးပါ။


မောင် ဓုဝAugust 19, 20121min946
အခုဒီဆေးကိုသောက် ဒီရောဂါအခု ပျောက်နိုင်တယ်လို့ ပြောရင် စကား ကောင်းပါ။ အခုဒီဆေးကိုသောက် သေပြီးတဲ့နောက်မှာ ရောဂါပျောက်မယ်လို့ ပြောလာ ရင်တော့စကားကောင်းမဟုတ်တော့ဘူး။ အခုဘဝ ချွေတာစုဆောင်း ကြိုးစားလုပ်ကိုင်ရင် အခုဘဝချမ်းသာနိုင်တယ်လို့ ပြောရင် စကားကောင်းပါ။ အခုဘဝချွေတာစုဆောင်း ကြိုးစားလုပ်ကိုင်ရင် နောက်ဘဝ မှာချမ်းသာမယ်လို့ ပြောရင်တော့ စကားကောင်းမဟုတ်တော့ဘူး။ အဲ့ဒီလိုပဲ အခုတရားကျင့်တာဟာ အခုဘဝ ကိလေသာတွေကုန်ပြီး ငြိမ်းချမ်းတဲ့ သူ ဖြစ်အောင်လို့ပါ။ ဒါကိုသေပြီနောက် ငြိမ်းချမ်းဖို့လို့ ပြောလာရင်တော့ စကားကောင်း လို့  ပြောလို့မဖြစ်ပါဘူး။


မောင် ဓုဝAugust 11, 20121min51
လူတွေက မျက်မမြင် နားမကြား ဖြေလက်မသန် အင်္ဂါချို့တဲ့ သူတွေကို ဒုက္ခိတလို့ သိနေကြပါတယ်။ ဒါကအများသိနေတဲ့ ဒုက္ခိတပါ။ ဒုက္ခိတဆိုတာ ဒုက္ခပုဒ် ဣတပစ္စည်း နှစ်ခုပေါင်းထားတဲ့ စကားပါ။ ဒုက္ခဆိုတာကဆင်းရဲ ဣတပစ္စည်းက ရှိတာ နှစ်ခုပေါင်းတော့ဆင်းရြတွေရှိတာလို့ အနက်ရှိမှာပေါ့။ ဒီတော့ဆင်းရဲတွေရှိနေတဲ့သူကို ဒုက္ခတလို့ ပြေရာဆိုရတာဖြစ်တယ်။ ဆင်းရဲဆိုတာ ဘာကိုပြောတဲ့။ဒီတော့သင်္ခါရတားတာ ဘာလဲလို့ထပ်မေးရင် သင်္ခါရဆိုတာ အဝိဇ္ဇာ နဲ့ပြုလုပ်တာလဲဆိုတော့ သဗ္ဗေသင်္ခါရာ ဒုက္ခာတိ သင်္ခါရတရားတွေဟာဆင်းရဲပါပဲတဲ့ ကောင်းမကောင်း က


မောင် ဓုဝAugust 7, 20121min937
လောဘဆိုတာ လိုချင်တာတိုင်းဟလောဘဆိုတာ လိုချင်တာတိုင်းဟာလောဘမဟုတ်ပါဘူး။ လိုချင်တာက တရားသဖြင် ့လို ချင်တာနဲ့ မတရားသဖြင့်လိုချင်တာလို့ နှစ်မျိုးရှိပါတယ်။ တရားသဖြင့်လိုချင်တာဟာ လောဘမဟုတ်ပါဘူး သမ္မာအာဇီဝ ပွားများကျင့် သုံးရမယ်အရာ ဖြစ်ပါတယ်။ ဒါကိုလောဘဆိုပြီး သွားပယ်လိုက်ရင် အကျိုးနည်း ကြမှာပေါ့။ မတရားသဖြင့်လိုချင်တာကသာ လောဘဖြစ်တာပါ။ အဲ့ဒါကိုသာပယ်ရ မှာပါ။ မသိတော့လိုချင်တာတိုင်းကိုပယ်ရမှာလို့ထင်နေကြတယ်။ပယ်ကလည်းမပယ်နိုင်တော့အခက်ကြုံကြရတာပေါ့။ ဒါကြောင့်အခက်မကြုံရအောင် မတရားသဖြင့် လိုချင်တာကသာလောဘ ဖြစ်တယ်လို့ အသိပေးလိုက်ရပါတယ်။ လောဘဆိုတာ လိုချင်တာတိုင်းဟာလောဘမဟုတ်ပါဘူး။ လိုချင်တာက တရားသဖြင် ့လို ချင်တာနဲ့ မတရားသဖြင့်လိုချင်တာလို့ နှစ်မျိုးရှိပါတယ်။ တရားသဖြင့်လိုချင်တာဟာ လောဘမဟုတ်ပါဘူး သမ္မာအာဇီဝ ပွားများကျင့် သုံးရမယ်အရာ ဖြစ်ပါတယ်။ ဒါကိုလောဘဆိုပြီး သွားပယ်လိုက်ရင် အကျိုးနည်း ကြမှာပေါ့။ မတရားသဖြင့်လိုချင်တာကသာ လောဘဖြစ်တာပါ။ အဲ့ဒါကိုသာပယ်ရ မှာပါ။ မသိတော့လိုချင်တာတိုင်းကိုပယ်ရမှာလို့ထင်နေကြတယ်။ပယ်ကလည်းမပယ်နိုင်တော့အခက်ကြုံကြရတာပေါ့။ ဒါကြောင့်အခက်မကြုံရအောင် မတရားသဖြင့် လိုချင်တာကသာလောဘ […]


မောင် ဓုဝJuly 26, 20121min28131
မန္တလေးဂေဇက်ဟုခေါ်တွင်သော ဤသတင်းလွှာကဏ္ဍကို စတင်သိခွင့်ရသည့်အချိန်မှ ဝင်ရောက်ဖတ်ရှု ရေးသားရင်း၊ မှတ်ချက်များပေးမည်ဟု စဉ်းစားမိပါသည်။ သို့ဖြစ်သည့်အတွက် ဝင်ရောက်ရေးသားခွင့်၊ မှတ်ချက်ပေးခွင့်များ ပေးခဲ့သည့် ဤသတင်းလွှာကိုဦးစီးလုပ်ကိုင်နေသည့် ပုဂ္ဂိုလ်များကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် ဝင်ရောက်ရေးသားနေကြသော မိတ်ဆွေများကိုလည်း ထာဝရ ချစ်ခင်လေးစားလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။