MaySeptember 26, 20111min13214
ရုံးလာခဲ့ပါ.. ကိုယ်တိုင်ကြုံတွေ့တာလေးပြောပြချင်ပါတယ်။။။ ရပ်ကွက်ထဲမှာ မှတ်ပုံတင်လာလုပ်ပေးမယ်ဆိုလို့ သမီးကြီးကို မှတ်ပုံတင်လုပ်ပေးဖို့ သူ့အဖေနဲ့ သွားခိုင်းခဲ့ပါတယ်. ဟိုရောက်တော့ form ဝယ်ပြီး ထုံးစံအတိုင်း ဖြည့်ရတာပေါ့..  ဖြည့်ပြီးလို့ ထပ်ပြီး ကိုယ့်အလှည့်ကြတော့ form ကိုစစ်ပေးတဲ့ လ.၀.က မှ အရာရှိက “ဒီမှာမပြီးဘူး ရုံးလာခဲ့လို့” ပြောပါတယ်.. ဒါကြောင့်ကျမ အမျိုးသားက လာအတွက်လဲလို့မေးတော့… အမျိုးသမီးရဲ့ မှတ်ပုံတင်က လှိုင်မြို့နယ်ကဖြစ်နေလို့တဲ့လေ.. ဒီတော့ လှိုင်မြို့နယ်မှာ ဖိုပ်တွဲ သွားရှာရမယ်တဲ့…  ကျမအမျိုးသားကလဲ ခပ်ရွတ်ရွတ်ဆိုတော့ ဒီမှာ ခင်များတို့ တရားဝန် ထုတ်ပေးထားတဲ့ မှတ်ပုံတင်မူရင်း copy  နဲ့ သန်းခေါင်စာရင်းတွေ ပါပေးတာတောင်မရဘူးလား… ဘာလဲ တာမွေကလူက တာမွေက မိန်းမကိုဘဲ ယူရမဲ့သဘောလား.. ကျနော်က ချင်းပြည်က မိန်းမကိုယူမိရင် ချင်ူပြည်ထိ ဖိုပ်တွဲ […]