ဆေးလိပ်သောက်ခြင်းသည် သေသည်အထိအန္တရာယ်ရှိ၏ ။ ဆေးလိပ်ကိုမည်သည့်အချိန်တွင်ဖြတ်လိုပါက ဖြတ်လို့ရပါ၏ ။   ဆေးလိပ်ကိုဖြတ်လိုက်သည်နှင်.ဆေးလိပ်သောက်သောကြောင်.ကြုံတွေ့ရမည့်ဘေးအန္တရာယ်များကိုရှောင်ကွင်လိုက်နိုင်ပြီဟုယူဆနိုင်ပါသည်။   ဆေလိပ်ဖြတ်သူအနေဖြင့်ဆေးလိပ်ကိုဖြတ်ချင်တဲ့စိတ်ဓာတ်ရှိရပါမည်။ဘာကြောင့်ဆေးလိပ်ဖြတ်မည်ဆိုသည့် အချက်အလက်များကိုစုစည်းပြီသား   ဖြစ်ရပါမည်။ စိတ်သက်တောင်သက်သာရပြီး စဖြတ်မည့်နေကိုရွေးရပါမည်။ ဆုံးဖြတ်ချက်ချပြီးပါက……..   ၁။ ဆေးလိပ်၊စီးကရက်ဘူးများကိုလွင့်ပြစ်ပါ။ ဆေးလိပ်သောက်နေကြနေရာကိုရှောင်ကွင်းပါ။   ၂။ဆေးလိပ်ပြန်သောက်အောင်လှုံဆော်မည့်အစားအစားဖြစ်သည့် အသား၊လက်ဖက်ရည်၊ကော်ဖီနှင့်အရက်တို့ကိုရှောင်ရပါမည်။   ၃။စိတ်တူသဘောတူ သူငယ်ချင်းကိုဆေးလိပ်အတူဖြတ်ဖို့စည်းရုံး(သို့) ဝိုင်ဝန်းထိမ်းကျောင်ပေးမည့်သူတစ်ယောက်ကိုရှာပါ၊   ၄။ ဆေးလိပ်ဖြတ်လိုက်လျှင်`ငေါင်´နေပါက ဝါသနာပါသည့်ကိစ္စတစ်ခုခုကို ရှာပြီလုပ်ဆောင်ပါ။   ၅။ ပြတ်ပြတ်သားသား တစ်ထိုင်တည်းဖြတ်ရပါမည်။ ဖြည်းညင်းစွာဆွဲပြီးဖြတ်မည်ဆိုသည့်စိတ်နှင့်မဖြတ်ရပါ။   မှတ်ချက်။     ။ ငယ်ရွယ်စဉ်အသက်(၂၀) ဝန်ကျင်မှဆေးလိပ်ကိုသောက်သောသူများသည် အသက်ကြီးမှသောက်သောသူများထက်   ဆေးလိပ်ဖြတ်ရန်ပိုခက်ခဲသည်။   (ကိုယ်၊စိတ်၊ကျန်းမာ နည်း ၁၀ဝ မှ)


မင်္ဂလာပါခင်ဗျာ.. ကျွှန်တော် ၂၀၁၃ ရဲ.နှစ်သစ်မှာ မန်းဂဇက်ရဲ. မန်ဘာတစ်ယောက်ဖြစ်ခွင့်ရတာ ဂုဏ်ယူပါတယ် အားလုံးပဲ ကျွန်တော်ကို အရင်မန်ဘာ တွေလိုပဲခင်မင်ရင်နှီးစွာ လက်ခံပေးပါလို. မိတ်ဆက်ပါတယ် အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို ဆုမွန်တောင်းလိုက်ပါတယ်ခင်ဗျား။ ကျွန်တော်ကို ရွာသူ ရွာသားများအားလုံးက လိုအပ်သည်များကို ပြုပြင်ဆုံးမ ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျ။ ကျွန်တော် ဒီရွာထဲကို အရင်ကတော့ တစ်ခါ တစ်ရံ ဝင်ရောက်ခဲ့ဖူးပါတယ်။ ပို့စ်များကို ဖတ်ရှု့အားပေးပြီး ရွာသူ ရွာသား များရဲ့စာများ ပုံများ ကွန်မန်းများ နှင့်ရင်းနှီးနေတာ ကြာပါပြီ။ ဒီရွာရဲ့ ဖွဲ့စည်းထားမှု ပျော်ရွင်စရာ ကောင်းမှုတွေကို ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။ မန်ဘာ ဘယ်လိုဝင်ရမယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ အခုတော့ ကျနော်ရဲ့ ဘော်ဒါကြီး ကိုမိုဘိုင်း ရဲ့ကျေးဇူးကြောင့် ဒီရွာရဲ့ ရွာသားတစ်ယောက် […]