-ကောင်းကင်ကြီးရဲ့ ပြာလွင်မှုရဲ့ လွှမ်းမိုးမှုဟာလည်း ညိုမှိုင်းမှုရဲ့ အုပ်ဆိုင်းဆိုင်း ဩဇာအာဏာအောက် ပြားပြားမှောက်နေအလားပဲ…..မိုးမပွင့်ခဲ့ ။ -ချစ်ခြင်းရဲ့နိယာမကို စစ်ခင်းပြီးသိလာရတဲ့အချိန်မှာ ငါတို့ရဲ့နဘေးကမြက်ခင်းစိမ်းတွေ တောင် ဦးညွတ်နေရဲ့..။ -သပ်ရပ်စွာစီရံထားတဲ့ လေပြေတွေနဲ့အတူ လွင့်မျောလာတဲ့ ကျေးငှက်သံတွေဟာ တို့နှစ်ဦးအတွက် အိန္ဒြေရှိရှိစီးဆင်းနေပါရဲ့…။ -တဖွဲဖွဲမိုးစက်ပွင့်တွေနဲ့အတူ တသဲသဲ “မိုး”ရဲ့အနမ်းတွေဟာလည်း ကြင်နာသူပါးပြင်ထက်မှာ ရင်ခုံစွာမှေးစက်နေလေရဲ့…..။       ။


အဟမ်း……အဟမ်း……အခုအလှည့်ကျလို့တင်ဆက်….အမြင်ကပ်ရမှာကတော့ဖြင့်…ကျနော် တို့ ရန်ကုန်ဆိုတရွာစွန်ရွာဖျားကို ရောက်နေလေတဲ့…တောသားကြီး ကျူးငယ်  ဖြစ်သဗျ….(တေသံတော့ပါရသပေါ့လေ)…အဲ…တောသားကြီးဆိုပေမယ့်….သဘောထားကြီးမယ် မထင်နဲ့နော်….သူများက ၁ လုံးပြောရ င် သူက ၂လုံးကျောချင်တဲ့ဆန္ဒသကိုး….(စကား ကိုပြောပါတယ်…)..ဒါနဲ့ ရန်ကုန်ဆိုတဲ့ ရွာရောက်သပေါ့……အဲ မြင် မြင်သမျှ တေကအဆန်းတွေဗျ……တဲတွေများမိုးထိလို့…(အဟိ)…အော် ရွာသူတွေများ..အဝတ်ရှားသပေါ့နော်…..ငါတို့ပုသိမ်မြို့မှာလိုမြို့ကြီးမှာဖြင့်..ပေါပုံများ..(ဘေဘေစတိုးဆိုလား)…လမ်းမထက်တောင် ချရောင်းတယ်နော့….ကဲစကားကဆက်ရပြန်ပေါ့..အဝတ်များရှားတယ်ထင့်…ပင်နီငယ်ဖျင်တစ်ပိုင်းရယ်…စလွယ်သိုင်းသလားမှတ်ရတယ်…တောသူမအ ကိတ်ကြီးအကိတ်လေးတို့ရယ်….အော်…တိုတိုအဲ လေ ကိုကို တို့ ကလည်း…ဂေါသပနော်…စကားပြောရင်  ဂျွတ်(စ်)တယ် ဂျွတ်(စ်)တယ် ကပါးစပ်က မချဘူး…..ငါးကျော်ကိုက်သလားမှတ်ရတယ်…….အဲ ခပ်မြင့်မြင့်တဲ တစ်လုံးရှေ့ရောက်ခဲ့သဗျ…….နာမကတော့..ယုဇနဆိုလားဘာလား..လဘက်နာမည် နဲ့တူသဗျ…အဟဲ..မရှိတဲ့ဆံပင်လည်းသပ်…..ကော်လံလေးလဲမတ်လို့ပေါ့ခပ်တည်တည်နဲ့ဝင်ချသွားတာ..ကြီးတော်ကြီးပြောတဲ့ ဒရယ်ကူလာလား သမင်ကူလာလားတော့မသိ ဒရတ်ကူလာပါ ) သွေးစုပ်ဖုတ်ကောင်လားအဲ…. သွေးစုပ်ဖုတ်ကောင်ဆိုလို့ပြောရဦးမယ် …ကျွပ်တို့ခပ်ငယ်ငယ် ၁ရ / ၁၈ နှစ်တုန်းကပေါ့ ….ကောင်လေးတွေကောင်မလေးတွေကို သွေးစုပ်ကောင်တွေလို့ နောက်ရင် သွေးဖုတ်စုပ်ကောင် လို့ပြောင်းခေါ်တယ် … ဟသတစ်ခုပေါ့….ခုနကစကားဆက်ရပါ့…အဲ အဲလိုကောင်မျိုးတွေထင်ပါ့ မျက်နှာချေတွေလိမ်းထားတာများ ထုံးပက်ထားသလားများမှတ်ရတယ်နော့်..နောက် ထူးသလားဆိုတော့… ထူးသဗျဓါတ်ရင်ထဲကနိုင်ငံခြားသူလေးတွေကျနေတာပဲ… […]