ပစ္စုန္နကမ္မဝါဒဗုဒ္ဓဘာသာဆိုပြီး ထေရဝါဒဗုဒ္ဓဘာသာအဖြစ်မှ ခွဲထွက်ခဲ့ သူ ဆရာတော် အရှင်ဉာဏ(လူတို့ ခေါ်ဝေါ်သမုတ်ကြသော မိုးပြာဂိုဏ်း)၏ ဖြစ်ရပ်မှန်ကို အမှန်ကျ သိရှိနိုင်စေရန်အတွက် ဘာ့ကြောင့် ပစ္စုပ္ပန္နကမ္မဝါဒ ဗုဒ္ဓဘာသာဟူ၍ ပေါ်ပေါက်လာရပုံကို တင်ပြလိုက်ပါသည်။ အမှန်တရားကို သိရှိပြီး လောကငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် ရည်မျှော်ပါသည်။   ဓမ္မဝိဟာရီ ကြေငြာစာတမ်း ကျွန်ုပ်တို့သည် (၁၃၄၄ ခု ပြာသိုလ်လဆုပ် ၁၃ ရက်) ၁၀-၂-၈၃ ည (၁ဝး၃၀) နာရီအချိန်၌ ဓမ္မဝိဟာရီအဖြစ် ရောက်ခဲ့ကြပါသည်။ ကျွန်ုပ်တို့နှင့် စပ်လျှဉ်း၍ တာဝန်ရှိသူများ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်နိုင်ကြရန် ဤကြေငြာစာ တန်းကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပြီးခဲ့သောအချိန်များက ထေရဝါဒဗုဒ္ဓဘာသာ ဘုန်းကြီး ဘဝ၌ မထေရ်နှင့် မဟာထေရ်များအဖြစ် ရောက်အောင်နေထိုင်ခဲ့ကြပြီး ပရိ ယတ်၊ပဋိပတ် နှံ့စပ်ကြိုးကုတ် […]