Mg OggaJuly 2, 20101min1244
မြန်မာပြည်မှာ အင်တာနက် ဆိုင်တွေများလာသလို အင်တာနက်သုံးစွဲသူတွေလည်း များလာတယ်။ လူတွေ အများဆုံးသုံးကြတာကတော့ Gtalk သုံးရလွယ်တယ် အဆင်ပြေလို့ တွင်ကျယ်ကြတယ်၊ လူသုံးများတယ်။ ဒါက မထူးခြားပါဘူး အင်တာနက် သုံးစွဲသူတွေ Gtalk နဲ့တင်လမ်းဆုံးတာ မကောင်းပါဘူး ထန်းလျက်နဲ့ အချိုကုန်တာမျိုးပါ။ အင်တာနက်မှာ အခြားအသုံးပြုစရာတွေ အများကြီးပါ။ ဒါပေမယ် လူအတော်များ ဂျီတော့မှာ Chat နောက် ဂျီမေးလ်စစ် ယုံလောက်ပဲ လုပ်ကြတယ်။ မတိုးတက်လာကြဘူး။ ထန်းလျှက်နဲ့ အချိုမကုန်စေနဲ့ ဆိုသလိုပေါ့ အင်တာနက်မှာ အချိုတွေပေါပါတယ် ထန်းလျှက်ချိုသလို တခြားရဿတွေကို ခံစားကြည့်စေချင်ပါတယ်။ လူအတော်များက ဘလော့ရေးဖို့ထက် ဂျီတော့ကိုပိုသုံးကြတယ် ဂျီတော့နဲ့ တင်ရပ်နေတာကတော့ မကောင်းဘူးထင်တယ်ဗျ ဂျီတော့ကနေ ဝက်ဆိုဒ်တွေကြည့် ဘလော့တွေကြည် ကိုယ်လည်း သူတို့ လုပ်သလို လုပ်ချင်လာ ကိုယ်သိတာကိုမျှဝေ […]

n112121818800962_4887.jpg

Mg OggaJuly 2, 20101min550
ကျွန်တော်တို့ ပုံပြောသူများ အတွက် ဆောင်ပုဒ်တစ်ခုလောက်ပေးဖို့စဉ်းစားကြတယ် ဘာပေးရင်ကောင်းမလဲပေါ့ နောက်ဆုံးတော့ Save our folk tales Save our nation ဆို်ပြီးပေးဖြစ်တယ်။ နဲနဲများကြီးကျယ်နေသလားလို့ထင်မိတယ်။ တကယ်တန်းတော့ မကြီးကျယ်လှဘူး ရိုးရာပုံပြင်တွေကို ထိန်းသိမ်းကြတာ မျိုးနွယ်ကိုစောင့်ရှောက်သည်လည်း မည်သည် နိုင်ငံကိုစောင့်ရှောက်သည်လဲ မည်သည် မျိုးချစ်စိတ်ကို တိုးတက်မြင့်တင်ပေးသည်လည်း မည်သည်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အခုခေတ်အခုအခါမှာ ခေတ်မှီတိုးတက်လာတာနဲ့ အတူ ယဉ်ကျေးမှုစံနှုန်းတွေပါ ပျောက်ကွယ်လု နီးပါးဖြစ်နေပါပြီ။ မြို့ပြဘဝ နီယွန်မီးသီးများအောက်မှာ ရိုးရာပုံပြင်တွေ ကျွန်တော်တို့ ဗမာယဉ်ကျေးမှု စံနှုန်းတွေပါ ပျော်ကွယ်မေ့လျော့နေကြပါပြီ။ ကျွန်တော်ငယ်ငယ်ကဆို ဘကြီးရဲ့ ၅၅ဝနိပါတ်တော် တွေ မေမေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေ နဲ့ ကြီးပြင်းလာခဲ့တာပါ။ အခုကလေးတွေကြပြန်တော့ တီဗီဂိမ်းနဲ့ ကိုရီးယားကားတွေကြားပျော်မွေ့နေတာကို တွေရတော့ စိတ်မကောင်းဖြစ်မိတယ် သူတို့လေးတွေ […]

35841_1502118559676_1435564019_1304480_5107419_n.jpg

Mg OggaJuly 2, 20101min670
န ္တလေး ဖောင်တော်ဦး ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းက ဆရာမလေး အိအိဖြိုးလွင်(ကစ်စတီ) ရေးထားတဲ့ ခရီးသွားမှတ်တမ်းလေးပါ ကျွန်တော်ရဲ့ ရဲဘော်ရဲဘက် တေဖော် တေဖက် ဖြစ်တဲ့ ညီမလေး ကျွန်တော်တို့ သွားခဲ့ရတဲ့ ခရီးစဉ် အကြောင်းလေး ကို တင်ပြဝေမျှ လိုက်ပါတယ်။ စာရေးပေးတဲ့ ညီမလေးကို လည်း ကျေးဇူးပါ။ အညာမြေဆိုတာကိုမချစ်တတ်တဲ့ ကျွန်တော့်အတွက်အညာသွားဖို့အကြောင်းကဖန်လာတယ်… ဖန်လာပုံကဒီလိုဗျ..ကျွန်တော်တို့ဗုဒ္ဓဘာသာသူငယ်ချင်းတစ်စုလိုအပ်နေတဲ့ရွာတွေကပရဟိတကျောင်း တွေမှာစာလိုက်သင်ဖို့သဘောတူခဲ့ကြတယ်..လူဆယ့်နှစ်ယောက်ပါဝင်တဲ့ကျွန်တော်တို့သူငယ်ချင်းတစ်စု က ရွာ(၇)ရွာကိုဦးတည်လိုက်ကြပါတယ်..ကရင်ပြည်နယ်(နောင်ယားဖေးရွာ၊ပိနéဲတောရွာ၊လှိုင်ကော့ဖျာရွာ)၊ ရှမ်းမြောက်(ပန်လော့ရွာ)၊ချင်းပြည်နယ်(လုံဟော)၊ဆားလင်းကြီးမြို့နယ်(ကုန်းကြီးရွာ)၊ ကျွန်တော်တာဝန်ကျတာကကျွန်တော်မခံစားတတ်တဲ့အညာမြေကကုန်းကြီးကျေးရွာပါ။ကျွန်တော်နဲ့  အတူရဲဘော်ရဲဘက်ကရန်ကုန်က ကိုဥဂ္ဂါ ၊နောက်ဘားအံက ကရင်မလေးနန်းကျော့ကေခိုင်။ နွေရာသီခေါင်ခေါင်မှာအညာကိုမခံစားတတ်ပေမယ့်လည်းကလေးတွေမျက်နှာမြင်ယောင်ပြီးအား ကြိုးမာန်တက်ချီတက်မိတာပါပဲ။ မုံရွာကိုပထမဆုံးရောက်တယ်..ပြီးတော့ကိုဥဂ္ဂါသူငယ်ချင်းအိမ်မှာအိတ်တွေ ခဏထားပြီးမုံရွာအနှံ့လည်လိုက်ကြသေးတယ်။ နွေရာသီနေမင်းကြီးကြည့်ပြီးငိုချင်သလိုလိုတော့ဖြစ်မိသားဗျ။လျှောက်လည်ပြီးမုံရွာမှာတစ်ညအိပ်ကြသေးတယ်။ ရင်တော့ခုန်မိသားစာသွားသင်ရင်ဘယ်လိုကြုံတွေ့ရမယ်ဆိုတာကိုလေ..နောက်နေ့မနက်ဇက်နဲ့ချင်းတွင်းမြစ်တစ်ဘက်ကမ်းကူးကြရတယ်။ ဟိုဘက်ကမ်းလည်းရောက်ရောကုန်းကြီးရွာကဦးလေးကြီးတစ်ယောက်နဲ့ဆရာမနှစ်ယောက်လာကြိုကြတယ်။ အညာသူအညာသားဆိုတော့စကားပြောပွင့်လင်းပြီးခင်ဖို့တော့အကောင်းသားဗျ။လမ်းတစ်လျှောက်မှာတမာပင်တန်းတွေအပြိုင်အဆိုင်ယိမ်းနွဲ့ နေကြတော့ရင်ထဲမှာတစ်မျိုးတော့ခံစားလိုက်ရသလိုပဲ။တမာရနံ့ကိုရှုရှိုက်ချင်ပေမယ့်လည်းကံမကောင်း အကြောင်းမလှစွာကျွန်တော်နှာစေးနေခဲ့တယ်ဗျာ။လမ်းဘေးတစ်ဘက်တစ်ချက်ကလယ်ယာစိမ်းစိမ်းလေးတွေက လည်းအတော်သာယာတယ်ဗျ။အညာကိုသဘောကျမိသလိုလိုတော့ဖြစ်သား။တစ်နာရီလောက်ဆိုင်ကယ်စီးလိုက် တော့ကုန်းကြီးဆိုတဲ့ရွာကိုမှုန်ပြပြလှမ်းမြင်လိုက်ရတယ်။ကွင်းပြင်ထဲမှာသူတစ်ခုတည်းစိမ်းစိမ်းစိုစိုနဲ့ရါာလေးကချစ် စရာတော့အကောင်းသားဗျ။ဒီလိုနဲ့ရွာဦးကျောင်းကိုဝင်ပြီးဘုန်းကြီးနဲ့တွေ့ကြတယ်..ရောက်ရောက်ချင်းဆောက်နဲ့ ထွင်း “ဟဲ့.သင်္ကြန်ဆံပင်တွေနဲ့ပါလားတဲ့ ” သေလိုက်စမ်းကစ်ကစ်ရေ့… […]


Mg OggaJuly 2, 20101min720
အညာဒေသက မြန်မာ ရိုးရာ ပုံပြင်လေးတစ်ပုဒ်ပါ သရော်တာ နည်းနည်း ဆန်ပါတယ် ကြိုက်မယ်လို့ ထင်ပါတယ် ဟိုရှေးရှေးတုန်းက သာယာကုန်းဆိုတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့ အဲဒီရွာက ရွာသူရွာသားများ က အလွန်ပဲ ရိုးသားလှတယ်။ ထိုရွာကို သူကြီး ဘဉာဏ်ဆိုသူက အုပ်ချုပ်လျက်ရှိတယ်။ တစ်နေတော့ ဘုရင် ဆင်လိမ္မာ တစ်ကောင်ကို အနားယူစေရန် တောထဲမှာ လွှတ်ထားလေတယ်။ ဆင်က နယ်ကျွံပြီး သာဟာကုန်း ရွာစပ်ကို ရောက်လာကာ လယ်ခင်းမှ စပါးများကိုတွေ၍ ဝင်စားသောက်လေရဲ့။ ဆင်ယဉ်ဖြစ်တော့ ရွာထဲကိုဝင်ပြီး သီနုံများ ကိုပါ ခူးစားလေတယ်။ ရိုးသားတဲ့ ရွာသားများက ဘုရင်ဆင်ယဉ်ကို တောဆင်ရိုင်းထင်ပြီး ဘာလုပ်ရမှန်း မသိတာမို့ သူကြီးဆီပြေးပြီး ဆင်အကြောင်းပြော လေသော် မောင်းခတ်၍ တစ်ရွာလုံး သူထံစုရုံးပြီး ဤသို့ […]


Mg OggaJuly 2, 20101min460
မနေ့ကပဲ ဓမ္မမိတ်ဆွေတစ်ယောက်ပေးတဲ့ စာအုပ်ငယ်လေးတစ်အုပ်ရလိုက်တယ်။ အရှင် ဓမ္မဘေရီ(တောင်စွန်း) ရေးတဲ့ စာအုပ်လေးပါ ဘုန်းဘုန်းအရှင်ဆန္ဒာဓိကနဲ့ ဘုန်းဘုန်း ရဝေနွယ်(အင်းမ)တို့ ဗောဓိတစ်ထောင်ဘုရား ဓာတ်လှေကားပေါ်ကနေပြုတ်ကျတဲ့  အကြောင်းကို အတွေးစချဲ့ပြီးရေး ထားတာ မာန်နတ်မင်းကိုအံတုသူများတဲ့ အတော်တော်ကောင်းတဲ့ စာအုပ်လေးပါ။ ဒီအထဲက အကြောင်းအရာ တော်တော်များများကို သဘောကျ မိတယ်။ ကျွန်တော်တို့ ပရဟိတလုပ်သားတွေဟာ အများကောင်းဖို့ သက်သက် အလုပ်လုပ်နေကြတာပါ။ အဲဒီ အချိန်မှာ အခက်ခဲတွေ တွေ့ကြုံရတယ်။ တခြားအခက်အခဲတွေကို ကျော်လွှားနိုင်ပေမဲ့  အပြစ်ပြောခံရတာ ကိုတော့ ပုထုစဉ်ပီပီ မခံနိုင်ဘူးဗျ။ အရင်က မန္တလေးမှာနေတော့ ဘာမှအလုပ်မရှိအကိုင်မရှိ ၁၀၉/၁၁ဝ စားလိုက်သောက်လိုက်နဲ့နေတုန်းက ဘယ်သူမျလည်း အပြစ်မဆို ဘယ်သူမှလည်း အပြစ်မပြောကြဘူး။ အေးအေးဆေးဆေးပဲ။ နောက်ပိုင်း ဒေသဖွံဖြိုးရေးအလုပ်တွေလုပ်မယ် အများအကျိုးဆောင်မယ် ဆိုပြီး စိတ်ရူးပေါက်ပြီး  ရန်ကုန်ဆင်းခဲ့တယ်။ အဲဒီမှာစတွေတာပေါ့ […]


Mg OggaJuly 2, 20101min590
နာဂစ်ဖြစ်ပြီး ၈လလောက်အကြာမှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တယ်ဗျ။ သူငယ်ချင်းက နာဂစ်ဒေသက မိဘမဲ့ကလေးတွေကို ဘာသာခြားအဖွဲ့အစည်းတွေက ခေါ်ယူမွေးစားကြတယ်ဆိုတဲ့ အကြောင်းပြောတယ်။ ကျွန်တော်က “အေးလေ ကောင်းတာပေါ့” လို့ ပြန်ပြောမိလိုက်တော့ သူက မကျေမနပ်နဲ့ “ဟင်း ဒါလား အမျိုးဘာသာသာသနာကို စောင့်ရှောက်တာ ဒါလား ဗုဒ္ဓဘာသာလူငယ်” ဆိုပြီး ထောပနာပြုသဗျ။ ကျွန်တော် သူကို ပြန်မေးလိုက်ပါတယ် ခင်ဗျားက ကလေးတွေ အဆင်ပြေစေချင်တာလား ဗုဒ္ဓဘာသာဝင် တိုးပွားစေချင်တာလားလို့ မေးလိုက်တော့ သူဘာမှပြန်မဖြေပါ။ နာဂစ်ဒေသက ခိုကိုးရာမဲ့တဲ့ ကလေးတွေ ကိုခေါ်ယူစောင့်ရှောက်တာ ကောင်းတဲ့အလုပ်ပါ ဗမာ လုပ်မှကောင်းတာမဟုတ်ပါဘူး ဘယ်ဘာသာ လုပ်လုပ် ဘယ်လူမျိုးလုပ်လုပ် ကောင်းတဲ့အလုပ်ပါ။ ဘာလို့ ငြူစူစောင်းမြောင်းနေတာလဲ။ ပြောကြပါတယ် ဘာသာပျောက်တယ် လူမျိုးပျောက်တယ်တဲ့ အဲဒီလိုပြောနေတဲ့ သူတွေကော ဘုရားရဲ့သာသနာ (အဆုံးအမ)ကို […]

Logo_Convegno_2.jpg

Mg OggaJuly 2, 20101min750
Ecologyဂေဟဗေဒဆိုတာ အင်္ဂလိပ်လိုပြောရင်တော့ Ecology သဘာဝတရားနဲ့သက်ရှိလောက အပြန်အလှန်ဆက်စပ်ပုံကိုလေ့လာတဲ့ပညာရပ် တစ်ခုပါ ဗုဒ္ဓအလိုအရဆိုတာ ဗုဒ္ဓက သဘာဝတရားအပေါ် လူတွေဘယ်လိုသဘောထားသင့်သလဲဆိုတာကိုပြောမှာပါ။ အခုလဲ နောက်တစ်ခုပေါ့။ ပပရေ နင်ပြောသလို ရှိရှိသမျှဟာတွေနဲ့ ဗုဒ္ဓဘာသာကို ဆွေမျိုးတော်ခိုင်းနေတာတော့မဟုတ်ဘူးဟေ့ ဗုဒ္ဓတရားတော်က အရာရာတိုင်းနဲ့ဆက်စပ် နေတာ။ အခုလဲ Ecologyနဲ့ဆက်စပ်နေပြန်ပြီ နောက်အရာအားလုံးနဲ့ဆက်စပ်နေတာပဲ ကမာ္ဘလောကကြီးအကြောင်း ဗုဒ္ဓသိခဲ့တယ် ဟောခဲ့တယ်။ ဒါကြောင့်လည်း ကမာ္ဘ လောကကြီးထဲကဟာတွေက ဗုဒ္ဓတရားတော်တွေနဲ့ဆက်စပ်နေတယ်။ ဆေးပညာ၊စီပွားရေး၊နိုင်ငံရေး၊ပညာရေး နောက်ဆုံး ကုန်ကုန်ပြောရရင် လင်ယူသားမွေးကိစ္စတွေမှာ တောင် ဗုဒ္ဓတရားတော်တွေဟာ အသုံးဝင်နေတယ် အသုံးကျလို့ရတယ် ဗုဒ္ဓတရားတော်တွေအားလုံးဟာ နိဗ္ဗာန်ကို ရှေးရှုပေမယ် နိဗ္ဗာန်မရခင် စပ်ကြား လောကီဘဝမှာ ကောင်းစွာနေထိုင်တတ်စေဖို့ အသုံးဝင်နေပါတယ်။ ဗုဒ္ဓတရားတော်တွေဟာ ဘက်စုံသုံး မဟာဆေးတော်ကြီးပါ။ သုံးစွဲသူဟာ အခုဘဝကော နောင်ဘဝမှာပါ ကောင်းကျိုး ချမ်းသာ ခံစားရမှာပါ။ […]