Wai Yan LattJanuary 9, 20131min1866
““ဆရာမနက်တိုင်း မနက်တိုင်း လမ်း လျှောက်တယ်မို့လား”” ““ဟုတ်ကဲ့ ကျွန်တော်မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်ပါ တယ်။”” ““ဆရာ့ကို ကျွန်တော်မနက်တိုင်း တွေ့တွေ့နေရလို့ပါ။ လမ်းလျှောက်ရင် ကားတွေကို သတိတော့ထားပါ ဆရာ ရယ်။ လွန်ခဲ့တဲ့ (၃-၄)ရက်လောက်က လှည်းတန်းဈေးထဲက ကုန်စုံရောင်းတဲ့လူ ငယ်လေးတစ်ယောက်လမ်းလျှောက်နေ တုန်း ကားတစ်စီးကဝင်တိုက်သွားတာ ပွဲ ချင်းပြီးပဲတဲ့ တရားခံကားကိုလည်း မသိ လိုက်ဘူး။ တိုက်တဲ့ကားကမောင်းပြေး သွားတယ်လို့တော့ ပြောနေကြတာပဲ ဆရာ””တဲ့။ ““ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့ မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”” နေ့စဉ်လမ်းလျှောက်ရင်းတွေ့နေကျ မျက်မှန်းတန်းမိသူတစ်ဦးက စေတနာဖြင့်ပြောလာခြင်းဖြစ်သည်မှာ ခံစားမိသည်။ ရန်ကုန်မြို့တွင်ကားအမျိုးမျိုး စည်း မဲ့ကမ်းမဲ့မောင်းနှင်နေသည်ကို သတင်းရင်းမြစ်အသီးသီးကတဆင့်ပြည်သူများ သိပြီး ဖြစ်ပါလိမ့်မည်။ထို့အတူ နယ်မြို့များတွင်လည်း ကား၊သုံးဘီးဆိုင်ကယ်၊ရိုးရိုးဆိုင် ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ ကြောင့် လူအသေအပျောက်ရှိသော သတင်းများကိုလည်း […]


Wai Yan LattJanuary 9, 20132min2127
ကျွန်တော် မောင်အောင်ခမ်းက ဟက်ကာတစ်ယောက်မဟုတ်ပေမယ့် Facebook အကောင့်တစ်ခုကို အောင်အောင်မြင်မြင် ဟက်ခဲ့ပါတယ်။ ဘာ ဟက်ကာ ဆော့ဖ်ဝဲမှ မသုံးပါဘူး။ အဲဒီအကောင့်က ကိုယ့်စိတ်ကြိုက်လိုသလို သုံးလို့ရတဲ့ အဆင့်ထိ ရောက်သွားပါပြီ။ တကယ်ပြောတာပါ။ သို့ပေမယ့် စမ်းသပ်ရန် ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း အရင်းခေါက်ခေါက်ကို တောင်းပန်ကာ အကောင့်ပြန်ပေးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ သူစိတ်ဆိုး နေလောက်ပါပြီ။ ဒီတော့ သိထားသူများလည်း သတိထားနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီစာ မျှဝေတဲ့ ရည်ရွယ်ချက်က အကောင့် ခိုးစေဖို့မဟုတ်ပါဘူး။ ဗဟုသုအနေနဲ့လည်းကောင်း၊ ကာကွယ်နိုင်ရန်လည်းကောင်း၊ အကောင့် ခိုးသူများ ဘယ်လိုနည်းလမ်းတစ်ခု အသုံးပြုနေပါသေးတယ်ဆိုတာကို လည်းကောင်း သိစေလို လို့ ဖြစ်ပါတယ်။ အများသူငှာ ထိခိုက်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ […]


Wai Yan LattJanuary 8, 20131min45815
၂၀၁၂ခု ဒီဇင်ဘာလထဲမှာ တော် တော်လေးလှုပ်ခတ်တဲ့ သတင်းကတော့  မဂ္ဂဇင်းသစ်တစ်စောင်ဖြစ်တဲ့ ညှို့မဂ်္ဂဇင်း  အမှတ်(၁) စတင်ပေါ်ထွန်းလာပါတယ်။   အဲဒီမှာ ဝေဖန်သံတွေ ညံလာပါတယ်။    ညစ်ညမ်းစာပေရယ်လို့ဝေဖန်ကြတာကြောင့် ၎င်းမဂ္ဂဇင်း အယ်ဒီတာချုပ်က ပြဿနာ တော်တော်ရှင်းလိုက်ရတယ်လို့ဆိုပါ တယ်။ ဤတွင် ဖြစ်ပုံတစ်ခုက ဒီလိုပါ။   တစ်ခုသော နံနက်မှာ December  2012  ၂၀၁၂ ထဲမှာထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ ရေးထားတာကတော့ ညှို့မဂ္ဂဇင်း  ပါ အကြောင်းအရာများသည် ညစ်ညမ်း   စာပေဖြစ်၍ ဥပဒေအရ အရေးယူနိုင်ပြီး    ရဲကဝရမ်းမပါဘဲ ဖမ်းနိုင်ခွင့်ရှိတယ်ဆို တဲ့ အကြောင်းရေးတာကိုဖတ်မိတော့ ကျွန်တော် တော်တော်လန့်သွားတယ်။ ၎င်းင်းမဂ္ဂဇင်း၌ ကျွန်တော်ဒေါက်တာထွန်းဝင်း ရေးတဲ့ဆောင်းပါးသုံးပုဒ်ပါဝင်နေပါတယ်။ သို့သော် ၎င်းမဂ္ဂဇင်းတိုက်၌ စာမူခလည်းမထုတ်ရသေး၊မဂ္ဂဇင်းလက်ဆောင် လည်းမရသေးလို့ ဘာတွေဖြစ်ကုန်တာလဲ  မသိပါ။ သို့နှင့်ညှို့မဂ္ဂဇင်းတစ်အုပ်ကို အပြေးအလွှားဖတ်ကြည့်လိုက်ရပါတယ်။ ၎င်းနောက် အတိတ်ဇာတ်ကြောင်းကို  ပြန်ပြောင်းတင်ပြရရင်ဒီလိုပါ။ကျွန်တော်က […]


Wai Yan LattJanuary 8, 20131min1193
တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ိ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ယခု ကာလအတွင်း မျက်စီရှေ ့မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို ့ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို ့ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ […]


Wai Yan LattJanuary 7, 20131min1855
Graffiti N YGN – Mg Raymond ရန်ကုန်မြို့ကြီးတိုးတက်လာသည်နှင့်အမျှ ဖျက်လိုဖျက်ဆီးလုပ်လိုသူများလည်း ရေရေလည်လည် ပေါများလာသည်။ Graffiti များသေသေချာချာ ကောင်းကောင်းမွန်မွန်ရေးဆွဲသူများရှိသလို နိုင်ငံခြားမှ Gangsta ဂိုဏ်း များကိုအားကျပြီး ပေါက်ကရလျောက်ရေးနေသူများလည်းရှိနေသေးသည်။ “ မဟာရန်ကုန်မြို့မှ Art ဆန်ဆန် တွေးခေါ်ဖန်တီးမှုများကို လှိုက်လှဲစွာကြိုဆိုမိပါ၏။ ” မကြာသေးမှီ အချိန်က ဗမာပြည်သို့ အမေရိကန် သမ္မတကြီး အိုဘားမားရောက်စဉ် မြန်မာGraffiti writers များကြိုဆိုကြပုံကို သဘောကျမိ၏။ ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ Excel Shopping Tower ရှေ့တွင် (ယခုမရှိတော့- ထုံးများသာရှိတော့သည်) Graffiti Artist – Arkar Kyaw ရေးသော အမေရိကန် သမ္မတကြီး အိုဘားမား၏ ပုံတူ Graffiti မှာလူအပြောအများဆုံးဖြစ်ပြီးလက်ရာလဲမြောက်သည်။ ဗိုလ်တစ်ထောင်ကမ်းနားရှိ […]


Wai Yan LattJanuary 7, 20131min1186
ကားကြပ်သည့် ပြဿနာနှင့် ရန်ကုန် —————————————-   ယနေ့ခေတ် ရန်ကုန်မြို့နေ မြို့သူ မြို့သား အပေါင်းတို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုကတော့ လမ်းတိုင်း မီးပွိုင့်တိုင်းတွင် ကားတွေကြပ်နေရခြင်းပဲဖြစ်ပါတယ်။  နေ့စဉ်ကြုံတွေ့နေရဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်းဖြေရှင်းနိုင်ရန်လမ်းမမြင်ပါ။ အဘယ်ကြောင့်နည်း…။ စည်းကမ်းပျက်ယာဉ်များပေါများလာသည်မှာ မည်သူမျှမငြင်းနိုင်သည့်အချက်ပင်ဖြစ်၏။ ကားဈေးများထိုးကျလာခဲ့ပြီးနောက်ပိုင်းပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။ လမ်းတိုင်းရှိမီးပွိုင့်များတွင်ရှိသော မော်တော်ပီကယ်များမှာ အာပလာ ဂဂျောင်ဖတ်နေသောသူများရှိသလို သေသေချာချာ ယာဉ်ကျောရှင်းလင်းပေးသော မော်တော်ပီကယ် များလည်းရှိသည်။ ၁၀-၁၂-၂၀၁၂  ဓမ္မစေတီလမ်းပေါ်တွင် ပွိုင့်မိနေစဉ် ဆေးရုံကားတစ်စီး အရေးပေါ်အချက်ပေးပြီးလာ၏ ။ ကားများအလွန်ပင်ပိတ်ဆို့နေရာ အနည်းဆုံး ၃ဝမိနစ်လောက်ကြာမှ လူနာအတွက်အခွင့်အရေးရနိုင်ပေမည် ။ အော်…ရန်ကုန်မြို့ ဘဝ ဘဝ ….. အဓိက ပြည်သူပြည်သားများတောင်းတနေသော အချက်တခုရှိသည်။ မလိုအပ်ပဲ အချိန်နှောင့်နှေးမှုများဖြစ်ပေါ်စေသော ယာဉ်ကျောပိတ်ဆို့မှုများ ပပျောက်ကြစေလိုသည်မှာ ပြည်သူပြည်သားအားလုံးကပြောသော အမှန်တရားတခုသာဖြစ်ပေ၏ …. ။