Maung Tar TeeApril 11, 20141min1054
တစ်နှစ်ပြီး တစ်နှစ် ကူးပြောင်းလာတဲ့ သင်္ကြန်က တစ်လွှာပြီး တစ်လွှာ ပွင့်ချပ်တွေ ကွာကျလာတဲ့.. နှင်းဆီပွင့် လေးလိုပေါ့… အရိုင်းတွေက ယဉ်ကျေးမှု ဖြစ်နေတဲ့.. ရိုးတံချည်းသက်သက်ရှိတဲ့.. နှင်းဆီလို သင်္ကြန်ကြီးရယ်… ဘာကြောင့်မှန်းမသိ ငါ့ မင်းကို ကြောက်နေမိတယ် ၊ အရင်ကတော့ သပြေခက် နဲ့… ရယ်… အခုကတော့ အဖြေခက်တဲ့.. သေအရက်နဲ့… လူငယ်ဆိုတာတွေလေ…. တွဲဖက်ကိုညီလို့ပေါ့…. အဝတ်အစားအပြဲ တွေတင်မက… ကိုယ့်ရိုးရာ ကိုယ်ဖျက်.. စုတ်နွမ်းနေတဲ့.. သင်္ကြန်ဆိုတာက…. ရန်ကုန်လမ်းမပေါ် မူးပြီးမှောက်အိပ်နေတတ်ခဲ့ပြီ…၊ နှင်းဆီလို ရနံ့လေးမွှေး… ပွင့်ချပ်စုံညီနဲ့ ယဉ်ယဉ်လေးလှနေတဲ့.. သင်္ကြန်ပျိ ု မဒီလေး… ရန်ကုန်စင်မြင့်ပေါ် နွဲ့ နွဲ့ လေးနဲ့ ယိမ်းကနေတာ မြင်ချင်စမ်းပါဘိကွယ်..လို့…    


Maung Tar TeeMarch 24, 20141min833
လက်တွဲချိတ်ဆက်ဖြုတ်ခဲ့ ပြီး.. နောက်ပြန်တော့လှည့်ကြည့်မိသေးတာ. အာဟာရ က ပြတ်တောက်လု နီးနီးမှာ… ်လမ်းဘေးဆိုင်လေး ခနငေးပြီး.. ပြန်လှည့်ထွက်မိခဲ့ ပြန်သေးတယ်.. ၊ ဖတ်မလို့ဆိုပြီး..ခေါက်မှတ်ထားတဲ့ စာအုပ်ထဲက စာမျက်နှာ … မဖတ်တော့ပေမဲ့.. စာမျက်နှာနံပါတ်တော့.. မှတ်မိသေးတာရယ်…. ၊ ဒီညတော့.. စောစောအိပ်မယ်ပေါ့ … ရုပ်ရှင်ကားကောင်းကောင်း… ကော်ဖီမွှေးမွှေး မခါးတခါးလေးရယ်.. ညက အမှောင်တွေ ပိုရင့်လာတဲ့အထိ… ကြယ်ကြွေတွေနဲ့ အတူ.. ရင်တွေတောင်ခုန်မိတယ်…၊ လူငယ်တွေက ကိုယ်ပိုင်တွေးခေါ်မှု အားနည်းတယ်တဲ့… ပြောတာကိုပဲသိပြီး..ကြို မမြင်တတ်တဲ့..ငါ က… ညစ်နွမ်းပြီး… သုံးမရတဲ့… လူအိုကြီး..တစ်ယောက်ပေါ့… ခက်ပါတယ်.. ကြီးတာနဲ့ ငယ်တာကို. ဘာနဲ့ ခွဲခြားကြပါလိမ့်…..၊ ယုံချင်ယုံ မယုံချင်နေ… ပုံပြင်တစ်ပုဒ် ပြီးတာနဲ့… အိပ်ပျော်သွားဖို့ ကို ငါ မျှော်လင့်ခဲ့တာပေါ့.. နံနက်မိုးသောက်တဲ့ […]


Maung Tar TeeMarch 24, 20141min842
လက်တွေ့ မဆန်တဲ့ .. အမှောင်နဲ့… ရုတ်ချည်းတွေ့လိုက်ရတဲ့ ညအတု..   တဟွတ်ဟွတ်နဲ့ အိပ်မရခဲ့ဘူး တကယ်တော့. ညဆို တာ က.. ငါ့ကို ပိုလည်ချောင်းယားစေတယ်…   အိမ်မက်က ညဆို ခြောက်လမ်းသွားလမ်းမကြီးလိုပဲ.. ရှုပ်ထွေးလိုက်တာ… စိတ်ကူးတွေက စည်းကမ်းမဲ့ မောင်းချင်တို်င်း မောင်းနေကြတယ်   အိမ်မက် ပေါ့.. အိမ်မက်.. မျက်ရည်တွေလိုပဲ ကြယ်တွေ ကြွေတယ်.. ဓူဝံကြယ်လည်း ကြွေတယ်… ခုနစ်စဉ်ကြယ်လည်း ကြွေတယ်… သစ္စာတရားနဲ့ နောင်တတွေလည်း ကြွေတယ်..   အိမ်မက်ပေါ့ အိမ်မက်… ပျောက်သွားတဲ့ မလေးရှားလေယာဉ် ကြီးလည်းရှာတွေ့တယ် နှင်းလုံးဝ မကျတဲ့ ဆောင်းအတုကို်လည်း ရှာတွေ့တယ်.. သူမပါးပေါ်က သနပ်ခါးနံ့လေးတွေလည်း ရှာတွေ့တယ်.. မနမ်းဘူးတဲ့ အနမ်းကိုလည်းရှာတွေ့တယ်…   အိမ်မက်ပဲ […]


Maung Tar TeeMarch 11, 20141min925
  အမှိုက်တွေ အမှိုက်တွေ… နှလုံးသားထဲထိ လာလာပစ်ကြတယ်… တကယ်ပဲ… ယဉ်ကျေးမှုဆိုတာက စကားအဖြစ်နဲ့သာ ကြားပဲကြားဖူးတော့တယ် မယဉ်ကျေးမှုတွေ အစီအရီနဲ့.. မလိမ္မာမှုတွေ.. တစ်သီတစ်တန်းနဲ့.. လောကကြီးကတော့..ထောက်တိုင်စောင်းနေလေရဲ့ စဝင်လာကတည်းက ကန့်လန့်တိုက်ပြီးဝင်လာတာ… ဘာအကြောင်းနဲ့မှ.. ပြန်တည့်စရာမရှိဘူး.. အလင်းတွေ အမှောင်တွေ .. သေချာတယ်… ကိုယ့်ကိုယ်ကို လောင်ကျွမ်းခံပြီး… ဘယ်သူ့ကိုမှတော့ အလင်းမပေးဖူးဘူး.. ငါ့လှေငါထိုး ပဲခူးပဲရောက်ရောက်.. ဘယ်ပဲရောက်ရောက်…ပေါ့…. ထင်ရာစိုင်း ရိုင်း ဖို့လည်းလွယ်တယ်.. အဲ့တော့ ကိုယ့်အတွက် ကောင်းဖို့.. သူများအတွက်… မကောင်းတာကို သက်တောင့်သက်တာလေးပဲ လုပ်တယ်.. တကယ်တော့…. လောကီစည်းစိမ်ဆိုတာ.. သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးပဲ.. အဲ့တော့.. ဆေးဖြစ်အောင်ပဲ သုံးမလား.. ဘေးဖြစ်အောင်ပဲ သုံးမလား.. ကိုယ်တွေအတွက်ကတော့ တကယ့်ကို..ပါးပါးလေးပါပဲ..။ ။  


Maung Tar TeeMarch 8, 20141min19913
ဘိလပ်မြေ မှုန့် တွေ ဖွေးဖွေးထလို့ အုတ်ပုံ တွေ ကြား ဘဝ ကို.. စလုံးရေ စခဲ့ရတယ်.. နေပူ မိုးရွာ.. ဒါတွေက အလုပ်နားဖို့ အကြောင်းအရင်းမဟုတ်.. ဝမ်းရေးက တဂွီဂွီ အချက်ပြနေသ၍ပေါ့.. အဲယားကွန်းခန်းထဲ ကွန်ပြူ တာရှေ့ ကော်ဖီတစ်ခွက်နဲ့ အလုပ်လုပ်ရတဲ့ ဇိမ်.. ဘယ်သိပါမလဲ.. ရတဲ့ ၁၅ မိနစ်မှာ ကွမ်းစား ဆေးလိပ်သောက်.. ဇိမ်ကျ ခဲ့ရသကိုး.. နေစောင်း ခဲ့ပြီ.. အိမ်ပြန်ချိန် ရောက်တော့… ဆင်းကဒ်မပါတဲ့.. ဟန်းဆက်အပေါစားလေးနဲ့. လင်းလင်း သီချင်းကို ဖွင့်လို့….။ အိပ်ကပ်ထဲ က နေ့တွက်ခ ကို ဂရုတစိုက်စိုက်နဲ့ မှော်ဘီကား ခေါင်မိုးပေါ်မှာ ခပ်ပျော်ပျော် ပဲ အိမ်ပြန်ခဲ့တယ်.. ညဘက် ဘုံဆိုင်ထိုင်ချင်ထိုင်.. ဒေါင်မှာ […]