အိမ်မက်ထဲမှာ ပန်းတစ်ခင်းပျိုးတယ်… အိမ်မက်ထဲက ပြန်အထွက်မှာ… သေသေချာချာ.. ရိတ်သိမ်းခဲ့တယ်.. တစ်လမ်းဝင်…တစ်လမ်းထွက်… ရာသီတွေကို..မြည်းစမ်းကြည့်ခဲ့တယ်… လတ်တလောတော့ … အပူအအေး မမျှတတာပဲ ခံစားမိနေတုန်း.. မျှော်လင့်မိတာ တစ်ခုပဲရှိတယ်… မျှော်လင့်နေတာတွေ…အပျက်အစီးမရှိ.. ဆက်ပြီးမျှော်လင့် နေတတ်ဖို ့ပဲ…။    ။ ကျေးဇူးတင်ပါသည်….။


ကောင်မလေးရေ ငါ့အိမ်မက်ထဲမှာ မင်းကိုပွေ့ချီပြီး ကမ္ဘာအပြင်ကို ခြေဆန့်လို့… မျှော်လင့်ချက်လက်တစ်ဆစ်ကို အရည်ဖျော် အမောပြေသောက်ရင်း.. အမှောင်ထဲမှာ..လမ်းတည့်တည့်လျှောက်ခဲ့တယ်.. အလင်းနဲ့မထိုက်တဲ့ကောင်မို့.. မင်းအတွက်..အမှောင်ထဲမှာ.. ပန်းတစ်ခင်းပျိုးပေးပါရစေ… အလင်းကောင်းကောင်းမရတဲ့..ပန်းတွေဆိုတော့လည်း.. မင်းအတွက် လှချင်မှလှလိမ့်မယ်… မြေအနိမ့်ပါ…လှံစိုက်ချင်စိုက်ပေါ့.. ဒါမှမဟုတ်……. တော်ဝင်မဟုတ်တဲ့အသုံးအဆာင်ပါ… ထိန်းသိမ်းဖို့..မတန်ဘူးထင်လည်း လွှင့်ပစ်လိုက်ပါ… ကိုယ့်အားကိုယ်ကိုးပြီး..မင်းအတွက်.. ကိုယ့်ကိုယ်ကို သန့်စင်ခဲ့သူပါ.. ပန်းခင်းနဲ့ကြိုမလား.. လွမ်းခြင်းနဲ့..ငိုရမလား..ဒါကတော့..မင်းရဲ့..ဆုံးဖြတ်ချက်ပေါ့.. မိန်းခလေးတွေအဖို့… ပန်းဆိုတာ မပန်တတ်တော့..လျှောကျတယ်…. ကိုယ်လို့..အညတရအဖို့တော့.. လှမ်းဖို့ရာမကြံတတ်တော့..မောရပါတယ်..ကွယ်…။ ။   မှတ်ချက်။ ။အခုတလော..စစ်တပ်တွေ ရွာထဲ ဝင်တာများလာလို့.. ပစ်ချင်ခတ်ချင်စိတ်တွေပေါက်လာမှာစိုးလို့… အလွမ်းမိုးလေးရွာလိုက်ရပါကြောင်း….


အလင်းနဲ ့အလင်း ထပ်တူကျတဲ့ နံနက်ခင်းထဲ.. အပုပ်ရောင် ပေါ် အဖြူလိမ်းလို ့ အညစ်အကြေးတစ်ချို  ့ က ပန်းဝင်ဖို ့ကြိုးစားနေကြ…   အုန်းသီးထဲ ဘယ်သူရေထည့်သလဲ.. ငါသိဖို ့မကြိုးစားခဲ့ဖူးဘူး.. အုန်းသီးထဲလည်း ရေဆိုတာမျိုးမတွေ ့ခဲ့ဖူးဘူး..   တစ်ထစ်ချ အပိုင်တွက်ချက်ရအောင် ဘဝကသချင်္ာ ပုစ္ဆာမှ မဟုတ်တာ.. သူငယ်တန်းလောက် အဆင့်နဲ ့လောကထဲမှာ ရှင်သန်ဖို ့ ငါ မတွေးခဲ့ဖူးဘူး..   အတွေးသက်သက်ပါပဲ.. လက်တွေ ့ အကောင်အထည်ဖော် ဖို ့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး.. စဉ်းစားဖို ့လဲ မရဲဘူး..   လက်ညိုးထိုးရာ ရေဖြစ်စေ. လေထဲ လွှင့် မယ့် ငါ့ လက်ထဲ.. နူးညံ့ခြင်းတွေ […]


လေနောက်လိုက်တဲ့သစ်ရွက်လို ငွေနောက်လည်းလိုက်ဖူးတယ်.. ကြွေကျသွားတဲ့သစ်ရွက်လို စိတ်ဓာတ်တွေလည်း နွမ်းလျခဲ့ဖူးတယ်… ပင်မြင့်ယံထက် ဖူးသစ်စ သစ်ရွက်လို တစ်ချိန်က လတ်ဆတ်ခဲ့ဖူးတယ်.. အပင်မှာမမြဲသလို  မြေမှာလဲမခရတဲ့သစ်ရွက်လို ဟိုမရောက်ဒီမရောက်နဲ ့ လေလွင့်ဖူးသူလည်းဖြစ်ဖူးတယ်.. ပင်မြင့်ယံမှာမြဲ.. လေတိုက်တ်ိုင်းမလွင့်.. မနွမ်းလျတတ်တဲ့ သစ်ရွက်လို လူ ဖြစ်ချင်တယ်…


ငါလိုချင်တာအချစ်ပါ… အတွေ့အကြုံရင့်ကျက်ပြီးသား.. နင့်ရဲ့ အတိတ်ဇာတ်လမ်းကို ပြန်ကြားရဖို့မဟုတ်ဘူး… ငါလိုချင်တာ..တူညီတဲ့တုန့်ပြန်မှုပါ.. အကြောင်းပြချက်တွေနဲ့.. နင့်ရဲ့ငြင်းဆန်မှုသက်သက်ကို.. လိုက်ရောဖို့မဟုတ်ဘူး… ငါလိုချင်တာ..နင့်ဘက်ကဂရုစိုက်မှုကိုပါ… ငါအချစ်ကို စစ်မစစ် စမ်းသပ်နေတဲ့.. နင့်ရဲ့ နှလုံးသားအမည်ခံ ကြောက်ရွံ့မှုကိုမဟုတ်ဘူး… ငါဖြစ်စေချင်တာ..အသာတကြည်နဲ့.ငါ့ဘက်က အစွမ်းကုန်ပေးဆပ်မှုတွေ ယုံယုံကြည်ကြည် လက်ခံပေးဖို့ပဲ.. အလကားနေရင်း စေတနာကိုစော်ကားတဲ့.. နင့်ရဲ့..ရင့်သီးတဲ့စကားတွေကိုကြားချင်တာမဟုတ်ဘူး.. ကျေးဇူးပြုပြီး..ဒီအတိုင်းလက်ခံပေးပါ.. ငါဘက်ကနင်ထင်သလို.. ယုတ်မာတဲ့..ဇာတ်လမ်းမျိုးကိုဖန်တီးမှာမဟုတ်ဘူး… ကျေးဇူးပြုပြီး…ဒီအတိုင်း..ဒီအတိုင်းလေးပဲ.. မိန်းခလေးရယ်…ငါ့ရဲ့..ကြင်နာမှုကို.. ဒီအတိုင်းလေးပဲလက်ခံပေးပါ…။ ။


အရောင်းဝန်ထမ်းလေးပါ… အပြောချိုပြီး..အပြုံးလည်းလှရပါတယ်… ဖောက်သည် သာ အမှန်…(customers is always right) ဆိုလားပဲ.. ဖောက်သည် ကျေနပ်အောင် လုပ်ပေးဖို့က ကိုယ့်တာဝန်လေ… တစ်ခါတစ်ခါ ကြုံရတဲ့.. ဖောက်သည်တွေဟာ အရမ်းကို ရိုင်းပါတယ်… ပိုက်ဆံ ရှိရင် ပြီးရော.. တစ်ချို့က ရာထူးကြီးရင်ပြီးရော ဆိုပြီး စကားကို.. အဆင့်အတန်းနဲ့မလိုက်အောင် ကို တစ်ဖက်သတ်ပြောဆိုတတ်ကြပါတယ်.. ဒါက အသေးအဖွဲ လေးပါ.. ကျွန်တော်ကြုံတွေ့ရတဲ့.. အခက်အခဲ တွေက မနည်းလှပေါ့.. လုပ်ငန်းခွင်ထဲမှာလဲ.. ကလေးစိတ်နဲ့.. လူကြီးလုပ်နေတဲ့.. အစ်မတစ်ယောက်ရှိတယ်.. သူနဲ့ ပတ်သက်ပြီးပြောစရာကတော့ ကုန်မယ်မထင်… အဲတော့ မပြောတော့ တာပဲကောင်းမယ်… အလုပ်အကိုင်ကောင်းကောင်းလေးများရှိရင် သိချင်ပါကြောင်း…


မျက်စိမှိတ်စွန့်လွှတ်လိုက်တယ်… အသစ်စက်စက် ပစ္စုပ္ပန်ကိုပေါ့… တဒင်္ဂ အသက်ရှုဝ ခဲ့တာကိုမှ.. ငါက ဘဝ လို့ ထင်မှတ်ခဲ့တာ… ကြက်ခြေခတ်တွေကို အတိတ်မှာ ငါ အသုံးလွန်ခဲ့တယ်…. မလတ်ဆတ်နိုင်တဲ့ အနာဂတ်မှာ ငါ့မာယာတွေ ဟန်ပျက်ပြိုလဲပေါ့… အရာရာ အသစ်ကပြန်စဖို့မျှော်လင့်တတ်တာ… ငါ့မွေးရာပါ အကျင့်တစ်ခု….၊ ကြက်ခြေခတ် အကြီးကြီးတစ်ခုကို.. ခြေမြန်လက်မြန် ရေးဆွဲပြီးမှ နောင်တက ရင်ဘတ်ကို မညှာမတာ ဝင်ဆောင့်တယ်…. ရှိစေတော့…၊ ရှေ့ကိုသွားရမှာလား.. နောက်ပြန်လှည့်ရမှာလား.. ရပ်နေတာနဲ့ကို…ငါ့အချိန်တွေတော်တော်.. လောင်ကျွမ်းနေပေါ့… ကိုယ်ထင်ရာကိုယ်စိုင်းပြီးမှတော့.. ဆုံးဖြတ်ချက်လေးတစ်ခုကိုတောင် ငါ မရဲဝံ့တော့ဘူး.. ကျေးဇူးပြုပြီး… ငါ့မွေးရာပါ အကျင့်တစ်ခုကို… မြှောက်စားပေးပါ…….။ ။  


လေအလွင့်မှာ လိုက်ကောက်ဖို့မလွယ်တဲ့… ဝတ်ရုံတစ်ထည်..ကျွန်တော်တို့ကို ပေးခြုံခဲ့တဲ့..ခင်ဗျားကို ကျေးဇူးအရမ်းတင်တယ်… နှစ်တွေဘယ်လောက်ကြာကြာ ခင်ဗျားရဲ့အသက်.. ကြီးမသွားတာကို.. ကျွန်တော်တို့တော့..အံ့ဩမိပါရဲ့.. ခင်ဗျားစိတ်ဆိုးတတ်ရင်စိတ်ဆိုးမိလိမ့်မယ်.. ကျွန်တော်တို့တွေထဲမှာ ခင်ဗျားလိုမျိုးတော်တဲ့သူ ရှာဖို့ခက်လိမ့်မယ်ဗျ… တောင်းပန်ပါတယ်ဗျာ.. ခင်ဗျားကို ကျွန်တော်တို့ ရင်မအေးနိုင်စေခဲ့ဘူး…. ခင်ဗျားကို ချီးကျူးဖို့နေနေသာ.. ခင်ဗျားကို အားနာနေတာ.. ခင်ဗျား က တော်ဝင်သဇင်ကို.. မြေပြင်မှာ စိုက်ခဲ့တဲ့သူ… ခင်ဗျား ပျိုးခဲ့တဲ့.. ပန်းတစ်ခင်းနဲ့.. ကျွန်တော်တို့ ဒီနေ့အထိ မွှေးနေခဲ့တာ ခင်ဗျားခင်းခဲ့တဲ့လမ်းနဲ့… ကျွန်တော်တို့ ဒီနေ့အထိလျှောက်နေခဲ့တာ.. ခင်ဗျာကျွေးခဲ့တဲ့.. ထမင်းတစ်လုတ်ကိုလေ… ကျွန်တော်တို့ အခုထိ ကျေညက်အောင် မဝါးစားတတ်သေးဘူးဗျာ…။    ။ မှတ်ချက်။     ။ကျွန်တော် က ဒီကဗျာမှာ  ခင်ဗျား တဲ့ စကားလုံးကို.. ချစ်စနိုးနဲ့  သုံးထားတာပါ

dfdfdfssddddd.jpg

ပြုံးပါ… 😉   အပြုံးဟာ လူရဲ့ မျက်နှာနဲ့..အလိုက်ဖက်ဆုံးဖြစ်သလို.. ကျန်းမာရေးအတွက်လည်း.. အထောက်အကူပြုပါတယ်.. နောက်.. မနက်စောစောနေရောင်ခြည်ဖျော့ဖျော့ကို ခံယူပါ…. အတွေးအခေါ်တွေ..သစ်လွင်နေဖို့.. တက်ကြွတဲ့ အရောင်တွေကို မိမိ ရဲ့.. အသုံးအဆောင်တွေမှာ… ပါဝင်နေပါစေ… အဓိက ကတော့… လူတိုင်း.. ပြုံးပါ.. ပြုံးရင်ဘာဖြစ်မှာလဲ.. ဆိုတာ သိ ရအောင်.. အရင် ပြုံးကြည့်လိုက်ပါနော်… Everybody Smile..


ဧည့်သည် … ဧည့်သည် ဟာ ဧည့်သည်လို နေ ပါ… အိမ်ရှင်ကို မစော်ကားပါးနဲ့… ဧည့်သည်.. ဧည့်သည် ဟာ အိမ်ရှင်ကို သိတတ်ပါ.. အရိပ်လည်းနေ.. အခက်လည်းချိုး… အိမ်ရှင်ကို အရိုးချိုး .. အိမ်ရှင်ကို ဂုတ်သွေးစုပ် ဖို့ မကြိုးစားပါနဲ့.. ဧည့်သည်.. အိမ်ရှင်က ထမင်းခူးကျွေးရင်..ပန်ကန်တော့ဆေးပါ.. လူပါးဝ တတ်ရင် ကိုယ့် အိမ်ကိုယ်နေပါ.. သူများအိမ်မှာ ခြေဆန့်လှဲ ဖို့ အရည်အချင်းရှိမှ.. အိမ်လည် လာပါ.. ဧည့်သည်.. ဧည့်သည်ဟာ အိမ်ရှင် မဟုတ်ပါဘူး… အိမ်ရှင် ခွင့်ပြုမှ..ဧည့်သည် အဖြစ်နေရမှာပါ.. ဧည့်သည်..ဟာ ဧည့်သည် လို မနေ ရင်.. ဧည့်သည်လို မပြုမူရင်.. အိမ်ရှင်ကလည်း ဧည့်သည်လို ဆက်ဆံမှာမဟုတ်ပါဘူး.. အိမ်ရှင်တိုင်းဟာ ဧည့်သည် […]


အလွမ်း တွေ တနင့်တပိုးနဲ့.. လမ်းလျှောက်ထွက်ခဲ့သူပါ.. လက်ညိုးထိုး ဟားတိုက်ရုံသက်သက်နဲ့တော့.. ဒီလမ်းကို နင်မခင်းခဲ့သင့်ဘူး… နင် တစ်ခါတစ်လေ ပျော်ဖို့ အတွက်လောက်ပဲ.. ငါ့ အတွေးအခေါ်တွေကို မိတ်ကပ်လူး စင်ပေါ်တင်.. ပြက်လုံးတွေပြော ခိုင်းခဲ့တာမှ မဟုတ်တာ.. နွေရာသီ အလယ်မှာ နှင်းကျအောင်တော့.. ငါလည်းမစွမ်းနိုင်ဘူးလေ… ပူဖောင်းထဲ လေမှုတ်ရတာလောက်ပဲ ဖြစ်ဖြစ်ခိုင်းပေါ့… ဒါမှမဟုတ်..တစ်ခုခု ပေါ့… ငါခင်းမယ့်လမ်းအတွက် နင်ဆိုတဲ့ အရာ.. ခင်းမှ ဖြစ်မယ်ဆိုလည်း…မတက်နိုင်ဘူးလေ… ငါ့နှလုံးသားမှာ.. အပေါက်တစ်ပေါက်တော့.. လေဝင်လေထွက်ရှိနေမှာပဲ….


ရည်းစားရပြီ ဟေ့….. ရည်းစားရပြီ ဟေ့…..   မှတ်ချက်။ ။ ပျော်လွန်းပြီး.. ပြန်လည်ရင်ဖွင့်ရမည်သူမရှိသောကြောင့်.. ယခုကဲ့သို့ ဂေဇက်ပေါ် တက်ပြီး ပေါ ရခြင်းဖြစ်ပါကြောင်း… ( ကရုဏာ ထားပြီး. ခွင့် လွှတ်၍ အပြစ် မမြင်စေလိုပါကြောင်း…)  


မနေ့က ကျွန်တော် ကဗျာတစ်ပုဒ် ရေးတယ်.. ကဗျာလေးရဲ့.. ပထမ အပိုဒ်ကို ဒီလိုရေးလိုက်မိတယ်… ကျဉ်ဆံရာတွေကို ထပ်မမြင်ရဖို့… မေတ္တာတစ်ချက် လေပေါ်ထောင်ပစ်ဖို့ပဲ.. လိုအပ်တယ်…ပြီးနောက်တော့.. ယမ်းငွေ့တွေအစား ဂရုဏာတစ်ချို့လွင့်ပျံ့သွားစေမယ်… ကိုယ်ရေးတဲ့ စာ ကိုယ်ဖတ်ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားတယ်.. မတန်မရာစာတွေ ရေးနေတာပါလားလို့ လဲ တွေးမိပြီး.. ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိမိတယ်..ထားပါတော့…ဒါနဲ့နောက်တစ်ပိုဒ်ကိုဆက်ရေးမိတယ်.. မပီမသ ဘဝတွေ..ပျော်ရွှင်မှုတွေ…အေးချမ်းတည်ငြိမ်မှုတွေ…နဲ့…အတည်တကျဖြစ်ဖို့ကြိုးစားထားတာတွေ .. စတဲ့..အရာအားလုံးပေးဆပ်လိုက်ရပေမဲ့လည်း…..နောက်ဆုံးတော့ အပိုင်းအစတွေနဲ့ အငွေ့တလူလူထနေတဲ့ အနက်ရောင်မြေပေါ်မှာ..“စစ်” ဆိုတာတစ်ခုပဲ ပီပီသသ ရုပ်ထွက်ကောင်းခဲ့တယ်… အဲ့ဒီ့တစ်ပိုဒ်အပြီး မှာ.. ကျွန်တော် ဒီကဗျာကို.. ဆက်မရေးတော့ဘူးလို့.. ဆုံးဖြတ်လိုက်တယ်….. ရေးရတာ အရမ်း ဝန်ထုပ်ကြီးလို့ပါ.. ကိုယ်ရေးတာ မကောင်းရင် ကိုယ်ဖော်ကျူးတာမပြောင်မြောက်ရင် ကိုယ်ဆိုလိုတာမထိရောက်ရင်.. တကယ် စစ်ရဲ့ဒုက္ခကိုခံစား နေရတဲ့.. သူတွေကို.. အားနာဖို့ အရမ်းကောင်းလို့ပါ… “တကယ်တော့ […]