mGSeptember 21, 20101min1455
ကျွန်တော် အခုတင်ပြထားတဲ့ NEWS လေးကတော့စာဖတ်သူတွေဘယ်လောက်စိတ်ဝင်စားမလည်းဆိုတာလေးကိုသိချင်လို့ အကျဉ်းချုပ်လေးတင်ပေးလိုက်ပါ့မယ်….။အကယ်လို့များ စိတ်ပါဝင်စား သိချင်မယ်ဆိုရင်တော့ ဓာတ်ပုံလေးတွေနဲ့တင်ပြပေးပါမယ်။……. Junction~8 (Maw Tin)  Shopping Center ကြီးကိုမော်တင်လမ်းမကြီးနှင့်အနော်ရထာလမ်းထောင့်၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့ တွင်တည်ရှိပါသည်။အဲ့ဒီ Shopping Center ကြီးကိုအပြင်ပိုင်းကကြည့်မယ်ဆိုရင်တော့ ခန့်ညားထည်ဝါတဲ့ အဆောက်အဦး အပြာရောင်ကိုတွေ့ ရမှာပါ။ဈေးဝယ် Shopping Mall အတွက်အထပ်ပေါင်း (၃ ထပ်)နဲ့ဖွဲ့စည်းထားတာကိုတွေ့ရှိရမှာပါ။လူနေအိမ်အထပ်အပိုအနေနဲ့ ၁၂ထပ်ပါရှိတယ်ဆိုသိရှိရပါတယ်။မြေအောက်ထပ်တွင် Junction~8 Shopping Mall သို့ဈေးဝယ်ရောက်လာသော ကားများရပ်နားနိုင်ရန်အတွက်နဲ့ ယခင်လမ်းဘေးဈေးသည်များအား Under Grown ထဲတွင်စနစ်တကျရောင်းချနိုင်ရန်အတွက်ဈေးရောင်းရန် နေရာအဖြစ် သတ်မှတ်နေရာချပေးထားတာကိုလည်းတွေ့ရှိရမှာပါ။စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း ကြီးမားတဲ့အခွင့်အလမ်းများဖြစ်မြောက်လာအောင် Junction~8 Shopping Mall ရဲ့လမ်းဆုံပွိုင့်ထိပ်တွင် Digital  TV ဖြင့်ကြော်ငှာများအား လက်ခံသောဝန်ဆောင်မှုများပေးနေတာကိုလည်းသွားရောက်လည်ပတ်သူများ အဖို့တွေ့ရှိရမှာပါ။အတွင်းပိုင်း မြေညီထပ်တွင် စီးပွားဖြစ်ဆိုင်ခန်းပေါင်း (၁၈ ခန်း) နှင့်အခြားသောအခပေး ယာယီဆိုင်ခန်းများကိုလည်း […]


mGAugust 29, 20101min793
ကျွန်တော် ဒီမှာပြောတာလေးကတော့ သတင်းလည်းမဟုတ်ဘူး၊ဟာသလည်းမဟုတ်ဘူး၊ထူးဆန်းတာလေးတွေလည်းမဟုတ်ဘူးဗျ။ဒီ Website ကိုရောက်လာထဲက ကျွန်တော် မေးချင်နေတာတွေ ရှိနေလို့ အခုလို Post  တခုအနေနဲ့တင်လိုက်တာပါခင်ဗျာ။ ဒီ Website ထဲမှာ Admin တွေကို Message ဘယ်လိုပို့လို့ရနိုင်မလည်း။ Post လေးတွေရေးပြီးတိုင်း လူတိုင်းအလွယ်တကူလုပ်လို့ရအောင် ဘယ်လိုမျိုးလုပ်ရလည်း။ ကျန်တာလေးတွေ သိချင်တာလေးတွေ ရှိနေအုန်းမယ်လို့ ထင်တယ်ဗျ။ကျွန်တော် အသေအချာကြည့်နေတုန်းမို့လို့ လိုလိုမယ်မယ် အသင်းသားတိုင်း သိတင့်တယ်လို့ ထင်တာလေးတွေကို ဝိုင်းကူပြောပေးကျပါအုန်းဗျာ။အားလုံးကို အလေးထားလျက် မေတ္တာအပြည့်နဲ့သစ္စာရှိသော စာရေးစရာများအတွက်………………။