mgtharmyarNovember 9, 20111min440
ယောနိသောမနသိကရ……ဒီချုပ် အမျိုးသားနိုင်ငံရေးသမားဆိုတာပညာကိုဦးထိပ်ထားတယ်၊အမှား၊အမှန်၊ မျှတမှု၊မမျှတမှု၊တန်းတူညီမျှရှိမှု၊မရှိမှုတိုကိုမှန်မှန်ကန်ကန်ဆုံးဖြတ်တွေးခေါ်နိုင်တယ်။ ဘာလိုလည်းဆိုတော့အရိပ်ကင်းလို့ဖြစ်တယ်၊နောက်ပြီးပြည်သူကြားမှာထာဝရရပ်တည်သွားနိုင်တယ်။ ဥပမာ(ဗိုလ်ချုပ်အောင်ဆန်း)ပါတီနိုင်ငံရေးသမားကျပြန်တော့ အာဏာကိုဦးထိပ်ထားတယ်၊ဘယ်လောက်ကောင်းအောင်လုပ်လုပ်၊ကျိုးစားကျိုးစား%နူန်းပြည့် ပြည်သူကပေးတဲ့အမှတ်မရနိုင်ပါဘူး၊ မအောင်မြင်နိုင်ပါဘူး။တစ်ချက်မှားသွားရင်သားစဉ်မြေးဆက်ခံရရော့။ ဥပမာ(ကက်စထရို)၊သူဆိုရင်တော်လှန်ရေးကာလတုန်းကပြည်သူအကြိုက်ဆုံးလူပေါ့ ၊ဒါပေမဲ့အာဏာလည်းရရော့ကမာ္ဘသမိုင်းဝင်အာဏာရှင်ဖြစ်သွားတာဘဲ၊ ဒါကြောင့်အာဏာဆိုတာကိုင်မိရင်လူးတတ်တယ်၊ကြာလာရင်ရူးတတ်ပါတယ် ။ဒေါ်စုတရားတွေအားထုတ်နေတယ်ဘဲသဘောက်ပေါက်မှာပါ။ဒါဟာ ဘာ ကိုဖေါ်ပြနေတာလဲဆိုတော့ပါတီနိုင်ငံရေးသမားနဲ့ပြည်သူ့နိုင်ငံရေးသမားရဲ့ခြားနားချက်ပါဘဲ။ အခုလည်းဒေါ်စုစဉ်းစားပေါ့။မိမိStance ကိုမိမိကိုယ်တိုင်ရိုက်ချိုးသလိုဖြစ်သွားမလားဆိုတာ။အခုလက်ရှိ အချိန်မှာဒေါ်စုမှာအာဏာမရှိပေမဲ့ဩဇာရှိတယ်။ဩဇာဆိုတာတာ အာဏာရှင်ကိုထာဝရစိတ် ဓါတ်ရေးရာမှာအနိုင်ယူနိုင်တယ်။အမှန်တရားကိုရောက်ရှိအောင်စောင့်ကြည် ့ဆော်ဪပေးယုံနဲ့တချိန်ချိန်မှာရောက်ရှိသွားမှာအသေအချာဘဲ၊ ဘာကြောင့်လည်းဆိုတော့ဓမ္မသည်အမြဲတမ်းအဓမ္မကိုအနိုင်ယူလေ့ရှိလိုပါဘဲ။ ဗုဒ္ဓကသေသေချာချာဟောကြားခဲ့ပါတယ်၊ပါပမိတ်ဆွေနဲ့ကလျာဏမိတ်ဆွေ ဆိုတာ၃၈ဖြာမင်္ဂလာမှာဟောကြားခဲ့ပါတယ်။ မှန်ကန်စွာနှလုံးသွင်းစဉ်းစားလော့၊……စဉ်းစားလော့….


mgtharmyarAugust 13, 20111min1335
ဘီစီ (722-481) လောက်ကတရုတ်ပြည်မှာ တိုင်းပြည်တစ်ခုလုံးအကျင့်ပျက်၊ချစားမှုများ ပြည်ထောင်စုအချင်းချင်းသွေးကွဲပြိုကွဲနေချိန်၊ တစ်တိုင်းပြည်လုံးမငြိမသက်ဖြစ်နေတဲ့အချိန်ပေါ့ အဲဒီလိုဖြစ်ပေါ်ရတဲ့အကြောင်းကတော့မင်းကမင်းလို မကျင့်၊မှူးမတ်များသည်လည်းမှူးမတ်လိုမကျင့်သော ကြောင့်ဖြစ်တယ်လို့ကွန်းဖြူးရှပ်ကပြောကြားခဲ့..   မင်းသည၊်မင်းဘဲဖြစ်ပါစေ မှူးမတ်တို့သည်မှူးမတ်ဘဲဖြစ်ပါစေ ဖခင်သည်လည်း၊ဖခင်သာဖြစ်၍ သားသည်လည်းသားဘဲဖြစ်ပါစေ (ကွန်ဖြူးရှပ် ဘီစီ 722-481) (ကွန်ဖြူးရှပ်)


mgtharmyarAugust 13, 20111min690
နိုးထခြင်း (၁) အိုမြန်မာပြည်ဖွား တိုင်းရင်းသားတို့….. မတူ-အယူအဆ ဘေးချထား၍ ရည်ရွယ်ချက်တူ ပေါင်းစည်းပြုလော့ နွံကျွံဆင်းရဲ ပြည်သူမွဲကို စုံးစုံးမမြှုပ်ခင် ကယ်ပါတော့…… (မောင်သာမြား) နိုးထခြင်း (၂) အိုမြန်မာပြည်ဖွား တိုင်းရင်းသားတို့….. အတူတကွ၊ ဘယ်သူပါမှ အသာထား၍ အမြင်ချင်းတူ အားချင်းပြုလော့ မြန်မာ့နှလုံး(အသက်တည်ရာ) မြစ်ကြီးမဆုံးခင် အားလုံးရုန်းထ ကန့်ကွက်ကြတော့….. (မောင်သာမြား) နိုးထခြင်း (၃) အိုမြန်မာပြည်ဖွား တိုင်းရင်းသားတို့….. ဖြူနီ၊ဝါပြာ….၊(အရောင်စုံ) သူသူငါငါ ပေါင်းစည်းပြုလော့ ထီးမွေနန်းမွေ၊ရတနာမြေကို မီးခိုးမထွက်၊နယ်ချဲ့လက်သို့ ဝ ကွက်မအပ်ခင် အားလုံးနိုးထ၊ တိုက်ထုတ်ကြတော့။          (မောင်သာမြား) မြစ်ကော မြစ်မကောအောင်လို့ သစ်တောတို့စိမ်းရပေမည် ရေဝေတောတွေစိမ်းစို့စို့ မှိုုင်းညို့ညို့မှုန်ရီ၊ ချင်းတွင်းနဲ့ဧရာဝတီ ရေပြင်ကြည်သမျှ၊ မြန်မာသွေး​ရှိ။ တတောလုံးပြောင် တတောင်လုံးလင်း မြစ်ကျဉ်းကာသောင်တွေပေါ်တော့ နောင်အရှည်မမျှော်မြန်မာပျေ​ာက်အောင်လို့ ကိုယ့်သွေးကိုကိုယ်ပြန်သောက​်ပြီလား စိုးကြောက်ဖွယ် […]


mgtharmyarAugust 13, 20111min1052
မြစ်ဆုံ၊မေခ၊မေလိခ၊မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတကာ နှင့်ပြည်သူလူထုအထင်မှားအမြင်မှားဖြစ်စေရန်အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ ကမဟုတ်မမှန်လုပ်ကြံရေးသားလုပ်ဆောင်လျှက်ရှိ နေဟုအစိုးရပိုင်သတင်းစာပါဆောင်းပါးရှင်(လျှပ်စစ်ဝန်ထမ်းတစ်ဦး)ဧ။်စွပ်စွဲချက် ကိုတုံ့ပြန်လိုက်ခြင်း။  (10.8.2011 ရေးသားတုံ့ပြန်ခဲ့သည်။)   (9-8-2011)နေ့စွဲနိုင်ငံပိုင်မြန်မာအလင်းသတင်းစာတွင်ဖော်ပြခဲ့သောဆောင်းပါးရှင် လျှပ်စစ်ဝန်ထမ်းတစ်ဦး၏မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သည့်ဆောင်းပါးက mediaတွေကဘဲမဟုတ်မမှန်သတင်းကိုလုပ်ကြံပြီးရေးသားပြီးပြည်သူကိုAlarmist လုပ်နေတဲ့သဘောပြောဆိုရေးသားထားတာဟာမီဒီယာလောကကိုစော်ကားလိုက်ခြင်းဖြစ်တယ်လို မြင်မိပါတယ်။အဲဒီဆောင်းပါးရှင်ရဲ့ဆောင်းပါးများကိုကောက်နုတ်ချက်ချကြည့်ရင် ကောင်းကျိုး(advantages)များသာထုံစံအတိုင်းသတင်းစာဆောင်းပါးပုံစံရေးသားထာတာတွေရပါတယ် ။မြစ်ဆုံရေကာတာ(MyintsonDam)ကြောင့်လတ်တလောပြည်သူတွေခံစားရမဲ့ဒုက္ခများနှင့် တစ်နိုင်ငံလုံးနောင်ခံစားရဦးမည့်ဆိုးကျိုးများ(Disadvantages)ကိုရေးသားဖေါ်ပြထားခြင်းမတွေ့ရပါဘူး။   (၁)Impact areaမှာပြည်သူတွေဘယ်လောက်ထိခိုက်ဆုံးရှူံးပြီးလူတွေစိတ်ဒုက္ခရောက်ရတယ်ဆိုတဲ့လူအခွင့်အရေး ကိုဥပေက္ခာပြုထားခြင်း၊ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်လူတွေဘယ်လောက် ဒုက္ခရောက်ဦးမယ်ဆိုတာကိုလစ်လျှူရှုထားခြင်း   (၂)ရေကာတာစီမံကိန်းကိုတရုတ်CPIကော်ပိုရေးရှင်းက3.6ဘီလီယံရင်းနှီးမြှုပ်နှံတည်ဆောက် လုပ်ကိုင်နေခြင်းဖြစ်တယ်လို့ပွင့်လင်းစွာရေးသားခြင်းမရှိပါ။   (၃) ရေကာတာမှထွက်ရှိမဲ့အကျိုးအမြတ်ဧ။်၇၀%ကိုတရုတ်ကရရှိမှာဖြစ်တယ်လို့ပြည်သူအများကိုချပြမထားခြင်း။ (၄)ထွက်ရှိမဲ့ရေအားလျှပ်စစ်ဧ။်၉၉%ကိုတရုတ်ကယူမည်၊၁%သာပြည်တွင်းမှာသုံးစွဲသွားမည်ဆိုတာဖော်ပြထားခြင်း မရှိပါ။ (၅)တရုတ်အစိုးရနဲ့မြန်မာအစိုးရနှစ်ဖက်စလုံးကရေကာတာကြီးကြောင့်ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရဟုအာမခံထား ခြင်းမရှိ (၆)ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာတွင်၊ရေကာတာကြီးသည်စစ်ကိုင်းပြတ်ရွေ့ကြောလိုခေါ်တဲ့ငလျှင်ကြောအ နီးအနားမှာရှိတယ်ဆိုတာကိုဖော်ပြထားခြင်းမရှိ။   (၇)ပညာရှင်များသည်2009ခုနှစ်ဇန်နဝါရီလမှဇူလိူင်လအထိသာလေ့လာဆောင်ရွက်လို့သာဖော်ပြထားတာကိုတွေ့ရပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာအစီရင်ခံစာရဲ့လိုက်နာရမည်အဓိကစည်းကမ်းချက်(၁၀)ချက် အနက်(၁)ချက်သာလေ့လာရသေးတယ်ဆိုတာဖေါ်ပြထားခြင်းမရှိပါ။   (၈)ရေအားလျှပ်စစ်စီမံကိန်းကြောင့်ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်တယ်လို့ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ဒေသခံပြည်သူတွေရရှိတဲ့လုပ်အားခနှင် ့တရုတ်ပညာရှင်များနဲ့အလုပ်သမားရရှိခံစားရမည့်အခွင်အရေးတူနိုင်သလားဆိုတာထည့်မတွက်ပြထားဘူး၊ ဘာလိုဒီလိုပြောရသလဲဆိုရင်ကျောက်ဖြူရေနက်ကွင်းစီမံကိန်းမှာတရုတ်အစိုးရကတင်သွင်းလာတဲ့ တရုတ်အလုပ်သမားတွေနဲ့အဲဒီမှာအလုပ်လုပ်နေတဲ့မြန်မာအလုပ်သမားတွေရဲ့အကျိုးခံစားခွင့်နှင့်နေရထိုင်ရတာ ဘယ်လောက်ကွာခြားသလဲဆိုတာကိုသွားရောက်လက်တွေ့ကြည့်ကြပါ။   (၉)စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသောရွာများကိုသက်ဆိုင်ရာစံပြကျေးရွာ အသစ်များတည်ဆောက်၊အစားထိုးပေးထားတဲ့အတွက်ကြောင့်မှုလနေထိုင်ခဲ့သောအဆင့်ထက်များစွာ သာလွန်အောင်ဆောင်ရွက်ပေးထားကြောင်းဖေါ်ပြထားပါတယ်။ကျွန်တော်အနေနဲဆောင်းပါးရှင် ကိုမေးလိုက်ချင်ပါတယ်။ဆောင်းပါးရှင်အနေနဲ့ဒေသခံပြည်သူတွေများကို စာနာနားလည်စိတ်မရှိသူ၊ဆောင်းပါးရှင်သည်၊လူတွေရဲ့နေရာအစွဲ၊ဒေသအစွဲ၊ ကိုနားလည်းမှုမရှိသူဟုယူဆရပါတယ်။ဒေသခံပြည်သူများအနေနှင့်မိမိကျင်လည်ကျက်စားတဲ့နေရာ၊ မိမိလုပ်ကိုင်စားနေကြနေရာ၊မိမိရဲ့ဇာတိချက်မြေ ၊ယဉ်ကျေးမှုများကိုဘယ်လောက်တန်ဘိုးထားတဲ့ဆိုတာထည့်သွင်းမစဉ်းစားရင်တော့ လူအခွင့်ရေးချိုးဖောက်ရာရောက်တယ်ဆိုတာဆောင်းပါးရှင်နားမလည်းဘူးလားဆိုတာသိတာထင်ရှားပါတယ်။ […]