mgwaloneMay 7, 20121min1147
ဧရာဝတီကို နည်းမျိုးစုံနဲ့ အသုံးချတယ်။ သောက်တယ်။ သုံးတယ်။ သို့သော် အလွယ်တစ်ကူပဲ အမှိုက်မျိုးစုံ ပစ်ကြတယ်။ အညစ်အကြေး စွန့်ကြတယ်။ ရေဝေရေလဲ လုပ်ပေးတဲ့ တောတောင်တွေမှာ ရှိတဲ့ သစ်တွေ၊ ဝါးတွေကို ခုတ်တော့ မြစ်ထဲမှာ အနည်ပို့ချတာတွေ များလာ။ သောင်တွေ ပိုပေါ်လာတယ်။ ရွှေတူးတဲ့လူက တူး ။ ရင်လေးစရာတွေ ပါပဲ။


mgwaloneMay 6, 20121min875
ဒုတိယပိုင်း ဆက်တင်လိုက်ပါတယ်။ ဧရာဝတီကနေ ကျွန်တော်တို့ ယူနေတာ များပါပြီ။ ဘယ်တော့ ဘယ်လို ပြန်ပေးကြမှာလဲ။ မြစ်ဆုံအကြောင်းတင် မဟုတ်ပဲ ဧရာဝတီ မြစ်ရိုးတစ်လျှောက်က အကြောင်းကိုလည်း စဉ်းစားစရာတွေ အများကြီးပါ။


mgwaloneMay 6, 20121min897
၂၀၁၂ ဇန်နဝါရီ လကုန်ပိုင်းက သွားခဲ့တဲ့ ခရီးစဉ်က ပုံတွေပါ။ ရွှေလုပ်ကွက်ကတော့ အခု ရှိသေးသလား ဆိုတာ မသေချာပါဘူး။ ပြန်လာပြီး မကြာခင်မှာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်မှာ ဒီလိုသတ္ထုတူးဖေါ်ခွင့်တွေ မပေးတော့ဘူးလို့တော့ သတင်းကြားလိုက်ပါတယ်။ ဒီစက်တွေ၊ မီးခိုးတွေ၊ ပြန်စီးလာတဲ့ ရွှံ့ရေတွေက ဧရာဝတီကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ ကျန်တဲ့ အပိုင်းတွေ ဆက်တင်ပေးပါမယ်။


mgwaloneApril 30, 20121min765
ယနေ့နံနက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲသတင်းအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD လွှတ်တော်ကိုယ်စားလှယ်များ လာမည့် မေ ၂ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်မည်ဟု သိရသည်။ Source: http://www.news-eleven.com/index.php?option=com_content&view=article&id=13360:2012-04-30-05-01-26&catid=42:2009-11-10-07-36-59&Itemid=112


mgwaloneApril 29, 20121min764
မန္တလေးမြို ့ အရှေ ့ပိုင်း အုပ်စက် ရပ်ကွက်ပတ်ဝန်းကျင်တွင် ယနေ့ည မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ည ၁ဝ နာရီ ကျော်ခန့်က စတင်လောင်သည်ဟု ခန့်မှန်းရပြီး ၁ဝ နာရီ ၄၅ ဝန်းကျင်ခန့်တွင် မီးငြိမ်းပြီဟု ကြားသိရသည်။ သို့သော် မီးသတ်ကားများ သွားရောက်နေဆဲဖြစ်ပြီး အစဦးပိုင်းက ထင်ထင်ရှားရှား မြင်ရခဲ့သော မီးရောင် မတွေ့ရတော့ပဲ မီးခိုးဖြူများကိုသာ မြင်ရတော့သည်။ မန္တလေးမြို ့ အနောက်ပြင် ဒေးဝန်းရပ်ကွက်မှ မီးသတ်ကားများပြင် လာရောက်သည်ကို တွေ့ရပါသည်။ အိမ်ခြေ မည်မျှ လောင်ကျွမ်းသည်ကို မသိခဲ့ရပါ။ သို့သော် လူနာတင်ယာဉ်နှင့် နာရေးကူညီမှု အသင်းမှ ယာဉ်တို့ မီးလောင်ရာ နေရာသို့ သွားသည်ကို တွေ့ခဲ့ရပါသည်။ မန္တလေး၏ ထုံးစံအတိုင်း လာရောက်ကြသော ဆိုင်ကယ်များ […]


mgwaloneApril 28, 20121min917
မြန်မာ မီဒီယာအသိုင်းအဝိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့် ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။ စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။ ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လို်င်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။ လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု […]


mgwaloneApril 27, 20121min762
  လွန်ခဲ့တဲ့ ၂၀၁၂ ဇန်နဝါရီနောက်ပိုင်း အင်းလေးကို ရောက်ခဲ့တဲ့ ခရီးစဉ်တွေတုန်းက ရိုက်ထားခဲ့တဲ့ ပုံလေးတွေကိုပြန်ခံစားကြည့်တာပါ။


mgwaloneApril 19, 20121min724
ပြောင်းရမယ်။ အောက်ခြေကစပြီး ပြောင်းမှ ရမယ် ဆိုတာ ဒီနေ့ လူအတော်များများ ပြောနေကြတာပါ။ စာစောင်တွေ၊ ဂျာနယ်တွေမှာလည်း အများကြီး တွေ့ပါတယ်။ တိုင်းပြည်က ပြောင်းနေတယ်။ နိုင်ငံရေးမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်။ နိုင်ငံတော် အစိုးရခေါင်းဆောင် သမ္မတ ကိုယ်တိုင်က ပြောင်းလဲ ဖို့ကို အများကြီးပြောနေ၊ လုပ်နေတယ်။ ဒါပေမဲ့ အသံတွေ ကြားရပါတယ်။ အပေါ်က ဘယ်လောက်ပဲ ပြောင်းမယ်၊ ပြောင်းတယ် ဆိုပေတဲ့ အောက်ခြေကတော့ အရင်အတို်င်းပဲ တဲ့။ ဌာနဆိုင်ရာ ကိစ္စရှိလို့ သွားလာ ဆက်ဆံတဲ့အခါမှာ အရင်လိုပဲ လုပ်နေကြတာ၊ မပြောင်းသေးဘူး လို့ ဆိုကြပါတယ်။ ဟုတ်သင့် သလောက်လည်း ဟုတ်ပါတယ်ခင်ဗျ။ နှစ်ပေါင်များစွာ အရိုးစွဲလာတဲ့ အခြေအနေရယ်၊ အလေ့အကျင့်ရယ်ကို လွယ်လွယ်လေးနဲ့ ခေါင်းပန်းလှန်သလို ပြောင်းဖို့ကတော့ […]