mgyinnyoAugust 13, 20101min572
A – Area =နယ်မြေ ကျွန်တော်တစ်ခါတစ်ရံတွင် စစ်သူကြီးတစ်ယောက်လို နယ်မြေများ သိမ်းပိုက်ခဲ့ပါသည် ။ ထုံစံအတိုင်း ကျွန်တော်သိမ်းသော နယ်မြေများကို ဘုရင်က ပိုင်သွားပါသည် ။ B – B.E =အရက် ဘီအီးဟုခေါ်သော အရက်တစ်မျိုးကို သောက်ဖူးပါသည် ။ တန်ဖိုးနည်းသော်လည်း အမူးပြေလျှင် ခေါင်းမကိုက်ပါ ။ ကျွန်တော် တစ်ချို ့ လူတွေအတွက် ဘီအီး တစ်လုံး ဖြစ်ချင်သည် ။ C – Cat = ကြောင် ကျွန်တော့်၏ အဆောင်တွင်သောင်းကျန်းနေသော ကြွက်များကို လက်ဆောင်ပေးချင်နေသည် ။ D – Dawn = မိုးသောက်ချိန် ကျွန်တော်နှင့် ဆုံတွေ ့ခဲသော အရာဖြစ်ပါသည် ။ […]


mgyinnyoAugust 12, 20101min864
ည   နီယွန်မီးတွေက တလက်လက် တောက်လို့ ။ မီးရောင်အောက်မှာလည်း လူတချို ့ ခပ်သွက်သွက်လျှောက်လို့ ။ သူတို့ ရဲ့ ခြေလှမ်းတွေက တနေကုန် ရုန်းထားရတဲ့ ခန္ဓာကို မသယ်ချင့်သယ်ချင်နဲ့ `စံပြဈေးကို.. .စံပြဈေးကို… တောင်ပိုင်း …တောင်ပိုင်း ´ တဲ့နေတိုင်း ဒီအော်သံတွေက ရိုးလို့နေပြီလေ ။ အိမ်ပြန်ဖို့ သုတ်သုတ် သုတ်သုတ် သွားနေတဲ့ လူတွေ ကို တွေ့တော့ ကျွန်တော်လည်း အိမ်ပြန်ဖို့ သတိရသွားတယ် ။ ဒါပေမယ့် ပြန်လို့ မဖြစ် သေး ဘူးလေ။လူတွေက ကြပ် တည်းနေပြီ ဆိုတာ သိပ်မှန်တာပေါ့ ။ အရင်က ဆို ဒီအချိန်ဆိုရင် ၂၅၀ဝ ၊ ၃၀၀ဝ လောက် ရနေတတ်တာ […]