ေမွာ္ဆရာDecember 21, 20111min26426
ဝမ်းသာစရာ သတင်းတစ်ခု ကြေငြာပါ့မယ် … မှော်ဆရာ အချီကြီးပွပါပြီ ..။ ဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ ဆိုတာ အောက်မှာ ဆက်ဖတ်ပါ …။ ၁၈ ရက်နေ့က အဘဖောရဲ့ စတုဒီသာကြွေးပွဲကို မှော်ဆရာ တက်ရောက်ဖြစ်ပြီး ရွာထဲက Top Poster ကြီးများနဲ့ တွေ့ဆုံခဲ့ပါတယ် ..။ အဲဒီလို တွေ့ဆုံပွဲမှာ အမျိုးသားထဲက အသက်အငယ်ဆုံးဖြစ်နေတဲ့ မှော်ဆရာကို အားလုံးက အပြစ်မမြင် ၊ အချစ်တွေဝင်ကြပြီးလျှင် သဒ္ဓါတရားများ တဖွားဖွားပေါ်ပေါက်ပြီးသကာလ တက်ရောက်သူအားလုံးထဲမှ မည်သူမဆို ပွိုင်တစ်သိန်း ပြည့်ပြီး သူကြီးဆီမှ ငွေတစ်သိန်း ထုတ်ယူရတော့မည် ဆိုလျှင် .. ထိုဆုငွေအား ရေးသားသူမှ မယူပဲ မှော်ဆရာအား ပေးအပ်ချီးမြင့်မည် ဖြစ်ပါကြောင်း တက်ရောက်သူများမှ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ပါသည် ..။ […]


ေမွာ္ဆရာDecember 10, 20111min21818
စကိုင်းနက်ကနေ တိုက်ရိုက်ပြနေပါတယ်။။ မကြည့်လိုက်ရတဲ့သူတွေ ကြည့်နှိုင်အောင် ဓါတ်ပုံတင်ပေးလိုက်တယ် ..။နောင်တစ်ချိန် မှတ်တမ်းဖြစ်ရင်လဲ ဖြစ်သွားမှာပေါ့… နှစ်ပေါင်းနှစ်ရာအတွင်း ကိုးကြိမ်ပဲ ကြုံရမယ်ဆိုလားပဲ …


ေမွာ္ဆရာDecember 4, 20111min19624
မြို့တွေမှာတော့ လူသေရင် သချိုင်းဆိုတာ သတ်သတ်မှတ်မှတ် ရှိတယ် .. တောရွာမှာတော့ သုံးလေးရွာပေါင်းမှ သုဿန် တစ်ခုလောက်ပဲ ရှိတာကလား ..။ဒီတော့ လူသေရင် တတ်နှိုင်တဲ့ လူများကတော့ ကိုယ်ပိုင်တဲ့ လယ်ကွင်းထဲမှာ အုတ်ဂူလေး သွင်းထားနှိုင်တာပေါ့..။ မတတ်နှိုင်တဲ့သူအများစုကတော့ မီးပဲ ရှို့လိုက်ရတာပဲ များကြပါတယ်….။ အရင် ကတော့ ဒီဓလေ့ကို မသိပါဘူးဗျာ .. ကျွန်တော်က ဒီအရပ်သားမဟုတ်ဘူး။မူလတန်းပြဆရာဘဝနဲ့ ဒီရွာကို တာဝန်ကျလို့သာ လာလုပ်နေရတာ ငါးနှစ်ကျော်ပြီ . အင်း…. တောရောက်တော့လဲ တောသားပေါ့ဗျာ..။ ရောက်ခါစကတော့ လူသေကောင်ကို မီးရှို့တာ မြင်ရတာ ကျောချမ်းသား..နောက်တော့လဲ ရိုးသွားတာပါပဲ..။တောကျောင်းက ဆရာဆိုတော့ တောမှာ သာရေး နာရေးမှန်သမျှ ရွာလူကြီးနီးနီး ပါဝင်ရတာကိုး..။ ဒီတော့ အသုဘမှန်သမျှ အနဲဆုံး ပြာကျတဲ့အထိတော့ နေရတာပါပဲ..။ […]


ေမွာ္ဆရာDecember 1, 20114min23428
မုဆိုးစိုင်သင် ဓါတ်ပုံပညာများလို့ နာမည်တတ်ရတဲ့အကြောင်းက အခုရေးပြမယ့်အကြောင်းအရာတွေဟာ ပညာရပ်ပိုင်းဆိုင်ရာဆိုတာထက် အချင်းချင်း ဖောက်သယ်ချတဲ့ သဘောလောက်ပဲ ပေါ့ပေါ့ပါးပါးရေးချင်လို့ပါ ..။နောက်တစ်ခုက ဒီပညာတွေကို တစ်ကြိမ်ထဲ တစ်ခါထဲ သင်ခဲ့ရတာမဟုတ်ပဲ ဓါတ်ပုံလောကထဲမှာ ကျင်လယ်ရင်းနဲ့ တဖြည်းဖြည်း သိလာတဲ့ အတွေ့အကြုံများဖြစ်လို့ပါ။ ဆရာစိန်သော့တို့ ဆရာလေးဂီတို့လောက် လေးနက်မှုမရှိပေမယ့် လက်သင်အဆင့် ဓါတ်ပုံဝါသနာရှင်များအတွက်တော့ အထောက်အကူ တစ်ခုခုတော့ပေးနှိုင်ပါလိမ့်မယ် .။ မပေးနှိုင်ဘူးဆိုရင်တော့ ကျွန်တော့ရဲ့ အားနည်းချက်လို့ပဲ ပြောပါရစေ…။ ဝါသနာရှင်များအတွက် သိသင့်တဲ့ မှန်ဘီလူးအကြောင်း ကင်မရာ မှန်ဘီလူးတွေကို သူ့မှာပါတဲ့ အကြီးချဲ့နှိုင်စွမ်း သို့ အသေးချုံ့နှိုင်စွမ်းပေါ်မူတည်ပြီး နံပါတ်တွေနဲ့ သတ်မှတ်ခေါ်ဝေါ်ပါတယ်.။ ဥပမာ 10-18 mm lens 18-55mm lens 55-200mm lens စသည်ဖြင့် ခေါ်ဝေါ်ကြပါတယ်.။ အဲဒီ့ နံပါတ်တွေကို မှန်ဘီလူးမှာ […]


ေမွာ္ဆရာNovember 29, 20111min30333
ဒီနေ့မနက်စောစော ဘုရားရင်ပြင်တော်ပေါ် လမ်းလျှောက်လာရင်း ဘာရယ်မဟုတ် ဘီလူးမျက်နှာက အတွန့်အကွေး အရေးအကြောင်း ကနုတ်ပန်းလေးတွေကို သေချာကြည့်မိသည်။ ပန်းပုဆရာ လက်စွမ်းပြထားသည်ထင်သည် ။အနားကပ်ကြည့်တော့ ပီဘိနုနုရွရွ ကနုတ်ပန်းလေးတွေပါ။ ဒါပေမယ့် ခပ်လှမ်းလှမ်းက ကြည့်လိုက်တော့မှ ရက်စက်ကြမ်းကြုတ်သော ဘီလူးတစ်ကောင်၏ ပုံရိပ်က အပြည့်အဝ ပီပြင်လာပါတော့သည်။ ထိုအခြင်းအရာကို ကြည့်ရင်းနဲ့ မှော်ဆရာသဘောပေါက်လိုက်သည် အနုပညာဆိုသည်မှာ ကိုယ်ပေးလိုသောရသအား ယဉ်ကျေးသိမ်မွေ့သော နည်းဖြင့်သာ ခံစားသူ၏ နှလုံးသားထဲသို့ အရောက် ပို့ပေးပါလား ဟုပင် ။ တကယ့်ဘီလူး၏ ပုံရိပ်မှာ ဤသို့မဟုတ်လောက်ပေ။ အမွှေးအမှင်စုတ်ဖွား မသတီစရာ ပုံပန်းဖြင့် တင့်တယ်မှုမရှိသော သတ္တဝါ တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ ရုပ်ရည်အတိုင်းသာ ပန်းပုဆရာ ထုဆစ်ခဲ့ပါက ယခုကဲ့သို့ ဘုရားရင်ပြင်တော်ပေါ်တွင် ယခုကဲ့သို့ နေရာရနှိုင်စရာ အကြောင်းမရှိ ..။ […]


ေမွာ္ဆရာNovember 29, 20111min39117
မှော်ဆရာ ဧရာဝတီမြစ်ကမ်းနဘေးက ရွာလေးတစ်ရွာကို ဓါတ်ပုံရိုက်သွားရင်း ရိုက်ခဲ့တဲ့ ပုံလေးတွေပါ …။ မှော်ဆရာ သိတဲ့ ဧရာဝတီလို့ပဲ ခေါင်းစဉ် တပ်လိုက်ပါတယ် …..= = = = = = = =


ေမွာ္ဆရာNovember 17, 20111min16716
မန္ထလေး ဆန္ဒပြပွဲ ဗုဒ္ဓဟူးနေ့ နေ့လည်တွင် ပြီးဆုံးသွားကြောင်း မဇ္ဖိမ သတင်းဌာနမှ တင်ပြထားပါတယ် …။သတင်းဖတ်ပြီး မှော်ဆရာ နားလည်သလောက် ပြောရမယ်ဆိုရင်တော့ ဘာတောင်းဆိုချက်မှ မရလိုက်ဘူးလို့ပဲ ထင်ပါတယ် … ဘာကြောင့် တို့ ဘယ်လိုဖြစ်လို့တို့ ထင်မြင်ချက် မပေးချင်ပါ ။ဟောပြောပွဲကိုလဲ သုံးရက်ကြာဟောပြောမယ်လို့ ကြေငြာထားပေမယ့် တရက်ပဲ ဟောပြောပြီး ပြီးဆုံးသွားတာပဲ ဖြစ်ပါတယ် ။ တောင်းဆိုချက်များကိုတော့ သမ္မတ နဲ့ နိုင်ငံတော်သံဃာ့နာယက ထံ ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ထူးခြားချက်တစ်ခုတော့ ပါပါတယ်။ ပထမဆုံးဟောပြောသော ဘုန်းတော်ကြီး အရှင်သောပါက မှာ ပြည်ပတွင် အနေကြာသည် သိရပါသည် ..၂၀၀၁ ခုနှစ်တွင် ပြည်ပသို့ထွက်ခွာပြီး ထိုင်း စင်္ကာပူ မလေးရှား လာအို ဂျပန် ဂျာမနီ တို့သို့ […]


ေမွာ္ဆရာNovember 17, 20111min1257
ဝင်ဗျာ တင်ဗျာ … အမေစုရာ ဘာမှလုပ်ပိုင်ခွင့်မရှိလို့ ကိုယ့်ပါတီဆိုင်းဘုတ် ဖြုတ်အချခံရတာ၊ ကိုယ့်ပါတီဝင်တွေ အဆွဲခံရတာတောင် ဒီတိုင်းထိုင်ကြည့်နေခဲ့ရတာမလား .. လူဗိန်းတစ်ယောက်လိုပြောမယ် လုပ်ပိုင်ခွင့်မရလဲ ပြန်ထွက် … အမျိုးသားညီလာခံတုန်းကလိုပေါ့ … သမ္မတ ရာထူးလောက် မပေးပါနဲ့ဦး ဖြစ်သေးတယ် … ပြည်ထဲရေးဝန်ကြီးလောက်ဖြစ်ကြည့် အောက်ခြေအဖွဲ့အစည်းတွေ တော်တော်ကို စည်းကမ်းတကျ ဖြစ်လာမှာ ဒေါ်စုလဲ ဟိုသွားဒီသွားဆို နိုင်ငံတော်အဆင့် ပွိုင့်ကားနဲ့ သက်တော်စောင့်နဲ့ နောက်က ကင်မရာအဖွဲ့နဲ့ ဖြစ်လာမှာ ကြည့်ချင်တယ် .. ဝမ်းသာချင်တယ် .. ကျွန်တော်တို့လဲ လွပ်လွပ်လပ်လပ် ထွက်ပြီး လက်ပြလို့ရပြီ …။ အမေစုကို ချစ်တယ် အော်လို့ ရပြီ .. ဗိုလ်ကြီး ဗိုလ်လေးတွေလဲ ဒေါ်စုက ဝန်ကြီးဆိုတော့ တွေ့ရင် ဒေါ်စုကို […]


ေမွာ္ဆရာNovember 16, 20111min15718
ဒီပိုစ့်ကိုရေးရတဲ့ အကြောင်းမှာ ဒီမိုကရေစီ တို့ လူ့အခွင့်အရေးတို အော်သံတွေ သောသောညံနေတဲ့ မန္တလေးဂဇက်မှာ လိင်တူချစ်သူများအား ကန့်ကွက်သောသူများဟာ လူ့အခွင့်အရေး ပိတ်ပင်မှုနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသောကြောင့် ဖြစ်ပေသည်။ ဒီလိုကိစ္စတွေကြောင့် ကျွန်တော် လေးစားခဲ့ရတဲ့ မိန်းမလျှာတစ်ဦးအကြောင်း တင်ပြချင်မိသည် ။ သူ့နာမည်က ဆိုပါတော့ ရာရား လို့ပဲမှတ်ထားကြပါ။သူတကယ်ရှိတယ်လို့လဲ သိထားကြပါ။ဖြစ်ရပ်မှန် လေးပေါ့ .. သိကြတဲ့အတိုင်း မှော်ဆရာက ဓါတ်ပုံဆရာပါ ။ ဓါတ်ပုံဆရာ ရဲ့ ပါတနာက မိတ်ကပ်ဆရာပါ။ဓါတ်ပုံဆရာ နာမည်တက်ဖို့ မိတ်ကပ်ဆရာကို အားကိုးရသလို မိတ်ကပ်ဆရာနာမည်တက်ဖို့ ဓါတ်ပုံဆရာက အရေးပါပြန်ပါတယ်။ မိတ်ကပ်မကောင်းရင် ဘယ်လိုရိုက်ရိုက် မလှနှိုင်သလို ကင်မရာဆရာညံ့ရင်လဲ မိတ်ကပ်ဆရာ နာမည်ကောင်းမရပြန်၊ ဓါတ်ပုံထဲမှာ သူတို့သမီးက လှမှမလှတာကိုး..။ဒါကြောင့် မိတ်ကပ်ဆရာနဲ့ ဓါတ်ပုံဆရာဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ […]


ေမွာ္ဆရာNovember 16, 20111min24829
အရင်တုန်းက ရွာထဲမှာ တောက်တဲ့တစ်ကောင်ကို သိန်း တစ်သောင်းကျော်နဲ့ အရောင်းအဝယ် ဖြစ်တဲ့သတင်း ပါလာပါတယ်… သိန်းတစ်သောင်းကျော်ဆိုတဲ့ မက်စရာကြီးပေါ့ ..။အမယ်အမယ် ဝယ်တဲ့သူက သိန်းငါးသောင်းတောင် ပေးဦးမှာဆိုပဲ … ဒီသတင်းကြောင့် လူစွမ်းကောင်း ဆယ့်တစ်ယောက်က ခေါင်းဆောင်ပြီး ရှိရှိသမျှ ရွာသူရွာသားအားလုံး ရွာထဲရှိ အပင်ကြို အပင်ကြား တွင်းကြို တွင်းကြား နောက်ဆုံး သူကြီးရဲ့ တောင်ရှည်ပုဆိုးကြားပါ မကျန်(ခေါက်သိမ်းထားတဲ့ ပိုးပုဆိုးကြားပါခင်ဗျာ .. တော်ကြာ သူကြီး မလုံမလဲ ဖြစ်နေမှာစိုးလို့ ..) တောက်တဲ့ ရှာဖွေရေးဆင်းနေကြပါတယ် ..။ zzလေးအတွက် တောက်တဲ့ ဆိုတဲ့သူနဲ့၊ အိုး တောက်တဲ့များရလိုက်လို့ကတော့လေ ဘီယာစက်ရုံကြီးကို ထောင်ပြီး သောက်ပလိုက်ဦးမှာဆိုတဲ့ သူနဲ့၊တောက်တဲ့တစ်ခု အရင်းပြုပြီး ယိုးဒယားသွား ရွက်ပုန်းသီး လုပ်မယ့်သူနဲ့ ရင်ထဲမှာတော့ ကိုယ်စီ […]


ေမွာ္ဆရာNovember 15, 20111min10739
ဆိုရေးရှိက ဆိုအပ်လှ၏ … ကျေးဇူးတင်ထိုက်သူကိုလဲ ကျေးဇူးတင်သင့်လှပါ၏ …။ ထို့ကြောင့် မှော်ဆရာအနေဖြင့်လဲ ကျေးဇူးတင်ထိုက်လှသူ၏ အကြောင်း မှတ်တမ်းတင်လိုက်ပါ၏ …။ ကျေးဇူးတင်ထိုက်သူကား အခြားမဟုတ် … ပြည်သူ့အတွက်ဟု ဆိုသော စကိုင်းနက်ပင် ဖြစ်ခြေ၏ …။ စတင်တပ်ဆင်ချိန်မှစ၍ အသိပညာ အတတ်ပညာ ၊ ခန္ဒီစ သည်းခံခြင်း ပါရမီ ၊ စောင့်ဆိုင်းခြင်း အတတ်ပညာ မှအစ နောက်ဆုံး တောင်းပန်နည်း ပေါင်းစုံကိုပါ တတ်မြောက်အောင် သင်ကြားပေးနှိုင်သည့်အတွက် မှော်ဆရာ၏ မဟာ့မဟာ ကျေးဇူးရှင်အစစ် အမှန်ပင် မှန်ကန်လှပါသည်။ စတင်တပ်ဆင်ခ ရှစ်သိန်းဟုသာ ဆိုသော်လဲ လစဉ်ကြေး သုံးလစာ .. ဖုန်းခ ၊ TV လိုင်းခ၊ ဘာခ ၊ ညာခ ယုတ်စွအဆုံး […]


ေမွာ္ဆရာNovember 12, 20111min29224
အရင်တုန်းက အကောင်းသားဗျာ .. အခုမှ ဒုက္ခနဲ့ လှလှနဲ့ကို တွေ့ပြီ ဘာကိစ္စလဲဆိုတော့ အဖာတစ်ရာ ပိုက်ဆံတွေကိစ္စပေါ့ … အရင်တုန်းကတော့ အကြွေကလဲရှား ရှိတဲ့ အကြွေကလဲ ရေသည်ယောကျင်္ားရဲ့ ပုဆိုးထက်တောင်ဆိုးနေတာဆိုတော့ ရှိတဲ့ နှစ်ရာတန် တစ်ရာတန်လေးတွေကို ရွှေအစစ်ထက်တောင် ယုယုယယ တိပ်နဲ့ကပ် ၊ ပလပ်စတစ်နဲ့ထုတ် ၊ မီးပူတိုက် နည်းမျိုးစုံနဲ့ လည်ပတ်လာရတယ် … အမယ် …ပေးတဲ့သူက ပေးရင် ယူတဲ့သူကလဲ ဘယ်လောက်စုတ်ပါစေ .. ယူတယ်ဗျ .. အကြွေပေးလို့ဆိုပြီး ကျေးဇူးတွေဘာတွေတင်လို့ …. အခုတော့ဗျာ … ရှိတဲ့နှစ်ရာတန်လေးနဲ့ ဆေးလိပ်လေး သွားဝယ်ပါတယ် … စုတ်လို့ ပြန်လဲပေးပါတဲ့ … ဟယ် တစ်ခါမှ မကြားဘူးတဲ့ စကားကြားရလို့ ငုတ်တုတ်တောင် […]