ေမွာ္ဆရာOctober 30, 20111min20420
ပက်ပက်စက်စက်ကို ပြနေပြီဆိုလို့ မှော်ဆရာ ရုံသွင်းပြ နေပြီလားလို့ အထင်တော် မစောလိုက်ပါနဲ့ အကိုတို့ရယ် … သွေးရဲရဲ သံရဲရဲ တကယ်ကို ပက်ပက်စက်စက် သေတဲ့ပုံတွေခင်ဗျ … နှလုံးရောဂါရှိရင် .. ကြောက်တတ်ရင် လုံးဝမကြည့်ပါနဲ့နော် …. ထိုင်းနိုင်ငံက နာရေးကူညီမှုအသင်းရဲ့ မှတ်တမ်းလို့ ထင်ပါတယ် ….။ ဒါပေမယ့် အထဲမှာ ပြထားတာတွေက နည်းအမျိုးမျိုးနဲ့ သေဆုံးနေကြတဲ့ အလောင်းပုံတွေများပါတယ် … စိတ်ဝင်စားရင်တော့ ကြည့်ပါ ။ ရေးထားတာတွေကတော့ ထိုင်းစာတွေပါ .. ။ တွေ့ရာသာ နှိပ်ပေတော့ … ပေါ်လာပါလိမ့်မယ် … ကြည့်ပြီးသွားရင် backspace နှိပ် ၊ နောက်တစ်ခုထပ်ကြည့် ၊ အောက်မှာ … စာမျက်နှာတွေလဲ ရှိသေးရဲ့ ဆက်သွားလို့ […]


ေမွာ္ဆရာOctober 29, 20111min17914
မှော်ဆရာရဲ့ ဓါတ်ပုံဆရာ သက်တမ်း ၁ဝ နှစ်လောက်အတွင်းမှာ မြို့တကာ နယ်တကာ စုံအောင်သွားခဲ့ရတော့ .. လူမျိုးစုံ စရိုက်မျိုးစုံ ်တွေ့ကြုံခဲ့ရတဲ့အပြင် အတွေ့အကြုံကလဲ ပေါင်းစုံပါ။ ဒီတစ်ခါတော့ မှော်ဆရာ အားလုံး မျှော်လင့်နေကြတဲ့ ပထမဆုံး ဆက်ဆီ ဓါတ်ပုံ ရိုက်ခဲ့ရတဲ့ အကြောင်းလေးကို တင်ပြချင်ပါတယ်။ ရေးချင်နေတာတော့ ကြာပါပြီ ။ မနေ့က ပိုစ်နှစ်ခု ပြည့်သွားတာ တစ်ကြောင်း ၊ ကိုကြောင်ကြီးက သူ့မင်္ဂလာဆောင် မင်္ဂလာဦးည မှတ်တမ်း ရိုက်ချင်တာ ပွဲရက် လာချိတ်နေတာ တစ်ကြောင်းကြောင့် ဒီနေ့ မှပဲ တင်ဖြစ်ပါတယ် ။ တစ်ခါထဲပဲ ကြော်ငြာဝင်လိုပါတယ် ။ ရွာသူရွာသားတွေထဲမှာ မှတ်တမ်းတင် ရိုက်ချင်သူများ ရှိရင် မှော်ဆရာ ဗီဒီယို ဓါတ်ပုံ ရိုက်ကူးရေးမှ […]


ေမွာ္ဆရာOctober 28, 20111min29620
၂၀၀၈ ခုနှစ်တွင် မှော်ဆရာ ရိုက်ကူးခဲ့သော စေတီတော်အား ရွာသူရွာသားများ ဖူးမျှော်ကြည်ညိုနှိုင်စေရန် ရွာဦးစေတီအဖြစ် ဘုရားဒါယကာ မှော်ဆရာမှ ပင့်ဆောင် ပူဇော်လိုက်ပါသည် ။ မည်သူမဆို ဆင့်ပွား ပူဇော်နှိုင်ကြပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါ ..။ ဤသို့ပြုရသော ကုသိုလ်ကံကြောင့် ပုံကောင်း ပုံသန့်များစွာကို ဖန်တီးရိုက်ကူးနှိုင်စွမ်းရှိသော ဓါတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်ရပါလို၏ ။


ေမွာ္ဆရာOctober 28, 20111min30432
အသုဘ မရိုက်ဘူးလို့သာ ပြောရတာပါ … တကယ်ကို ပိုက်ဆံရမယ့် ပွဲမျိုးကိုတော့ ရိုက်ပေးရတာပါပဲ ….. ပြောရရင် မြန်မာလူမျိုးက သာရေးကိုသာ မှတ်တမ်းတင်ကြတာပါ . နာရေးဆိုရင်တော့ တတ်နှိုင်သမျှ မေ့ပျောက်အောင် ကြိုးစားပြီး မှတ်တမ်းမတင်ကြတာ များပါတယ် ။ ကျွန်တော်တို့အရပ်မှာ အသုဘကို ဗီဒီယို ရိုက်တာ မရှိသလောက်ရှားပါတယ် . ။ဘုန်းကြီးပျံ ကတော့ တစ်မျိုးပေါ့နော် …။ ဒါပေမယ့် ကျွန်တော်ကတော့ ရှားရှားပါးပါး တစ်ပွဲ ရိုက်ဖူးပါတယ်။တစ်ခါတလေ အဖြစ်မှန် ဆိုတာ ပုံပြင်ထက်တောင် ထူးဆန်း တတ်ပါသေးတယ်နော် …။ တစ်နေ့ ကျွန်တော် ပျင်းပျင်းနဲ့ဆိုင်မှာ အိပ်နေတုန်း ကျွန်တော့ ဆိုင်ထဲကို ရှမ်းကြီးတစ်ယောက် ဝင်လာပါတယ် . ။ ဝတ်စားထားတာတော့ ရိုးရိုးပေမယ့် လေသံကတော့ […]


ေမွာ္ဆရာOctober 27, 20111min26520
ကျွန်တော်က ရွာထဲမှာသာ ဟိုယောင်ယောင် ဒီယောင်ယောင် မှော်ဆရာ လုပ်နေရတာပါ ။ တကယ်တော့ မှော်ဆရာဆိုတာ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအနေနဲ့ ယခုအချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ သူတစ်ယောက်ပါ ။ အခုဆိုရင် ကျွန်တော် ကင်မရာကိုင်ခဲ့တဲ့သက်တမ်းက ၁ဝ နှစ် နီးပါး ဖြစ်လာပြီပေါ့။ကင်မရာဆရာအနေနဲ့ မြို့ရော ၊တောပါ မကျန် ခြေရာခြင်းထပ်အောင် သွားလာ လှုပ်ရှားရင်း အမှတ်ရစရာ အဖြစ်တွေလဲ အများကြီး ရှိခဲ့ပါတယ် ။ ဒါကြောင့် ဗဟုသုတ အနေနဲ့ မဟုတ်တောင် ရွာသူ ရွာသားအပေါင်း အပျင်းတော်ပြေရုံလောက် အခန်းဆက် တင်ဆက်သွားပါမယ် ။ ဓါတ်ပုံပညာကို စတင်သင်ယူချိန်က ဆရာ့ ဆရာများက မှာကြားခဲ့ ပါတယ် ။ ဓါတ်ပုံရိုက်မယ်ဆိုတိုင်း အရိုက်ခံသူကို […]


ေမွာ္ဆရာOctober 5, 20111min26018
မြှောက်ပေးတာတော့ မဟုတ်ပါ .။မန္တလေးဂဇက် အရှိန်အဝါကြီးနေသည်။ ဘာလို့ဆိုတော့ ဒီရွာက အပိတ်အဆို့မရှိ ဝင်ထွက်နှိုင်တာ (ကျော်စရာ ခွစရာ မလိုတာ ) ရွာထဲမှာ အတတ်ပညာရှင်ပေါင်းစုံ လူတန်းစားပေါင်းစုံ ရှိနေတာ ၊ ကွန်မန့်ဖြင့် အပြန်အလှန် ထိမ်းချုပ်နေကြတော့ အတည်အခံ့ စာတွေပဲ ရှိနေတာကိုက အားသာချက်ဖြစ်နေသည်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့မြို့က ဝန်ထမ်းတစ်ယောက်ရဲ့ လာဘ်စားမှုသတင်း တိုင်စာတစ်စောင် မန္တလေး ဂဇက်ပေါ်တက်လာသည်။ တိုက်ရိုက်ရေးတာတော့ မဟုတ်ပါဘူး ၊တခြားလူသိနဲသေးတဲ့ ကျော်ခွရတဲ့သတင်းဝက်ဆိုက်ကနေ ရွာထဲကတစ်ယောက် ကူးယူလာတာပါ.။တိုင်စာကလဲ တော်တော် တိတိကျကျ အပြည့်အစုံကို ရေးထားတာပါ။ ဒါကြောင့် ဘာဖြစ်သွားသလဲဆိုတော့ ကျွန်တော်တို့ မြို့မှာ တော်တော် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။ သတင်းထဲမှာ ပါတဲ့သူကတော့ ပထမတော့ ခပ်ပေါ့ပေါ့ ပဲပေါ့။ နောက်တော့ […]


ေမွာ္ဆရာSeptember 13, 20111min1188
ကျွန်တော် မန္တလေးဂဇက်မှာ ပျော်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော် ဖြစ်ချင်တဲ့ မှော်ဆရာ တစ်ယောက် ဖြစ်ခွင့်ရခဲ့လို့ပါ… ဒါပေမယ့် အချိန်တွေ နှောင်းခဲ့ပါပြီလေ..ကိုယ့်ကို ခွင့်လွှတ်ပါတော့ မျိုးရေ…. ပြန်စဉ်းစားကြည့်မိလျှင် သူပုံရိပ်တွေက မနေ့တနေ့ကလိုပင် တရစ်ဝဲဝဲ.. ပြန်တွေးလိုက်တိုင်း ရင်နာမိသည် …ဖြေဆည်၍ မရနှိုင်ခဲ့ အိမ်မက်တွေကို အသက်သွင်းရန် ကြိုးစားမိသူ တစ်ယောက်ပမာ လက်တွေ့ဘဝထဲမှာ မရှိတော့သော သူ့ကို ကျွန်တော် နောက်တစ်ခေါက်လောက် တွေ့ချင်မိပါသည်။ အမြဲတမ်း နှစ်လိုဖွယ်ရာ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်နေတတ်သော သူ့ကို စတင် တွေ့မိချိန်က ကို့ကို တသက်တာ အမှတ်တရ ပေးသွားခဲ့မဲ့မိ်န်းကလေးလို့ မတွေးဖြစ်ခဲ့ပါ။ကံကြမ္မာရဲ့ မှော်ဆန်ဆန် ပညာစွမ်းတွေအောက်မှာ တို့နှစ်ယောက် ချစ်သူတွေအဖြစ် ဆုံဆည်းခဲ့ကြဖူးတယ်နော်… ပျော်စရာအချိန်လေးတွေက တိုတောင်းလွန်းတယ်လို့လဲ ကျွန်တော်မထင်ရက်ပါ။အမှောင်ကမ္ဘာထဲမှာ လက်ခနဲ လင်းလက်သွားတဲ့ ငွေကြယ်တပွင့်လို သူ့ရဲ့ […]


ေမွာ္ဆရာSeptember 12, 20111min28019
အရင်းအနှီး နည်းပါးစွာဖြင့် အောင်မြင်မှုလမ်းကြောင်းကို ရယူလိုသောသူများ အောက်ပါ အလုပ်အကိုင်များနှင့် ရင်းနှီးမြှုတ်နှံမှုများတွင် ဝင်ရောက် လုပ်ကိုင် ဆက်သွယ်ဆောင်ရွက်နှိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ Mhaw Sayar Company နှင့် အောက်ပါလုပ်ငန်းများတွင် ပူးတွဲဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်လိုက်သည်။ 1. ပြက္ခဒိန် သိုလှောင်ခြင်းလုပ်ငန်း ယခုအခါ နှစ်လည်ပိုင်း ကျော်လွန်လာပြီဖြစ်သဖြင့် ပြက္ခဒိန်များ ဈေးကျသော ရာသီသို့ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် 2011ခုနစ်ထုတ်ပြက္ခဒိန်များအား လျှော့ဈေးဖြင့် လိုက်လံဝယ်ယူပြီးလျှင် 2012 ခုနှစ် ပြက္ခဒိန်ရာသီတွင် အမြတ်အစွန်းများများဖြင့် ပြန်လည်ရောင်းချမည့် အစီအစဉ်ဖြစ်သည်။၅လတာမျှ ရင်းနှီးမြှတ်နှံရုံ မျှဖြင့် အမြတ်အစွန်း ၂ဆကျော် မြတ်စွန်းမည် ဖြစ်ပါသဖြင့် စိတ်ကူးမလွဲသင့်သော လုပ်ငန်းဖြစ်သည်။ 2. အအေးခန်းကား အငှား ဝန်ဆောင်မှုလုပ်ငန်း တောင်ဝန်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းသို့ လေ့လာရန်အတွက်ဖြစ်စေ။အပျော်ခရီးဖြစ်စေ သွားရောက်လိုသောသူများ […]


ေမွာ္ဆရာSeptember 11, 20111min28819
မှော်ဆရာ အွန်လိုင်းကမ္ဘာသို့ မရောက်ဖြစ်သည်မှာ ကြာပြီ။လိုင်းမကောင်းတာလဲ ပါသည်။ ဘာရေးရမှန်း မသိတာလဲ ပါသည်။ ထို့ကြောင့် မရောက်ဖြစ်သော နေ့တွေ များလာသည်။ ဘာရေးရင် ကောင်းမလဲ စဉ်းစားရသည်။ ရေးစရာ ရှာမတွေ့ ။သူများတွေရေးသွား၍ ကုန်ပြီ။ ကော်ပီတော့ မရေးချင်။ သိက္ခာကျသည်။ ဒေါ်လာဈေးကျတဲ့ အကြောင်းရေးရင် ကောင်းမလား..ဒါကလဲ ကိုယ်နဲ့ဘာမှမဆိုင် ။မှော်လောကနှင့် ဒေါ်လာ လားလားမှ အပ်စပ်သည် မဟုတ်။ကိုယ်မကိုင်နှိုင်သော ဒေါ်လာအတွက် အချိန်ကုန်ခံပြီး ရေးမနေချင်တော့။ကိုယ့်မှာ ရှိတဲ့ 200 တန်လေးတောင် မပြဲအောင် တိပ်နဲ့ ကပ်သုံးနေရသည့် ဘဝက မလွတ်သေး၍ ဒေါ်လာအကြောင်း ရေးရင်လဲ ရေးရုံသာရှိမည်။ဒါပေမယ့် မသိတာတစ်ခုတော့ မေးချင်မိသည်။ ဟိုးအရင် ဒေါ်လာရွှေခေတ်တုန်းက ကွန်ပျူတာ ပစ္စည်းတစ်ခုခု ဝယ်မယ်ဆိုလျှင် ဒိနေ့ ဒေါ်လာဈေးက ဘယ်လောက်ဆိုတော့ဟုဆိုကာ […]


ေမွာ္ဆရာAugust 31, 20111min30114
ဟိုတစ်လောက မှော်ဆရာဆီ မိန်းကလေးတစ်ယောက် တစ်ယောက် ရောက်လာပါတယ်…မှော်ဆရာကလဲ ကဝေပျိုနဲ့ ဂစ်တာကိစ္စ လောလောလတ်လတ် ရှိသေးတော့ ချက်ချင်းထွက်မတွေ့ရဲသေးပါဘူး…နောက် သရဲမဟုတ်တာ သေချာတော့မှ ထွက်တွေ့တော့ ကျွန်မ မှော်ဆရာ့ဆီ အကူအညီ တစ်ခုလာတောင်းတာပါတဲ့.။ကျွန်မအိမ်မှာ ကြွက်မဲတွေ သောင်းကျန်းနေတယ်ဆရာ..ရွာထဲကသူတွေက မြွေမွေးဆိုတာတော့ မမွေးရဲဘူးတဲ့ အိပ်နေတုန်း ဟိုကြား ဒိကြားဝင် ဘယ့်နှယ့်လုပ်မလဲဆရာတဲ့ ။(သေတ္တာကြား ၊ စောင် ခြင်ထောင်ကြား ပြောတာထင်ပါတယ်နော်….)ကြောင်မွေးဖို့ဆိုတာလဲ ကြောင်ကြီးတစ်ကောင်နဲ့တင် တော်တော် စိတ်ညစ်ရပါတယ်တဲ့…အရင်တုန်းကတော့ ကြောင်ကြီးနဲ့ တူတူ အိပ်ပါသေးတယ်တဲ့၊ ဒါပေမယ့် ကြောင်ကြီးဆိုတာ ဒီလိုပဲ ပွတ်သီးပွတ်သတ် လာလာလုပ်ပြီး ထွက်ပြေးသလားတဲ့ အဲဒီတော့ ကြောင်ကြီးဆိုရင် မချစ်ချင်တော့ပါဘူးတဲ့ .အဲဒီတော့ ကြွက်ပြေးအောင် ဆရာတစ်ခုခုလုပ်ပါဦးလို့ ကြောင်ကြောက်သူ အဲဒိ့မဒီက ဆိုပါတယ်… ဒါကြောင့် သူ့အခက်အခဲကို ဖြေရှင်းပေးဖို့ ဆော်လမွန် […]


ေမွာ္ဆရာAugust 31, 20111min914
တချိန်တုန်းကပေါ့….တက္ကသိုလ်ကျောင်းသားဘဝ …. ဝါသနာပါရာ ဂစ်တာတစ်လုံးနဲ့ ညအချိန်တွေမှာ ပျော်မြုးခဲ့တဲ့ အချိန်တွေ တုန်းကပေါ့.. ကျွန်တော်တို့တက္ကသိုလ်မှာ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခု ရှိတယ်.. ညပိုင်းအချိန်တွေဆို ကျောင်းတော်သားတွေက ဂစ်တာကို်ယ်စီနဲ့ အဆောင်သူ ညီမ အမ များကို ချစ်ချစ်ခင်ခင် ဖျော်ဖြေတတ်ကြသလို အဆောင်သူတွေကလဲ လေးလေးစားစား အားပေးတတ်ကြတဲ့ အကျင့်လေးပါ..နောက်တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အလှည့်ပေးပြိး စနစ်တကျ ဖျော်ဖြေတတ်ကြတယ်.ဂစ်တာဝိုင်းက ရန်ပွဲဆိုတာ မရှိသလောက်ရှားခဲ့တယ်..နှစ်ဖွဲ့ပေါင်းပြီး တီးခတ်ကြတာတောင် ရှိခဲ့တယ်…(အခုတော့ အဲဒီ့အကျင့်လေးတွေ ပျက်နေပြီလား မသိ..) ကျွန်တော်တို့အဖွဲ့ကတော့ ညပိုင်း ၁၁ နာရီကျော်ခါမှ ထွက်တီးနေကြပါ… ညဦးပိုင်း စာကျက်လို့ အပျင်းပြေ ဝရန်တာ ထွက်လာတဲ့ ကျောင်းတော်သူတွေနဲ့ တရေးနိုးလာတဲ့ အဆောင်သူတွေကိုပဲ သိးသန့် တီးခတ်ပြတဲ့ အဖွဲ့ပေ့ါ။နောက်ကျတော့ ကျွန်တော်တို့အဖွဲ့ကိုပဲ သိးသန့်စောင့်နားထောင်ရင်တတ်တဲ့ သူတို့တွေနဲ့ […]


ေမွာ္ဆရာAugust 26, 20111min15210
နည်းပညာဝက်ဆိုက်ကောင်းကောင်းလေးတွေကို မြန်မာနိုင်ငံက ပိတ်ပိတ်ထားတော့ ကြည့်မရဖြစ်နေတယ်။ စတင်လေ့လာသူတွေ အကြံတုန်း ညဏ်တုန်း ဖြစ်နေမှာစိုးလို့ နည်းပညာ တိုလီမုတ်စလေးတွေ တင်ထားတဲ့ ဝက်ဆိုက်လေးတွေ မျှဝေလိုက်ပါတယ်။ http://seinnan.multiply.com/ လူသိတော့နဲတယ်။ဒါပေမယ့် အဆင်ပြေမယ်ထင်ပါတယ်။ ကျွန်တော်ထောင်ထားတဲ့ ဝက်ဆိုက်တော့ မဟုတ်ပါဘူးနော် .. တော်ကြာကြော်ငြာဝင်တယ် ထင်နေဦးမယ် မှော်ဆရာ


ေမွာ္ဆရာAugust 20, 20111min35033
အင်း …. မပြောမဖြစ်လို့ ပြောလိုက်ပါဦးမယ် ဆရာလုပ်တယ် ထင်ရင်လဲ ခွင့်လွှတ်. တက်တူးဆရာတွေကလဲ ထမင်းအိုး တုတ်နဲ့ထိုးတယ်ထင်ရင် ခွင့်လွှတ် မပြောမဖြစ်လို့ ပြောလိုက်ရတာပါ.. အခုတစ်လော တက်တူးဆိုတာတွေ တော်တော်ခေတ်ပြန်စားလာတာ တွေ့ရတယ် အရင်တုန်းကတော့ တက်တူးမခေါ်ဘူး..ဆေးမင်ကြောင်ခေါ်တယ် ။ ဆေးမင်ကြောင်ထိုးထားရင် လမ်းသရဲလို့သတ်မှတ်ကြတယ်။လမ်းသရဲလို့ အထင်ခံရမှာ တစ်ကြောင်း ပြန်လဲဖျက်မရတော့ သေရာပါ အမှတ်ဆိုပြီး လူအထင်သေးမှာတကြောင်းကြောင့် ဟိုခေတ်တုန်းက အမျိုးကောင်းသားသမီးများ ရှောင်ကျဉ်ကြပါတယ်။(ဆေးမှင်ကြောင်ဆရာ မူးနေတုန်း သွားထိုးခိုင်းမိလို့ ရုပ်ပျက်ဆင်းပျက် အရုပ်တွေဖြစ်လာတာ၊စာလုံးပေါင်းမှား ရေးမိလို့ သူများမြင် ရီစရာဖြစ်နေတာဖြစ်နေတဲ့ တက်တူးသမားတွေကို တွေ့ဖူးတာလဲ ပါတာပေါ့နော်..၊) အခုခေတ်ကတော့ မင်းသမီး မင်းသားတွေက အစ ထိုးပြ၊ အင်တာနက်ပေါ် ဂုဏ်ယူဝင့်ကြွားစွာ တင်ပြ နေတော့လဲ ခေတ်လူငယ် တွေလိုက်လံ အတုခိုးလာတာ ခေတ်ရေစီးကြောင်းလို့ ပြောရမလားပဲ….။ […]