ေမွာ္ဆရာAugust 13, 20111min23623
မြန်မာနိုင်ငံမှာ အခု gmail အကောင့်အသစ် ဖွင့်မရတော့ပါ။ အရင်က ရတစ်ချက် မရတစ်ချက်နဲ့ အခုမရတာ နှစ်လကျော်ပါပြီ။ အီးမေးလိပ်စာမရှိခြင်းဟာ အင်တာနက် တိုးတက်မှုအတွက် အဟန့်အတားတစ်ရပ် ဖြစ်နေပါတယ်။ဥပမာ အင်တာနက်သုံးတတ်ခါစသူတွေမှာ အီးမေးအကောင့်မရှိလို့ နောက်ဆုတ်သွားရတာတွေ အများကြီးရှိနေပါပြီ။ တခြားမေးတွေ ရှိနေပေမယ့် gmail လောက် သုံးမကောင်းတာ ၊ gtalk ပြောလို့မရတာ အများအသိပါ။ အကောင့်အသစ်ကို ပုံမှန်နည်းနဲ့ဖွင့်မရပေမယ့် နည်းပညာကျွမ်းကျင်သူတွေအတွက် အခက်အခဲတော့ မဟုတ်လောက်ပါဘူး။ ကိုယ်တတ်ထားတယ်ဆိုရင် တခြားသူတွေကို ဒီဝက်ဆိုက်ကနေတဆင့် မျှဝေပေးမယ်ဆိုရင် မြန်မာအင်တာနက်သုံးစွဲသူတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိမှာပါ။ ဒါကြောင့် အားလုံးရဲ့ကိုယ်စား ဒီဝက်ဆိုက်ကနေ ကျွမ်းကျင်သူတွေကို တောင်းဆိုလိုက်ပါတယ်။ gmail အသစ်ဖွင့်နှိုင်ရန် စွမ်းနှိင်သူများ ဆောင်ရွက်ကြပါ။


ေမွာ္ဆရာDecember 3, 20101min17210
ယမန်နေ့က ကျင်းပပြိးစီးသွားသော ရတနာပုံ နေပြည်တော် သတင်းစာ ရွေးကောက်ပွဲတွင် နေပြည်တော် ဝန်ကြီးချုပ် ဦးခိုင် ခေါင်းဆောင်သော ငါသာအဖ ငါသာ ပထွေး ပါတီ(အတိုကောက် ငါ့ဖထွေးပါတီ) မှ အလှဲနေရာ အများစု(သိပ်မမတ်နှိုင်တော့လို့ လှဲထားတာပါ။) ဖြင့် အနိုင်ရရှိသွားသည်ဟု မှော်ဆရာ သတင်းဌာနမှ သတင်းရရှိပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးခိုင်မှ ပြောကြားရာတွင် — ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အလားအလာရှိတဲ့ အလှဲလောင်း ဖြိုး ကို ပွဲဆူအောင် အရင်လုပ်ပေးပြီးမှ စွမ်းအားရှင် ဆူးတို့ ၊ ဝေဝေတို့နဲ့ နပန်းလုံးခိုင်းထားတယ်။ ကိုလုပ်စရာတောင် မလိုဘူးလေ ။ ကို့လူတွေက လက်သံပြောင်ပါတယ်။ နိုင်မယ်ဆိုတာ သိပြီးသားပါ။ ဒါတောင် ကြိုတင်မဲတွေ အများကြီး ကျန်သေးတယ်၊ ဟ အားရပါးရ […]


ေမွာ္ဆရာDecember 1, 20101min23829
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုးတွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်များတာကိုတွေ့ရပါတယ်။အင်တာနက် နည်းပညာတိုးတက်လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးတွေလဲ မခွဲမခွာ တွဲပါလာတာကိုလဲ မြင်နေရပြန်ပါတယ်။ ကျွန်တော်နဲ့ အဆင့်အလှမ်းကွာနေတဲ့ spyware,mailware,virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင်မသိပဲ အင်တာနက်ပေါ်မှာ စေတနာကြီးမားစွာနဲ့ ဝေငှ(share) အလုပ်ခံနေရတဲ့ကိစ္စပါ။ ဒါကို ဒီအတိုင်းထိုင်ကြည့်နေလို့တော့ မဖြစ်တော့ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊လူသိများချင်လို့ (ဒါမှမဟုတ်) ဝါသနာအရ ကိုယ့်ပုံကိုယ်တင်တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှုအားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ်လပ်လပ်နေတာကို မှတ်တမ်းတင်ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံးကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံအပ်မိကာမှပဲ ကျောချမှ […]


ေမွာ္ဆရာNovember 27, 20101min25923
ဥက္ကာခဲ အမှတ် RX3286 သည် နေစင်္ကြာဝဌာထဲ တနာရီမိုင်း ၁သန်း၃သိန်းနှုန်းဖြင့် ဝင်ရောက်နေသည်ဟု နာဆာမှ ကြိုတင်တွက်ထားသည့်ရလဒ်များအရဆိုပါသည်။ အဆိုပါဥက္ကာခဲသည် ကမ္ဘာ့မြေသို ့ဒီဇင်ဘာ ၄ရက်နေ့ ၂၀၁၀၊ ည ၁ဝနာရီ ၁ဝမိနစ်တိတိတွင် ဝင်ရောက်တိုက်မိမည်ဖြစ်ပြီး ကမ္ဘာ့လူဥိးရေ သန်း၆ထောင်၏အသက်ကို နာရီပိုင်းအတွင်း ဖဲ့ခြွေယူသွားမည်ဟု သိပ်ပံပညာရှင်အားလုံးလိုလိုကသဘောတူလက်ခံထားပါသည်။ ကျန်လူသားနှင့်သတ္တဝါများမှာ အလွန်ဆုံး ရက်ပေါင်း၃ဝအတွင်း ကြီးမားလှသောဒီရေလှိုင်းများနှင့်ငလျှင်၊မီးတောင်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးကြမည်ဖြစ်သည်ဟု တွက်ချက်ထားချက်များအရသိရှိရသည် ဒါ အက်ဒမင် ကိုခိုင်တင်ထားတဲ့ သတင်းပါ။ ဒီသတင်းကအမှန်ဆိုရင် သေရတော့မယ့်အချိန်က နီးနီးလေးပဲပေါ့။ ဝမ်းသာပါတယ်။ မသိခြင်းလေးပါးထဲက တစ်ပါးကို ကျော်လွန်တာ ပဲပေါ့။ ကိုသေရမယ့်အချိန်ကို ကိုယ်ကြိုသိတာ နဲတဲ့ကုသိုလ်လား။ ပြီးတော့ နောက်ဆံတင်းစရာ မိသားစုသံယောဇဉ် မကျန်တော့ဘူးလေ၊ သူတို့လဲ ကိုနဲ့ တစ်ခရီးထဲကိုး။အဖော်အပေါင်းနဲ့ စုစုစည်းစည်းပေါ့။ ပိုဝမ်းသာစရာက နာဂစ်တို့ […]

AlphaZawgyiUnicodeSystem.jpg

ေမွာ္ဆရာOctober 25, 20101min33615
ဆရာလုပ်တယ်လဲ မပြောပါနဲ့၊ သိပြီးသားဆိုရင်လဲ အပြစ်မတင်ပါနဲ့ ။ အထပ်စာလုံးတွေ အင်တာနက်ပေါ်မှာ မရေးတတ်ကြတာ တွေ့နေရတော့ သိတာလေး ပြန်ဝေမျှတယ်ပဲ သဘောထားပါ။ ဥပမာ ကမ္ဘာကို ကဘာ လို့ ရေးနေရတာ ဗုဒ္ဓ ကို ဗုတ်ဒ လိုရေးနေရတာတွေလေ၊ အခက်အခဲတွေ ပြေလည်စေချင်လို့ပါ။ ပထမဆုံးသိရမှာ တော့ ခလုပ်တစ်ခုစီ ပေါ်မှာရှိတဲ့ မြန်မာ စာလုံးနှစ်လုံးကိုပါ။ မြန်မာစာရိုက်တတ်သူတွေသိပါတယ်။ A ခလုပ်ပေါ်မှာ သဝေထိုးနဲ့ ဗထက်ချိုင့် ရှိပါတယ်။ သဝေထိုးက ရိုးရိုးရိုက်ရင်ပေါ်ပါတယ်၊ ဗထက်ချိုင့် ပေါ်စေချင်ရင် shift နဲ့ တွဲနှိပ်ရပါတယ်။  ရိုးရိုးရိုက်ရင်ပေါ်တဲ့စာလုံးကို အောက်စာလုံး ၊shift နဲ့ တွဲနှိပ်ရတဲ့စာလုံးဆိုရင် အပေါ်စာလုံးလို့မှတ်ပေးပါ။ Z မှာဆိုရင်-  ဖ – က အောက်စာလုံးပါ။ -ဇ- […]