အချစ်ရဲ့အရသာ ခံစားမိတာမှားပြီထင်တယ် တကယ်ပင်အကျိုးမရှိအောင် မိုးထိအောင်လောင်တဲ့မီးရယ် ဆိုးလိုက်တဲ့ကုသိုလ်ကံရယ် သဗ္ဗာန်ကလေးနဲ့ကူးကာဖြတ်ခဲ့တယ် ဟိုမရောက် ဒီမရောက်နဲ့သာ ဒေါပုံချောင်းဝအလယ်မှာ နစ်ကာမြုပ်ရတယ် မင်းမချစ်တာလည်းရင်နာတယ် ငါပူးတင်း တွတ်တာလည်းအဆစ်ခံရသေးတယ် ……………………………………………………………. အချစ်နဲ့ပတ်သက်ပြီး တော်တော်ခံစားနေရလို့ နောက်ပြောင်ခြင်းမပြုကြဘို့ မေတ္တာရပ်ခံပါတယ် ………………………………………………………………………………………………..    .   .         မိုက်ကယ်ဂျော်နီအောင်ပု


တစ်ခုသော လမ်းဘေးဘုံဆိုင်တစ်ခုတွင် တစ်စုသော ယောက်ျားလူငယ်တို့သည် မိန်းမများ၏အကြောင်းကို တစ်ယောက်တစ်ပေါက်ဆူညံစွာဖြင့် ပြောဆိုနေကြလေကုန်၏ ( အထူးသဖြင့် မိန်းမများကို ပမာမခန့်မလေးမစားပြောဆိုနေကြခြင်းဖြစ်ရလေတော့၏ ) ထိုအခိုက် ၎င်းတို့၏ဘေးနားရှိ ခပ်တောင့်တောင့်ခပ်ဖြောင့်ဖြောင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် သူ၏ သောက်စားခြင်းကျသင့်ငွေကို ရှင်းလင်းပြီးလျှင် ထိုလူငယ်တို့၏ ခုံဘေးသို့ အပရို့( ချ် ) ချဉ်းကပ်ပြီးရပ်နေလိုက်လေသည်တွင် လူငယ်တို့သည် ပြောဆိုခြင်းအမှု့တို့ရပ်သွားကြကာ ထိုပုဂ္ဂိုလ်ကြီးအားဝိုင်း၍ကြည့်နေကြလေကုန်၏ ထိုအခိုက်တွင်းဝယ် ဆိုင်အတွင်း၌လည်း အခိုက်တန့် တိတ်ဆိတ်သွားရလေတော့သည် တိတ်ဆိတ်သည့်အခိုက်တန့်လေးတွင်ပင် ထို ခပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့် ပုဂ္ဂိုလ်ကြီးသည် တစ်စုံတစ်ခုကို ပြောဆိုလိုက်လေပြီးပါလျှင် ဆိုင်ကိုကျောခိုင်း၍ တစ်ရွေ့ရွေ့ထွက်ခွါသွားလေသောအခါ လူငယ်တစ်သိုက်တို့သည် အတွေးကိုယ်စီဖြင့်ကျန်ရစ်ခဲ့ကြကုန်လေးသတည်း။ ထိုပုဂ္ဂိုလ်ကြီးပြောသွားသောစကား၏မူရင်းကို လုံးဝပြင်ဆင်ခြင်းမပြုဘဲဖေါ်ပြလိုက်ရပါတော့သည်။ မိန်းမဆိုတာ ဆားလောက်လည်းမငံသလို ငပိလောက်လည်းမနံပါဘူးကွာ ( စကားချပ် ) အထက်ပါအကြောင်းအရာကိုပြောဆိုသွားသူမှာ www.myanmargazette.net ၏ နာမည်ကြီး ဆာယေးစယာ […]


စာထဲပါတဲ့ သမိုင်းကြောင်း ပုံတိုပတ်စလေးတစ်ခုပါ  ဟိုးးး…..လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကပေါ့   ခု နှစ်အတိကျ ပြောရလောက်အောင် ပညာရှင်မဟုတ်သလို  အဲ့သည်ခေတ်တုန်း ကျုပ်လည်း ငုတ်တုတ် ထိုင်ကျိမနေခဲ့ဘူး  ဆိုတော့ကာ အတိကျတော့ ပြောနိုင်ဘူး။  ယနေ့ပညာတတ်များကတော့ ငုတ်တုတ်ထိုင်ကြည့်ခဲ့ဘူးသလိုတောင်သိကြပါတယ်။  လိင်ဗျံလည်းမရှိ မော်တော်ကားလည်းမရှိ သဘောင်္လည်းမရှိသေးတဲ့ခေတ်လို့ ဆိုရမလားဘဲ ဒီခေတ်လို မိုးပေါ်မှာ သွားခြင်ရင်တော့ ဈာန် တန်ခိုးအဘိညဉ်တွေနဲ့ ပျံကြသပေါ့ ဈာန်မရှိ တန်ခိုးအဘိညဉ်မရှိဘဲ အပေါ်မှာပျံခြင်ရင်တော့ ထန်းပင်မြင့်မြင့်ပေါ်တက်ပြီး ရွှေဘ ပလိုက်ဒိုင်ဘင်ပေါ့ ( အောက်ရောက်လို့ ဘေးကျိုးသွားရင်တော့ ဒေါက်တာနဲ့ ကု ပျောက်ရင်ပျောက် မပျောက်ရင်တော့ ဘုန်းကြီးစား ပေါ့ ) နွားလှည်း မြင်းလှည်းခေတ် လှေ သဗ္ဗာန်ခေတ် ( လှေတွေကို အကောင်ကြီးကြီးဆောက်ထားရင် သင်္ဘောခေါ်ခြင်ခေါ်ကြပေမပေါ့ ) လက်ပတ်နာရီလည်းရှိပုံမရပါဘူး။ […]


လောက၌  ဆိုက်ကားနင်းသော ဆိုက်ကားဆရာကြီးသည်  ဆိုက်ကားနင်းခြင်းကို အကြောင်းပြု၍ ရရှိသော ဝင်ငွေဖြင့်  မိမိ၏အသက်မွေးဝမ်းကျောင်းခြင်းအမှု့ကိုပြုလေသည်။  သဗ္ဗာန်ကပ္ပတိန်ကြီးသည် သဗ္ဗာန်ခတ်ခြင်းဖြင့်  သဘောင်္ကပ္ပတိန်ကြီးသည် သဘောင်္ကြီးကိုအုပ်စီးခြင်းဖြင့်  အသက်မွေးဝမ်းကျောင်းမှု့ကိုပြုဘိခြင်း ထိုနည်းတူစွာလည်း  ရွှေပန်းထိမ်သည်တို့သည်လည်းကောင်း ငါးပိငါးခြောက်ကုန်သည်တို့သည်လည်းကောင်း ဒညင်းသီးအိုးစိမ်သည်တို့သည်လည်းကောင်း ဆူးပုတ်ရွက်သည်တို့သည် လည်းကောင်း ကေအက်ဖ်စီသည်တို့သည်လည်းကောင်း မုန့်လက်ကောက်သည်တို့သည်လည်ကောင်း ဂျေဒိုးနပ်သည်တို့သည်လည်းကောင်း ဘိန်းမုန့်သည်တို့သည်လည်းကောင်း မုန့်ပျားသလက်သည်တို့သည်လည်းကောင်း ပွဲစားတို့သည်လည်းကောင်း သူတောင်းစားတို့သည်လည်းကောင်း သူခိုးဓါးပြတို့သည်လည်းလည်းကောင်း ဝှေးသင်းဆရာတို့သည်လည်းကောင်း တပ်မတော်သားများသည်လည်းကောင်း ပြည်သူ့ရဲများသည်လည်းကောင်း ဝံဂျီးများသည်လည်းကောင်း လွတ်တော်အမတ်မင်းကြီးများသည်လည်းကောင်း မော်တော်ကားဒရိုင်ဘာနှင့် စပယ်ယာတို့သည်လည်းကောာင်း ဘာညာဘာညာကွိကွကွိကွတို့သည်လည်းကောင်း လူမျိုးမျိုးအစုံစုံတို့သည် အမျိုးအမျိုးအဖုံဖုံသော လုပ်ငန်းဆောင်တာများဖြင့် အသက်မွေးဝမ်းကျောင်းခြင်းအမှု့တို့ကိုပြုကြကုန်သော်လည်း ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှာမူကား ဆာယေးစယာအလုပ်ဖြင့်အရက်ဘိုးအကြွေးတင်နေရရှာလေသဒီး။ ( ဂေဇက်အတွင်းရှိ အခြားဆာယေးစယာများကိုမူ မသိပါ […]


ကဂျီရေက ကဂျီးရေးချာကာ ကဂျီရေအလုံးအကြီးကြီးတင်ကိ ကဂျီးရေအလုံးအကြီးကြီးအဆံခတ်ကီ က ကာ ကိ ကီ ဤကား မိုက်ကယ်ဂျော်နီအောင်ပု့(စ်) သင်ဗုံးဂျီးဖတ်စာနိဒါန်းတည်း။ ဒရန်တန်တန်တန်။ ………………………… ဥတုရာသီကာလသည် ပူပြင်းလှပေ၏။ နေပူနေသည့်အတွက် ကြိုးတန်းပြီးလျှင် စောင်များ ခေါင်းအုံးများကို နေလှမ်းကြလေကုန် စောင်တို့တွင် ညစ်ထွန်းနေသော သေးကွက်များနှင့် ခေါင်းအုံးတို့တွင်ဖြစ်တည်နေကုန်သော အာပုတ်ရည်ကွက်တို့သည် ခြောက်သွေ့သွားနိုင်သလို နေရောင်ခြည်သည် ရောဂါပိုးတို့ကို သေစေနိုင်သည်မဟုတ်လော ထိုအကြောင်းကို ဘုမသိဘမသိတတ်ယောင်ကားကယောက်ကတမ်းပြောနေသည်ဟုမထင်ကြပါနှင့် ကျွန်ုပ်ငယ်စဉ်ကသင်ကြားတတ်မြောက်ခဲ့သောမူလတန်းဖတ်စာတွင် အခိုင်အမာပါရှိသည်ကို အခြေခံ၍ပြောနေခြင်းဖြစ်ပါသည်။ ……………………………………………………………………………………………………………………. နေပူခြင်းကိုအကြောင်းပြု၍ ဥတုရာသီ ပူအိုက်ခြင်းဖြစ်ကာ အအေးစာများ ရောင်းကောင်းကြသည့်အတွက် အအေးစာများနှင့် ပတ်သက်ရာပတ်သက်ကြောင်း ရှိသူတို့သည် အကျိုးဖြစ်ထွန်းကြကာ စီးပွားတက်ကြပါ၍ စိတ်၏ချမ်းသာခြင်း ကိုမှီ၍ ကိုယ်၏ချမ်းသာခြင်းတို့သည်လည်းဖြစ်ကြလေကုန်တော့သည်။ ( ဤတွင် ပစ္စည်းဥစ္စာ၌ကျေနပ်ကာ စိတ်၏ ချမ်းသာခြင်း ကိုမှီ၍ ကိုယ်၏ […]


အခန်း ( ၁ ) အပိုင်း ( က ) “ဘယ့်နှယ်တော် ကျုပ်တို့က မျက်နှာမငယ်ရလေအောင် ဒင်းတို့ကိုဘဲလင်တော်ရမလို ဒင်းတို့ကိုလင်တော်မှ မျက်နှာကြီးဂုဏ်တက်မလို ဂဒဲပြော ပြောခြင်ဘူး“ ပြောခြင်ဘူးသာဆိုသော်ငြား ပြောပြီးလေပြီ နေရာကား ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ တောင်ဖက်စူးစူး မြင်းတစ်ပြေးကြက်တစ်ခုန် ပေါ်တာတစ်ခါပြေး အကွာအဝေးခန့်တွင်ရှိသော ပင်လယ်ရေမျက်နှာပြင်အထက် လေးငါးခြောက်တောင်ခန့်တွင် ရှိသည့် ဂေဇက်လေထန်ကုန်း ပေါ်တွင် တည်ရှိသော မီးကင်းတဲတစ်ခုတွင်ဖြစ်၏။ မီးကင်းတဲဆိုသော်ငြား ယိုင်နဲ့နဲ့မုဆိုးမတဲအိမ်တစ်လုံးကို ပြေးမြင်မိကြပါလေလျှင်အမှားကြီးမှားကြပေလိမ့်မည်။ လေကြောမရှည်ဘဲပြောရလျှင် နန်းတော်ကအိမ်သာဖြစ်သွားစေလောက်သည့် မုန့်ပျားသလက်ကုမ္ပဏီအဆောက်အဦးကြီးဖြစ်၏။ အကယ်စင်စစ် အဆိုပါ မီးကင်းတဲကြီး၏ အလှူရှင်မှာ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း ၏ ဒိတ်ဒိတ်ကျဲ ကျိကျိတက်ချမ်းသာသော မုန့်ပျားသလက်ဂုမ္ပဏီပိုင်ရှင် […]


မိုက်ကယ်ဂျော်နီအောင်ပု ဟူသောနာမည်ကို မြင်ယုံမျှဖြင့် ပေါကြောင်ကြောင်စာများသာဖတ်ရတော့မည်ဟူ၍ လည်းကောင်း ဘာမျှတန်ဘိုးမရှိသောစကားများကိုသာပြောကြားတော့မည်ဟူ၍လည်းကောင်း နှလုံးသွင်းခဲ့မိသည်ရှိကြသောဝ် အမှားကြီးမှားကြပေလိမ့်မည်ဟု သတိပေးနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်သည်ကြပ်မပြည့်သည်မှာမှန်သော်လည်း တွေးခေါ်မှု့ဆိုင်ရာတွင် အလွန်ထက်သန်လှပေသည် ချာပီးဆိုသည်မှာချီးပါသည်ဟူ၍၎င်း အောက်ပီးဆိုသည်မှာ အီးပေါက်သည်သည်ဟု ဆိုသည့် သီအိုရီများကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ကျွန်ုပ်ပင်ဖြစ်လေတော့၏။ ………………………………………………………………………………… သံသရာမှ လွတ်မြောက်ခြင်းအကြောင်းရှစ်ပါးရှိသည့်အနက် သမ္မာဒိဌိ မှန်စွာသိမြင်ခြင်း အကြောင်းတစ်ပါးကို သိကြပါစေရန်အလို့ငှာ ဤသော မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘားမားအခေါ် အမည်ရသော  ကော်ပီ ပက်စထ် တစ်ပုတ်ကို အကျဉ်းချုပ် ဘာပွိုင့်မျှမယူဘဲ ရေးသားတင်ဆက်လိုက်ရပေတော့သည်။ မရှိပညတ် ရှိပရမတ် ဟု ကြားဘူးနားဝရှိရဘူးလေသည်။ ကြားဘူနားဝကို ခပ်တည်တည်ဖြင့် ရမ်းပြောရသောဝ် ပညတ်တို့သည် သမုတိသစ္စာမည်သည်ဟူသောလေ၏။ ဤတွင် နောက်တစ်ခါထပ်မံ၍ရမ်းရသော် အများသူငှာ လက္ခံကုန်သောအမည်နာမတို့ကို ပညတ်သမုတိသစ္စာ ဟုဆိုခြင်းပင်။ ဥပမာပေးပါအံ့ လင်ဗန်း […]


    တစ်နေ့ကုန်ပြန် ငါ့ရုပ်နာမ်သေရန် တစ်ရက်နီးခဲ့လေပြီ မောင်ဇော်ဂျီ ကိုဇော်ဂျီ ဦးဇော်ဂျီ ဘကြီးဇော်ဂျီ ဘိုးဇော်ဂျီ အဲ့ဒါကြီးထက်ပိုကြီးလာဘို့ကတော့ ဘိုးဘိုးကြီးဇော်ဂျီ ဆိုပြီး နတ်ကတော်နပုန်းပတွေ သနပ်ခါးဖွေးနေအောင်လူးပြီး ဆိုင်းတွေဗုံတွေနဲ့ ပူးနောင်းဂျိမ်းဂျိမ်း ပူးဂျိမ်ဂျိမ် ဆိုပြီးအလုပ်ခံရဘို့ဘဲရှိတယ် အဲ့သလိုများအလုပ်ခံရလို့ကတော့ မချောင်။ တစ်နှစ်တော့ကုန်သွားပြန်ပြီ စာရေးဆရာဖြစ်ရတာမလွယ်ကြော ဘုန်းကျော် ( ဩစတေးလျှ ) ကတော့ ပြောတာဘဲ စာရေးဆရာတွေဆိုတာ လက်ကြောတင်းတဲ့လူတွေမဟုတ်ဘူးဆိုပြီး။ ပြောခြင်တာပြာ ဘယ်ကနေစပြီးရေးရမယ်မသိလို့ ဘာမှမရေးတော့ဘူးလို့တော့တွေးမိသား ဒါပေသိ မန်ဘာတစ်ယောက်အနေနှင့် လူရှိန်အောင်တစ်ပုဒ်လောက်တော့ ရေးဦးမဟလို့ အစဖေါ်ခါမှ ဘယ်ကနေလို့ဘာကိုရေးရမှန်းးးးးးးးးးးးးး ကိုအဟုတ်အတွေးထဲမထင် သို့နှင့်ပင် ဤ မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး ဟူသော ပို့စ်လားဘာလားမသိသောအကြောင်းအရာတို့ကိုရေးချလိုက်ရပေတော့သည်။ ……………………………………………………………………………………………………………………….. ……………………………………………………………………………………………………………………….. ငယ်ငယ်က စာတစ်ပုဒ်အမှတ်ရမိသည် လေးတန်းအောက်မူလတန်းကျောင်းစာဘဲမှတ်တယ်။ သည်။ […]


ရေးခြင်သလိုရေး တွေးခြင်သလိုတွေး ဘာဆုမှမရပေမယ့် ကိုယ်တော့အလိုကြ ဘယ်သူနှင့်မှမတူအောင်ရေးလိုက်ပါတယ် ဘာတဲ့ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ငါ့မေသောက်ဖု-်ဘဲဟေ့ 👿


လေပြေညှင်းသည် သုန်သုန်တိုက်လျှက်ရှိ၏ ရွာအဝင်လမ်းမသည် မချောမွေ့ မဖြောင့်ဖြူးသည့်တိုင် ကြမ်းတမ်း ကွေ့ကောက်ခြင်းအလျှင်းမရှိ လူနေအိမ်ခြေတို့သည် ပြည့်သိပ်ကြပ်ညှပ်ခြင်းမရှိသော်လည်း ဟိုတစ်အိမ်သည်တစ်အိမ် ကျိုးတိုးကျဲတဲမတည်ရှိကြ ရွာအတွင်းရှိ ကျွဲနွားတိရိစ္ဆာန်တို့၏အသံဗလံတို့သည်လည်း ဆူညံသည်မရှိလှ လူတို့သည် ဟိုမှသည် ဥဒဟိုသွားလာနေကြပါသော်လည်း ကြက်ပျံမကျ ပျားပန်းခတ်မရှုတ်ထွေးလှ ဒက်ဂလောက် ဒက်ဂလောက် ဒက်ဂလောက် အလွန်ကြီးမားသန်စွမ်းသည့် မြင်းအနက်ကြီးတစ်ကောင်ကို အလွန်ကြံ့ခိုင်သန်မာသည့် ယောက်ျားတစ်ယောက်သည် ရွာလမ်းအတိုင်း စီးနှင်လာခြင်းဖြစ်ပေတော့သည်။ ကတော်…ကတော်…ကတော် တစ်ခုသောအိမ်၏ ဥကြင်းတွင် ဥဝပ်နေသော ကြက်မတစ်ကောင်သည် ဥကြင်းအတွင်းမှ ကတော်သံဖြင့် ပျံထွက်လာပြီးလျှင် အဆိုပါ မြင်းစီးလူထွားကြီးလာရာလမ်းရှေ့ရှိ ဖုံထဲတွင် ဝပ်လိုက်ပြီးနောက် အတောင်တို့ကိုဖျန့်ကားကာ ဖျန့်ကားကာဖြင့် သူမ ခန္ဓာကိုယ်ရှိ ကြက်သန်းတို့ကို သန့်စင်လျှက်ရှိနေလေတော့၏ ခပ်လှမ်းလှမ်း လမ်းသွယ်၏အတွင်းသို့ ဝင်ရောက်လုခင်ဖြစ်နေသော ဆွမ်းဆံစိမ်းခံကြွလာသည့် သီလရှင်အတန်းအဖွဲ့အတွင်းရှိ ဥပဓိတည်ကြည်သော ကြည်ညိုဖွယ်ရှိသော မယ်သီလရှင်ငယ်တစ်ပါးသည် ထိုမြင်းစီးလာသော […]


မှတ်ချက်။ ။ အောက်ပါအကြောင်းအရာတို့သည် ဉဏ်ပညာထက်မြက်သူများသာ သိရှိနားလည်နိုင်မည့် ဒဿနတရားများ ဖြစ်ပါ၍ ဖတ်ရှု့ပြီးနားမလည်ခြင်းများဖြစ်ခဲ့ပါမူ မိမိတို့၏ ဉဏ်စဉ်မမှီမှု့ဟူ၍သာ မိမိကိုယ်မိမိနားလည်ဂျဘာ။                                                                                                           မိုက်ကယ်ဂျော်နီအောင်ပု …………………………………………………………………………………………………………………………… …………………………………………………………………………………………………………………………… ဒုန်းဒုန်းဒုန်း ( ဒုံးဒုံဒုံး ) ကြေးစည်ဟုခေါ်သော ဒူဝေဝေဟုခေါ်သော အချို့ဘုန်းတော်ကြီးကျောင်းများတွင် အမျှအတန်းဝေပြီးပါက တီးလေ့ရှိသော အချို့ လူသေ မသာပို့ အသုဘ ပို့များတွင် တီးလေ့ရှိသော ထုလေ့ရှိသော အနှီး ကြေးစည် ( ဒူဝေဝေ ) ကိုခေါက်သည့် ( ဝါ ) ရိုက်သည့် တင်းပုတ်ကဲ့သို့ရှိသည့် အရာကြီးဖြင့် ခုံးကို ခေါက်လိုက်သောအသံဖြစ်လေသည်။ (အကယ်စင်စစ် အဆိုပါ ခုံကို ခေါက်လိုက်သော တင်းပုတ်ကဲ့သို့အရာမှာ ဆိုခဲ့ပြီးသလို ကြေးစည်ကို ထုသော ရိုက်သော အရာကြီးလောက်ထုထည်ပမာဏ […]


ကိုယ့်ဂုဏ်ကိုယ်ဖေါ်မသူတော် ဟု ဆိုကြလေကုန်၏ ရံခါ မိမိ သည် ဘာဆိုတာကို သိစေမှ သူ့နေရာနှင့်သူအံဝင်ဂွင်ကျဖြစ်ရမည့်သဘောလည်းရှိပြန်ပါသည်။ ကိုယ်ဘာလည်းမသိတော့ ကိုယ့်ကိုယ်ဖိုက်သွားတာခံရလျှင် သိပ်အဆင်မချောနိုင် ဆိုလိုသည်မှာ စီးခြင်းထိုးသည့် သူရဲကောင်းကို နတ်ကတော်နှင့်မှားလေသော်မခက်ခြေလား ပညာရှိကဝိ ကိုဘိုးတော်နှင့်မှားလေသော် မခက်တုံခြေလား အထူးသတိပေးပြောကြားလိုသည်မှာ ဤအကြောင်းများကို ကျွန်ုပ်ပြောဆိုခြင်းမှာ ရန်စလိုခြင်း မာနထောင်လွှားခြင်း မဟုတ်ပါဘဲ ဆိုခဲ့ပြီးသလို မိုက်ကယ်ဂျော်နီအောင်ပု ဟူသော ကျွန်ုပ်သည် အရပ်စကားဖြင့်ပြောရပါမူ ငါဘာကောင်လည်းဆိုတာ ခင်ဗျားတို့သိထားဘို့ လို့ဟူ၍သာ ရင့်သည်းခဲ့သည်ရှိသော် ကျွန်ုပ်၏ အကြောင်းသာဖြစ်၏ ( မိုက်မိုက်ရိုင်းရိုင်းပြောရလျှင် ဘယ်ကောင်မှ သောက်ဂရုမစိုက် ) ဂေဇက်ထဲမှာ ဘယ်သူကဘာပညာတွေဘယ်လောက်တတ်တယ် ဘယ်လောက်ခြမ်းသာတယ် သူ့အတိုင်းအတာနဲ့သူ ပြောဆိုနေကြတယ် ဒါကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဘဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကိုကျော်ပြီး ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ထိပါးလာရင်တော့ […]


တစ်နေ့သောတွင် သ၌ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည်  လူ့ကလေကချေတို့၏ သဘောသဘာဝဖြစ်သော အားအားယားယား အလုပ်မရှိအကိုင်မရှိ လပ်လျှားလျှား ယောင်ဝါးဝါး ငေါင်တောင်ပေါင်တောင် အခြေအနေတွင် တည်ရှိနေသည့်အခိုက် လောကီသားသတ္တဝါတစ်ကောင်၏ သူလိုကိုယ်လိုဖြစ်လေ့ဖြစ်ထရှိ ( တတ် ) သော အမျိုးအမျိုးအဖုံဖုံ မရည်တွက်နိုင်လောက်အောင် များမြောင်လှသည့် ကိလေသာအစုံစုံတို့တွင် တစ်ပါးအဝင်အပါဖြစ်သည့်  ဝီစကီ ကောင်းကောင်းလေးတစ်မည်ကို သောက်ခြင်လာသည့် အာသီသ ဆန္ဒ ကြီးသည် ပျင်းပြလွန်းစွာ နှိပ်စက်နေသည်ကို ကြီးစွာသောဉာဏ်သတိပညာဖြင့် ဆင်ခြင်မိသည့်ခိုက်ဝယ် ဤမည်သော ကိလေသာတစ်မျိုးသည် ငါ့အားနှိပ်စက်နေလေပြီတကားဟု သိ၍ သိ၍ မမေ့မလျှော့သော သတိဖြင့် အစဉ်ရှု့၍ နှလုံးသွင်းနေသည်တွင်မှ လောဘတဏှာကို သီလဖြင့်ပယ်သတ်ရသည်ဟူသော သူတော်ကောင်းတို့၏အဆုံးအမ သဘောကို မှတ်သား သိရှိ ဘူးသည့် အလျှောက် ထိုသောကိလေသာကို ( ဟန့်တားခြင်းငှာ […]