ဘာရယ်တော့ဟုတ်ပါဘူး သဂျီးမင်းတရားကြီးရဲ့ဘောတော်အတိုင်း သများနဲ့မတူအောင် မာမီက ရေးခြင်ပေမယ့် မာမီက ဟိုလိုဖြစ်သင့်တယ် ဒီလိုဖြစ်သင့်တယ် ပြောရတာ သိပ်ဝါသနာ မထုံဘူး ပိုဆိုးတာက မာမီက စာရေးတာ လုံးဝ လုံးဝ မဝါသနာဘူး ခုဆို နှစ်လလောက်တောင် ရှိဘီ ပို့စ်ဒိုင်းဂို မဖတ်ဖြစ်ဘူး ( ဖတ်ဂို……မဖတ်ဒါ ) ခုဒေါ့ မာမီလိုခြင်ဒဲ့ ပို့စ်ဒွေ မတက်လာလို့ မာမီဂ ဖိတ်ခေါ်ဒါ ဖိတ်ခေါ်ဒါ ဆင်ပိန်ရင်ကျွဲဝတာလောက် ကျန်တယ်ဆိုပြီး အထယ်ကြီးပျက် သဂျီးတို့ သောက်မျိုး အဖွားဂျီး တစ်ယောက် နေဗျည်ဒေါ်ကိုလာဒဲ့အချိန်မာ ဆင်ဖြူဓေါ် သားသားလေးဒဂေါင်မွေးဒယ် ဘီဒီယိုထဲဂလိုကွက်တိဘဲ ကိုးဂဏန်းဒွေ ဒီဒဘတ်ဒေါ့ ကိုးတလုံးသေခြာဘီ 😀 သူ့ဟာသူ မွဲလို့ ဘဝပျက်တော့မှာကို တိုက်က ပျက်နေဘီ ဆိုက်မပျက်တဲ့ အမေဂျီးကန်နဲ့ မုဆိုးမတစ်လင်ကွာ […]


ဘာတဲ့လား သမ္မတကြီးက ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ပြန်လာခွင့်ဘာညာ မိနစ်အနည်းငယ်လုပ်တဲ့စည်းဝေးပွဲတစ်ခုမှာ အပျင်းပြေပြောလိုက်တာကို ဘုရားစူးမိုးကြိုးပြစ်လောက်အောင် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ကြတာ စုံလိုက်သမှ စုံစုံ စုံစုံ နဲ့ အင်တာနက်ကြီး ဘန်းသွားမှာတောင်ဆိုးရိမ်နေရ စုံလွန်းလို့ ငရုပ်ဆုံ ကအဘခေါ်ရလောက်အောင် ကိုစုံတာ အဟုတ် မြေမျို ပြောလိုက်ကြတာ ကြည့် နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဒါဟာယုံကြည်နိုင်စရာမရှိဘူး ဒါကတော့ လူပြောအများဆုံး နောက်ထပ်စာကြီးပေကြီးတတ်ကြတဲ့ တော်တော်ကြီးပုံရကြတဲ့ ခပ်ကြီးကြီးဆရာကြီးတွေက ဒီလိုကိစ္စတွေဆိုတာ သက်ဆိုင်ရာ နိုင်ငံ သံရုံးတွေကနေ ကြေငြာချက်ဒေ ဘာဒေ ထုပ်ပြန်ပြီး ပေါ့ဗျာ ဘာညာသာရကာပေါ့ တော်သေးပြီး ပြောရရင်တော့ ကျုပ်ပင်ပန်းတယ် ကျုပ်က ပင်ပန်းတယ်လို့ထင်ရင် လေတောင်ချွန်တာမဟုတ်ဘူး ဒီလောက်စုံတဲ့ အကြောင်းတွေထည်းမှာ တစ်ခုသောအကြောင်းတစ်ခုက အံ့ဩစရာကောင်းလောက်အောင် ပျောက်ကွယ်နေလေရဲ့ လူတွေများ ကိုယ့်ကိုယ်ကိုယ် မတန်ရာကြံစည် အထင်ကြီးပုံ တတိယနိုင်ငံလို့ဆိုတဲ့ […]


မိုးတို့သည် သည်းထန်စွာရွာခြင်းနှင့်အတူ နေသည်လည်း အလွန်ပင် ပူနေလေ၏ ထိုအခြင်းအရာကိုမြင်မိပါသော ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် ငယ်စဉ်က ဤကဲ့သို့ပင် နေပူနေသောအခိုက်ဝယ် မိုးရွာပါက သီဆိုနေကြဖြစ်သော သီချင်းလော ကဗျာလော သံပေါက်လော မသိသော စာသားလေးများကို အဝတ်စားဘီရို၏ တံခါးတွင် တပ်လျှက်သား ပါရှိသည့် ကြည့်မှန်ကြီးရှေ့တွင် ခါးထောက်၍ မျက်နှာအမူယာတို့ကို စပ်ဖြဲဖြဲလုပ်၍တစ်နည်း ပြောင်ချော်ချော်လုပ်၍တစ်ဖုံ ပြုံးချည်တစ်လှည့် မဲ့ချည်တစ်ခါဖြင့် ပြုလုပ်၍ ပြုလုပ်၍သာလျှင် တစ်ကိုယ်တည်း သူငယ်ပြန်နေလေတော့သတည်း။ ……………………………………………………………. နေပူမိုးရွာ သူခိုးလာ လာတဲ့သူခိုး လှံနဲ့ထိုး ထိုးလိုက် ထိုးလိုက် ဗ ..လက်ချိုင့် ဗ..လက်ချိုင့် ချော်လဲ န..ငယ် နှာခေါင်းပြဲ ……………………………………………………………. ကျွန်ုပ် မည်မျှကြာအောင် ပေါကြောင်ကြောင်ဖြင့် သူငယ်ပြန်နေသည်မသိ ရုတ်တစ်ရက် ရပ်ဆိုင်းလိုက်ပြီးလျှင် ကြည့်မှန်တွင်းရှိ […]


မတူကွဲပြားမှုတွေနဲ့အတူ ပျော်ရွှင်စွာ ကြည်နူးဝမ်းမြောက်ခြင်း လွန်ခဲ့တဲ့ လတွေက ကမ္ဘာတဝှမ်းမှာရှိတဲ့ မဂ္ဂဇင်း မျက်နှာဖုံးတွေ အတော်များများမှာ ထိုင်းနိုင်ငံက လိင်ပြောင်းလဲခွဲစိတ်ထားတဲ့ ပထမဦးဆုံး လေယဉ်မယ်လေးရဲ့ အကြောင်းကို အားလုံးသိရှိပြီးသား ဖြစ်ကြမှာပါ။ ထိုင်းလေကြောင်းလိုင်း အသစ်တစ်ခုဖြစ်တဲ့ PC လေကြောင်းလိုင်းက ၂၀၀ရခုနှစ် မစ်(စ်)တက်ဖနီဆုရ ပထမဦးဆုံး လိင်ပြောင်းလဲခွဲစိတ်ပြီးတဲ့ သန်ရာလတ်ကို လေယဉ်မယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  အဲဒီအချက်တွေကို ကြည့်မယ်ဆိုလို့ရှိရင် ထိုင်းနိုင်ငံဟာ လိင်တူချင်းချစ်တဲ့သူတွေကို  ညှာတာထောက်ထား အသိမှတ်ပြုတဲ့ တိုင်းပြည်တစ်ခုလို့ အသိမှတ်ပြုနိုင်ပါတယ်၊ အဲဒီလိုပြောလိုက်တဲ့အတွက် တချို့သဘောမတူတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ အဲဒါကိုလည်း လက်ခံပါတယ်။ ပြီးခဲ့တဲ့နှစ်က အဖြစ်ပျက်လေးတစ်ခုကို ကျနော်သတိရနေပါသေးတယ်။ ဝေါအိတ်စ်ပို ၂၀၁ဝ ကျင်းပတုန်းက အခမ်းအနားဦးဆောင် လုပ်ခဲ့တဲ့သူတွေနဲ့ ကျနော် စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျင်းပဖို့ မတိုင်မှီလေးမှာ သူတို့အဖွဲ့တွေကို […]


ဒန်ချိုင့်နှင့် ဓာတ်ဘူးများဈေးကောင်းဖွယ်ရှိ ဆိုပြီး ( အောက်ကလင့်မှာတင်ထားတာပါ ) http://www.irrawaddyblog.com/2011/07/blog-post_5843.html ဒါကတော့ ကြွပ်ကြွပ်အိတ် တိုက်ဖျက်ရေးကို တတပ်တအား ပါဝင် ဆောင်ရွက်နေတာကို ပြတဲ့ ပုံပါ။ မန္တလေးက မင်းသီဟ လက်ဘက်ရည်ဆိုင်လို့ သိရပါတယ်။ (ဓာတ်ပုံ – facebook က ရပါတယ်) ………………………………….. ………………………………. ဒါကတော့ ခင်ဗျားတို့အားလုံးသိကြတဲ့အတိုင်း မကြာခင်ကမှပြဌန်းထားတယ်လို့ပြောမလား ဆောင်ရွက်ထားတယ်လို့ပြောမလား ပလပ်စတစ်ထုပ်လုပ်မှုတွေကို စည်းမျဉ်းတွေ စည်းကမ်းတွေထုပ်ပြန်ပြီးတဲ့နောက် တွေ့ရတဲ့ ဆက်စပ် သတင်းဓာတ်ပုံလေးပါ ခင်ဗျားတို့သိပြီးပေမယ့် တွေးခေါ်နိုင်ဘို့ပါ ပြောသာပြောရတယ် အွန်လိုင်းထဲမှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ဟိုလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ် ဆိုတာတွေထက် ဟိုလိုလည်းမဖြစ်ပါဘူး ဒီလိုလည်းမဖြစ်ပါဘူး ဘာမှကိုမဖြစ်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ငါသိတယ် ငါတတ်တယ် ငါဦးဆောင်ရမှကျေနပ်တယ်ဆိုတဲ့ သတ္တဝါက ခပ်များများ အတိုက်ခံလေးများပြောလိုက်ရင် […]


အောက်မှာ ကျွန်တော်ပေးထားတဲ့ လင့်ကတော့ ဦးဖက် ရဲ့ မန်ဘာတွေကို  ဖိတ်ခေါ်တဲ့ အကြောင်းလေးပါ ဒီနေရာမှာ ကြုံလို့ပြောရရင် ဦးဖက်ဆိုတာ ကျွန်တော် အလွန် အားကျအထင်ကြီးတဲ့ ပြန်ကြားရေးက ဆရာကြီးတစ်ယောက်ပါခင်ဗျ https://myanmargazette.net/52125/uncategorized-other/copypaste အဲ့သည် အကြောင်းလေးရဲ့အောက်မှာ ကျွန်တော့်ဆရာအရင်းခေါက်ခေါက် ကိုပေါက်မန္တးက ခုလိုမျိုးပေးစာတစ်စောင်ရေးထားပါတယ် ………………………… ချစ်သောတူလေး ဘစ်ကက် မင်းအလစ်ဖက်ချင်လို့ ကြံစည်နေသော ခပ်ချောချောငါ့တူမ(သွားလေးနည်းနည်းခေါတာကလွဲရင်)ကတော့ ပါသွားရှာပြီ။ ဆုံတွေပွဲမှာ ဧည့်ခံဘို့ခေါ်မယ်ဆိုတဲ့ အလန်းဇယားတွေအတွက် ကတော့ ကိုဖက်ကို တာဝန်ပေးလိုက်ပါ။ သူကအလှူခံထွက်နေကြဆိုတော့ လူစုတဲ့နေရာမှာအထာညက်တယ်။ မင်းကတော့ သတိထား ကိုကိုဖက်ရဲ့ကော်ဖီကို ဟိုတစ်လောဆီကရွာထဲက စာတွေထဲမှာပါတယ်။ တကယ်လို့များကော်ဖီသောက် မင်းမှောက်သွားရင် မတော်တရော်ကြိုက်တဲ့ မိုက်ကယ်ဂျော်နီအောင်ပုဆီကို မင်းအပို့ခံရမှာသေချာပေါက်။ အေးမကြောက်ဘူးဆိုရင်တော့ မင်းသဘော။ အားတော့မလျှော့နဲ့ အကြီးသွားပေမယ့် အငယ်တစ်ယောက်တော့ကျန်သေးတယ် ကံပေးတယ်ဆိုရင်တော့ မင်းရနိုင်သေးသပါ့။ မင်းဦးလေးတော်ချင်တယ်ဆိုတဲ့ […]


30 Articles in the Universal Declaration of Human Rights From the very beginning, human rights has been a major concern of the United Nations. On December 10, 1948 the General Assembly of the United Nations adopted and proclaimed the Universal Declaration of Human Rights. Following this historic act the Assembly called upon all Member countries […]


ကဗျာလေးတစ်ပုဒ်ပါ ကျွန်တော်ငယ်ငယ်လေးထဲက မကျက်ရဘဲ မှတ်မိနေတဲ့ကဗျာလေးပါ စာသားအားလုံးတော့ အမှန်တိုင်း မဖြစ်လောက်ပါဘူး နည်းနည်းတော့လွဲနေမယ်ထင်ပါတယ် ………………………………………… တစ်နေ့သ၌ ရခဲ့ပါသည် ဆဲစာတစ်စောင်ဖြစ်ပါ၏ စာကိုဖတ်ရင်ပြုံးပါမိ ကျွန်ုပ်သည် ဆဲသည့်သူကို ဂရုမမူ လစ်လျှုလျှု့၍ပြုံးသည်မဟုတ် ကျွန်ုပ်သည် သူဆဲသည်ထက်ပင် ကိုယ့်ကိုယ်ကိုယ် ပို၍ဆဲနေမိသည် ထိုအဖြစ်ကိုသူမသိ ထို့ကြောင့်ကျွန်ုပ်ပြုံးပါ၏


     ကာမတရားတို့၏ သာယာဖွယ် ကာမဂုဏ်ငါးပါး တို့သည် အဘယ်တို့နည်းဟူမူ လိုချင်ဖွယ် နှစ်သက်ဖွယ်  မြတ်နိုးဖွယ် ချစ်ဖွယ် သဘောရှိ၍ ကာမ ရာဂ နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ် ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း၊ ရူပါရုံ ( ၁ ) သောတ ဝိညာဏ်ဖြင့် သိရသော အသံ။ သဒ္ဒါရုံ ( ၂ ) ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဂန္ဓာရုံ ( ၃ ) ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ ရသာရုံ ( ၄ ) ကာယဝိညာဏ်ဖြင့် သိရသော အတွေ့ အထိ။ ဖောဋ္ဌာဗ္ဗာရုံ အတွေ့ အထိ ( ၅ […]


ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် ယောက်ျားတစ်ယောက်ဖြစ်ပါသည် ထို့ကြောင့် လေချွန် လက်ဖြောင့် ( လက်ဖျစ်တီးသည် ) သေးမတ်တတ်ပေါက်ခြင်း အကြောင်းသုံးပါးကို လွပ်လပ်စွာ နေရာဒေသအခြေအနေအရ လုပ်နိုင်ပါသည် အထူးဆိုလိုသည်မှာ မိမိကိုယ်ကိုယ် ယောက်ျားဟူ၍ဝန်ခံပါသည် ကိုယ့်ကိုယ်ကိုယ် ယောက်ျားဟူ၍လည်းမှတ်ယူပါသည် ယောက်ျားပီသတာ မပီသတာကတော့ သူများကိစ္စဖြစ်ပါမည် ကိုယ့်ကိုယ်ကိုယ်တော့ သေသေချာချာကို ကြည့်ပါတယ် အမှန်အကန်ပါဘဲ ရေတောင်မရောဘူး အာမခံတယ် ဒီနေရာမှာ ပြောစရာတစ်ခုရှိလာတာက ဘာဘဲပြောပြော လိင်တူချစ်သူတွေကို အပြစ်ဖို့ပြောတာကိုတော့ လွပ်လပ်စွာကန့်ကွက်ပါတယ် ယောက်ျားက မိန်မကို မိန်းမက ယောက်ျားကို မှ သဘာဝအမှန်လို့ပြောသူမည်သူ့ကိုမဆို လုံဝဆန့်ကျင်ပါတယ် ဒါ တကိုယ်ကောင်းဆန်တာပါ ကိုယ့်ရဲ့လိုအင်ဆန္ဒကိုသာ ရှေ့တန်းတင်ပြီးပြောကြတာပါ ဥပမာ ဆူးပုတ်ရွက်ကြိုက်တဲ့အမကြီးတွေနဲ့ ဒညင်းသီးကြိုက်တဲ့အမကြီးတွေဟာ ဆူးပုတ်ရွက်ကြိုက်တယ် ဒညင်းသီးကြိုက်တယ်ငြင်းခုန်နေကြသလိုဘာဘဲ ဗုဒ္ဓတရားတော်အရ နပုန်းပ မိန်းမမဟုတ် ယောက်ျားမဟုတ် […]


ဟိုးးးးးးးးးးးးးးးးးးးးးးးးးးး အပေါ်ဆုံမှာ ကိုကြောင်ကြီးရဲ့ https://myanmargazette.net/48593/uncategorized-other/copypaste ဆန္ဒမဲပေးပွဲကြီးမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းလေးများကို ကျေးဇူးပြု၍ ဖတ်ရှုပြီးပါလျှင် မိမိတို့မှ တစ်ဦးတစ်ယောက်သောသူအား နာမည်ခေါ်၍ သို့မဟုတ် သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အချက်အလက်အား Like or Dislike ပေးခြင်းဖြင့် ကူညီကြဘိ်ု့ ခြေအစုံကို ဦးခိုက်ရှိခိုးတောင်းပန်ပါတယ်ခင်ဗျ ကိုယ်က ဘာမှ မလုပ်ရဲသည့်တိုင် ဘာမှလည်းမပေးနိုင်ပါဘူး ဒါပေမဲ့ လုပ်ရဲတဲ့သူကို ပေးတဲ့သူက ပေးတော့မယ့်ကိစ္စမှာ ကျွန်တော်တို့အနေနဲ့ ပါဝင်အသိအမှတ်ပြုသင့်ပါတယ်ခင်ဗျ ဘာမှန်းမသိရင်တောင် သဂျီးပေးထားတဲ့ ငါးယောက်ထည်းက တစ်ယောက်ယောက်ရဲ့ ကိုရေးအကျဉ်းမှာ Like or Dislike လေးတော့ လုပ်ကြဘို့ ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း တတိယမ္ပိ သုံးကြိမ်မြောက်လည်း ရှိခိုးတောင်းပန်ပါတယ်ခင်ဗျ။ မန်ဘာသုံးထောင်ကျော်နဲ့ ဧည့်သည် ဘယ်လောက်ရှိမှန်းတော့မသိပါဘူး ဒီလောက်အရေအတွက်နဲ့လူတွေက ဒီအကြောင်းကို […]