မြစ်ဆုံဆိုသည်နှင့်ယခုအချိန်တွင်မြန်မာပြည်သား များထိတ်ထိတ်ပြာပြာဖြစ်တတ်သည်။ရောက်ဖူးသည် လား မရောက်ဖူး။မြင်ဖူးသည်လား မမြင်ဖူး။ သည်လို မရောက်ဖူး မမြင်ဖူးကြသော်လည်း မြစ်ဆုံဆိုတာကို စိတ်ဝင်စားကြသည်။ တရုတ်ကတာဖို့ဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်ယူမည် ဆိုတာနဲ့ ယခင်က သိသ လိုလို မသိသလိုလို မသိလိုက်မသိဘာသာ အဆင့်မှ မြန်မာ့သွေးကြောကြီးအဖြစ် ဂုဏ်ယူအမွှမ်းတင်ခြင်း လူတိုင်း ပါစပ်ဖျား တွင်နေရာယူခြင်းများဖြစ်လာရလေသည်။ မြစ်ဆုံဆိုတာကို ကျတော်ကျောင်းနေစဉ်ကတည်းက သင်ရသည် ကျက်ခဲ့ရသည်။မှတ်ခဲ့ရသည်။ ပုံဆွဲခဲ့ရသည်။ အဲသည်အချိန်က ကျတော်က မြန်မာပြည်၏အောက် ပိုင်းတွင်နေသည်။မြန်မာပြည်ဟိုးထိပ်ပိုင်း၌ ရှိသောမြစ် ဆုံကို ကျောင်းသားဘဝတွင်သာ နီးစပ်ခွင့်ရမည်။ ကျောင်း ပြီးလျှင် နီးစပ်ခွင့်ပင်မရနိုင်။ သင်နေရ၍ရောက်ဖူးချင်ခဲ့သည်။ ရောက်ဖို့ သွားလည်ပတ်ဖို့ အိမ်မက်ပင်မမက်ဝံ့သော အခြေအနေဖြစ်သည်။ရုပ်ရှင်ဇာတ်ကား ထဲမှ မြစ်ဆုံပါသော အခန်းရောက်လျှင် သရေတမြမြ ကျလျက်ဒီအတိုင်းကြည့် ခဲ့ဖူးသည်ကိုယခုထိ မှတ်မှတ်ရရ မှတ်မိနေသည်။ ဟော ရောက်မဲ့ရောက်တော့လည်း […]

သို့ အယ်ဒီတာ တောသူတောင်သားတွေ၏ အသိဉာဏ်၊ အတွေးအခေါ်အမြင် နည်းပါးမှုကြောင့်လား၊ ဒါမှမဟုတ် စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် သူတို့ခံစားလာရသမျှကို ပြောဆိုကြတာလား ဆိုတာတော့ ကျွန်မမဝေခွဲနိုင်ပါ။ သိတတ်စအရွယ်ကတည်းက ခုချိန်ထိ အမြဲ ကြားနေရတဲ့ “ဘယ်သူတွေ ဘယ်လိုပြောင်းလဲနေပါစေ ဆင်းရဲသား ဟာ ဆင်းရဲသားပဲ” တဲ့။ အခုချိန်ထိတော့ အစဉ်အဆက် ကြားနေခဲ့ရ သော အဲဒီစကားသံတွေက မှန်သလိုလို၊ မှားသလိုလိုနဲ့ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါဘူး။ နားလည်လာအောင်လည်း အချိန်တွေ နှစ်တွေ အများကြီးလိုအပ်နေမှာပါ။ အချိန်တွေလည်း စောင့်ရဦးမှာပါ။ ငယ်သေးတော့ နှစ်အတိအကျ မမှတ်မိတော့ပါဘူး။ ဝါ လာအပ်တဲ့ တောင်သူတွေဆိုရင် ဝါဒိုင်တွေက ဆပ်ပြာခဲ၊ သကြား ပိတ်စတွေ ထုတ်ပေးကြတယ်။ အဲဒီအချိန်တုန်းက တောင်သူတွေ ဝါတွေအများကြီး ထုတ်လုပ်နိုင်တဲ့အပြင် ပဲစိင်းငုံ၊ နေကြာ၊ […]

လက်ရှိမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော် (ဝါ) သမ္မတရွေးချယ်ရေး အဖွဲ့က ရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတသည် အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရသည်။ သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးသည်နှင့် အုပ်ချုပ်စီမံ ခန့်ခွဲရေးတာဝန်ကို သီးခြား ထမ်းဆောင်သည်။ ဆိုလိုသည်မှာ သမ္မတကို အမေရိကန် ပြည်ထောင်စုကဲ့သို့ လူထုက တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ ပြည်သူလူထု ကိုယ်စား လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ် တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် များက ရွေးချယ်ပေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရပါက လက်ရှိအုပ်ချုပ်ရေး တာဝန် ယူထားသော အစိုးရ(ဝါ) နိုင်ငံတော်သမ္မတသည် […]

ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်မှာ စုစုပေါင်း နိုင်ငံ့သုံးစွဲငွေ၏ ၈ ဒသမ ၈ ရာခိုင် နှုန်းခန့်သာရှိပြီး ယင်းကဏ္ဍများအတွက် လူတစ်ဦး တစ်နှစ်အသုံးစရိတ်မှာ ကျပ် ၉၀၀ဝ အောက်သာ ရှိနေကြောင်း သိရသည်။ ယင်းအချက်အလက်များကို နိုဝင်ဘာ ၆ ရက်က ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည့် ကလေးသူငယ်များအတွက် လူမှုရေးဆိုင်ရာ ဘဏ္ဍာငွေသုံးစွဲမှု တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ယူနီဆက် (ဖ်) မှ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖြန့်ဝေသော အချက်အလက်များအရ သိရသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရရှိခဲ့သော စာရင်းများအရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၎င်း၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လက်ရှိ […]

လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအဝင် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ လမ်းလျှောက်ဆန္ဒပြသူများသည် “နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများကို ကယ်တင်ပါ”၊”မီတာခ တိုးမြှင့်ကောက်ခံခြင်း လုပ်ရပ် ချက်ချင်းရပ်”၊ ကုန်ဈေးနှုန်း ကျဆင်းရေး မီတာခတွေ […]

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁ဝ […]

ခ လေးလဲ ပြော ပြ ချင် ပါ တယ် – – – ပြောပြချင်ပါတယ် (၁၇) (၁) အရင်ရေးဖူးပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း (Mismanagement) နဲ့ အဂတိတရား လိုက်စားမှု (Corruption) ကို မရှင်းထုတ်နိုင်ရင်၊ လျော့ကျအောင် မလုပ်နိုင်ရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းမှာ မဟုတ်ဘူး။ အပြောင်းအလဲ ဖြစ်ပေါ်မှာ မဟုတ်ဘူး ဆိုတာပါ။ အခုအစိုးရသက်တမ်း နှစ်နှစ်ပဲ ကျန်ပါတော့တယ်။ ဒီနှစ်ခုလုံးက ပိုဆိုးလာပါတယ်။ Corruption နဲ့ Mismanagement ရဲ့ ထွက်ကုန်ပစ္စည်းဖြစ်တဲ့ ခရိုနီစီးပွားရေး စနစ်က တိုင်းပြည်ရဲ့ အပြောင်းအလဲ အားလုံးကို အနှောင့်အယှက် ပြုနေပါတယ်။ အရင်ခရိုနီစနစ်က လာဘ်စားမှု၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အလွဲသုံးစား […]

အခန်း ( ၆ ) ” ကဲ လုပ်မယ်ဆိုတော့လဲ စကြတာပေါ့ကွာ။ ဂျာနူးရေ မင်း အမျိုးတွေကိုအသင့်ပြင်ခိုင်း ထားပြီး ပြီ လား” ” ၂ ရက်လောက်ကတည်းက ပြောပြီးသာပါ။သူတို့ရွာကနေအသင့်စောင့်နေမယ်တဲ့။” ” ဒါဆိုတို့ဘက်ကပဲလိုတာပေါ့။ မနက်ထွက်နိုင်မလားသူငယ်ချင်း” ” ကောင်းတယ်။ မြန်မြန်ပြီးလေ အားလုံးအတွက်အဆင်ပြေလေပဲ။ ငါ့အတွက် ဘာတွေ ပြင်ထားလဲ။ ငါမလာခင်ထဲက ကြိုပြောပြီးသားနော်။” ” အေး ပါကွာ။ ဒို့ဆီမှာအခွင့်မရှိတော့ ရောက်ရာနေရာကပဲ ရှာသုံးရတာပေါ့။ ရော့ ဒီမှာမင်းအတွက်” ” ဟားးးး တယ်မိုက်ပါလားကွ။ ဘယ်ကရှာထားတာလဲ” မောင်ထွန်းလတ် လက်ထဲရောက်လာသောသေနတ် ကိုကိုင်တွယ်ရင်း ကျေနပ်မူ့အပြည်ဖြင့် တအံ့တဩ မေးနေလေသည်။ ” ပြောရမှာတော့ တမျိုးဖြစ်မယ်ကွာ။ဟိုဘက် (တရုတ်နယ်စပ်) သွားလေ့ရှိတဲ့ အသိတယောက် ကိုအကူအညီတောင်းထားတာပါ။ […]

” အဲဒါ နဲ့ ဂျာနူး ရဲ့ အဖေ က ကိုယ့်ကို အကူအညီတောင်းလာတယ် သူငယ်ချင်း” ” မင်းတို့ ဘယ်လိုလုပ်သလဲ ?” ” ငါလဲဘယ်နေပါ့မလဲကွာ စခန်းမှုးကိုခွင့်တောင်းပြီး တောနင်းရှာတာပေါ့ကွာ။ ဒါပေမဲ့ ခြေရာတောင်မတွေ့တော့ သူပြောတာတောင်ဟုတ်ပါ့မလားစဉ်းစားမိတယ်။ တခြားအနီး အနားရွာတွေဆီက တချို့ ဒီလိုတွေ ခံရတဲ့သူတွေ တယောက်စ နှစ်ယောက်စ တွေ့ရ ပြန်တော့ မယုံလို့မရပြန်ဘူး။ ငါလဲမတတ်နိုင်တဲ့အဆုံးမင်းကိုအကူအညီတောင်းရတာပဲ သူငယ်ချင်း” ” ဘယ်နှစ်ယောက်လောက် အကုတ်ခံလိုက်ရပြီလဲ?” ” အင်းးး အားလုံးပေါင်းရင် ၁ဝ ယောက်ကျော် တော့မယ်ထင်တယ် ” ” ဆရာ ဝန်တွေကရောဘာပြောလဲ ဒဏ်ရာအနာနဲ့ပါတ်သတ်ပြီးတော့ ” ” မေ့တော့မလို့ သူတို့အားလုံးဆေးရုံကိုတယောက်မှ ရောက်မလာကြဘူးကွ။ အဲဒီတကြောက တိုင်းရင်းဆေးဆရာက ကုပေးတာတဲ့။ […]

အနီများသူဆုပေးမည်ဆိုလို့ နီအောင်ဘီလိုလုပ်ရလဲ? နည်းလေးပေးကြပါ။ ဒီရွာကလဲဆုပေးမယ်ဆို အပြိုင်အဆိုင် မရ နိုင်အောင် စိမ်းနေကြလွန်းလို့ပါ။ ကြိုက်မိတာလေးတွေ ဆုရစေချင်လို့ပါ။ နီ အောင်လုပ်တဲ့နည်း သိရ ရင် ဆု ရ သင့် သူ တွေ ရ အောင် နီပေး မယ်လေ။ ခွီးခွီး ပုံ အနီ ရောင် ချစ် သူ