ချစ်ချစ်ချစ်(အပိုင်း-၁) အခန်း-၄ နေမွန်းတည့်အချိန် ဖြစ်လေသည်။ နိုဝင်ဘာလ အတွင်းရောက်နေပြီဖြစ်သဖြင့် အပူရှိန်မှာသိသိသာသာလျော့ကျနေပေပြီ။ စိုက်ခင်းများရိပ်သိမ်ချိန်ကိုစောင့်မျော် နေရချိန်ဖြစ်သဖြင့် ဦိးဇော်ရိန်း တို့လိုယာသမားမျာအဖို့အားလပ်ချိန်ရနေသည်။ မိမိစိုက်ပျိုးထားသောယာခင်းမျာကို တောကောင်များလာရောက်စားသောက်ခြင်း ဖျက်စီးခြင်းရန်ကိုတချက်တချက်စောင့်ပေးရသည်။မဟုတ်ပါကရိပ်သိမ်းကာနီးအ ချိန်တချက်ပေါ့ပါကစိုက်သမျှ အချည်းနှီးဖြစ်သွားပေမည်။ သို့ပေမဲ့တချိန်လုံးစောင့် စရာကာမလိုပေ။ တောကောင်များ ကလည်း အသီးအနှံကောင်းစွာကြီးထွားနေချိန် ရိပ်သိမ်းကာနီး တွင်လာတတ်သည်။ ဦိးဇော်ရိန်း သားဖြစ်သူ နှင့် တူဖြစ်သူ တို့ အလာကိုစောင့်မျော်နေသည်။မိမိယာ တဲကိုညအိပ်စောင့်ကြပ်ချိန်ရောက်နေပြီ။ မိမိ စိုက်ပျိုးထားသောပြောင်းခင်းကိုယမန် နေ့များကတောကောင်ဝင်ထားကြောင်းယာနီးချင်းရွာသားတဦးမှအသိပေးထားသည်။ အခါတိုင်းမိမိတယောက်တည်းညအိပ်စောင့်ကြပ်လေ့ရှိသော်လည်း အသက်အရွယ်ရ လာသည်ကတကြောင်း တောလည်(မုဆိုး) မထွက်ရတာကြာပြီဖြစ်သဖြင့်လည်းကောင်း တယောက်တည်းထက်စာပါကအဖော်ပါသင့်သည်ဟု အမျိုးသမီးဖြစ်သူကတိုက်တွန်းသဖြင့် လည်းကောင်း ထိုနှစ်ယောက်အားခေါ်လိုက်ရခြင်းဖြစ်လေသည်။ ထိုနှစ်ယောက်ကလည်း အရွယ်ရောက်ပြီးသူများပီပီ အတော်အတန်မုဆိုးပညာတတ်ကျွမ်း နေပေပြီ။တကိုယ်တော် လူကြီးများမသိအောင်ခိုးခိုးထွက်လေ့ရှိကြသည်။ဒါပေမဲ့သားကောင် မရကြသဖြင့်လူကြီးများမသိကြ။ ဝါရင့်မုဆိုးများနှင့်တွဲဖက်မှသားကောင်ရတတ်ကြသည်။ ဦးဇော်ရိမ်း ကားထိုရွာတွင်အလွန်ကျွမ်းကျင်သောမုဆိုးဖြစ်သဖြင့်သူခေါ်လျှင်ငြင်းမည့်သူ မရှိ။လိုက်ချင်သူပေါများလေသည်။ သူကလည်းမျှတသူတဥိီပီပီ အလည့်ကျအားလုံးကို ခေါ်သည်။အခြားသူများကတော့ […]


တနေ ့တာအစပြုလေပြီ။နေမင်းကြီးသည်ကောင်းကင်ပေါ်သို ့မင်းမူ နိုင်ရန်ရှေ ့မှအတားအဆီး ဟူသမျှကို ကျော်ဖြတ်နေလေသည်။ ” ပဲပြုပ်” “ကောက်ညှင်းပေါင်း၊ အကြော်စုံပူပူလေး” အစရှိသည့် နံက်ခင်းဝမ်းဝမ်းဝ အစားပြေ ရောင်းချသော ခေါင်းရ­ွက်ဈေးသည်များ၏တစာစာ အော်နေသံများကြောင့် အိပ်ရေးမဝတဝဖြင့်နိူးထလာခဲ့ရသော်လည်း စိတ်မှာကြည်လင် လန်း ဆန်းနေသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းတော့ရှိရမည်။ ဒါဆိုဘာအကြောင်းက အိပ်ရေးမဝတဝနဲ့ကိုစိတ်ကြည်လင်လန်းဆန်းနေရပါလဲ။ အကြောင်းရင်းကိုတွေးမိပြန်တော့ ရယ်မလိုစိတ်ကိုပြန်ထိန်းရသည်။ ညကညဉ့်နက်မှအိပ်ဖြစ်သည်။ အကြောင်းကား တရုပ်မင်းသား စတီဖင်ချောင် ၏သိုင်းကား ကြည့်နေသောကြောင့်ဖြစ်လေသည်။ဇာတ်လမ်းအရ မင်းသားမှာ မိုးနဂါးသိုင်း ၁၈ ကွက်ကို လေ့ကျင့်တတ်မြောက်ရမည်ဖြစ်သော်လည်း နောက်ဆုံးအကွက် ၁၈ ကိုမကျင့်ဖြစ်နေလေ သည်။လူဆိုးဖြစ်သူသိုင်းအကျော်အမော်နှင့်လည်းတိုက်ခိုက်ရတော့မည်။ မင်းသားကလည်း မရနိုင်။မကျင့်နိုင်။အနီးရှိသူများကလည်းအလွန်စိုးရိန်နေကြလေပြီ။ကြည့်နေသောကျွန်ုပ်သည် ပင်လျင်အားမလိုအားမရဖြစ်နေမိသည်။ဘေးမှလည်းဝိုင်းဝန်းကြိုးစားကူညီပေးနေကြ ပြန် သည်။ “ဖျက်ကနဲ့” မီးပျက်သွားလေတော့သည်။ ပြီးခါနီးတဝက်တပျက်နှင့်အိပ်ရာသို့ဝင်ရလေတော့သည်။မီးပျက်လို့သာတော်သေးသည်။ နာရီသံတချက်တီးနေပြီ။မနက်ရုံးသွားရအုံးမည်။ ဇာတ်လမ်းနောက်သို့အလိုက်ကောင်းနေသည်။ စိတ်ကဆောင်နေသော်လည်းကိုယ်က ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားလေတော့သည်။ […]


——————-အခန်း(၁) ———————– မြန်မာနိုင်ငံမြောက်ပိုင်း။ ဂျပန်များမြန်မာနိုင်ငံကိုအုပ်စိုးနေချိန်။ ၁၉၄၄ခုနှစ်။ဒီဇင်ဘာလ ၁၁ ရက်နေ့။ ညအချိန် ၁၁ နာရီဝန်ကျင်ခန့်။ ဗန်မော်မြစ်ဆိပ်ကမ်းမှ ၆ မိုင်ခန့်အကွာ။ လူတစုတစုံတရာအရေးကြီးသည့်အလားတောလမ်း အတိုင်းခပ်သုတ်သုတ်ခရီးနှင်နေကြသည်။အားလုံးပေါင်း အမျိူးသားကြီးမျသာဖြစ်လျက်အားလုံးပေါင်းလျှင် ၁၁ ဦး အတိအကျဖြစ်လေသည်။ဂျပန်စစ်ယူနီဖောင်းဝတ်ဆင်ထား သူ ရ ဦးဖြစ်ပြီး အရပ်သားဟုယူဆနိုင်သောလူ ၄ ဦး ဖြစ်သည်။ဤလူဦးဆောင်သူမှာဂျပန်စစ်ဗိုလ်ဟုယူဆနိုင်သော “ကူရှီးမား”အမည်ရှိ ဂျပန်ဟုဆိုနိုင်သော်လည်းအရပ်မပု သူတဦးပင်ဖြစ်လေသည်။ ညအချိန်ခါဖြစ်၍လမ်းခရီးကို မှုန်ပြပြကြယ်လေးများ ခပ်ကွေးကွေး လရောင်ကလေးမှအထူထောက်ပံ့ထားပေးနေသည်။သို့ ပေမဲ့ဤခရီးလမ်းကြောင်းကိုရှေ့ဆုံးမှသွားရန်တာဝန်ကျ စစ်သည် သုံးဦးကိုအတိအကျပြပြီးသားမို့အခက်အခဲမရှိလှ။ မနက်မိုးမသောက်မှီအရောက် သတ်မှတ်နေရာသို့အချိန်လု ၍ခရီးနှင်နေရသည်။ဤခရီးစဉ်အတွက်အဓိကကျသော ပစွည်းကိုသယ်ပိုးရန်အထမ်းသမားများကိုငွေကြေးအပို ပေးလျက်ဌားရမ်းထားသည်မဟုတ်ပါလော။အထမ်းသမား များကလည်းလိုသည်ထက်ပိုရသည်မို့ သူလိုချင်သည့် အတိုင်းသယ်ပိုးလျက်မနားတမ်းခရီးဆက်နိုင်ခဲ့သည်။ အထုပ်ကိုနောက်မှထမ်းပိုး၍ခပ်သွက်သွက်ခြေလှမ်းနေချိန် ပင်ကိုဘသိန်းမစဉ်းစားပဲမနေနိုင်။မိမိတို့ကိုအခပေးဌား ရမ်းသူများကားအခြားမဟုတ် ဤမြေပေါ်တွင်ထင်တိုင်းစိတ် ကြိုက်မင်းမူနေသောဂျပန်များဖြစ်နေ၍ပင်။ရွာလူကြီးထံမှ တဆင့်ဌားရမ်းခြင်းမို့မငြင်းနိုင်။သို့သော်တနေ့လျှင်နေ့တွက် သုံးရာဆိုသောငွေကြေးကအသက်ပင်ကြေကြေပင်ဖြစ်ချင် ချင်။အိမ်ထောင်မရှိလူလွတ်ချင်းငယ်ပေါင်းဖော်စိန်သောင်း ကိုပင်အဖော်ထပ်ဌားသဖြင့်အိုကေလိုက်သည့်ဖြစ်ခြင်း။ သို့သော်၎င်းတို့စခန်းအရောက်တွင်အံ့အားသင့်စရာများ ဆက်တိုက်မြင်ခဲ့တွေ့ခဲ့ရပြန်သည်။သာရေအိပ်စွပ်ထားသော […]


မင်္ဂလာပါ။ ဟုတ်ကဲ့ကျနော်ပေးထားတဲ့ခေါင်းစီး ကတော့ထုံစံအတိုင်း ဘထဘပ စကားပေါ့ဗျာ။ကျနော်ကလဲဒီလောက်ပဲတတ်နိုင်တာ ကိုး။ ဒီတော့ဒီနေ့ လွတ်တော်မှာပြင်သင့်တာဘာတွေလဲ? ပြည်သူတွေအနေနဲ့ကလဲ တောင်းသင့်တာဘာလဲ? ဒါကိုကျနော်အမြင်ပြောချင်တာပါ။ ဒီတော့ကျတော်လွတ်တော်မှာပြင်စေချင်တာ ဥပဒေတွေပါ။ ခေတ်မမှီတော့တဲ့ ၁၉၅ဝ ဝန်ကျင်ကပြဌန်းထားတဲ့ဥပဒေတွေပါ။ ဖြစ်နိုင်ရင် တရက်တည်းနဲ့အပြီးပြင်စေချင်တာပါ။ မဖြစ်နိုင်ပေမဲ့ အလောတကြီးနဲ့ အမြန်ကိုပြင်စေချင်တာပါ။ဒီခေတ်မမှီတဲ့ဥပဒေတွေ ကြောင့်တိုင်ပြည်နစ်နာနေရတာတွေရပ်သွားစေချင်တာပါ။ နောက်ပြည်သူတွေဘာတောင်းသင့်သလဲ? ဆိုတာပါ။ ပြည်သူတွေတောင်းဆိုသင့်တာလဲ ဒီဥပဒေပြင်ဆင်ရေးတွေပါပဲ။ ပြည်သူအများစုအကျိုးရှိစေမဲ့ အလုပ်သမားဥပဒေ တို့ ရင်နှီးမြုပ်နှံရေး ဥပဒေတို့ စသည်ဖြင့်မိမိတို့ပြည်သူအများခေတ်နဲ့အညီခံစားခွင့်ရှိဖို့တောင်း သင့်ပါတယ်။ ဒါတွေကိုပြင်ဆင်ပြီးပြီဆိုရင် ပြည်သူတွေ ခေတ်နဲ့အညီ ဒီမိုကရေစီစနစ်ရဲ့ အသီးအပွင့်များကိုခံစားနိုင်မှာဖြစ်ပါကြောင်း ခေတ်မမှီ ဥပဒေများအား အမြန်ဆုံးပြင်ဆင်စေနိုင်ဖို့ ရေးသားလိုက်ရပါတယ်။ (ဒေါ်စုတယောက်သမ္မတ ဖြစ်ဖို့တော့ ဥပဒေကိုမပြင်ခိုင်းသေးတာ ခွင့်လွတ်ပေးကြပါ။ ဒါကကျတော်တို့အတွက်နံပါတ်နှစ်နေရာမှာ ထည့်သွင်းပေးထားပါတယ်)


ခုတလောတမျိုးကြီးပဲ။ ဘယ်နေရာကြည့်ကြည့်။ ဘာပဲလုပ်လုပ်။ တမျိုးကြီးပဲ။ ငြိမ်ချက်သားကောင်းနေသလိုလို ဘာလိုလို။ ညာလိုလိုနဲ။ ” မုန်တိုင်းတိုက်ခက်နေချိန်တွင် ရုတ်တရက်ငြိမ်သက်သွားပါက မုန်တိုင်းမျက်စေ့သည် သင့်ဒေသ ၌ရောက်နေပြီဖြစ်၍ ပြင်ဆင်စရာရှိ တာပြင်ဆင်၍ ပြင်းထန်စွာတိုက်ခက် လာမည့်အချိန်ကိုစောင့်နေပါ” တဲ့။ ခုလဲ ခုလဲ ။ တခုခုတော့ တခုခုပဲ။ ဘာမှမဟုတ်ဘူး ဘာရယ်မဟုတ် လျောက်ရေးတာ။ အရေးလုပ်ပြီးဖတ်မနေနဲ့ ဟီးးးးးး


ဒီရက်ပိုင်း ချစ်ချစ်ချစ် ချစ်နေရ အဲရေးနေတာမို့ ရွာထဲတောင်သိပ်မရောက်ဖြစ်ဘူး။ဒီနေ့တော့ ဘဝအဖြစ် အပျက်လေးတစိတ်တပိုင်းလေးရေးချင်တာနဲ့ ————————————————————————————————————————————- – – – – – – – – မဆလ ဆိုတဲ့ခေတ်တုန်းကအဖြစ်အပျက်ပါ။ နေရာတကာမှာ လာဘ်တွေအင်မတန်စားတဲ့အချိန်ပေါ့ဗျာ။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် ရုံးတို့ဂါတ်တို့ရောက်ရင် ငွေပေး နိုင်ရင်အမူ့နိုင်တဲ့ခေတ်။ တနည်း “ငွေများ တရားနိုင်”အချိန်ပေါ့ ဗျာ။ခုတော့ ပြောင်းကုန်ပြီထင်ပါရဲ့ ” မီဒီယာများ တရားနိုင်” ဆိုလားဘာလား။ ဆိုလားဘာလားဆိုတော့ မသေချာဘူးပေါ့ဗျာ။ ပုသိမ်မှာဖြစ်ခဲ့တာပါ။ ဇာတ်လမ်းကတော့ ————– – – – – – – – – ပုသိမ်ဆိပ်ကမ်းသို့ မြောင်းမြဘက်မှ လူစီးသင်္ဘောတစီးဆိုက်ကပ် လာလေသည်။ထုံစံအတိုင်း မြစ်ဆိပ်တခုလုံး ပုရွက်ဆိပ်အုံတုတ်နဲ့ ထိုးသကဲ့သို့ လူများအုံးအုံးထလျက်ရှိလေသည်။ ဒေါ်လှတယောက် […]


“စာရေးဆရာ သတိထားပါ ” ” ဟုတ်ပါ့ ရှင် နာမည်တွေကို အပြင်ကလူတွေနဲ့တွဲမှတ် ပေါ့ ” “ဟုတ်ပါ့ ဗျာ အဖေ စာတွေက အပိုင်း (၁) မှာကတည်း ကစမှားနေတာ” O M G မှတ်ချက်များက ပြင်းထန်လှပေသည်။ သချာင်္မှားတုန်းက ဆရာမ၏ ကြိမ်စာကိုသတိရမိသည်။ နာလိုက်သည့်ဖြစ်ခြင်း။စပ်လိုက်သည့်ဖြစ်ခြင်း။ ဤ နာခြင်း စပ်ခြင်းသည် ကျနော့် အားအမြဲဂရုတစိုက်နှင့် နောက်အမှားကင်း (နဲ)သောကျောင်းသားတစ်ဦးအဖြစ်သို့ တွန်းပို့ပေးသော အရာဖြစ်ခဲ့သည်။ အမှန်တော့ ဤ ” ချစ် ချစ် ချစ် ” ဇာတ်လမ်းသည် ကျနော် ၏စိတ်ကူးယဉ် ဇာတ်လမ်းတခုမျှသာဖြစ်သည်။ အားသည့် အချိန် ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုး သီးချင်းနားထောင် လိုက် ဂိမ်းဆော့လိုက် နောက် […]


***************** အနှစ်လေးဆယ်ခန့်ကြာသော် ************** – – – – မန္တလေး ဂေါဝန်ဆိပ် “ဘော် —–ဘူးးးးးးးးးး ဘော် —” အောင်တံခွန်အမည်ရှိ သင်္ဘောဆိပ်ကမ်းမှခွာရန် အချက်ပေးဥဩပေးသည် နှင့် ဆိပ်ကမ်းပေါ်ရှိ ခရီးသည်များရော လိုက်ပါပို့ဆောင်နုတ်ဆက်သူများ ရော ဈေးသည် အထမ်းသမားအစရှိသည်တို့ လူပ်လူပ်ရွရွ ဖြစ်ကုန်ကြသည်။ “မောင်ရေ ဒီတခေါက်နောက်ဆုံးတခေါက်ဆိုတာ မေ့ကိုကတိပေးကွာ” “အင်းပါ မောင်ကတိပေးပါတယ်” “မေမေကတော့စိတ်ဆိုးနေတယ်မောင် ခုလိုမောင်ခဏခဏခရီးထွက်နေတာ ခု မင်္ဂလာပွဲက ၂ပါတ်လောက်ပဲလိုတဲ့ဟာကို ညည်းလူကိုကြည့်ထိန်းတဲ့” “အင်းပါမေရယ် မောင်ဒီတခေါက်ကနောက်ဆုံးပဲစိတ်ချ နောက် ပြီးမောင့် ဖေဖေရဲ့ ပွဲရုံမှာကြိုးစားလုပ်မယ် မေနဲ့မောင့်ရဲ့မိသားစုကို မောင့်လုပ်အား နဲ့ဖြူဖြူစင်စင်ရှာကျွေးမယ် လူလွတ်ဘဝနဲ့ မောင်ဝါသနာပါတဲ့ ဟောဒီအလုပ် ကိုမောင်အပြီးအပြတ်စွန့်ပါ့မယ်ကွယ် မောင်ကတိပေးပါတယ်” “ဟွန့် မောင်ကတော့ပြောလိုက်ရင် ဒါမျိုးကြီးပဲ ဒီထက်စောစော မောင့် […]


အချိန်ကာ ဂျပန်ခေတ်ဟုဆိုနိုင်သောခေတ် ၁၉၄၄ ကာ လဝန်ကျင်အချိန်ဖြစ်၏။ ဧရာဝတီမြစ်ကမ်းတနေရာ အတိ အကျဆိုရသော် ဗန်မော်မြို့ ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ လူသူကင်းဝေးလျက် ည လဆန်းစ အချိန်။ အလင်းရောင်ဝိုးတဝါး ကိုအားပြုလျက်လူ တစု သာရေအိတ် တလုံးကို သယ်လျက် မန္တလေးဘက်သို့ ခရီးနှင်နေလေသည်။ အနီးကပ်၍သေချာကြည့်ပါက ဂျပန်စစ်သားတစုဟုအလွယ် တကူသိရှိနိုင်မည်ဖြစ်သည်။ ဂျပန် တပ်စုကဘာကိုသယ်လာသနည်း။ မြန်မာပြည်ကိုထင်တိုင်းကျဲခွင့်ရနေသောဂျပန်တို့ နေ့ဘက်တွင် ပုန်းအောင်းလျက် ညဘက်ရောက်မှ ခရီးဆက်ခြင်းသည် ဘာ ကြောင့်လဲ ဆိုသည်ကို ကိုဘသိန်းစဉ်းစားမရ။ ထို့အတူ ရှေ့ မှ မိမိနှင့်အတူ သရေအိတ်ကို ထမ်းနေသော ကိုစိန်သောင်း လဲစဉ်းစားမိသလော? ။ ဤသရေအိတ်ကို လူမြင်မခံလိုခြင်း မှာထင်ရှား လှသည်။ ထို့ပြင်ဤတပ်ဖွဲ့ကို ဆက်သွယ်ခြင်း ညွန်ကြားခြင်းမျိုးလဲမတွေ့ရ။ […]


” ဒိုင်း ဒိုင်း ဒိုင်း ” ” ဆော်ပြီဟေ့ အကြောင်းမကြားဘာမကြာနဲ့” “ဗိုလ်မူုး ပြန်ပစ်လိုက်ရတော့မလား” “ဟေ့ယောင် ရဲဘော် မောင်သန်း ငါရာထူးတိုးသွားပြီလို့ ဘယ်နှ ခါပြောရမလဲ ဗိုလ်ချုပ်ကွ ဗိုလ်ချုပ်” “မေ့သွားလို့ပါ ဗိုလိမူုး အဲ အဲ ဗိုလ်ချုပ် ရေ” နေရာကာ မြန်မာပြည်အောက်ပိုင်း ဧရာဝတီ မြစ်လယ်သောင်ပြင် ကိုင်းတော ကြီးထဲ ကျနော်တို့ တပ်ရင်း ပိတ်မိနေ ချိန်ဖြစ်၏ ။ ကြံခင်းမြို့ အစွန်ဘက် ရွှေတောင်စုရွာကလေးအနီးတွင်ဖြစ်၏။ အော်စစ်သားဘဝမလွယ်ပါလား။မနက်စာ လွတ်သွားပြီ ။ ရန်သူက အင်အားများသည်မို့ ကိုယ်က ပြေးရသည့်ဘဝ ။ ပြေးစရာမြေ မရှိ ။ ရေပြင်ကခြားနေသည်။ ကူးစရာလှေကလည်း ရန်သူ့ လက်ချက်ကြောင့် ရေအောက် မြုပ်ချေပြီ။ […]


ဘာရယ်တော့မဟုတ်ပါဘူး။ အရင်တပါတ်က ကလေးတွေနဲ့အပြိုင် ဗိုက်နဲနဲထွက်တာ လျော့လေမလားဆိုပြီး ဘောလုံးကန်တယ်။ ဘောကန်တာမောလာတော့ အမြင့်ခုန်တာပြိုင်တယ်။ အမယ်အတော်ခုန်နိုင်သား။ ငယ်ငယ်က ဇ ကရှိခဲ့ တာကိုး။ ပထမ သုံးပေ။ နောက်ခြောက်လက်မတိုး ဒီလိုနဲ့ လေးပေခွဲ ရောက်လာတယ်။ အကြီးကောင်က ဖြစ်ပါ့မလား။ ဖြစ်ပါ့မလားနဲ တားရှာ သေးတယ်။ဘာရမလဲ။ ကြီးတောင့်ကြီးမားနဲ့ ကလေးတွေနဲ့ပြိုင်ဆော့တယ်ဆိုပြီး ဘေးကလဲ ဝိုင်းကြည့်နေတာကိုး။ ပရိတ်သတ်ရှေ့ဆိုတော့လဲ မရဘူးမပြောချင်ဘူးလေ။ ရပါတယ်ကွာ ဆိုပြီး။ နေရာယူပြီး ကြိုးကို စိုက်ကြည့်လိုက်တယ်။ အသက်(လေ) ကိုတဝရှု လိုက်တယ်။ ဘေးကလဲဝိုင်းကြည့်နေကြပြီ။ နောက်ကိုနည်းနည်းပြန်ဆုတ်လိုက်တယ်။ အရှိန်မလောက် မလောက်မှာစိုးလို့။ ခါးတောင်းကြိုက် ကိုပြန်စစ်လိုက်တယ်။ အိုကေ ။ ပြေးတယ် ။ အလောတော်နေရာရောက်တော့ အားယူလိုက်တယ်။ ခုန်တယ်။ “ယားးးးးးးးးးးရ် ” ကြိုးနဲ သီသီကလေးလွတ်တယ်။ […]


ကိုယ်ထူကိုယ်ထ လမ်း။ ကိုယ်ထူကိုယ်ထ ဓါတ်ကြိုး/တိုင်။ ကိုယ်ထူ ကိုယ်ထ ထရွန်စဖော်မာ။ ကိုယ်ထူကိုယ်ထ …………။ ကိုယ်ထူ ………………………။ အစကတော့ရေးမယ်ဟဲ့ဆို ပြီး။ ခုတော့ရေးချင်စိတ် မရှိတော့ဘူး။ အဲဒီကိုယ်ထူကိုယ်ထ ဆိုတာနဲ့ပါတ်သတ်ပြီး သဘောထားဘယ်လိုရှိသလဲဆိုတာတော့ ပြောချင်ရင် မန့်ပေးကြပါဗျာ။ အဲဒီမှာပဲပြောကြတာပေါ့ဗျာ။


အင်္ဂလိပ် တို့သည်မြန်မာနိုင်ငံကို သုံးကြိမ်မြောက် ကျုးကျော်စစ်ပြု၍ မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည်။ မြန်မာတို့သည်ရရာလက်နက်စွဲကိုင်းရင်း အင်္ဂလိပ်နယ်ချဲ့အားတော်လှန်ရာမှ ဗိုလ်ချုပ်အောင်ဆန်းခေတ်သို့ရောက်လာသောအခါ နယ်ချဲ့တို့ကို သုံးကြိမ်မြောက်တွင် အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည်။ ပထမ ဂျပန်နှင့်ပေါင်း ၍တိုက်သည်။ ဒုတိယ အင်္ဂလိပ်နှင့်ပြန်ပေါင်း၍တိုက်သည်။ နောက်ဆုံး တိုင်းရင်းသားအချင်းချင်းပြန်ပေါင်း၍ တိုက်ထုတ်ရာမှ လွတ်လပ်ရေးရရှိခဲ့သည်။ ဤကားမြန်မာ့အချုပ်အခြာ အာဏာပိုင်ရေး အတွက် သုံကြိမ်မြောက် အရှုံးနှင့် သုံးကြိမ်မြောက် ၌ လွတ်လပ်ရေး အောင်မြင်မူ့သမိုင်းဖြစ်သည်။ သမိုင်းဘီး တပါတ်လည်နေသလား? ? ? ရှစ် ရှစ် ရှစ် ရှစ် တွင် တကြိမ်တော့တိုက်ခဲ့ပြီ ထင်ပါသည်။ ဟိုးတုန်းကလို ရွှေရည်စိမ်ရခဲ့သည်။ ဒုတိယအကြိမ် ? ? ? ? တတိယ အကြိမ် ? ? ? […]