မင်္ဂလာပါ။ဒီနေ့စာအုပ်လေးဖတ်မိပြန်ပါပြီ။ မန်းကဇက်ရဲ့ စုပေါင်းအလှူ အမှတ်တရ ဓါတ်ပုံများ ဒါဇင်ပလပ်စ်၏ ပညာရေးကူညီမှု့ အဖွဲ့၏လှုပ်ရှားမူ့ ဓါတ်ပုံများ ကိုတဝကြီးကြည့်ရသည်။ နောက် စာမျက်နှာ ၁ရ ကိုရောက်လာသည်။ ကဗျာ ။ နောက်စာမျက်နှာ ၁၈ ၁၉ ဒီအထိကဗျာ။ ကဗျာသုံးပုဒ်ဖတ်ရပေတော့မည်။ အမှန်အတိုင်းပြောရလျှင် ကျနော်ကဗျာကို သိပ်ဖတ်လေ့ မရှိ။ မကြိုက်၍မဟုတ်။ ကဗျာတပုဒ် ကိုစာနယ်ဇင်းများ မဂ္ဂဇင်းများတွင်ကျနော်တခါဖတ်မိလျှင် တွေး၍ မဆုံးတတ်။ ကဗျာဆိုသည်ကလည်း ပေးချင်သည့် အကြောင်းအရာ များကို အကျစ်လစ်ဆုံး ချုံ့ ခြင်း။ အဓိပ္ပါယ်လေးနက်ထိရောက် သောစကားလုံးများ။ကာရန် နဘေးညီညီ ဖွဲ့ဆိုတတ်လေရာ ကျနော်ကဗျာတပုဒ်ဖတ်မိလျင်တွေး၍မဆုံးတတ်။ ရေးထားသော တကြောင်းတပိုဒ်သည်ပင်လျှင် တခါတလေ ဝတ္တုတို တပုဒ် ။ ထိုမှ ကဗျာတပုဒ်ဆိုလျှင် ရေးမဆုံးနိုင်သော ဂန္ဒဝင်ဝတ္တု တပုဒ်နီးပါး ရှိတတ်သည်။ […]


မင်္ဂလာပါ။ ကျနော် မန်းကဇက်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် နဲ့ပါတ်သတ်ပြီး ဖတ်မိသလို နားလည်သလို ပိုစ့် လေးတွေ ရေးတင်နေရာကနေ ခုဆက်ရေးဖို့ က ကဗျာ နဲ့ ဆောင်းပါး (ပိုစ့်)တွေပဲကျန်ပါတယ်။ ဒီကြားထဲ အတွေးတမျိုးရလို့ လုပ်မယ်ဆိုပြီး စီစဉ်ကြည့်တာပါ။ ကဗျာ နဲ့ပါတ်သတ်ပြီး နဲနဲရွတ်ဖတ်ကြည့်မယ်။ ပြီးရင် (ရက်နဲနဲကြာပါမယ်) ဆောင်းပါးစာမူ တွေနဲ့ပါတ်သတ်ပြီး ပဟေဋိ ဆန်ဆန်မေးခွန်းလေးတွေ တင်ပါမယ်။ အမှတ်ပေးစနစ်နဲ့ သွားမယ်။ တတိယအကြိမ်ဆိုတော့ ဒီဇင်ဘာ ဇန်နဝါရီ လောက်ဖြစ်မယ် ထင်ပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ ဆုရရှိသူကို ကျနော်လက်ဆောင် ချီးမြှင့်ပေးမယ်။ တန်ဖိုးမများ မကြီးပေမဲ့ အမှတ်တရ သဘောမျိုး တော့ဖြစ်မှာပါ။ စည်းကမ်းကတော့ – ၁။ မေးခွန်းအားလုံးဖြေရမည်။ ၂။ မည်သူမဆိုဖြေဆိုနိုင်သည်။ ၃။ […]


ညကစာဖတ်ရင်း မျက်စေ့ကညောင်းလာသည်။ အညောင်းပြေလမ်းထလျောက်သည်။ လမ်းလျောက် ရင်း မန်းကဇက်စာအုပ်အကြောင်းရေးဖို့သတိရမိသည်။ တခေါက်ပြန်ဖတ်လေအုံးမှ။ စာအုပ်ကို အိတ်ထဲကထုတ်လိုက်သည်။ရှေ့ဖုံးအတည့် မကိုင်မိ နောက်ကျောဖုံးကို တွေ့လိုက်ရသည်။ခေါင်းစီးတပ်လျက်စာ တပိုဒ်ကိုတွေ့လိုက်ရသည်။ “ဆရာအောင်သင်းရဲ့မုဒိတာစကား” ဆိုပါလားးးးး။ ဆရာအောင်သင်းဆိုသည်နှင့်သူအကြောင်းသိရသလောက်ပြန် စဉ်းစားမိသည်။သူ၏ကလောင်သက်တလျောက် လူငယ်များကို အစဉ်မပျက်ထိန်းကြောင်းတည့်မတ်ပေခဲ့သည်။လမ်းကြောင်းလွဲမှား နေသောလူငယ်များကိုပြန်လည်တည့်မတ်ပေးခဲ့သည်။လိုအပ်သော စိတ်ဓါတ်ခွန်အားများပေးခဲ့သည်။ကျောင်းဆရာလုပ်ခဲ့ဖူးသည့်အလျောက် လူငယ်များကိုသွန်သင်လမ်းပြမူ့ အားအပြည့်နှင့်ဟောပြောပွဲများ၌ဟောပြော သင်ကြားပေးခဲ့သော မှန်သည်ဟုယူဆသောအတွေးများကို မည်သည့် အရာကိုမျှမထောက်ထားတတ်။ဒဲ့ပြောတတ်သောကလောင်ရှင်ကြီးတဦး ဖြစ်သည်။ဆရာအောင်သင်းအကြောင်းပြောရလျှင်မကုန်နိုင်။ သူ၏မုဒိတာစကားကားအဘယ်သို့နည်း။ သူဂျီးပြောဘူးသည့် မြန်မာတွေ နွားနို့ သောက်ကြပါ ဆိုသည့်အတိုင်း ဆရာအောင်သင်းက မန်းကဇက်စာမူ ရှင်များအား စိတ်ဓါတ်ခွန်အားနို့တိုက်ကြွေးပေးခဲ့သည်ဟုဆိုချင်ပါသည်။ တဖန်စာမူရှင်များသာမက ကျနော်တို့အားလုံးကိုပါတိုက်ကြွေးသကဲ့သို့ ဆရာအောင်သင်း၏မုဒိတာစကား ကိုဖတ်မိပြီး စာစိတ်ပေစိတ် သာမက မေတ္တာစိတ် ဂရုဏာစိတ် မုဒိတာစိတ် များပါ ပိုမိုရှင်သန်လာသည်ဟုခံစားမိပေသည်။ တပိုဒ်လျှင်တပိုဒ်ဆိုသလို ထိမိလှပါပေသည်။ နောက်စာမျက်နှာ ၅ ကို ဆက်ဖတ်ကြည့်သည်။ […]


မင်္ဂလာပါ။ ဒီနေ့တော့မိုးအေးအေးနဲ့ သူကြီးအမှာစာဖတ် ကြစို့။ အမှာစာရေးမည့်အချိန်နဲ့သူကြီးကားမောင်းခရီးရှည်နဲ့ တိုက်ဆိုင်ကြောင်းသိရသဖြင့် နဲနဲပြုံးမိသည်။ မျက်စေ့ထဲ ကားမောင်းလိုက် ရှု့ခင်းဓါတ်ပုံရိုက်လိုက် အမှာစာရေးဖို့ စဉ်းစားလိုက် ။ အရေးထဲစဉ်းစားရင်းနွားခြံတွေနားရောက်တော့ မျက်နှာရှုံ့မဲ့သွားလိုက် မြင်ယောင်မိသည်။ အော်သူ့ခမျှာ အချိန်တွေ လုနေရပါလား။ မန်းကဇက်စတင်ထူထောင်ခဲ့ပုံများ ကိုရေးသားဖော်ပြထားသည်။ မင်းတုန်းမင်းလက်ထက်မှစတင်ထူထောင်ခဲ့သော သတင်းစာအမည် ကို us law နဲ့ ကင်းလွတ်ကြောင်း သိရသည်။ “ငါမကောင်းငါ့အကြောင်းရေးးး…………………”စသည့်စကားတော့ သူကြီးကရေးမထား။(ရေးစရာမှမလိုတာ:mrgreen:) နောက်စတင်တည်ထောင်ရပုံများ တွေ့ကြုံရသောအခက်အခဲများ ဒုက္ခများဖတ်ရသည်။ အတော်ဒုက္ခခံနိုင်သောသူဟုသာပြော လိုက်ချင်ပါသည်။ နောက်အယ်ဒီတာ့ဘဝ တစေ့တစောင်း သိခဲ့ရသည်။ ကြုံရဆုံရ ပြသနာများပြောအပြီး ရွာ့အသီးအပွင့် အောင်မြင်မူ့များ အားပါးတရ သိရပြန်ပါသည်။ ကမ္ဘာ့အလယ် ထည်ဝါခဲ့ပုံများ ရွာသူားများ၏ တွေ့ဆုံပွဲများ။အလှူဒါနများ အစရှိ သည်များကိုပြောကြားသွားပြန်ပါသည်။ နောက်ဆုံးသူကြီးစကားကိုတော့ဒီအတိုင်းပြန်မျှပေးလိုက်ပါတယ်။ “ထိုသို့သော အရွယ်စုံ မတူလွှာအသီးသီးတို့၏ […]


မန်းကဇက်ချစ်သူများ၏ အမှတ်တရစုစည်းမူ (၁) စာအုပ် လက်ထဲရောက်ရှိလို့လာပါပြီ။ စာအုပ်ရပြီဆိုတော့ ဖတ်ဖို့ မှတ်ဖို့ လေ့လာဖို့ သင်ယူဖို့ ခံစားဖို့ တာဝန်ရှိလာပြန်သည်။ အပြာရောင်နောက်ခံ အဝါရောင်စာလုံးများဖြင့် သပ်သပ်ရပ်ရပ်စာအုပ်အသွင်အပြင်ရှိသည်။ စာအုပ်အဖုံတွင် ဖော်ပြချက် မှန်သမျှသည် စာအုပ်၏ မူလရည်ရွယ်ရင်းကို ကိုယ်စားပြုသည်ဟုလည်းခံစားမိပါသည်။ အပြာရောင် နောက်ခံ အဝါရောင် စာလုံး ဒေါင်းတံဆိပ် Member Only အစရှိသည်များသည် အဓိပါယ်မဲ့ မဟုတ်သည်ကသေချာသည်။ နောက်စာအုပ်၏ သမိုင်းမှတ်တမ်းကိုလည်းဒီလို သိခဲ့ရသည်။ ပထမအကြိမ် အုပ်ရေ-၅၀၀ ထုတ်ဝေသည့်ကာလ- ဇူလိုင်လ ၂၀၁၃ ခုနှစ် ဒါကလည်း ကဇက်စာပေ ပုံနှိပ်သမိုင်းပင်မဟုတ်ပါလား။ နောက်မာတိကာ။ ၁ မှ ၁၆ ထိတွေ့ရသည်။ ဒီထိတော့ဖတ်ရပြီ။ နောက်ပိုင်းသိချင်ရင်ဆက်ဖတ်ကြပါ


https://m.facebook.com/home.php?_mn_=2&refsrc=https%3A%2F%2Fwww.facebook.com%2F&refid=9&_rdr#!/photo.php?fbid=274319549375225&id=100003915476655&set=a.233741200099727.1073741827.100003915476655&refid=52 အလေးထားရမဲ့သူတွေ ———————- မင်းခန့်ကျော် ခုတလောလိုင်းတွေမရတလှဲ့ ရတလှဲ့ နဲ့ အွန်လိုင်းပေါ်တက်တိုင်း ပြန်ပြန်ကျနေတာနဲ့ လုပ်ချင်တာမလုပ်ရ။ဟိုစပ်စပ်ဒီစပ်စပ်လည်းမလုပ်ရနဲ့။ အတော်ကိုခွကျသဗျာ။ ဒီအတိုင်းလဲအငြိမ်မနေနိုင်တော့ ဒီနေ့ ဖတ်မိတဲ့အကြောင်းအရာလေးထဲ ကအပျင်းပြေရှယ်ချင်တာလေးတခု သတိရလို့ တွေးဖို့လေးတခု ပြန်မျှ လိုက်ပါတယ်။ ဆိုကြပါစို့ ။ ခင်ဗျာကိုယ်ခင်ဗျားအ စက်တစက်အနေနဲ့သတ်မှတ်ထား လိုက်ဗျာ။ အောက်ကပုံအတိုင်းစက်ဝိုင်းရဲ့အလယ်မှာရှိနေတယ်ပေါ့ဗျာ။ အလယ်မှာထားရတဲ့အကြောင်းက ဥပမာ – ခင်ဗျားကအပြင်းဖျားနေ တယ်။ခံစားနေရတယ်။ စားချင်စိတ် လဲမရှိ။သွားချင်တာမသွားရစားချင် တာမစားရ အတော်ဂွကျနေတယ်ပေါ့။ ဒီလိုမ ဖြစ်ချင်ဘူး။အမြန်ပြန်ကောင်းချင်တယ်။ ပြန်ကောင်းဖို့ခင်ဗျားနည်းမျိုးစုံနဲ့ ကြိုးစားမယ်။ ဒါကြောင့်ခင်ဗျားက ကိုယ့်ကိုကိုယ် အလေးထားတယ်။ ကိုယ့်အတွက် သိတတ်တယ်။ဒါကြောင့်ခင်ဗျားကို စက်ဝိုင်းအလယ်မှာကျနော်ထား လိုက်တာ။ ဟုတ်ပြီ။ အဲဒီဖျားနာ တာကခင်ဗျား မဟုတ်ပဲ ခင်ဗျားရဲ့အရင်းနှီးဆုံး သူတွေဖြစ်နေရင်။ ခင်ဗျားအနေနဲ့ မင်းဖျားမဲ့အစား ငါသာဖျားပေးလိုက်ချင်တယ်ဆို လောက်တဲ့ […]


ဤပိုစ့်ကိုဝင်ရောက်ဖတ်ရှု့ကြသောသူအပေါင်းအား မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေကြောင်းရှေးဦးစွာ နုတ်ခွန်ဆက်အပ်ပါတယ်။ အသက်ကဒီအတိုင်းငြိမ်ငြိမ်လေးမနေ။ဆက်တိုက်တဖြည်း ဖြည်းချင်းကြီးလာတာမို့အရင်ကအကြောင်းတွေ ဖတ်မိတာ တွေ ကြည့်မိတာတွေ ကြုံရဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတော့ အများအားဖြင့်ခပ်ရေးရေးတော့ပေါ်မိသား။ ဒါကြောင့်မှတ်မိတာလေးတခုကို ပြောချင်တာလေးနဲ့ပြောမလား စိတ်ကူးမိပါတယ်။သိပ်မမှတ်မိပေမဲ့ကြောရိုးကလေးကိုအားပြု ပြီး လက်ရှိအတွေးနဲ့ ဖြည့်စွက်ပြီးစာမလှ လှအောင်ပြောပေး ပါမယ်။ (ကျနော်ကစာရေးရင် အချက်အလက်စုခြင်း အကြမ်း ရေးထားခြင်းမရှိ ပဲ စိတ်ကူးပေါ်ရင်ပေါ်သလိုကောက်ရေးတာမို့ စာမချောတတ်သည်ကိုမိမိကိုယ်မိမိသိရှိပါကြောင်း ဟီးး တီဗီရုပ်သံအစီအစဉ်တွင်လား။ ဗီဒီယို(တိတ်ခွေ) ဖြင့်လောသိပ်မမှတ်မိ ပြိုင်ပွဲတပွဲကြည့်ဖူးသည်။ ပြိုင်ပွဲဝင်လိုသူများအဖွဲ့လိုက်စာရင်းပေးသွင်း ၍ပြိုင်ပွဲဝင်ရသည်။တဖွဲ့ လျှင် ရ ယောက်ခန့်ပါဝင်သည်။ အဖွဲ့ ၅ ဖွဲ့ ပါဝင်စာရင်းပေးသည်။ ဘာပြိုင်ပွဲမှန်းကြိုပြောထားပုံမရ။ အဖွဲ့တဖွဲ့ချင်း စီတွင်အမျိုးသမီး အမျိုးသား ရောရက်ပါသည်။ စာရင်းပေးသွင်သူများ အားပြိုင်ပွဲကြီးကြပ်သူတစ်ဦးမှ (အမျိုးသမီးများအား)ဘောင်းဘီ လဲဝတ် စေသည်။ စကတ်တိုရှည်ဖြင့်ပြိုင်ပွဲဝင်ခွင့်မပြု။ အားလုံးပြိုင်ပွဲဝင်ဖို့အသင့် ဖြစ်နေကြပြီ။ပြိုင်ပွဲဝင်မည့်သူများ ကလဲ ဘာပြိုင်ရမှန်းမသိသော်လည်း […]


နာကျင်ယောင်ကိုင်းနေသောနေရာကို သက်သာပျောက်ကင်းစေရန် ဆေးဆီလူးပေးရမည့်အစား မနာကျင်မယောင်ရမ်းသောနေရာကို တလွဲ ဆေးဆီလူးပေးခြင်းဖြင့် အနာတခြားဆေးတခြား ဖြစ်ရပ်မျိုး လုပ်ဆောင်နေခြင်းကို မြန်မာစကားပုံတွင်”မယောင်ရာဆီလူး” ဟူ၍ တင်စားထားသည်။ ယောင်ကိုင်းနေသောအနာအတွက်လည်း အကျိုးမရှိ လူးရသည့်ဆီလည်းပြုန်းတီးရသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဖြစ်အပျက်လေးတခုကိုပြောပြလို ပါသည်။ ကျွန်တော်နေထိုင်သောရပ်ကွက် သည် ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီး၏အနောက်ဘက်ပိုင်းတွင်တည်ရှိပါသည်။ ရပ်ကွက်၏မြောက်ဘက်တွင် မန္တလေးမြို့ အတွင်းပိုင်းရပ်ကွက်ကြီး များအစီအရီရှိသည်။ကျွန်တော်တို့ရပ်ကွက်သည် အဆိုပါမြို့တွင်းပိုင်း ရပ်ကွက်များထက်မြေမျက်နှာနှိမ့်သည်။ ထို့ကြောင့်မန္တလေးတွင်မိုး အနည်းငယ်များများရွာတိုင်း မြေနှိမ့်ရာကျနော်တို့ရပ်ကွက်အတွင်း လှိမ့်၍ဝင်လာလေ့ရှိသည်။ ရေသည် တရက်နှစ်ရက်နှင့်မကျတတ်။ တခါတရံ တပတ်ခန့် (မိုးဆက်မရွာပါက)နေမှရေကျသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့ရပ်ကွက်မှရေများစွန့်ထုတ်ရာလမ်း ကြောင်းမှာ ကားလမ်းမ၏အရှေ့ဘက် ကိုလံဘို မြောင်းမကြီးဆီ စီးဝင်ရာ လမ်းကူးမြောင်းသည် လိုအပ်သည်ထက် သေးငယ်နေသော ကြောင့်ဖြစ်သည်။ မြောင်းမှာသေးငယ်ရသည့်အထဲ အမှိုက်များတစ် ဆို့နေတတ်ခြင်းကြောင့်လည်းဖြစ်သည်။ ထိုအခါကျနော်တို့ အမျိုးသား များ […]


ကဲ………… လေထီး အန် ဂျဲတမန်းများခင်ဗျာ ကျနော်ပြောတတ်သလိုဒဲ့ပြောပါမည်ခင်ဗျာ။ ပြောပါမယ်ဆိုတယ် ဘယ်ကစပြောရပါ့။ အင်းလေ ပြောတတ်သလိုဆိုမှတော့ စတတ်သလို ပဲစပြောမယ်။ပြောဖြစ်ရတဲ့အကြောင်းကတော့မနေ့ကပိုစ့် တပုဒ်ကြောင့်ပါ။ ရှေးဦးစွာ ပိုစ့်ပိုင်ရှင်နဲ့မန့်တဲ့သူများကို ဝေဖန်ခြင်း ကဲ့ရဲ့ခြင်း မြှောက်ပေးခြင်း ကြော်ငြာပေးခြင်းမဟုတ်ပါကြောင်း တောင်းပန် အပ်ပါတယ်။အဓိကကတော့ စာပါအကြောင်းအရာများကိုသာ ရွာ့ အကျိုးရှိမည်ထင်သော အကြောင်းပြောချင်တာပါ။ ကွန်မန်းပေးရင်နဲနဲပေါ့မှာရယ် ကွန်မန်းပြန်ရှာဖတ်ရတာခုတလော ကျနော်ဆီက ကွန်နက်ရှင်နှေးနေတာရယ်ကြောင့်ပါ။ ဒီပိုစ့်ကတော့ ကျွန်တော်ချစ်သော ပတ်ဝန်းကျင်/Rich Environment =Gazette အလင်းစက်ရဲ့ပိုစ်ပါ။ ကွန်မန်းကိုညွှန်းချင်တာက အရှေ့တောင်အာရှမှာ ………………………နဲနဲရှည်နေလို့ ဒီလောက်ဆို သိမှာပါ ။ ကဲဒဲ့ပြောပါမယ်……………… ပိုစ့်ကို ထောက်ခံတယ်။ ကွန်မန်းကိုထောက်ခံတယ်။ ဒါဆိုဘာလိုလဲ? ဟုတ်ကဲ့ ပိုစ့်နဲ့ ကွန်မန်းက ဆန့်ကျင့်ဘက် သဘောမျိုးဖြစ်နေတယ် လို့ထင်ပါတယ်။ ဒီမှာအဓိကပြောချင်တာက ကွန်မန်းပါအကြောင်းအရာပါ။ ပိုစ့်ကတော့ပြောစရာမရှိ့ ok. […]


ပထမပိုင်းအတွက် ကျနော် အဆိုးမြင်သမား အဲဒီမှာ ဖတ်နိုင်ပါတယ်။မမျော်လင့်ပဲအချိန်ပိုထွက်လာလို့ အဆုံးသတ်နိုင်ခဲ့တယ်ဗျာ။ ************************************************ ဒီနောက်ပိုင်း နေရာအနှံ့ pk တွေရဲ့ လုပ်ပေါက်တွေကိုသတိထားထားလာမိတယ်။ မြို့အထွက် (မတ္တရာ) လမ်းမှာလဲ အုပ်စုလိုက် လာသမျှလိုင်းကားတွေတားပြီး လက်နဲ့ ကားပေါ် ကလှမ်းပေးသမျှယူနေတာမျိုး။ အသိတွေကလဲ ဒီနေ့အဖမ်းခံရတာဒီလောက်နဲ့ကြေးပြတ်သွားတယ် ဆိုတာမျိုး တမျိုးမဟုတ်တမျိုးကြားရ မြင်ရတော့ အသိထဲကြာကြာစွဲလာတယ်။ pk နဲ့ တွေ့ရင်မလွယ် ဘူး။သူတို့နဲ့လွတ်အောင်ရှောင်ရမယ်။ သူတို့ကအတော် ဆိုးတဲ့ သူတွေ ဆိုပြီး pkတွေအပေါ်အဆိုးမြင်ပါတော့တယ်။ ဒါကြောင့်သူတို့ရန်ကလွတ်အောင် စည်းကမ်းတကျ မောင်း တယ်။လိုအပ်တဲ့ အထောက်အထားအစုံယူတယ်။ ယဉ်ကို လဲ အင်္ဂါစုံအောင်စစ်တယ်။အားလုံးပြည်စုံမှ လမ်းပေါ်တက် တယ်။pk တွေကိုအဆိုးမြင်တော့ ဒီလိုအကျင့်လေးရလာတယ်။ ယဉ်မထွက်ခင်စစ်ဆေးတဲ့အကျင့်စွဲလာတယ်။လမ်းစည်းကမ်း လိုက်နာပြီးမောင်းတဲ့အကျင့်စွဲလာတယ်။ အဆိုးမြင်တခုကနေ ရလာတဲ့ အစွဲ တခု ။ အကျင့် […]


စိတ်တခုတွင်ကြာမြင့်စွာခိုတွယ်နေသည့် အစွဲသည် သင်၏အမူအကျင့်သို့ပြောင်းလဲသွားသည်။အမူအကျင့် တခုဖြစ်လာသည်နှင့်နေ့စဉ်ပုံမှန်လုပ်ငန်းတခုသဖွယ် အထူးအားမထုတ်ရပဲအလိုအလျောက်ဖြစ်ပေါ်နေသည်။ ထိုသို့သောအစွဲ အကျင့် တခုသည် တစုံတရာ ဖြစ်ပျက်မူ့အပေါ်မှားသည် မှန်သည် လက်ရှိအချေအနေ နှင့်ကိုက်ညီမည်လာ အစွဲကိုပြောင်းလဲပစ်ရမည်လား တခုသောမနက်ခင်းတခုတွင် ကျနော် တို့ (ဇနီးနှင့်) ပုံမှန်ရုံချိန် အနည်းငယ်နောက်ကျ သောမနက်တခုဖြစ်ခဲ့သည်။ဇနီး က ခေါင်းလျော်နေ ခြင်းကြောင့်၎င်း ကျောင်းသွားမည့်သားငယ်အားပြင် ဆင်ပေးရခြင်း အစရှိသော အိမ်ကိစ္စများကြောင့်ဖြစ် သည်။ဆိုင်ကယ် နောက်တွင်လိုက်ပါလျက် မခြောက် သေးသောဆံပင် အမြန်ခြေက်စေရန် ဇနီးဖြစ်သူက ဆိုင်ကယ်စီးဦးထုတ်မဆောင်း။ကျနော်လည်းသတိမထား မိ။ခါတိုင်းသွားနေကျလမ်းအတိုင်းသွားပါက မီးပွိုင့် များ၍ အနည်းငယ်ပိုဝေးသော်လည်း မီးပွိုင့်နည်း သောလမ်းကြောင်းဘက်သို့ချိုးကွေ့သည်။ အကွေ့ ခပ်လှမ်းလှမ်းတွင် ဆပ်ပလိုင်းချက်ကဒီနေ့မှလာရှိ နေသည်။အိုးးးး ကိုယ်ကအစုံပဲဘာဖြစ်တုန်း။အမျိုး သမီး pk နှစ်ယောက်က လှမ်းတားသည်။ အမျိုး သား pk သုံးယောက်လောက်က မောင်းပြေးလျှင် […]


တိုက်ပွဲတပွဲတပွဲကား ပြီးဆုံးသွားခဲ့လေသည်။တိုက်ပွဲတပွဲနှင့်တပွဲအ ကြားပါဝင်သူများ၏ကိုယ်ရေးအချက်များရှာဖွေ တင်ပြရန် အားထုတ်နေမိသည်။ဘိုနီအကြောင်း တင်ပြရန်စီစဉ်ထားသော်လည်း လောက၌ထင် မှတ်မထားနိုင်သောအကြောင်းတရားများကြောင့် ဘိုနီအကြောင်းမေ့ထားကြပါစို့။ ဖြစ်ရပ်ကထူးဆန်းလှသည်။ကြောင် ဟူသောသတ္တဝါတို့ တစ်သိန်းတွင်တကြိမ်ဖြစ် တောင့်ဖြစ်ခဲ ကိစ္စဖြစ်ခြင်းကြောင့် သူ့အကြောင်း ရေးရန်ဦးစားပေးကိစ္စဖြစ်လေသည်။ ဘိုနီ ဆာမူရိုင်းရှည့်တို့ နှင့်တိုက်ပွဲ ဝင်ခဲ့သော ကိုရွှေကြောင် ။ ၎င်းသည် အမိ ဒေါ်ကြောင်ဝါ အဖ ကြောင်မျိုးစုံ တို့မှ မွေးဖွား လာသောဒုတိယ ထွက် ကြောင်ဖြစ်သည်။ ၎င်းမှာငယ်စဉ်ကပင်သွက်လက်ချက်ချာသည်။ ဉာဏ်ရည်ထက်မြက်သည်။အရာရာစူးစမ်းလိုသော အကျင့်ရှိသည်။အသံချိုသည်။ နုတ်လျှာ အာရွှင် သည်။(ထို့ကြောင့် မ တို့ဝိုင်းဝိုင်းလည်သည်။) ကြောင်တို့တပ်အပ်သောအတပ်ပညာများ အရွယ် မတိုင်ခင်ကနောကျေသည်။ဤကဲ့သို့အရွယ်ရောက် လာသောအချိန်တွင် ၎င်း၏သခင်မလေး/သခင်လေး တို့ကျေးဇူးဖြင့်ကွန်ဖူးပညာတမျိုးတတ်လာရသည်။ အကြောင်းမှာ သခင်များက DVD ဇာတ်လမ်းတွဲ များကြည့်ရာတွင် “သို်င်းလက်ဝါး” “နဂါးနိုင်ဓါး” “သွေးလက်ဝါး” “မိစ္စာ […]


ပြီးအောင်ထိတော့ရေး ထားတာပဲ တင်တော့မှ တဝက်ပဲပေါ်တယ်။ ကွန်မန့် ကလဲပိတ် (ဘာနှိပ်မိသလဲမတိ) တင်တဲ့ပုံစံကလဲ ဒီမှာခဏခဏပြောင်း ဒီမှာမရေးတာမို့ ဖတ်ဖို့မချိပါ 😆