min min myintJuly 28, 20111min26614
ကုမ္မဏီတခုရဲ့ကုန်ပစ္စည်းကြေညာရိုက်ရန်အတွက်ကုမ္မဏီပိုင်ရှင်လင်မယားဟာသရုပ်ဆောင်သစ်ရွေးချယ်ရန်လူတွေ့စစ်ဆေးနေပါတယ်။ သရုပ်ဆောင်သစ်လာလျှောက်တဲ့လူတွေထဲမှာလူပေါင်စုံပါတာပေါ့။သူ့စတိုင်နဲ့သူပေါ့လေ။ပထမလူကဂျိမ်းဘွန်းအိုင်တင်အမျိုးမျိုးလုပ်ပြတာပေါ့။ နောက်တယောက်ကရှာကိးရားအိုင်တင်ပေါ့။နောက်တယောက်ကမိုက်ကယ်ဂျက်ဆင်အိုင်တင်၊နောက်တယောက်ကဂျက်စတင်ဗီဘာအိုင်တင်၊ နောက်တယောက်ကအင်ဂျလီနာဂျိုလီအိုင်တင်၊နောက်တယောက်ကျတော့ဂျက်ကီချမ်းအိုင်တင်စသည်ဖြင့်အမျိုးမျိုုးလာရောက်ယှဉ်ပြိုင်ကြတာပေါ့။ ကုမ္မဏီပိုင်ရှင်လင်မယားကအဲဒီအမျိုးမျိုးသရုပ်ဆောင်ပြတဲ့လူတွေကိုကြည့်ပြီးမျက်စိတွေလည်းနောက်ခေါင်းတွေလည်းမူပြီးစိတ်မကြည်မလင်ဖြစ် နေတာပေါ့။အဲဒီအချိန်မှာဘဲစိတ်တ္တဇဆေးရုံကအရေပေါ်ကားကအရေးပေါ်အချက်ပေးသံနဲ့အတူအဲဒီရှေ့ကိုရောက်လာရော။ကားထဲမှာလည်းဆရာဝန်၊ ဆရာမ၊သူနာပြုတွေနဲ့အကူဝန်ထမ်းတွေလည်းပါတာပေါ့။အရေးပေါ်ကားသံလည်းကြားရောအထဲကလူတွေအားလုံးပျာယာခတ်ကုန်တာပေါ့။ အဲဒါဘာဖြစ်လို့လဲဆိုတာစဉ်းစားကြည့်လိုက်တော့နော်။