minhtettharDecember 3, 20121min800
ကျွနုပ်တို့၏ မန္တလေးတွင် အကြီးအကျယ်မီးလောင်မှု နှစ်ခုဖြစ်ပွားခဲ့ရာ ကျွန်တော်တို့ အောင်မြေသာစံ မြို့နယ်အကွက် အမှတ်၁၅၄နှင့် ၁၅၅ မှာ မီးဘေးဒုက္ခမှ လွတ်မြောက်ခဲ့ပါသည်။ ဒါပေမဲ့ ယခုအခါတွင် ကျွန်တော် တို့အားမီးလောင်မြိုက်တွင်းသို့ ပို့ချင်သူတစ်ဦးပေါ်ထွက် လာခဲ့ပါပြီ။ ကျွန်တော်တို့ရပ်ကွက်အတွင်းတွင် ဓါတ်ဆီသိုလှောင်ရေးနှင့် ရောင်းဝယ်ရေး လာလုပ်ခြင်းဖြစ်ပါသည်။ အမြန်လမ်းမများနှင့် မြို့ပြင်များတွင်သာ ဖွင့်ခွင့်ပြုသည့် ဓါတ်ဆီဆိုင်ကဲ့သို့ လာရောက်ဖွင့်လှစ်ရန် ဆီဆိုင် ဆောက်ခြင်း၊ ဆီသိုလှောင်ခန်း တူးဖော်ထားခြင်းဖြစ်ပါသည်။ လူမှုရေးအရ၊ စီးပွားရေးအရ လုံးဝလက်မခံနိုင်သည့် ကိစ္စရပ်ဖြစ်ပါသည်။ လူမှုရေးအရ လက်မခံနိုင်ခြင်းမှာ ဤကဲ့သို့သော အန္တရာယ်ကြီးသည့် ကိစ္စရပ်မျိုးတွင် ရပ်ကွက်၏ အရှေ့(၁၀)အိမ်၊ အနောက်(၁၀)အိမ်၏ လက်ခံခွင့်ပြုချက်ပါမှသာ ဖွင့်လှစ်နိုင်ပါသည်ဟု သိရှိရပါသည်။ သို့သော် အဆ ိုပါစီးပွားရေးသမားမှာ ကျွန်တော်တို့ရပ်ကွက်၏ ခွင့်ပြုချက်နှင့် အိမ်များ၏ခွင့်ပြုချက် မရပါပဲနှင့် လာရောက်ဆောက်လုပ်ပြီး ဖွင့်လှစ်ရန် […]


minhtettharApril 1, 20121min1426
ခေါင်းစဉ်လေးက စိတ်ဝင်စားအောင် လုပ်လိုက်တာပါ။ဟိဟိ…..။ မန်းလေးတွင် Mandalay Gazette ရွာသူရွာသားများတွေ့ဆုံပွဲလုပ်ချင်ပါသည်။ လုပ်သင့် မသင့် အကြံဉာဏ်လေးပေးကြပါဦး။ နေရာ- အချိန်- နေ့ရက်- ကိုတော့ ရွာသူရွာသားများ အကြံပေးတဲ့ အတိုင်းလုပ် ချင်ပါတယ်ခင်ဗျာ။   ကျွန်တော်ဒီလိုမျိုးလေးလုပ်တယ်ဆိုတာကလဲ ရွာသူရွာသားအချင်းချင်း ပိုမိုရင်းနှီးလာဖို့ ပေါ့ဗျာ…။


minhtettharSeptember 1, 20111min1512
ဒီအကြောင်းလေးက…ကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူး…Facebook ထဲကနေတွေ့လို့…ပြန်လည်ရေးသားလိုက်တာပါ။ တစ်နေ့က…ကျောင်းတစ်ကျောင်းက စာသင်ခန်းတစ်ခုမှာ…ကျောင်းဆင်းခါနီးကျတော့… ဆရာမကသူ့တပည့်တွေကိုပြောတယ်…. “ကဲဒီနေ့…ဆရာမမေးခွန်းတစ်ခုမေးမယ်…ဆရာမမေးတဲ့မေးခွန်းမှန်အောင်ဖြေနိုင်ရင်…ကျောင်းဆင်းလို့ရပြီ။”…လို့ပြောလိုက်တယ်။ အဲဒီမှာ…ကျောင်းသားတစ်ရောက်က သူ့လွယ်အိတ်ကို အခန်းအပြင်ဘက်ကိုလွှင့်ပစ်လိုက်လေရဲ့။ ဒါနဲ့ဆရာမက “ဘယ်သူပစ်လိုက်တာလဲ” တဲ့။ ဒီလိုနဲ့ လွယ်အိတ်ပစ်လိုက်တဲ့ကျောင်းသားက “ကျွန်တော်ပါဆရာမ” လို့ပြောပြီး စာသင်ခန်းထဲကထွက်သွားတယ်။ ဒီလောက်ပါပဲ ခင်ဗျာ ကျေးဇူးတင်ပါတယ်။


minhtettharJune 9, 20111min18912
သူငယ်ချင်းတို့ရေ…ဒီတပတ်တော့…..နှစ်သစ်မေးခွန်းလွှာအကြောင်းလေးပါ….။ ပွကြီး…ရဲ့…အိမ်သာဗျူး…အဲလေ…အင်တာဗျူးအစီအစဉ်မလာသေးတာတောင်းပန်ပါတယ်။ ဒါလေးလဲကြည့်ကြည့်ပါဦး…။ပျော်ရမှာပါ။ တချို့သူငယ်ချင်းတွေသိပြီးသားလဲဖြစ်မှာပါ…မသိတဲ့သူငယ်ချင်းများအတွက်ပါဗျာ….။ ၂၀၁၂ ခုနှစ် ၁ဝ တန်း မြန်မာစာ မေးခွန်းလွှာ ၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။ အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။ (ခ) အောက်ပါနာမ်တို့ကို “ကွက်လပ်” တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။ နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။ (ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။ အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။ ၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။ အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊ မနည်းဘူးဟ၊ မခံနိုင်ဘူး။ (ခ) အောက်ပါတို့မှ […]


minhtettharApril 16, 20111min1063
သူငယ်ချင်းရဲ့…ဟာသလေးတစ်ခုရယ်ရလို့ဝေမျှလိုက်ပါတယ်စာသားကတော့နဲနဲပြောင်းထားတယ်။ ယခုအပတ် အရမ်းအရမ်း ဖလန်းဖလန်းထရဲ့ မေးလိုရာမေး ဖြေချင်တာဖြေမယ် အင်္စီအစဉ် ကို စီစဉ်သူပွကြီး၊ တွေ့ဆုံမေးမြန်းသူပွကြီး၊ ပြန်လည်ဖြေကြားသူ ပွကြီး တို့က တာဝန်ယူစီစဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။. “ဖြောင်း….ဖြောင်း…ဖြောင်း.”(လက်ခုပ်တီးတာနော် ..ပရိတ်သတ်လဲကိုယ်ဘဲလေ) စတိတ်စင်ကြီးတစ်ခုလုံးမှာ မီးရောင်စုံ ဆလိုက်များ ၊ နောက်ပြီး မီးခိုးငွေ့များ ၊ရေပူဖောင်းများနဲ့ ကြီးကျယ်လှပနေပါတယ်။ စတိတ်စင်အောက်က ပွဲကြည့်ခုံ ဆိုဖာတွေမှာမှီပြီး ကြည့်နေသည့်ပရိတ်သတ်များမှာ ခန်းမကြီးပြင်ဆင်ထားပုံကို သဘောကျစွာ တီးတိုးပြောနေတဲ့အချိန်မှာဘဲ “ငါတော့မေ့လို့မရတော့ဘူး ချစ်ဆုံးရေ..” အခန်းပတ်ပတ်လည်ဘောက်များမှ ညင်သာစွာထွက်ပေါ်လာသော အသံညောင်နာနာက ပရိတ်သတ်များထဲသို့ စူးကနဲဝင်ရောက်သွားတယ်ဆိုရင်ဘဲ စတိတ်စင်နောက်မှ အသံတစ်ခုသာယာစွာထွက်ပေါ်လာပါတယ်။ “ယခုစီစဉ်တင်ဆက်သူက ကို့ယို့ကားယား ဖက်ရှင်ကို သူနဲ့ လိုက်ဖက်ညီစွာ ဝတ်ဆင်ပြီး ထွက်လာပါပြီ။ သူကတော့ ပရိတ်သတ်တွေ တခဲနက်အားပေးနေတဲ့ မစ်ဆတာပွကြီးဘဲဖြစ်ပါတယ်” ကို့ယို့ကားယားဖက်ရှင် ခေါ်င်းစဉ်နဲ့ညီစွာ ပွကြီးသည် အကျင်္ီပွပွကြီးကို […]


minhtettharMarch 24, 20111min1033
ကျွန်တော်..တောင်..ပို့စ်မတင်တာကြာပြီ…အခုလဲ…သူငယ်ချင်းတွေရယ်ရမယ်လို့ထင်တဲ့….ဟာသ…တစ်ပုဒ်တင်လိုက်ပါတယ်… သိပြီးသားလူလဲရှိမှာပါ…မသိသေးသူတ ဒီနေ့ ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ ’’ အမေ – ဒီ ‘‘I don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ ကျွန်တော် – ‘‘ကျွန်တော်မသိဘူး’’ အမေ – နင့်ကို တက္ကသိုလ်ထားတာ ၃ – ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကိုမသိရတာလဲ။ ကျွန်တော် – “မဟုတ်ဘူး။ကျွန်တော်မသိဘူး’’ ပါဆို အမေ – ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$ ^#&.. (တစ်ချီဆော်လိုက်တယ်…) အမေ – ‘‘I know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်သိတယ်မဟုတ်လား။ ပြောပြစမ်း” ကွန်တော် – […]


minhtettharJanuary 3, 20111min1669
Accept(လက်ခံခြင်း) “လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး” သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။ Belief (ယုံကြည်ခြင်း) အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ Care (ဂရုစိုက်ခြင်း) တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ “အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို “မိုးအေးပြီနော်… အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။ Devoted (သစ္စာခိုင်မြဲသည်) လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။ Enjoy (ကျေနပ်စွာခံစားသည်) […]


minhtettharDecember 7, 20101min510
သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမဝင်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။ Q – Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ […]


minhtettharNovember 30, 20101min520
”အခုတလော အမေရိကန် ဒေါ်လာဈေးက ကျနေတော့ သွင်းကုန်တင်သွင်းတဲ့ သူတွေက တော်တော်များများ တင်သွင်းလာကြတယ်။ ဒေါ်လာဈေးကျတော့ တင်သွင်းရတာ တန်တယ်လေ။ ဒါပေမယ့် ပို့ကုန်သမားတွေကျတော့ ငွေပြန်ဖော်ရတာ မလွယ်တော့ သိပ်မပို့နိုင်ကြဘူး။ အခု အခြေအနေအရတော့ trade imbalance ဖြစ်စေတယ်”ဟု ကုန်တင်သင်္ဘော ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။ ထို့ပြင် ဒေါ်လာဈေး အတက်အကျ၊ အပြောင်းအလဲ ဖြစ်ပေါ်နေမှုများကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်လျှောက်ထားရာတွင် ငွေကြေးအမျိုးအစား ပြောင်းလဲလျှောက်ထားမှုများလည်း ရှိနေကြာင်း၊ လုပ်ငန်းရှင်များ ကိုယ် တိုင် လုပ်ရကိုင်ရ ခက်ခဲသော အခြေအနေများလည်း ရှိနေကြောင်း သိရှိရသည်။ အလားတူပင် ယင်းကဲ့သို့ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေမှုကြောင့် သင်္ဘောခ နှုန်းထားများလည်း လိုက်ပါပြောင်းလဲနေပြီး ခရီးစဉ်တစ်ခုတည်း […]


minhtettharNovember 29, 20101min1409
အခန်း(၁) (သင်ပုန်းကြီး) “ညအခါလသာသာရေနစ်သေမလားငတ်သေမလား။” အခန်း(၂) (သင်ပုန်းကြီး) “တစ်၊နှစ် =ကိုနာဂစ် သုံး၊လေး =လွတ်အောင်ပြေးငါး၊ခြောက် =ရေထဲရောက်ခုနှစ်၊ရှစ် =မသာဖြစ်ကိုး၊တစ်ဆယ်= ဝဋ်ကျွတ်တယ်။” အခန်း(၃) (သင်ပုန်းကြီး) “ဘယ်ကလာသလဲ။ဘယ်နယ်ကလဲ။အလယ်ကလူအသားဖြူ၏။ခင်ဗျားအလှူ တစ်ပြားမရှုရ ။” အခန်း(၄) (သင်ပုန်းကြီး) “အစားအစာဝါးစားပါ။အသားပါသလား။ငါးပါသလား။ဘီစကစ်ပါသလား။ဘာပဲပါပါ ထားခဲ့ပါ။” အခန်း(၅) (သင်ပုန်းကြီး) “ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန် (ကဗျာ) ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်အမိုးအကာ မဲ့နေတဲ့မနှင်းတို့အိမ်။” အခန်း(၆) (သင်ပုန်းကြီး) “ဖိုးရွှေကြီး ဖိုးရွှေကြီးအလွန်ယုတ်တဲ့ ဖိုးရွှေကြီးဖိုးရွှေကြီးက မိုက်တိုင်ထူခွေးအ ကြီးနဲ့တူတူပါသကွဲ့ မယုံငြား ဒီမှာကြည့်ပါလား။” အခန်း(၇) (သင်ပုန်းကြီး) ” တနင်္ဂနွေ၊ တနင်းလာဗိုက်မှောက် မျှော်နေတာအဂါင်္၊ ဗုဒ္ဓဟူးရောက်လု တစ်ဦးဦးကြာသပတေး၊ သောကြာတစ်ယောက်မှ ပေါ်မလာစနေမှာ သေချာသွား ဘယ်သူမှ မလာအား။” အခန်း(၈) (သင်ပုန်းကြီး) “မုန်တိုင်းကို စက္ကူကပ်အကြံပက်စက် […]


minhtettharSeptember 16, 20101min1013
၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာ ရ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲ ပေးရမည့် မဲပုံး အားလုံးမှာ ထွင်းဖောက် မြင်နိုင်သည့် အဖြူ (အကြည်) ရောင် ပလတ်စတစ် ပုံးများ အသုံး ပြုရမည် ဖြစ်သည်ကို တွေ့ရသည်။ မဲပုံးမှာ အကြည်ရောင် ဖြစ်ပြီး လွှတ်တော် အသီးသီး အတွက် စာတန်း အရောင် များဖြင့် ခွဲခြား သတ်မှတ် ထားကြောင်း တွေ့ရှိရသည်။ မဲပုံးဘေး ဘက်၏ စာတန်းတွင် တိုင်း ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတန်း ခရမ်းရောင်၊ အမျိုးသား […]


minhtettharSeptember 8, 20101min1094
၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား… အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။ ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာသည်။ ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။ မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။ ဖြန်း………………………………….. အံ့ဩစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။ ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။ မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။ ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။ မောင်မောရစ် ။ ။ “The Ten Commandments” ဇာတ်ကားပါ။ ဖြန်း………………………………………. စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။ မောင်မောရစ် ။ ။ ဟုတ်…ဟုတ်.. Sex […]