ကျနော်တို့တိုင်းပြည်မှာလိုအပ်နေတဲ့အရာလေးတွေကိုဖြည့်စည်းပေးနိုင်ဖို့တွေးမိပြီးရေးလိုက်ပါတယ်…။ အကြောင်းက ဒီလိုပါ ကျနော်နေထိုင်ရာ မြို့နယ်လေးမှာဒီကနေ့ညနေ (၀၆း၂၀)နာရီ မလေးစံတော်ချိန်လောက်မှာ မိုးသက်လေပြင်းတိုက်ခိုက်သွားပါတယ်…ကျနော်ဒီမြို့နယ်မှာနေထိုင်ခဲ့တာ(၆)နှစ်ကျော်ရှိသွားပါပြီ၊တစ်ခါမှမကြုံခဲ့ပါဘူး၊လေတိုက်နှုံးဘယ်ပြင်းတယ်ဆိုတာမသိရသေးပါဘူး.. ဒီမှာမိုးရွာတာက မဆန်းပေမယ့်၊လေပြင်းကတော့ဝင်ခဲပါတယ်…(၁၅)မိနစ်လောက်ကလေး လေပြင်းတိုက်လိုက်တာ အိမ်ရှေ့ကအပင်ကြီးတွေတောင်လဲကုန်ပါတယ်…အချို့ကားတွေပေါ်လဲပိကုန်ပါတယ်…ကိုယ်ချင်းစာမိတာက နာဂစ်ဝင်သွားတုံးက ခံစားခဲ့ရတဲ့လူတွေကိုတော်တော်သနားမိပါတယ်…ေဩာ် ကိုယ်တိုင်ကြုံမှပိုပြီးစာနာထောက်ထားတတ်တာလူ့သဘာဝပါပဲ…ကိုယ်ကြုံတွေ့တာဘာမှမဟုတ်ပေမယ့် အိမ်ကတရုတ်ကဒ်မှန်တွေလွင့်စင်ထွက်လာမှာတောင်စိုးမိပါတယ်… အဓိက အကြောင်းအရာကလေပြင်းတိုက်ပြီးလို့ တစ်နာရီလောက်အကြာမှာ လူတွေကိုယ်စီကိုယ်စီလမ်းတွေပေါ်ရောက်လာပါတယ်…နောက်မကြာခင်မှာပဲ မြို့နယ်အပိုင်ရဲတွေ၊မီးသတ်တွေ၊စည်ပင်ကလူတွေ စုစုပေါင်းအင်အား(၅၀)လောက်ရောက်လာကြပါတယ်၊သူတွေမှာလိုအပ်တဲ့ Equipment တွေအစုံအလင်ပါရှိပါတယ်။အချိန်နာရီပိုင်းအတွင်းမှာ လမ်းတွေကိုရှင်းလင်းဖယ်ရှားလိုက်နိုင်ပါတယ်… တစ်မြို့နယ်လုံးကို ညတွင်းခြင်းပြီးပြတ်အောင်ဆောင်ရွက်နိုင်ပါတယ်…ဘယ်သူမှတစ်အိမ်တစ်ယောက်ဓါးမကိုင်ပြီးလိုက်ခုတ်စရာမလိုပါဘူး.. ဘာကြောင့်လဲ..လိုအပ်တဲ့ Equipment တွေကိုမြို့နယ်တိုင်းမှာအစဉ်သင့်ရှိပြီးသားပါ၊မီးသတ် ဆိုတာက Civil Defence လိုအပ်တဲ့ Equipment တွေအပြည့်အစုံရှိဖိုလိုအပ်နေပါတယ်…မင်္ဂလာတောင်ညွန့်မြို့နယ်မှာဖြစ်ပွါးခဲ့တဲ့မီးလောင်ကျွမ်းမူရဲ့ သတင်းဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေမှာ မီးသတ်ရဲဘော်နဲ့အရံရဲဘော်တွေမှာ Equipment တွေပြည့်စုံမူမရှိပါဘူး… Chemical ပစ္စည်းတွေရှိတဲ့နေရမှာ မီးငြိမ်းသတ်နိုင်ရန်အတွက်လိုအပ်တဲ့ Equipment တွေဝတ်ဆင်ထားတွေမတွေ့ရှိပါဘူး၊နိုင်ငံတော်မှ လိုအပ်တာတွေကိုဖြည့်စည်းပေးနိုင်ဖို့တင်ပြလိုက်ရပါတယ်။ လမ်းများစတင်ရှင်းလင်းနေစဉ်။     စင်္ကာပူလောက်မဟုတ်တောင် မလေးရှားလောက်တော့ လိုက်လုပ်နိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်ဗျာ… မြို့နယ်တွင်းကလူတွေ ဘယ်သူကမှ […]


ဧရာဝတီဘလောဒ့်မှ ရရှိပါသည်။အခုပဲဖတ်လိုက်ရလို့ ရွာသူားတွေကို ရှယ်လိုက်တာပါ။ ဒေါက်တာကြီးတို့ကတော့ ကမ္ဘာကျော်တော့မှာပဲ…ဒေါက်တာကြီးရဲ့ အမူမဲ့အမှတ်မဲ့က တိုင်းပြည်အပေါ်မှာ နည်းလေးတော့ အားနာသင့်ပါတယ်…ဒေါက်တာကြီးအတွက် စားပွဲခုံကျင်းနေတယ်ထင်ရင်လည်း ဆိုင်းဘုတ်ကိုခုံအောက်ပို့ထားလိုက်ပေါ့နော်…ဒါမှမဟုတ်လဲ အရင်လိုပဲ ချောင်ထိုးထားလိုက်ပေါ့နော်… http;//www.irrawaddyblog.com/2012/01/dr.html မှရရှိပါသည်။


ဒီနေ့တော့ ဟင်းချိုတစ်မျိုးနဲ့လက်ဆောင်ပါးလိုက်ပါတယ်…အလုပ်အားလပ်ရက်လည်းဖြစ်တော့ အချိန်လည်းရလို့ရေးဖြစ်တာပါ…. ပါဝင့်သည့်ပစ္စည်းများ။      ။ပုဇွန်ကြား၊ကင်းမွန်(ပြည်ကြီးငါး)၊ငါးအသားလွှာ၊ငါးဖယ်လုံး။ ဆလပ်ရွက်၊မုန့်လာဥနီ၊ပဲပြားစိမ်း၊ကြက်သွန်မြိတ်၊ပန်းဂေါ်ဖီပွင့်၊မှိုဖြူ၊ပင်လယ်ရေညှိ စသည်တို့ပါဝင်ပါသည်။ ချက်ပြုတ်ပုံ။        ။ပုဇွန်ကြားကို ခါးလယ်မှခွဲပြီး၊ချေးထုတ်ပါ။နှတ်ခမ်းမွှေးများကို ကျပ်ကြေးဖြင့်ညှပ်ပစ်ပါ။ကင်းမွန်ကို အကွင်း(သို့)မိမိနှစ်သစ်သလိုလှီးပါ၊ငါးအသားလွှာကို ပါးပါးလှီးပြီး။ဆား၊အချိုမှုန့်၊ငရုတ်ကောင်းဖြူ၊နှမ်းဆီမွှေးတို့ဖြင့်အနည်းငယ်နယ်ထားပါ။ငါးဖယ်လုံးက ရယ်ဒီမိတ်အထုတ်တွေသုံးလည်းရပါတယ်။ကိုယ့်ပါသာကိုယ် ငါးကိုခြစ်ပြီးလုံးရင်လည်းပိုကောင်းတာပေါ့နော်…။ ဆလပ်ရွက်သန့်သန့်ကိုရေစင်စင်ဆေးပါ၊မုန့်လာဥနီကို အကွင်းလေးလှီးထား၊ပဲပြားစီမ်းကို၊လေးထောင့်အတုံးလေးတုံး မိမိနှစ်သက်သလိုတုံးပါ။ကြက်သွန်မြိတ်ကို လက်နှစ်သစ်အရွယ်လှီးဖြစ်ထားပါ။ပင်လယ်ရေညှိအနည်းငယ်ကိုတော့ ရေစိမ်ထားလိုက်ပါ။ အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်…မီးဖိုပေါ်မှာ ဟင်းချိုပုဂံလုံးတစ်စာကျော်ကျော်လောက်ရေထည့်ပါ၊ဂျင်းအပြားလေးတစ်ပြားလောက်ထဲ့၊ရေဆူလာလျှင် ပုဇွန်၊ငါး၊ကင်းမွန်၊ငါးဖယ်လုံးထည့်ပါ။ပြီးလျှင် ပဲငံပြာရည်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်၊ခရုဆီကနည်းနည်းထည့်၊ဆားနည်းနည်း။အချိုမှုန်ုနည်းနည်းထည့် အရသာအနေတော်ဆိုရင် ပဲပြား၊မုန်လာဥနီ။ပန်းပွင့်စတာတွေကိုထည့်ပါ၊ဟင်းအချိုအရသာအားလုံးအစဉ်ပြေပြီဆိုရင်… ပုဂံလုံးထဲမှာ ဆလပ်ရွက်ကိုခင်းလိုက်ပါ။ထို့နောက် ဟင်းရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်၊ပြီးတော့မှ ပင်လယ်ရေညှိကိုထည့်ပါ။ဒါဆိုရင် ကိုယ်တိုင်ချက်တဲ့ ပင်လယ်စာဟင်းချိုတစ်ခွက်ရပြီပေါ့… ကဲ…စမ်းသပ်လိုက်ကြအုံး…ရွာသူားတို့ရေ…


ဒီနေ့အချိန်ရတာနဲ့စာရေးဖြစ်ပါတယ်…ဖက်တာတွေများနေတော့လည်းပြန်ပေးရတာပေါ့နော်… အမှန်တော့ကျနော်ကစာဖတ်တာပဲဝါသနာပါတာပါ..ရေးရမှာ အင်မတန်ပျင်းပါတယ်…ဒီဆိုဒ်ရောက်မှ ပိုးဝင်သွားတယ်ဆိုရင်လည်းမမှားပါဘူး…သက်တူရွယ်တူတွေလည်းများတယ်၊လူငယ်တွေကအစ တတ်တတ်ကြွကြွရေးကြ၊ပြောကြဆိုကြဆိုတော့ တကယ့်ကို မိသားစုဆိုဒ်လေးပါပဲ…ပျော်စရာလည်းကောင်း စိတ်လည်းအပန်းပြေစေပါတယ်….နောက်ပြီးဒီဆိုဒ်မှာဝင်ရောက်ဖတ်ရှုနေသူတွေက ပြည်ပမှာလည်းအများအပြြး ရှိနေပါတယ်…ဒါကြောင့်ကိုယ့်လိုပဲ မအားတဲ့ကြားကဗဟုသုတအတွက်အပြန်အလှန်ဆွေးနွေးကြ၊တင်ပြကြနဲ့အလွန်နှစ်သက်စရာကောင်းလှပါတယ်။ ကဲ..ဒီနေ့တော့ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ချက်စားလို့ရမယ့်ဟင်းတစ်မျိုးကို လက်ဆောင်ပေးချင်ပါတယ်…။ ပြင်ဆင်ပုံ။         ။အမဲသားကိုခပ်ပါးပါးလှီးပါ၊ပြီးလျှင် ဆား၊ဟင်းချိုမှုန့်၊ငရုတ်ကောင်း၊စပါးလင်ကိုပါးပါးလှီးထည့်ပါ(အနည်းငယ်)၊ထို့အတူဂျင်းအနည်းငယ်ကိုလည်းဓါးပြားရိုက်နုတ်နုတ်စင်းပြီးထည့်ပါ။ ရှာလကာရည်အနည်းငယ်ထည့်ပါ၊ခရုဆီအနည်းငယ်ထည့်ပါ။ပြီးလျှင် ၁၅မိနစ်လောက်နှပ်ထာပါးပါ။ ပေါင်းဖူးငယ်လေးများ၊ငရုတ်ပွနီ၊ပဲသီးစိမ်းတောင့်တို့ကို လက်နှစ်သစ်လောက်စီဖြတ်ထားပါ၊ကြက်သွန်နီပါးပါးလှီး၊ခရမ်းချဉ်သီးတစ်ခြမ်းလောက်ကိုလည်းပါးပါးလှီးထားပါ။ ချက်ပြုတ်ပုံ။         ။ဒယ်အိုးထဲသို့ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလျှင် ကြက်သွန်နီနဲ့ဂျင်းအနည်းငယ်ကို ဆီသပ်ပါ၊ခရမ်းချဉ်သီးလှီးပြီးသားထည့်ပါ။ ငရုတ်သီးအနှစ်အနည်းငယ်ထည့်ပါ။ငါးငံပြာရည်အနည်းငယ်ထည့်ပါ။အနံမွှေးလာလျှင်…အမဲသားကိုထည့်ပြီးလုံးလိုက်ပါ။ ပြီးလျှင် အသီးအနှံများဖြစ်သော ပြောင်းဖူးငယ်၊ပဲသီးစိမ်း၊ငရုတ်ပွနီတို့ထည့်ပြီး ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထာလိုက်ပါ၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းတို့ထည့်ပါ၊ငရုတ်ဆီအနည်းငယ်လည်းထည့်ပါ။ အရသာကိုလည်းမြည်းကြည့်ပြီး လိုတာထပ်ထည့်ပါ၊အချဉ်အတွက်ရှာလကာရည် အနည်းငယ်ထပ်ထည့်နိုင်ပါသည်၊အစပ်ကြိုက်သူတွေကတော့ ငရုတ်သီးစိမ်းကို ဓါးပြားရိုက်ထည့်ချက်နိုင်ပါသည်။ရေခမ်း၍ဆီပြန်သလောက်ရှိရင်စားလို့ရပါပြီ… မှတ်ချက်။       ။အမဲသားကို အရွတ်များ၊အကြောများမပါအောင်လှီးပါ…။ပါးပါးလှီးပါ။ဒါမှအသားနှုးတာမြန်ပါမည်။။။။။။။ ကဲ…စမ်းသပ်ကြည့်လိုက်ပါအုံး…ရွာသူ၊ရွားသားတို့…


ကျနော်ဂေဇက်မှာ မန်ဘာအဖြစ်ရှိနေခဲ့တာ (၁)နှစ်ကျော်ပါပြီ၊ဒီဂေဇက်ကရရှိတဲ့ အတွေးအခေါ်လေးတွေ၊ပြင်ပဗဟုသုတတွေ၊အစားအသောက်နဲ့ပက်သက်တာတွေ၊စာပေအတွေ့အကြုံ၊နိုင်ငံရေးဗဟုသုတ စသည်တို့အပြင်အခုနောက်ပိုင်းမှာတော့ပိုမိုစုံလင်စွာနဲ့ ဓါတ်ပုံ ပညာတွေပါလေ့လာခွင့်သိခွင့်ရ၍တော်တော်လေးကိုအကျိုးရှိစေပါတယ်၊ဒီတော့ကျနော့်လည်း ဂေဇက်မှယူတာတွေများနေပြီဆိုတော့ မိမိတတ်နိုင်သည့်ဘက်ကပြန်ပေးနိုင်စရာဆိုလို့ မိမိတတ်ကျွမ်းသည့် အချက်အပြုတ်ပညာလေးတွေကို ဗဟုသုတရစေလိုသောဆန္ဒဖြင့်ပြန်လည်ကျေးဇူးဆပ်ခြင်းလည်းဖြစ်ပါတယ်…ပထမဦးဆုံးအနေနဲ့ ဒဒီဂေဇက်ကရရှိခဲ့တဲ့ ဟင်းတစ်မျိုးနဲ့စပါ့မယ်…ဒီဟင်းကတော့ မဝေရဲ့ မန်ချူးဆော့စ်ကြက်သားဟင်းပါပဲ…အဲဒီဟင်းကို ကျနော်က ထမင်းကြော်တစ်မျိုးနဲ့တွဲပြီး(U.S.A Fried Rice)ဆိုပြီး မီနှုးထဲမှာထည့်လိုက်ပါတယ်…U.Sမှာ တစ်ကယ်ရှိချင်မှရှိမှာပါ… ပြင်ဆင်ပုံ…ကြက်သားရင်အုံသားကို ပါးပါးလှီးပါ၊ပြီးလျှင် ခရုဆီအနည်းငယ်၊ပဲငံပြည်အနည်းငယ်၊ဆား၊အချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊နှမ်းဆီအနည်းငယ်၊ကြက်ဥအနှစ်အနည်း ထည့်ပြီးကြက်သားကိုနယ်ထားပါ၊(တစ်ယောက်စာဆို တစ်သားခန့်၊ဆယ့်ငါးကျပ်သားလောကဆိုရင်ရပါတယ်)။နယ်ပြီးအနည်းဆုံး(၁၅)မိနစ်လောက်ထားပါ၊ ဒါမှအသားထဲကို အချိုအငံတွေအရသာတွေဝင်မှာပါ၊ပြီးလျှင် နယ်ထားသောကြက်သားများကို ကော်မှုန့်နှင့်နယ်ပါ၊ခြောက်သွေ့အောင်နယ်ပါ၊ဆီအိုးပူအောင်တည်ထားပါဆီပူလာ လျှင် ကြက်သားများကို ထည့်ကြော်ပါ၊ကြော်သည့်အခါတွင်လည်း အသားများလုံးမသွားအောင်သတိထားပါအသားများ ရွှေအိုရောင်သန်းပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ၊ ထမင်းကြော်ရန်အတွက်…ပဲသီးစိမ်းအနည်းငယ်ကိုလှီးထားပါ၊မုန်လာဥနီအနည်းငယ်ကိုလည်းအတုံးလေးတွေတုံးထားပါ၊ ထမင်းကိုလည်းတစ်ယောက်စာအနေတော်ထည့်ပြီး၊ဆားအချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊ခရမ်းချဉ်သီးဆောစ့်အနည်းငယ်၊ငရုတ်ဆီဆောစ့်အနည်းပါထည့်ပါ။ ဒယ်အိုးထဲဆီပူလာလျှင် ကြက်ဥအနည်းငယ်ထည့်ပါ၊ပြီးလျှင် ထမင်းများထည့်၍ကြော်ပါ၊အရသာကို ကြော်နေရင်းမိမိနှစ်သက်သလို အပေါ့အငံထပ်ထည့်ပါ။ ဆောစ့်ချက်ရန်…အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလာလျှင် ခရုဆီအနည်းငယ်ထည့်ပါ၊ငရုတ်ဆီ(Chilli Sauce)အနည်းငယ်ထည့်ပါ၊ပဲငံပြာရည်(အကြည်ရည်)ထည့်ပါ၊ဆားအနည်းငယ်၊သကြားအနည်းငယ်ထည့်ပါ၊ အရသာကိုမြည်းကြည့်ပါပြီးလျှင်၊ကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီး၊ကော်ရည်နည်းနည်းထည့်ပါ၊ဆောစ့်ရပြီဆိုလျှင် ကြော်ထားသောကြက်သားများကိုထည့်ပြီးပုံ့မှာပြင်ထားသည့်အတိုင်းပြင်ဆင်၍စားသုံးနိုင်ပါသည်။


 ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝန်းကို ကားဖြင့်ဝင်တိုက်မိသည့် ပြဿနာသည် မတော်တဆလား၊တမင်ရည်ရွယ်ချက်လားဆိုတာ မသိရသေးပါဘူး။ ဒီသတင်းကို ယခု နာရီပိုင်းအတွင်းရရှိပါသည်။ http://www.thithtoolwin.com-news   မှရရှိပါသည်။ ပုံထဲက အတိုင်းမြင်ရတဲ့ကားက စည်ပင်ကားနဲ့တူနေတယ်…တိုက်ဆိုင်မူပဲလား..ရည်ရွယ်ချက်နဲ့လား…ဘာကြောင့်လဲ..သေသေချာချာသိချင်၍ အလွန်အစွမ်းထက်လှသော မန်းဂေဇက်ပေါ်သို့ အဖြေထွက်ရန်တင်ဆက်လိုက်ပါတယ်ခင်ဗျား.. ဒီသတင်းကိုသိရှိသောသူများအမြန်ဆုံးအကြောင်းကြားစေလိုပါသည်…


  ယနေ့အချိန်ထိ လက်ရှိအစိုးရ နဲ့ သမ္မတကြီးတို့လုပ်ဆောင်ချက်တွေက ထင်သာမြင်သာရှိသောပြောင်းလဲမူတွေပါပဲလို့ဆိုနိုင်ပါတယ်…ကျန်တာကတော့ အတိတ်ကဖြစ်ရပ်ဆိုးတွေရဲ့နောက်ကို ဘယ်တော့မှပြန်မရောက်အောင်ထိမ်းသိမ်းဖို့ပဲလိုပါတယ်… အတိတ်ဆိုတာပြီးဆုံးခဲ့ပေမယ့် ရင်ထဲမှာတော့ သမိုင်းဆိုတာတင်ကျန်ခဲ့ပါတယ်…ပြီးခဲ့တာတွေအတွက် သင်ပုန်းချေပြီး ခွင့်လွှတ်လို့ရနိုင်ပေမယ့် ဘယ်တော့မှ မေ့ပစ်လို့တော့မရနိုင်ပါ။ ဒီအချိန်မှာ ပြန်လည်လွှတ်မြောက်ကြသူများအတွက် ဝမ်းသာကြည်နူးနိုင်ပေမယ့်၊ကျန်ရှိနေသေးတဲ့သူတွေအတွက် ဆက်လက်ပြီးလွှတ်မြောက်ရန်အတွက် ကြိုးပမ်းဖို့တော့လိုပါအုံးမယ်…အသက်ပေးပြီးစွန့်လွှတ်အနစ်နာခံသွားတဲ့လူတွေအတွက်တော့ သူရဲကောင်းဆိုတဲ့ ဘွဲ့နဲ့ပဲ ဖြေသိမ့်လိုက်ရမှာပါ… ကျနော်တို့တွေရှေ့ကို ဒီအတိုင်းခိုင်မြဲတဲ့စိတ်ဓါတ်တွေနဲ့ဆက်လက်ချီတက်ကြပါစို့…. ပြန်တွေးကြည့်ရင် အလွန်နှမြောဖို့ကောင်းတာက ပေးဆပ်သူတွေရဲ့ ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေပါပဲ…အနှစ်(၂၀)ဆိုတဲ့ အချိန်ဟာ တိုင်းပြည်တစ်ခုကို ကောင်းစွာတည်ဆောက်ပြီးစီးနိုင်ပါတယ်…ကျနော်တို့ရောက်ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊မလေးရှား၊ဗီယက်နန် စသည့်တိုင်းပြည်များ ၊များစွာကျော်တက်သွားကြပါပြီ…နောက်ကနေ မှီဖို့ကိုအားသွန်ခွန်စိုက်ကြိုးစားနိုင်မှတော်ယုံကျမည်။ဘာသယံဇာတမှ မထွက်၊သောက်စရာရေတောင်မရှိတဲ့ နိုင်ငံ၊သူများတိုင်းပြည်တွေရဲ့ မြို့တစ်မြို့သာသာရှိတဲ့ စင်္ကာပူမှာ မြန်မာနိုင်ငံသားတွေအလုအယက် ကျွန်ခံနေရတာ အလွန်ပင်နှမြောဖို့ကောင်းလှပါတယ်…ကျနော်ရောက်ရှိစဉ်အချိန်က စင်္ကာပူမှာလူဦးရေ ၂ သန်းတောင်မပြည့်သေးပါဘူး…ကျုပ်တို့မှာ လူဦးရေ ၅၈သန်းရှိတယ်ထား၊ထားပါတော့ သန်း ၅ဝ ပဲရှိအုံးတော့…ကိုယ်လက်အင်္ဂါသန်စွမ်းသူက သန်း ၂ဝ ပဲရှိတယ်ဆိုရင်တောင် […]


   ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လွှတ်မြောက်လာကြတဲ့ နိုင်ငံရေးသမားတွေထဲမှာ ကိုမြင့်အေးတစ်ယောက်ပါမလာလို့ အလွန်ပင်စိတ်မကောင်းဖြစ်မိပါတယ်… ဦးမြင့်အေးဟာ အကြမ်းဖက်သမားတဲ့၊ဘယ်သူတွေက ပြောတာလဲဆိုတော့ မြို့ပေါ်မှာလူသတ်၊တောဘက် နယ်ဘက်တွေမှာ ထင်ရာစိုင်း၊ လူတွေကိုဖမ်းပြီး လုပ်ချင်တာလုပ်နေတဲ့သူတွေကပြောတာပါ။ လွန်ခဲ့သော နှစ်(၂၀)အတွင်းမှာကြည့်မြင်တိုင်မြို့နယ်က NLD အမာခံ၊အမိုက်ခံ လုပ်ခဲ့တဲ့လူတွေထဲမှာ ထိပ်တန်းကပါဝင်ခဲ့သူပါ။ လူ့အခွင့်အရေးမြှင့်တင်ရေးကွန်ယက်(HRDP)ကို ဦးဆောင်ခဲ့သူတစ်ဦးပါ၊ကြံ့ခိုင်ရေးနဲ့အစိုးရလက်ကိုင်တုတ်တွေရဲ့ ဝိုင်းရိုက်တာခံခဲ့ရလို့ အိမ်ကိုသွေးသံရဲရဲနဲ့ပြန်လာခဲ့ရသူပါ။ သူဟာအချိန်ပြည့်အင်တိုက်အားတိုက် လူ့အခွင့်အရေးချိုးဖောက်မူတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအင်အားတွေနဲ့တွန်းလှန်ခဲ့သူပါ။ အကြိမ်ကြိမ်ထောင်ကျလည်းသူမမူ့ပါ၊အလွန်အနေအေးသည်…မည်သူကိုမှရိုင်းရိုင်းစိုင်းစကားပြောတတ်ပါ။ သူအဖမ်းမခံရခင်တုန်းက မုန့်ဟင်းခါးဝယ်စားရင်း သူနဲ့ကြုံခဲ့ဖူးပါသည်၊ဆိုင်ကသူတို့လမ်းထိပ်ကဆိုင်မှာပါ…သူကမုန်းဟင်းခါးဖိုးပိုက်ဆံရှင်းရန် ငွေ(၅၀၀)တန်ထုတ်ပေးပါတယ်..မုန့်ဟင်းခါးသည်မှ ပြန်အန်းရန်မရှိသေးတဲ့အတွက် ရပါတယ် အကိုရယ် နောက်မှပဲ ပေးပါ ကြုံမှပေးလည်းရပါတယ်..မုန့်သည်ကလည်း တရပ်ကွက်သားချင်းမို့ ပြောလိုက်ပါတယ်…ထိုအခါ..သူက…ဟေ့..မလုပ်နဲ့ နောက်မှဆိုတာ စိတ်မချရဘူး…ငါ့ ကိုဘယ်တော့လာဖမ်းမလဲ စောင့်နေတာ..တော်ကြာ နင့်ပိုက်ဆံပါ ပါသွားအုံးမယ်…ဟုဆိုလိုက်ပါတယ်…သူတို့ ခင်မျှာ..ထမင်းစားရင်းလာဖမ်းမှာကို ထိုင့်စောင့်နေတဲ့လူစားမျိုးတွေပါ။ အမှန်ပါပဲ…သူကိုလာဖမ်းတော့လဲ…ရှပ်အကျင်္ီလည်ကတုံးအဖြူလေးကို လမ်းမှာတင်ဝတ်ပြီးလိုက်သွားရှာပါတယ်… ရွှေဝါရောင် အရေးအခင်းမှာ လက်စွမ်းပြခဲ့ကြတဲ့ […]


ဘတစ်ပြန်ကျားတစ်ပြန်၊ဗုံလုံတစ်လှဲ့ ငါးဖျံတစ်လှဲ့။လူတစ်ဟောက်နဲ့လားတစ်ကောင်ပုံပြင်တော့မဟုတ်ပါ၊ ကိုယ်ချင်းစာတရားကို သိရှိသောလူသား..(သို့)အပြန်အလှန်နားလည်သောကျေးဇူးတရား… ကျနော့်အမြင်မှာတော့ လားပိုင်ရှင်မှာ တစ်နေကုန်ခိုင်းထားသောသဲူ့ရဲ့လားလေးကို သနားသောစိတ်ကြောင့်အိမ်အပြန်လမ်းမှာ သူကိုအနားပေးပြီးပြန်လာခဲ့တာလို့ထင်ပါတယ်။ မည်သို့ပင်ဆိုစေ ဤကမ္ဘာလောကြီးမှာ ကိုယ်ချင်းစာ တရားခေါင်းပါးကြသော လူသားများနည်းနိုင်သမျှနည်းပါစေလို့ဆုတောင်းမိပါတယ်။ မင်းကြိုက်တာငါမကျွေးနိုင်ပေမယ့် ငါ့မှာရှိတာတော့ကျွေးနိုင်ပါတယ်ကွာ… ဤပုံများကို ကိုပီတာရဲ့ဘလောဒ့်မှတစ်ဆင့်ပြန်လည်ကူးယူဖေါ်ပြပါသည်။။။   ရွှင်လန်းချမ်းမြေ့ကြပါစေ…


    အသက်ခုနှစ်အရွယ် မိန်းကလေးတစ်ဦးအား သတ်ဖြတ်ပြီး၊သီနှံထွက်တိုး အောင် အသည်းအား နတ်ဘုရားသို့ လူမျိုးစု ထုံးတမ်းအစဉ်အလာအရ ယစ်ူဇော်သည့် အမူကို အနိ္ဒယအလယ်ပိုင်း ချက်တစ္စဂါ(Chhattisgarh) ပြည်နယ်မှ ရဲများက တနင်္ဂနွေနေ့(၁.၁.၂၀၁၂)တွင်ပြောကြားပါသည်။ လာလီတာ တာတီ(Lalita Tati) ၏ရုပ်အလောင်းအား သူမဒမိသားစုမှ လူပျောက်မူတိုင်ကြားပြီးနောက် တစ်ပတ်ခန့်အကြာတွင် တွေရှိခဲ့သည်ဟုဆိုပါသည်။ အယူသီးသူနှစ်ဦးက သီနှံထွက်တိုးကောင်းစေရန်ဟု ယုံကြည်မူဖြင့် အသက် ခုနှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးအား ယစ်ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ဘီဂျာပူ ခရိုင်မူး နာရာယန်(Narayan Das) u (AFP-Agence France-Presse) သတင်းဌာနသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်။ မိန်းကလေးအား သတ်ဖြတ်ပြီး အသင်္ညးအား ကြောက်မက်ဖွယ် လူမျိုးစု အခမ်းအနားဖြင့် .စ်ပူဇော်ခဲ့မူဖြင့် မင်္စကာသူ နှစ်ဦးအား ဗုဓ္ဒယူးနေ့(၄.၁.၂၀၁၂)တွင် ရဲများက ဖမ်းဆီးခဲ့ကြပါတယ်။ထိုသူနှစ်ဦးက အမူအတွက်ဝန်ခံခဲ့ကြောင်းရဲများက ပြောပါတယ်။ […]


MYOGYI___TRACK__6MYOGYI___TRACK__6   ဓါတ်ပုံတွေမှာ ပျော်ရွင်ခြင်း၊ကြည်နှုးခြင်းတွေနဲ့ပြည်စုံနေပါတယ်၊ မပြီးဆုံးသေးတဲ့ ခရီးလမ်းကို အတူတကွလက်တွဲလို့လျှောက်လှမ်းကြပါစို့… ဓါတ်ပုံတွေက ညီညွတ်ခြင်းဆိုတဲ့ သက်သေ၊ခိုင်မြဲတဲ့စိတ်ဓါတ်တွေကိုပုံဖေါ်ထားခြင်းပါပဲ…. သူချင်းနဲ့အတူတွဲပြီးနားဆင်လို့ရအောင်တင်ထားပါတယ်…ဒါပေမယ့် Audio ကမရတာလားမသိ…သူကြီးရေ…လုပ်ပေးပါအုံး… မျိုးကြီးရဲ့ နေရောင်ကအောက်ကလျှောက်မယ့်လမ်း…. မန္တလေးဂေဇက်မှဝိုင်းတော်သားများ၊သူကြီးနှင့်တကွရွာသူ၊ရွာသားများအားလုံး နှစ်သစ်(၂၀၁၂)မှာ မင်္ဂလာအပေါင်းနဲ့ပြည်စုံပျော်ရွင်နိုင်ကြပါစေ…


  ဂေဖက်မှာစာမရေးတာကြာပေမဲ့…ဗဟုသုတလည်းရ အံ့လည်းအံ့ဩမိတာလေးတွေရှိလို့ရေးမိပြန်ပါတယ်…   အစားအစာမီနူးအသစ်များရှာဖွေရင်းနဲ့တွေ့မိဖတ်မိတာလေးကို ရွာသူား မောင်နှများအားလက်ဆင့်ကမ်းလိုက်ခြင်းပါ…ဒီလိုပါ… တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်တွေကိုစွပ်ပြုတ်လုပ်သောက်ကြခြင်းပါပဲ…. ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြတ်နေတဲ့ပုံတွေဟာ တရုတ်နိုင်ငံ ကန်တုံမြို့( Canton)မှာပါ…ဒီကလေးစွပ်ပြုတ်ဟာ ကျမ်းမာခြင်း၊သက်လုံကောင်းခြင်း၊အထူးသဖြင့် လိင်အားတိုးခြင်းတို့ဖြစ်စေတယ်လို့ဆိုပါတယ်…ဈေးနူန်းကတော့ ဒေါ်လာ (၄၀၀၀) ခန့်ရှိတယ်လို့သိရပါတယ်..ဝယ်စားနေကြဖောက်သယ်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ဦးကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မူရှိတယ်လို့ အင်တာဗျူမှာ အတည်ပြုပြောဆိုသွားပါတယ်.. အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအဝင် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာအောင်ရေးနွေးနဲ့ပွက်ပွက်ဆူေအောင်ပြုတ်ရပါတယ်တဲ့… အသက် ၆၂ နှစ်အရွယ်ရှိတဲ့စက်ရုံမန်နေဂျာက သတင်းတောက်တွေကိုပြောပြခဲ့ပါတယ်… ဒီပုံမှာတွေရတဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီ… တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးပဲဖြစ်လို့ ကိုယ်ဝန်ကို ၅လအရွယ်မှာဖျက်ချဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ဒါဟာလည်းကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းလည်းဖြစ်တယ်လို့ဆိုပါတယ်.. ဒေသခံ သတင်းထောက်တစ်ဦးက ဒီပြဿနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျမ်းမာရေးနဲ့ပက်သက်ပီး အရမ်းအာရုံစူစိုက်လွမ်းလို့ ထွက်ပေါ်လာတဲ့ ပြဿတွေပါပဲတဲ့.. […]


ယနေ့ခေတ်ကာလ ကမ္ဘာလောကကြီးထဲမှာ ထူးထူးဆန်းဆန်းလုပ်ပြရင် လူတွေစိတ်ဝင်စားပြီး လူထင်ကြီးမူကိုခံယူချင်ကြတာပဲလား…(ဒါမှမဟုတ်)စိတ်ကူးအသစ်တွေကိုဖန်တီးနေကြတာလားဆိုတာ မိမိကိုယ်တိုင်ဝေခွဲလို့မရနိုင်တော့ပါ… အဖြစ်ကဒီလိုပါ….ဒီနေ့မနက် နံနက်စာစားရင်း လက်ထဲကိုရောက်လာတဲ့ မြန်မာ့မိတ်ဆွေအားကစားဂျာနယ် Vol-2,No.122 (9.12.11)မှာပါလာတဲ့ သတင်းလေးတစ်ခုပါ၊ ကိုရီးယားသူလေး မီရူကင်မ်ဟာညစ်ပတ်တာ သိပ်ရွံတတ်တဲ့သူပါ၊ဒါပေမယ့်သူမရဲ့စိတ်ကူးတွေက တလွဲကို ရောက်သွားတယ်လို့ ဆိုရပါမယ်၊သူမဟာ အမေရိကန် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆေးပညာသင်ကြားနေတဲ့ ဆေးကျောင်းသူတစ်ဦးပါ၊ကင်မ် ဟာဝက်ထီးနဲ့ဝက်မနှစ်ကောင်နေတဲ့ ညစ်ပတ်နံစော်လှတဲ့ ဝက်ခြံမှန်လုံခန်းထဲမှာ အဝတ်အစားမပါပဲ နာရီပေါင်း(၁၀၄)ကြာအောင်နေထိုင်သွားခဲ့ပါတယ်၊စားချိန်ရော၊အိပ်ချိန်ပါ အဲဒီဝက်ခြံထဲမှာပါနေထိုင်စားသောက်ခဲ့ပါတယ်၊သူမကတော့ သူဒီလိုအပြုအမူတွေဟာ သူ့အတွက်တကယ့် ဟဲဗီးမက်ပါပဲတဲ့၊ကျွန်မဟာ ဝက်တွေကိုချစ်ပါတယ်၊ကျွန်မကိုလည်း ဝက်တွေက ချစ်ကြမှာပါလို့ဆိုပါတယ်၊သူမရဲ့ အပြုအမူတွေကို လာရောက်ကြည့်ရူသူတွေက လက်ခုတ်ကြီးပြီးအားပေးကြပါတယ်တဲ့။ ကဲရွာသူရွားသားအပေါင်းတို့ရော ဘာကြောင့်လို့ထင်မိပါသလဲဗျာ… မူရင်းလင့်ကိုအောက်မှာရေးသားဖေါ်ပြပေးထားပါတယ်…။ www.dailmail.co.uk/news/articale-2069002/Art-Basel-2011-Muri-Kim’s-The-Pig-Therefor-I-Am-Exhibit.html